ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

စိုက်ပျိုးရေးကုန်စည်ပြပွဲကို လာအိုနိုင်ငံတွင် စတင်ကျင်းပ

လာအိုနိုင်ငံ၏ စိုက်ပျိုးရေးထုတ်လုပ်မှုကို မြှင့်တင်ရန်နှင့် ပို့ကုန်တိုးမြှင့်ရန်အတွက် ရေရှည်တည်တံ့သော စိုက်ပျိုးရေးအလေ့အကျင့်များနှင့် ခေတ်မီနည်းပညာများကို ပြသရန် အတွက် Lao Agri-Food Expo 2024 ကို တနင်္လာနေ့တွင်စတင်ကျင်းပခဲ့သည်။တနင်္လာနေ့မှ သောကြာနေ့အထိ ကျင်းပသည့် အဆိုပါပွဲသည် ရင်းနှီးမြှုပ်နှံသူများ၊ လယ်ယာစီးပွားရေးလုပ်ငန်း ရှင်များနှင့် လာအိုအစိုးရတို့ကြား ပိုမိုနီးကပ်သောဆက်ဆံရေးကို မြှင့်တင်ရန် ရည်ရွယ်ထားသည့် ကွန်ရက်ချိတ်ဆက်ဆွေးနွေးပွဲများ ပါဝင်ကြောင်းသိရသည်။ အခမ်းအနားတွင် လာအို စိုက်ပျိုးရေး နှင့် သစ်တောရေးရာ ဝန်ကြီး Linkham Douangsavanh က ကုန်စည်ပြပွဲ၏ အခန်းကဏ္ဍသည် လာအိုနိုင်ငံ၏ လယ်ယာထွက်ကုန် တိုးတက်လာစေရေး သိသာထင်ရှားသော အခွင့်အလမ်း တစ်ခုအဖြစ် အလေးပေးပြောကြားခဲ့သည်။ ဝန်ကြီးဌာနသည် သွင်းကုန်များကို လျှော့ချရန်၊ နိုင်ငံခြားငွေ အရန်ငွေကို ထိန်းသိမ်းရန်၊ သွင်းကုန်များ လျော့နည်းစေရန်၊ စိုက်ပျိုးရေး ထုတ်လုပ်မှု ကို အားကောင်းစေရန် ရည်ရွယ်ပြီး နိုင်ငံခြား ၀င်ငွေများ အားကောင်းစေမည့် တန်ဖိုးမြှင့် ပို့ကုန် ထုတ်ကုန်များ ဖွံ့ဖြိုးတိုးတက်စေရန်၊ စျေးကွက်ကို ဦးတည်သည့် စိုက်ပျိုးရေး ထုတ်လုပ်မှုနှင့် စီမံဆောင်ရွက်မှု စွမ်းရည်များကို မြှင့်တင်ရန် ရည်ရွယ်ထားကြောင်း Linkham မှ ပြောကြားခဲ့သည်။ နိုင်ငံတကာဈေးကွက်တွင် ယှဉ်ပြိုင်နိုင်သော အရည်အသွေးမြင့် အပင်နှင့် တိရစ္ဆာန်မျိုးစိတ်များ ဖွံ့ဖြိုးတိုးတက်လာစေရေး ဝန်ကြီးဌာနသည် လာအိုတောင်သူများအား ခေတ်မီနည်းပညာနှင့် နည်းစနစ်များကို လက်ခံကျင့်သုံးရန် ဆက်လက်ပံ့ပိုးကူညီလျက်ရှိသည်။ Linkham က ကုန်စည်ပြပွဲသည် လာအိုနိုင်ငံ၏ရေရှည်တည်တံ့သော တိုးတက်မှုအတွက်မယိမ်း ယိုင်သော ကတိကဝတ်ကို သက်သေပြလျှက်ရှိ‌ကြောင်း Linkham က ဆက်လက်ပြောကြား ခဲ့သည်။

DOCA(ရန်ကုန်)

ပန်းသီး/ လိမ္မော်သီး လက်လီဈေးကွက်

       ဒီဇင်ဘာလဆောင်းရာသီကာလဖြစ်သည့်အတွက် မန္တလေးမြို့ရဲ့ သစ်သီးဆိုင်များနှင့်  မြို့အတွင်းလှည့်လည်ရောင်းချသည့် လက်တွန်းလှည်းဈေးသည်များတွင် ပန်းသီးနှင့်လိမ္မော်သီးများ အများအပြားရောင်းချလျက်ရှိကြောင်းတွေ့ရှိရပါတယ်။

    လိမ္မော်သီးများမှာ အလုံးကြီးနှင့်အလုံးသေးနှစ်မျိုးရှိပြီး ရှမ်းတောင်/ ရှမ်းမြောက်မှ နေ့စဉ်ဝင်ရောက်မှုရှိကြောင်းနှင့် လိမ္မော်သီးအလုံးအကြီး(၁)လုံးလျှင် ကျပ် ၁၀၀၀/-၇၀၀/-၅၀၀/-ရှိပြီး  အလုံးသေး ပျားလိမ္မော်တစ်ပိဿာလျှင် ကျပ် ၁၂၀၀၀/-ဈေးဖြင့် လက်လီရောင်းချလျက်ရှိကြောင်းနှင့် ပန်းသီးများမှာလည်း အလုံးကြီးနှင့်အလုံးသေးနှစ်မျိုးရှိပြီး ပန်းသီးအလုံးအကြီး(၁)လုံး လျှင် ကျပ် ၁၅၀၀/-၁၂၀၀/-၁၀၀၀/-နှင့် ချင်းတောင်ပန်းသီးအလုံးသေး တစ်ပိဿာလျှင် ကျပ် ၁၈၀၀၀/-ဈေးဖြင့်လက်လီရောင်းချလျက်ရှိကြောင်း  သိရှိရပါတယ်။

DOCA(မန္တလေး)

 

ဝင်ရောက်မှုများပြီးအရောင်းလိုက်သည့်ထောပတ်သီး

      မန္တလေးစျေးကွက်အတွင်း ဒီဇင်ဘာလဒုတိယပတ်တွင် ထောပတ်သီးဝင်ရောက်မှုများပြားပြီး ဒီဇင်ဘာလပထမပတ်ထက် ပိုမိုရောင်းချရကြောင်း သိရှိရပါတယ်။ မန္တလေးစျေးကွက်သို့  ပြင်ဦးလွင် မြို့နယ်၊ မိုးကုတ်မြို့နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်းနှင့်မြောက်ပိုင်းဒေသတို့မှ ထွက်ရှိသည့်ထောပတ်သီးများ ဝင်ရောက်ကြောင်း   သိရှိရပါတယ်။ထောပတ်သီးအား အဟာရဓါတ်စာအဖြစ် စားသုံးခြင်း၊ ဖျော်ရည်၊ စားသောက်ကုန်နှင့် လူသုံး ကုန်များတွင်   ပါဝင်ထည့်သွင်း အသုံးပြုခြင်း၊ ပြည်ပသို့တင်ပို့ ခြင်းနှင့် ပြည်တွင်းစျေးကွက်အတွင်း   သုံးစွဲမှုများပြီး၊ စျေးကွက်လိုအပ်ချက်များပြားသည့်သီးနှံတစ် မျိုး ဖြစ်ပါတယ်။ ပြည်တွင်းမှ စိုက်ပျိုးသော ထောပတ်သီး အမျိုးအစားများမှာ ပီတာဆန်(Peterson) မျိုး၊ (Russel 034/034)မျိုး၊အမရာမျိုး (ဒေသမျိုး)၊  ဘာဘေးနီးယား (Buccaneer) မျိုး၊ ပင်ကာတန်   (Pinkerten)မျိုး၊  ဟက်စ် Hass မျိုး၊ မြောက်ကျွန်းသူ (ဒေသမျိုး)တို့   စိုက်ပျိုးထွက်ရှိကြောင်း သိရှိရပါတယ်။  မန္တလေးဈေးကွက်အတွင်းထောပတ်သီးဝင်ရောက်မှုအနေဖြင့်ဒီဇင်ဘာလအတွင်းပြင်ဦးလွင် နှင့်တောင်ကြီးဒေသတို့မှ ထွက်ရှိသည့် ဟက်စ် (Hass) မျိုး၊  ဒေသမျိုးဖြစ်သည့်အမရာမျိုးနှင့်မြောက် ကျွန်းသူမျိုး  ထောပတ်သီးများဝင်ရောက်မှုများကြောင်း တွေ့ရှိရပါတယ်။ ထောပတ်သီးဝင်ရောက်မှု အနည်းအများပေါ်  မူတည်၍  စျေးနှုန်းကွာခြားမှုများရှိကြောင်း သိရှိရပါတယ်။ ထောပတ်သီးအရွယ် အစားပေါ် မူတည်၍  ဟက်စ် (Hass)မျိုးမှာ  Kg စျေးနှင့်ပိဿာစျေးနှစ်မျိုးဖြင့် ရောင်းချလျက်ရှိပြီး၊ ဒေသမျိုးအမရာမျိူးနှင့်မြောက် ကျွန်းသူမျိုးတို့ မှာ အသီးအရွယ်အစား ပေါ်မူတည်ပြီး  အရေအတွက်အလိုက်   တစ်လုံးစျေးနှုန်းသတ်မှတ်ရောင်းချ လျက်ရှိပါတယ်။ပြင်ဦးလွင်နှင့်တောင်ကြီးဒေသထွက် ဟက်စ် (Hass)အမျိုးအစား ထောပတ်သီးများမှာ   အစေ့သေး၍    အသားပါဝင်မှုများသည့်အတွက် ဝယ်ယူသူ အကြိုက်များကြောင်း  သိရှိရပါတယ်။  မန္တလေးစျေးကွက်တွင်   ဒီဇင်ဘာလ  ဒုတိယပတ်အတွင်း ပြင်ဦးလွင်နှင့် တောင်ကြီးဒေသထွက်ထောပတ်သီးဟက်စ်(Hass)အမျိုးအစား လက်လီစျေး မှာ  ၁ပိဿာလျင် ၉၀၀ဝိ/- နှင့် ၁၀၀၀ဝိ/- စျေး၊တောင်ကြီး၊ ရွာငံဒေသထွက်အမရာမျိုးထောပတ်သီးမှာ လုံးဝန်းပြီးလတ်ဆတ်သည့်အသီးတစ်လုံးလျှင် ၁၀၀ဝိ/- နှင့်၁၅၀ဝိ/စျေး၊  ပြင်ဦးလွင်ဒေသထွက် မြောက်ကျွန်းသူမျိုး ထောပတ်သီးမှာ တစ်လုံးလျှင် ၈၀ဝိ/- နှင့်၁၂၀ဝိ/- စျေးတို့ဖြင့် အရွယ်အစားပေါ် မူတည်၍ရောင်းချလျက်ရှိကြောင်း တွေ့ရှိရပါတယ်။ မန္တလေးစျေးကွက်အတွင်းသို့ ဒီဇင်ဘာလဒုတိယပတ်အတွင်း ထောပတ်သီးဝင်ရောက်မှုများပြားပြီး၊   ထောပတ်သီးရောင်းချမှုမှာ   ဒီဇင်ဘာလပထမပတ်ထက် ပိုမိုရောင်းချရပါကြောင်း ထောပတ်သီးရောင်းချသည့်  ဆိုင်ရှင်တစ်ဦး၏ ပြောပြချက် အရ သိရှိရပါတယ်။

DOCA(မန္တလေး)

 

စျေးအနည်းငယ်ကျတဲ့ ကြက်ဥစျေးကွက်

       ဒီဇင်ဘာလဒုတိယပတ်အတွင်း   ကြက်ဥစျေးအနည်းငယ်ကျဆင်းသော်လည်း ဘဲဥနှင့်ငုံးဥဈေးမှာ ဈေးငြိမ်နေကြောင်း သိရှိရပါတယ်။ မန္တလေးစျေးကွက်အတွင်း ဝင်ရောက်သည့်ကြက်ဥများ မှာ ပြင်ဦးလွင်မြို့နယ်၊ပြင်စာကျေးရွာမွေးမြူရေးခြံမှ ဝင်ရောက်မှုအများဆုံးဖြစ်ပြီး၊ ကျောက်ဆည်၊ မြစ်သား၊ မြို့သာမြို့နယ်ရှိခြံများမှလည်းဝင်ရောက်ကြောင်း သိရှိရပါတယ်။ ဘဲဥဝင်ရောက်မှုအနေ ဖြင့် အမရပူ၊ပုသိမ်ကြီး၊    မတ္တရာမြို့နယ်များရှိခြံများမှဝင်ရောက်ပြီး၊ငုံးဥဝင်ရောက်မှုမှာ မန္တလေး၊ စဉ့်ကိုင်၊ကျောက်ဆည်ဒေသရှိမွေးမြူရေးခြံတို့မှ ဝင်ရောက်ကြောင်းသိရှိရပါတယ်။ ကြက်ဥစျေးကွက် နေဖြင့်  ဒီဇင်ဘာလပထမပတ်တွင်  လက္ကားစျေးတစ်ဆွဲ( ၃၀ လုံးပါကတ် ၁၀ ခုတွဲ)လျှင် ၁၄၁၀၀ဝိ/-  နှင့်  ၁၃၅၀၀ဝိ/- စျေးဖြစ်ခဲ့ပြီး ဒီဇင်ဘာလဒုတိယပတ်တွင်တစ်ဆွဲလျင်  ၁၃၅၀၀ဝိ/- နှင့် ၁၂၀၀၀ဝိ/- စျေးအသီးဖြစ်ပေါ်ခဲ့ပြီး ဘဲဥနှင့် ငုံးဥစျေးမှာ    ပြောင်းလဲမှုမရှိကြောင်း  သိရှိရပါတယ်။  ဒီဇင်ဘာလ ဒုတိယပတ်အတွင်း ဖြစ်ပေါ်ခဲ့သော လက်လီစျေးများအနေဖြင့်    ကြက်ဥတစ်လုံးလျှင်   ၄၅ဝိ/- နှင့် ၄၇ဝိ/- ၊ဘဲဥတစ်လုံးလျင်     ၅၇ဝိ/-နှင့် ၅၈ဝိ/- ၊ ငုံးဥ(၁၀)လုံးလျင် ၂၃၀ဝိ/-နှင့် ၂၅၀ဝိ/- စျေးအသီး သီးဖြင့် ရောင်းချလျက်ရှိကြောင်း ကြက်ဥ၊ဘဲဥရောင်းချသူတစ်ဦး၏ပြောပြချက်အရ သိရှိရပါတယ်။  မန္တလေးစျေးကွက်အတွင်း ကြက်ဥ၊ဘဲဥနှင့် ငုံးဥစျေးကွက်မှာ ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိသည့် ကုန်စည်ဖြစ်ပါကြောင်း သိရှိရပါတယ်။ 

DOCA(မန္တလေး)

 

“ ရှမ်းတောင်ထွက် ဂျင်း(ချင်း) များ ဈေးနှုန်းကျဆင်း ”

        ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အောင်ပန်းမြို့နယ်တွင် ဒေသထွက် ဂျင်းများ ဈေးနှုန်းကျဆင်း နေကြောင်း သိရှိရသည်။ အောင်ပန်းမြို့ ဂျင်းဈေးကွက်မှာ (၂၀၂၄) ခုနှစ် အစပိုင်းတွင် ဈေးကောင်း သော်လည်း ယခု နှစ်ကုန်ပိုင်းတွင် ဈေးနှုန်းအနည်းငယ်ကျဆင်းနေကြောင်း သိရသည်။

      ဟဲဟိုး၊ ပင်းတယ နှင့် နောင်တရားတို့ဘက်တွင် ဂျင်းကို စီးပွားဖြစ်စိုက်ပျိုးကြပြီး ထွက်ရှိလာ သော ဂျင်းများကို အောင်ပန်းမြို့ရှိ ကုန်ပွဲရုံသို့လာရောက်ရောင်းချကြကြောင်းသိရှိရသည်။ ဂျင်းဈေး နှုန်းမှာ  ပျှမ်းမျှ ပွဲရုံဈေး(လက်ကားဈေး) (၂၅၀၀) ကျပ်မှ (၃၀၀၀) ကျပ်ရှိပြီး လက်လီဈေး (၃၀၀၀) ကျပ်မှ (၄၀၀၀) ကျပ်အထိ အမျိုးအစား၊ နေရာဒေသပေါ်မူတည်ပြီး ကွဲပြားကြောင်းလည်း သိရှိရသည်။

       ရှမ်းပြည်နယ်အတွင်းဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေနှင့် တိုက်ပွဲအခြေအနေများကြောင့် အချို့နယ်စပ်ဂိတ်များမှာ ပိတ်ပင်ထားပြီး ပြည်ပသို့တင်ပို့ရောင်းချနိုင်ခြင်းမရှိသည့်အပြင် အခြားပြည်ပ ဝယ်လိုအားလည်းလျော့နည်းလာသောကြောင့် ဂျင်းဈေးနှုန်းမှာ ကျဆင်းနေပြီး ရှမ်းတောင်သူများ တွက်ခြေကိုက်မှုနည်းပါးနေကြောင်း ဒေသခံတောင်သူများ၏ ပြောကြားချက်အရသိရှိရပါသည်။

DOCA(ရှမ်း)

 

တိုက်ကြီးမြို့နယ်တွင် ကြက်ဥများကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချ

          တိုက်ကြီးမြို့နယ်၊  မြို့မဈေးမြောက်ဘက် ဗောဓိကုန်းရပ်ကွက်၊ မီးသတ်လမ်းတွင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာနတို့ပါဝင်သော ပူးပေါင်း အဖွဲ့ဖြင့် ၁၆.၁၂.၂၀၂၄ ရက်နေ့ နံနက်(၇:၀၀)နာရီအချိန်၌ ကြက်ဥများကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ပါသည်။

          ရောင်းချရာတွင် ကြက်ဥအလုံး (၅၀၀၀) အား တစ်လုံးလျှင် (၃၇၀)ကျပ်ဖြင့် ကုန်ဈေးနှုန်းတည်ငြိမ် ကျဆင်းရေးနှင့် အများပြည်သူမှ အခြေခံစားသောက်ကုန်ဖြစ်သော ကြက်ဥကို သက်သာစွာဝယ်ယူ သုံးစွဲနိုင်ရေးအတွက် မွေးမြူရေးခြံလုပ်ငန်းရှင်များမှ နေ့စဉ်ရောင်းချပေးလျက်ရှိကြောင်း သိရှိရ ပါသည်။

DOCA(ရန်ကုန်)

ဒေသမရွေးသည့်မေမြို့ပန်း(Aster)

      မြန်မာနိုင်ငံတွင်မေမြို့ပန်း(Aster)ကို ပြင်ဦးလွင်(မေမြို့)တွင်သာမက ယခုအခါ    တိုင်းဒေသကြီးနှင့် ပြည်နယ်အနှံ့အပြား၌ အများအပြားစိုက်ပျိုးဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။ မေမြို့ပန်းသည် အခိုင်လိုက် အစုလိုက်ပွင့်သော ပန်းဖြစ်ပြီး အရောင်အသွေးအားဖြင့် အဖြူ၊အနီ၊ ပန်းရောင်၊ဗေဒါရောင်တို့ရှိသည်။မေမြို့ပန်းသည် မျိုးစေ့ကို အရင်ပျိုးထားပြီးနောက် ပျိုးပင် သက်တမ်း(၃၀)ရက်အကြာတွင် စတင်စိုက်ပျိုးရပါသည်။ မေမြို့ပန်းအမျိုးအစားများတွင်မျိုးအား ဖြင့်အက်စတာ(အနီ)၊အက်စတာ(အဖြူ)၊ မော့စ်၊ရိုးစိမ်းကျောက်နီ၊ကြက်လည်ဆံ၊ ပင်ကား၊ပင်ထောင်၊ ပွမ်ပွမ်စသည်ဖြင့် အပွင့်အရောင်ပန်းပွင့်ပုံကိုမူတည်၍ မြန်မာအခေါ်အဝေါ်များရှိသည်။ အများအားဖြင့် တိုင်းဒေသကြီး/ပြည်နယ်အနှံ့အပြားတွင် အက်စတာမျိုးကိုသာစိုက်ပျိုးကြသည်။ မေမြို့ပန်း သည်စနစ်တကျစိုက်ပျိုးပါက တောင်သူများနှစ်စဉ်ဝင်ငွေရရှိနိုင်သည့်အပြင် ခြံလုပ်သားများ အတွက်လည်း အလုပ်အကိုင် အခွင့်အလမ်းများကို ဖော်ဆောင်ပေးနိုင်သည်။

     ပြင်ဦးလွင်မြို့ရှိ အက်စတာမေမြို့ပန်းများကိုသီတင်းကျွတ်လ၌စတင်စိုက်ပျိုးပြီး ပြာသိုလ တွင်အပင် လိုက်နှုတ်စည်း၍စတင်ရောင်းချကြပါသည်။မေမြို့ပန်းသည် တစ်ဧကလျှင်အပင်ရေ (၁၇၀၀၀)ခန့်စိုက်ပျိုးရပြီး၊ (၁)ဧကစိုက်ပျိုးစရိတ်မှာသွင်းအားစုနှင့်လုပ်အားခအပါအဝင် ကျပ်   သိန်း၅၀ခန့်ကုန်ကျကြောင်း၊မေမြို့ပန်းသည် စိုက်ပျိုးပြီးနောက်(၃)လအကြာတွင် စတင်နှုတ်ယူ ခူးဆွတ်နိုင်ကြောင်း၊ နေ့စဉ်နှုတ်ယူခူးဆွတ်ရသောအပင်များဖြစ်၍ တစ်ရက်လျှင်အစည်းရေ (၁၀၀/၂၀၀) ပုံမှန်နှုတ်ယူခူးဆွတ်လျက်ရှိကြောင်း၊ ပြင်ဦးလွင်မှထွက်ရှိသောမေမြို့ပန်းများအား အောင်ချမ်းသာကျေးရွာ၊ အနီးစခန်းကျေးရွာ၊ ကျောက်မီးကျေးရွာ၊ လက်ကောင်းကျေးရွာများ နှင့် မန္တလေးပန်းတန်းရှိကုန်သည်ပွဲစားများက စိုက်ခင်းသို့ လက်ကားဈေး လက်ဆုတ်စည်းအကြီး တစ်စည်းလျှင် ကျပ်(၁၂၀၀၀/-)ဝန်းကျင်ခန့်ဖြင့်လာ‌ရောက်ဝယ်ယူလျက်ရှိကြောင်းသိရပါသည်။    ဈေးနှုန်းအားဖြင့်နှိုင်းယှဉ်ပါက မေမြို့ပန်းပေါ်ကာစအချိန်တွင် ကျပ်(၁၂၀၀၀/-)ခန့်ရှိသော်လည်း   ပေါ်များသည့်အချိန်တွင်ဈေးမှာအချိန်ရာသီပေါ်မူတည်၍ (၁၁၀၀၀/-) ဝန်းကျင်ခန့်အနည်းငယ်  ကျဆင်းလျက်ရှိပါသည်။

    ယခုအခါမေမြို့ပန်းကို ဘုရားပန်း၊အလှူ၊မင်္ဂလာဆောင်ဧည့်ခံပွဲများတွင် အမြတ်တနိုးထားအလှဆင်မှု များပြားလာကြသောကြောင့် ဈေးကွက်ဝင်ပန်းတစ်မျိုး ဖြစ်လာသည့်အပြင် ဈေးကွက်ဝယ်လိုအားကောင်းလာပြီး အကျိုးအမြတ်များစွာ ရရှိသည့်အတွက် ပြင်ဦးလွင်မြို့တွင်သာမက တိုင်းဒေသကြီး/ ပြည်နယ်အနှံ့အပြားတွင် မေမြို့ပန်းများကို တစ်နိုင်တစ်ပိုင်ဖြင့် စိုက်ပျိုးလျက်ရှိကြောင်းသိရသည်။

DOCA(မန္တလေး)

 

ရတနာသီရိဈေးကြီးတွင် ရက်သတ္တပတ်အတွင်း ရောင်းချနေသော ကုန်ဈေးနှုန်းအခြေအနေ

         မင်္ဂလာဒုံမြို့နယ်ရှိ ရတနာသီရိဈေးအတွင်းသို့ ဒီဇင်ဘာလ(၁၁)ရက်နေ့မှ ဒီဇင်ဘာလ (1၇)ရက်နေ့အထိ တပ်ကုန်း၊ ရွှေတောင်၊ ဝက်ပုတ်၊ ပုတီးကုန်း၊ အောင်ပန်း၊ မင်းလှ၊ နတ်တလင်း၊ ကြို့ပင်ကောက်နှင့် ခရမ်းသုံးခွတို့မှ ဟင်းသီးဟင်းရွက်များ ဝင်ရောက်ရောင်းချ နေကြောင်း သိရှိရပါသည်။ ထိုသို့ ဝင်ရောက်ရာတွင် ယခုရက်သတ္တပတ်အတွင်း ဂေါ်ဖီ(ထုပ်) ကျပ် 150၀ မှ  20၀၀၊ ဂေါ်ရခါးသီး (လုံး)ကျပ် 50၀ မှ 600၊ ခရမ်းချဉ်သီး (ပိဿာ) ကျပ် 40၀၀ မှ 50၀၀၊ ပန်းဂေါ်ဖီ(ထုပ်) ကျပ် 15၀၀ မှ 20၀၀၊ ခရမ်းသီး(ပိဿာ) ကျပ် 250၀ မှ  30၀၀၊ ခဝဲသီး(တောင့်) ကျပ် 60၀ မှ  80၀၊ ဂျူးမြစ်(ပိဿာ) ကျပ် 30၀၀ မှ 35၀၀၊ ငရုတ်သီးစိမ်း (ပိဿာ) ကျပ် 30၀၀ မှ  50၀၀၊ ပဲသီး(စီး) ကျပ် 5၀၀ မှ 70၀၊ ကန်စွန်းရိုးနီ (စီး) ကျပ် 15၀ မှ 25၀၊ ချဉ်ပေါင်ရွက်(စီး) ကျပ် ၁5၀ မှ 20၀၊ ဗုံလုံသီး(တောင့်)ကျပ် 40၀ မှ  6၀၀၊ သံပုရာသီး(လုံး) ကျပ် 10၀ မှ  15၀၊ ကင်ပွန်းချဉ်(စီး)ကျပ် 10၀ မှ 15၀၊ ငရုတ်အာဝါးသီး (တောင့်) ကျပ် 10၀ မှ 150၊ ကြက်ဟင်းခါးသီး(လုံး)ကျပ် 30၀ မှ 35၀၊ ရှမ်းနံနံ(စီး) ကျပ် 150 မှ 20၀၊ ပင်စိမ်း(စီး) ကျပ် 10၀ မှ 15၀၊ ရွှေဖရုံသီး(ကြီး/လတ်/သေး) ကျပ် 100၀ မှ 30၀၀၊ ကျောက်ဖရုံသီး(လုံး) ကျပ် 300၀ မှ 35၀၀၊ ဗူးသီး(လုံး)ကျပ် 20၀၀ မှ 250၀၊ ဂွေးတောက်ရွက်(စီး) ကျပ် 10၀ မှ 150၊ ရုံပတီသီး(တောင့်) ကျပ် 30 မှ 50၊ ခရမ်းကျွတ်သီး (လုံး) ကျပ် 50 မှ 80၊ ပဲစောင်းလျားသီး(ပိဿာ) ကျပ် 400၀ မှ 60၀၀၊ ရွှေပဲသီး(ပိဿာ) ကျပ် 120၀၀ မှ 130၀၀၊ ငရုတ်ပွ(ပိဿာ) ကျပ် 50၀၀ မှ 100၀၀၊ မုန်လာဥနီ (ပိဿာ) ကျပ် 130၀၀ မှ 210၀၀၊ ဘိုစားပဲ(ပိဿာ) ကျပ် 80၀၀ မှ 120၀၀၊ ကိုက်လန်(စီး) ကျပ် 60၀ မှ 80၀၊ တရုတ်နံနံ (စီး)ကျပ် 100၀ မှ 150၀၊ ဗမာနံနံ(ပိဿာ) ကျပ် 50၀၀ မှ 70၀၀၊ မျှစ်(ပိဿာ) ကျပ် 200၀ မှ 23၀၀၊ တရုတ်ကန်စွန်း(စီး) ကျပ် 30၀ မှ 50၀၊ ဆူးပုတ်(စီး) ကျပ် 15၀ မှ 30၀၊ မြင်းခွာရွက် (စီး) ကျပ် 10၀ မှ 15၀၊ ဟင်းနုနွယ်(စီး) ကျပ် 25၀ မှ 30၀၊ ပြောင်းဖူး(ဖူး)ကျပ် 60၀ မှ 80၀၊ မုန့်ညှင်းရွက်(စီး) ကျပ် 30၀ မှ 50၀၊ ဆလပ်ရွက်(စီး) ကျပ် 20၀ မှ 25၀၊ ခရမ်းပြုတ်သီး(ပိဿာ)ကျပ် 20၀၀ မှ ၂5၀၀၊ ဒညင်းသီး(လုံး) ကျပ် 7၀ မှ 15၀ အတွင်း ဖြစ်ကြောင်း သိရှိရပါသည်။ ရတနာသီရိဈေးအတွင်းသို့ နေ့စဉ်ကုန်အဝင်မှာ ရုံးပတီသီးကုန်ချိန် ပိဿာ (100၀) ကျော်၊ ငရုတ်ပွကုန်ချိန်ပိဿာ (10၀)ကျော်၊ ခရမ်းသီးကုန်ချိန်ပိဿာ (30၀၀) ကျော်၊ ရွှေဖရုံသီးကုန်ချိန်ပိဿာ (10၀၀)ကျော်၊ နံနံပင်ကုန်ချိန် ပိဿာ (50၀)ကျော် အသီးသီး အဝင်ရှိကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

တညင်းကုန်းလက်ကားဈေးကြီးတွင် ရက်သတ္တပတ်အတွင်းရောင်းချနေသော ကုန်ဈေးနှုန်းအခြေအနေ

          အင်းစိန်မြို့နယ်ရှိ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ဒီဇင်ဘာလ(၁၁)ရက်နေ့မှ ဒီဇင်ဘာလ(1၇)ရက်အတွင်း ညောင်တုန်း၊ မှော်ဘီ၊ သာရဝေါ၊ ညောင်နှစ်ပင်ကျေးရွာ၊ ကြာကန်စု ကျေးရွာ၊ နေပြည်တော်၊ တပ်ကုန်း၊ ရွှေဒါး၊  မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊ လက်ပံတန်း၊ မင်းလှ၊ ဝါးနက်ချောင်း၊ မော်လမြိုင်၊ မန္တလေး၊ အုတ်ဖိုနှင့် ရှမ်းပြည်နယ်တို့မှ ဟင်းသီးဟင်းရွက် နှင့် သစ်သီးဝလံပန်းမန်များ အများဆုံးဝင်ရောက် ရောင်းချနေကြောင်း သိရှိရပါသည်။ ထိုသို့ဝင်ရောက် ရာတွင် ယခုရက်သတ္တပတ်အတွင်း ခရမ်းချဉ်သီးထိုင်ဝမ်(ပိဿာ)ကျပ် 40၀၀ မှ 60၀၀ အတွင်း၊ ဂေါ်ဖီထုပ်(တစ်ထုပ်)ကျပ် 10၀၀ မှ 25၀၀ အတွင်း၊ ပန်းဂေါ်ဖီ(ထုပ်)ကျပ် 15၀၀ မှ 25၀၀ အတွင်း၊ အာလူး(ပိဿာ)ကျပ် 70၀၀ မှ 80၀၀ အတွင်း၊ မုန့်လာဉနီ(ပိဿာ) ကျပ် 75၀၀ မှ 80၀၀ အတွင်း ရွှေဖရုံသီး(လုံး)ကျပ် 12၀၀ မှ 15၀၀ အတွင်း၊ ဗူးသီး(လုံး) ကျပ် 12၀၀ မှ 20၀၀ အတွင်း၊ မုန်ညှင်း(ထုပ်)(ပိဿာ)ကျပ် 30၀၀ မှ 35၀၀ အတွင်း၊ ကြက်သွန်နီ(ဆိပ်ဖြူ)ကျပ် 20၀၀ မှ 38၀၀ အတွင်း၊ ကြက်သွန်ဖြူ(ရှမ်း)(ပိဿာ)ကျပ် 120၀၀ မှ 150၀၀ အတွင်း၊ ကြက်သွန်ဖြူ (ကြူကုတ်) (ပိဿာ) ကျပ် ၁80၀၀ မှ 200၀၀ အတွင်း၊ ချင်း(ပိဿာ)ကျပ် 30၀၀ မှ 50၀၀ အတွင်း၊ ဆလပ်ရွက် (စီး) ကျပ် 50၀ မှ 70၀ အတွင်း၊ ချဉ်ပေါင်ရွက်(စီး) ကျပ် ၂၀၀ မှ ၄၀၀ အတွင်း၊ ခရမ်းသီး  (ရှည်) (ပိဿာ)ကျပ် 20၀၀ မှ 25၀၀ အတွင်း၊ သံပရာသီး(လုံး)ကျပ် 5၀ မှ 15၀ အတွင်း၊ ငရုတ်သီးစိမ်း (ကျောက်စိမ်း) (ပိဿာ)ကျပ် 20၀၀ မှ 35၀၀ အတွင်း၊ ဖရဲသီး (အကြီး၊ အလတ်၊ အသေး)ကျပ် 20၀၀ မှ 60၀၀ အတွင်းဖြစ်ကြောင်း သိရှိရပါသည်။ တညင်းကုန်းလက်ကားဈေးကြီး အတွင်းသို့ ယခုရက် သတ္တပတ်အတွင်း သံပုရာသီးအလုံးပေါင်း (1693650)ကျော်၊ ခရမ်းသီး(ရှည်) (ပိဿာ) (32050) ကျော်၊ ဗူးသီးအလုံးပေါင်း (22740)ကျော်၊ ရွှေဖရုံသီးအလုံးပေါင်း(11405)ကျော်၊ ဂေါ်ဖီထုပ်ပေါင်း (64000)ကျော်၊ ပန်းဂေါ်ဖီထုပ်ပေါင်း (23500)ကျော်၊ မုန်ညှင်းထုပ်(ပိဿာ) ပေါင်း (15195) ကျော်၊ ဖရဲသီးလုံးပေါင်း(29750)ကျော် အသီးသီးကုန်အဝင်ရှိကြောင်း သိရပါသည်။

DOCA(ရန်ကုန်)

ကျိုင်းတုံမြို့နယ်အတွင်း ကျောက်ဖရုံသီးကို မိသားစု တစ်နိုင်တစ်ပိုင် စိုက်ပျိုး၍ ဝင်ငွေရ

     ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ ကျိုင်းဖောင်းကျေးရွာအတွင်း ကျောက်ဖရုံ သီးကို အိမ်ခြံဝန်းနှင့် မြေလွတ်နေရာများတွင် တစ်နိုင်တစ်ပိုင် စိုက်ပျိုးလျက်ရှိပြီး မိသားစု ဝင်ငွေ များရရှိလျက်ရှိကြောင်း သိရသည်။

        ကျောက်ဖရုံသီးကို ဩဂုတ်လတွင် စတင်စိုက်ပျိုးပြီး ရက်ပေါင်း ၆၀ အကြာတွင် စတင်ခူး ဆွတ်နိုင်ကြောင်း၊ စိုက်ပျိုးမှုအနေဖြင့် ကြဲပက်စနစ်နှင့် တိုက်ရိုက်မျိုးစေ့ချ စိုက်ပျိုးခြင်းဟူ၍ စိုက်ပျိုးကြကြောင်း၊ ကျောက်ဖရုံသီး ထွက်ပေါ်ချိန်တွင် တစ်လလျှင် ၄ ကြိမ် ဆွတ်ခူးရပြီး တစ်ကြိမ်လျှင် ကျောက်ဖရုံသီး အလုံးရေ  ၅၀ ခန့် ထွက်ရှိကြောင်း၊ သက်တမ်းအနေဖြင့် ၃ လခန့် အကြာထိ ဆွတ်ခူးနိုင်ပြီး စင်တစ်စင်လျှင် ကျောက်ဖရုံသီး အလုံးရေ ၆၀၀ ကျော်  ခူးဆွတ်ရောင်း ချနိုင်ကြောင်း၊ ကျောက်ဖရုံသီး စိုက်ပျိုးရာတွင် အဓိက ကုန်ကျစရိတ်မှာ ကျောက်ဖရုံစင်ဖြစ်ပြီး စင်တစ်စင်အတွက် ငွေကျပ် ၃ သိန်း ကျပ်ခန့်နှင့် မျိုးစေ့နှင့် သွင်းအားစုအပါအဝင် ကုန်ကျစရိတ် စုစုပေါင်း ငွေကျပ် ၆ သိန်း ၇ သိန်း ခန့်ကုန်ကျကြောင်း၊ ဈေးနှုန်းအနေဖြင့် ကျောက်ဖရုံသီး တစ်လုံးလျှင် ၂၅၀၀ ကျပ်ခန့်ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပြီး ငွေကျပ် ၈ သိန်းခန့် အမြတ်ရရှိ ကြောင်းသိရှိရပါသည်။

DOCA(ရှမ်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း