ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဈေးနှုန်းမြှင့်တက်လျက်ရှိသည့် ကြက်ဉ၊ ဘဲဉ၊ ငုံးဉ ဈေးနှုန်းဈေးကွက်

          ရွှေဘိုမြို့တွင် ရောင်းချနေသည့် ကြက်ဉ၊ ဘဲဉ၊ ငုံးဉများကို မန္တလေးမြို့မှ သယ်ယူရောင်းချကြောင်း၊ ဈေးနှုန်းမြင့်တက်ရခြင်းမှာ ဒေသမှ မွေးမြူနိုင်ခြင်းမရှိဘဲ၊ အခြားဒေသမှသယ်ယူရသည့်အတွက် ဈေးနှုန်းမြင့်မားရကြောင်း၊ ဒီဇင်ဘာလ (တတိယ) ပတ်တွင်ဖြစ်ပေါ်နေသော ကြက်ဉ၊ ဘဲဉ၊ ငုံးဉဈေးနှုန်းမှာ အရွယ်အစားပေါ်မူတည်၍ ကြက်ဉ(၁)လုံးလျှင် (၄၂ဝိ/-)ကျပ်မှ (၄၅ဝိ/-)ကျပ်ထိ ဈေးနှုန်းဖြင့်ရောင်းချကြောင်း၊ ဘဲဉ ဈေးနှုန်းမှာ (၁)လုံးလျှင် (၆၀ဝိ/-)ကျပ်၊ ငုံးဉဈေးနှုန်းမှာ (၁)လုံးလျှင် (၁၀ဝိ/-)ကျပ်ဖြင့်  အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ဈေးနှုန်းမြှင့်တက်လျက်ရှိသည့် မီးသွေး

ရွှေဘိုမြို့တွင် မိသားစုအပိုဝင်ငွေရရှိရန် မီးသွေးရောင်းချသည့် အလုပ်ကို လုပ်ကိုင်ရာ မီးသွေးကို ရုံးပင်ရွာမှ ဝယ်ယူရောင်းချကြောင်း၊ ရုံးပင်ရွာမှကားဖြင့် အိမ်အရောက် လာရောက်၍ ပို့ကြောင်း၊ သယ်ယူစရိတ်မြင့်မားခြင်းနှင့် ကုန်ဈေးနှုန်းတက်ခြင်း ကြောင့် ယခုလတွင် မီးသွေးဈေးနှုန်းမြင့်တက်ကြောင်း (၁)တင်းခွဲဝင် မီးသွေး (၁) အိတ်လျှင် (၁၇၀၀ဝိ/-)ကျပ်ဖြင့် ဝယ်ရပြီး (၁၈၀၀ဝိ/-)ကျပ်ဖြင့် ပြန်ရောင်းရကြောင်း၊ မီးသွေးပေါသည့်ပေါ်မူ တည်၍ မီးသွေးအိတ်(၁)လုံးလျှင် (၅၀ဝိ/-)မှ(၁၀၀ဝိ/-)သာ အမြတ်ယူ၍ ရောင်းချကြောင်း၊ မီးသွေး ရောင်းချရာတွင် (၁)တင်းခွဲဝင် အိတ်ဖြင့်သော်လည်းကောင်း၊ မီးသွေးကို အခဲ၊ အလတ်ကွဲဟူ၍ ရောင်းချကြောင်း၊ မီးသွေး (၁)တင်းခွဲဝင်(၁)အိတ်ကို  (၁)ပြည်ဝင်အိတ်ဖြင့် ထုတ်၍ ရောင်းချရာ (၂၄) ထုပ်ရကြောင်း၊ မီးသွေးအခဲ(၁) ပြည်ဝင်အိတ် (၁)ထုပ်လျှင် (၁၀၀ဝိ/-) ကျပ် မီးသွေးအလတ် ကွဲ(၁)ပြည်ဝင်အိတ် (၁)ထုပ်လျှင် (၅၀ဝိ/) ဖြင့် ရောင်းချကြောင်း သိ ရှိရပါသည်။

DOCA(စစ်ကိုင်း)

ကျိုင်းတုံမြို့ရှိ အခြေခံစားသောက်ကုန်ဈေးနှုန်းများ၏ ဈေးနှုန်းအခြေအနေ

    ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ဒုတိယအပတ်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ အခြေခံစားသောက်ကုန်ဈေးနှုန်းများဖြစ်သော ရွှေဘိုပေါ်ဆန်းမွှေး တစ်ပြည် ၈၅၀၀ ကျပ်၊ ဧည့်မထဆန် တစ်ပြည် ၅၅၀၀ ကျပ်ဖြင့်ရောင်းဝယ်လျက်ရှိပါသည်။ စားဖိုဆောင်စားသောက်ကုန်ဈေးနှုန်းများအနေဖြင့် ကြက်သွန်နီ တစ်ပိဿာ ၅၅၀၀ ကျပ်၊ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာ ၁၈၀၀၀ ကျပ် ၊ (ရှမ်းစ)တစ်ပိဿာ ၂၀၀၀၀ ကျပ်၊ ငရုပ်ခြောက်(ရှည်) တစ်ပိဿာ ၁၉၀၀၀ ကျပ်၊ ခရမ်းချဉ်သီး တစ်ပိဿာ ၅၅၀၀ ကျပ် အာလူး တစ်ပိဿာ ၆၀၀၀ ကျပ်၊ မန်ကျည်းသီးမှည့် တစ်ပိဿာ ၉၀၀၀ ကျပ်နှင့်ချင်း တစ်ပိဿာ ၆၅၀၀ ကျပ် စသဖြင့် ရောင်းဝယ်လျက်ရှိပါသည်။

   ကျိုင်းတုံမြို့တွင် ဒီဇင်ဘာလ ဒုတိယအပတ်၌ စားသုံးဆီဈေးနှုန်းများအနေဖြင့် စားအုန်းဆီ တစ်ပိဿာ ၁၃၅၀၀ ကျပ်၊ ပဲဆီ(ရိုးရိုး) တစ်ပိဿာ ၂၂၀၀၀ ကျပ်၊ ကြက်ဥဈေးမှာ တစ်လုံး ၅၀၀ ကျပ် နှင့် ဘဲဥ တစ်လုံး ၈၀၀ ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိပါသည်။ အသား/ငါးဈေးနှုန်း များမှာ ကြက်သား (CP) တစ်ပိဿာ ၁၉၀၀၀ ကျပ်၊ ဝက်သား တစ်ပိဿာ ၃၃၀၀၀ ကျပ်၊ အမဲသား တစ်ပိဿာ ၃၀၀၀၀ ကျပ်၊ ငါးကြင်း တစ်ပိဿာ ၂၄၀၀၀ ကျပ်၊ ငါးမြစ်ချင်း တစ်ပိဿာ ၁၆၀၀၀ ကျပ် ဈေးနှုန်းများဖြင့် ရောင်းဝယ်လျက်ရှိကြောင်းသိရှိရပါသည်။

   ကျိုင်းတုံမြို့ အခြေခံစားသောက်ကုန်ဈေးနှုန်းများသည် ယခင် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ဒုတိယအပတ်နှင့်နှိုင်းယှဉ်ပါက ကြက်သွန်ဖြူ(ကြူကုတ်)၊ မန်ကျည်းသီးမှည့်၊ ငရုပ်ခြောက် (ရှည်)နှင့်ဝက်သား ဈေးနှုန်းများမှာ အနည်းငယ်မြင့်တက်လာပြီး အာလူး၊ ကြက်သွန်နီ၊ ခရမ်းချဉ်သီးနှင့်ကြက်ဥ ဈေးနှုန်းများမှာ အနည်းငယ်ကျဆင်းခဲ့ပါသည်။ ကျန်အခြေခံစား သောက်ကုန်ဈေးနှုန်း များမှာတည်ငြိမ်လျက်ရှိပါသည်။

DOCA(ရှမ်း)

 

                                                                                                                  

ထားဝယ်စျေးကွက်တွင်ဝင်လာသောယာကွန်ဉ

            ယာကွန်ဉ(ခေါ်)ရေကန်စွန်းဉသည် မိုးအကုန်ဆောင်းအကူးတွင် ထွက်ရှိပြီး ရှမ်းပြည်ဒေသထွက် ရာသီစာတစ်မျိုးဖြစ်သည်။ ယာကွန်ဉ၏အရသာမှာ သစ်တော်သီးအစေ့လွတ် (သို့မဟုတ်)စိမ်းစားဉကဲ့သို့ အရသာရှိသည်။ အရည်ရွှမ်းပြီးချိူသောအရသာရှိသောကြောင့် အသားအရည်စိုပြေစေပြီး အသားအရည်ကိုခြောက်ကပ်စေသော ဆောင်းရာသီနှင့် အလိုက်ဖက် ဆုံးသော ဆေးဖက်ဝင်ဉတစ်မျိုးဖြစ်သည်။ ယာကွန်ဉသည် အဆီဓါတ်များကို ဖယ်ရှားပေးခြင်း၊  သွေးအတွင်းရှိအချိုဓါတ်ကိုလျော့နည်းစေပြီး ကျန်းမာရေးအတွက်လည်း များစွာအ ထောက်အကူပြုသည်။ ‌‌ဒေသခံများအနေဖြင့် ဈေးထဲတွင်လည်းကောင်း၊Online ရောင်းချသူများထံတွင်လည်းကောင်း အလွယ်တကူဝယ်ယူရရှိနိုင်ပြီး ကျန်မြို့များမှ မှာယူလိုပါက ကား ဂိတ်များမှတစ်ဆင့် ရောင်းချပေးလျက်ရှိကြပါသည်။ ယခုလို ဆောင်းရာသီတွင် စားပေးသင့်သော ဆေးဖက်ဝင်ရာသီစာတစ်မျိုးဖြစ်သည်ဟု စျေးကွက်အနေဖြင့် တစ်ပိဿာ (၅၀၀၀ိ/-)ကျပ်မှ (၆၀၀၀ိ/-)အထိ ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)

ထားဝယ်နှင့်တညင်ရွက်(ခေါ်)လန်ဂေါ်ရွက်(ခေါ်)လင်ကောင်ရွက်

           တနင်္သာရီတိုင်းဒေသကြီးအတွင်း တညင်ပင်သည် အလေ့ကျပေါက်သကဲ့သို့ လူနေခြံမြေများတွင်လည်း စိုက်ပျိုးလျက်ရှိပါသည်။ တညင်ပင်မှထွက်သော အရွက်၊ ပန်း၊ အဖူးနှင့် အသီးကိုပင် ဟင်းလျာအဖြစ် အမျိုးမျိုးပြုလုပ်ကာ စားသောက်နိုင်ပါသည်။ ထားဝယ်မြို့မှ ထားဝယ်လူမျိုးအများစုသည် ထားဝယ်ရိုးရာမုန့်ဟင်းခါးချက်ပြုတ်ရာတွင် တညင်ရွက်သည် မပါမဖြစ် အဓိကထားထည့်သွင်း ချက်ပြုတ်ကြပါသည်။ တညင်ရွက်နုလေးများအား ရှပ်လုံးများနှင့်ရောကာ ဟင်းချိုချက်ပြုတ်ခြင်း၊ အစိမ်းတိုင်းသော်လည်းကောင်းရေနွေးဖျော၍ သော်လည်းကောင်း ငါးပိသုတ်၊ ငါးပိထောင်းများဖြင့် ရောစပ်ကာ ထမင်းမြိန်စေရန် တို့စရာအဖြစ်လည်းစားသုံးကြသကဲ့သို့ ပါးပါးလှီးကာ သုတ်စားခြင်း၊ အခြား ဟင်းလျာများတွင်လည်း ထည့်သွင်းချက်ပြုတ်ကြပါသည်။ ထို့အပြင် တနင်္သာရီတိုင်းဒေသကြီးတွင် တညင်ရွက်အားပါးပါးလှီးကာ ဒေသထွက် ဂုံး(ခေါ်) ရှပ်ခရု၊ ကြက်ဥများဖြင့် ရောမွှေကာ ကြော်လိုက်လျင် အလွန်ချိုမြိန်လှသော ဒေသဟင်းလျာတစ်ခုအဖြစ် ထင်ရှားလျက်ရှိပါသည်။

           တနင်္သာရီတိုင်းမှဒေသခံများသည် တညင်ရွက်အား အလွန်ကြိုက်နှစ်သက်ကြပြီး အိမ်နီးချင်း ထိုင်းနိုင်ငံသို့ ရောက်ရှိရွေ့လျားအလုပ်လုပ်ကိုင်နေသော ဒေသခံများသည် လေယာဥ်ဖြင့်ပင်သယ်ယူစား သုံးလျက်ရှိပါသည်။ တညင်ရွက်သည် တစ်နှစ်ပတ်လုံး ထွက်ရှိလျက်ရှိသော်လည်း ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလများတွင် အထွက်နှုန်းနည်းငယ်ကျဆင်းတက်ပါသည်။ လက်ရှိထားဝယ်မြို့ပေါ်ရှိ တညင်ရွက်စျေးနှုန်းမှာ တစ်စည်းလျှင် ၆၀၀/၇၀၀ ခန့် ဖြင့် အရောင်းအဝယ်ဖြစ်ပေါ်လျက်ရှိကြောင်း ထားဝယ်မြို့၊ ကမ်းနားပျံကျစျေးအတွင်းမှ ဟင်းသီးဟင်းရွက်အရောင်းဆိုင်ငယ်များမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)

ဘားအံမြို့တွင်ရောင်းချနေသော အခြေခံစားကုန်များ၏ဈေးနှုန်းအခြေအနေ

          ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ တတိယပတ်အတွင်း ဘားအံမြို့တွင် အခြေခံစားကုန်များ ဖြစ်သော ပေါ်ဆန်းဆန် တစ်ပြည် (၆၅၀၀) ကျပ်၊ ဧည့်မထဆန်(မနောသုခ) တစ်ပြည် (၃၈၀၀) ကျပ်၊ ဆန်ကွဲ တစ်ပြည် (၂၆၀၀) ကျပ်ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိသည်။ စားအုန်းဆီ (ရည်ညွှန်းဈေး) တစ်ပိဿာလျှင်(၈၁၀၀) ကျပ်၊ မြေပဲဆီတစ် ပိဿာလျှင် (၂၀၀၀၀)ကျပ်၊ ကြက်သွန်နီ တစ်ပိဿာ လျှင် (၄၅၀၀) ကျပ်၊ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာလျှင် (၂၀၀၀၀) ကျပ် နှင့် ကြက်သွန်ဖြူ (ရှမ်းစ) ထူး တစ်ပိဿာလျှင် (၁၇၀၀၀) ကျပ်၊ သကြားတစ်ပိဿာလျှင် (၆၀၀၀) ကျပ်၊ အာလူး တစ်ပိဿာ လျှင် (၇၅၀၀) ကျပ်၊ မန်ကျည်းမှည့်သီး တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ ဂျင်း တစ်ပိဿာလျှင် (၇၀၀၀) ကျပ်၊ ငရုသီးခြောက် တစ်ပိဿာလျှင် (၁၇၀၀၀) ကျပ်၊ ပဲနီလေး တစ်ပိဿာလျှင် (၁၅၀၀၀) ကျပ်၊ ကုလာပဲခြမ်း တစ်ပိဿာလျှင် (၇၅၀၀) ကျပ်၊ မြေပဲဆံတစ်ပြည် (၁၀၀၀၀) ကျပ်၊ ရိုးရိုးဆားပိဿာလျှင် (၁၅၀၀)ကျပ် ၊ အာပြဲခြောက် တစ် ပိဿာလျှင် (၂၆၀၀၀) ကျပ်၊ ကြက်ဥတစ်လုံး (၄၅၀) ကျပ်၊ ဘဲဥတစ်လုံး (၆၀၀) ကျပ် တို့ဖြစ် အရောင်းအဝယ်ကြကာ ယခုလအတွင်းဈေးနှုန်း အနည်းငယ် ပြောင်းလဲလျက်ရှိကြောင်း သိရသည်။

DOCA(ကရင်)

ဘားအံမြို့ ရေပေါ်ဈေးရှိ ကုန်စိမ်းသီးနှံ ဈေးနှုန်းအခြေအနေ

            ၂၀၂၄ ခုနှစ်၊ ဆောင်းရာသီ ဒီဇင်ဘာဘာလတွင် ကရင်ပြည်နယ်၊ ဘားအံမြို့ ရေ‌ပေါ်ဈေးရှိ   ဈေးကွက်အတွင်း ကုန်စိမ်းသီးနှံများ​ဈေးကောင်းရ လျက်ရှိကြောင်း  သိရသည်။

            ဈေးနှုန်းအနေဖြင့် ခရမ်းသီး တစ်ပိဿာလျှင် (၅၀၀၀) ကျပ်၊ ခရမ်းချဉ်သီး တစ်ပိဿာ လျှင် (၄၅၀၀)ကျပ်၊ ဂေါ်ဖီထုပ် တစ်ထုပ်လျှင် (၂၀၀၀၊၃၀၀၀)ကျပ်၊ ပန်းဂေါ်ဖီ တစ်ပွင့်လျှင် (၃၀၀၀၊ ၅၀၀၀) ကျပ်၊ လွှတ်တစ်ပိဿာလျှင်  (၃၀၀၀) ကျပ်၊ ငရုတ်ပွ တစ်ပိဿာလျှင် (၄၀၀၀)ကျပ်၊ ခဝဲသီး တစ်ပိဿာလျှင် (၅၀၀၀)ကျပ်၊   ကြက်ဟင်းခါးသီး တစ်ပိဿာလျှင် (၄၀၀၀)ကျပ်၊ ရုံးပတေသီး တစ်ပိဿာလျှင် (၂၀၀၀)ကျပ်၊ (ငရုတ်စိမ်းထောင့်ရှည် တစ်ပိဿာလျှင် (၅၀၀၀)ကျပ်၊ ပဲတောင့်ရှည် အစည်းသေး (၁၀၀၀)ကျပ်၊ ကန်စွန်းရွက် တစ်စည်းလျှင် (၂၅၀)ကျပ်၊ ကင်းပွန်းချဥ်ရွက် တစ်စည်း လျှင်(၅၀၀)ကျပ်၊ ချဥ်ပေါင်ရွက်တစ်စည်းလျှင်(၂၅၀)ကျပ်တို့ဖြစ် ရောင်းဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရသည်။

                ကရင်ပြည်နယ်ဒေသအတွင်း ယခုလို ကုန်စိမ်းသီးနှံဈေးနှုန်းအနည်းတက်နေရခြင်းမှာ လှိုင်လှိုင် မထွက်သေးခြင်းနှင့်စိုက်ခင်မှအသီးများလှိုင်လှိုင်မထွက်သေးခြင်းတို့ကြောင့် ဖြစ်ကြောင်း သိရသည်။

DOCA(ကရင်)

ဘားအံမြို့၊ရေပေါ်စံပြဈေးတွင်ရောင်းချနေသော အသား/ငါး ဈေးနှုန်းအခြေအနေ

           ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ တတိယအပတ်တွင် ကရင်ပြည်နယ်၊ဘားအံမြို့ ရေပေါ်ဈေးတွင် ရောင်းချလျက်ရှိသော အသား/ ငါး ဈေးနှုန်းများမှာ ဝက်သားတစ်ပိဿာလျှင် (၂၄,၀၀၀) ကျပ်၊ အမဲသား တစ်ပိဿာ (၁၈,၀၀၀)ကျပ်၊ ဆိပ်သားတစ်ပိဿာလျှင် (၂၂,၀၀၀)ကျပ်၊ ကြက်သား(CP) တစ်ပိဿာ လျှင် (၁၈,၀၀၀)ကျပ်၊ ချောင်းငါးကြင်း တစ်ပိဿာလျှင် (၂၀,၀၀၀)ကျပ်၊ ငါးမြစ်ချင်း တစ်ပိဿာလျှင် (၁၀,၀၀၀) ကျပ်၊ မွေးမြူရေးငါးခူတစ်ပိဿာ (၉,၀၀၀)ကျပ်၊ ပုစွန်(ဘော့ချိတ်) တစ်ပိဿာလျှင် (၃၅,၀၀၀) ကျပ် တို့ဖြစ် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းနှင့်ယခုဒီဇင်ဘာတတတိယပတ်သည် ယခင်အပတ်အတိုင်း ဈေးနှုန်းပြောင်းလဲမှု မရှိကြောင်း ဘားအံမြို့ ရေပေါ်ဈေးတွင်ရောင်းချသည့် ဆိုင်ရှင်များထံမှ  သိရသည်။

                DOCA(ကရင်)

ထားဝယ်မြို့ရှိ မန်ကျည်းသီးစျေးနှုန်း

            မန်ကျည်းပင်သည် သစ်မာပင်အမျိုးအစားဖြစ်ပြီး အပူပိုင်းဒေသဖြစ်သည့် မြန်မာနိုင်ငံအလယ်ပိုင်းတွင်လည်း ပိုမိုပေါက်ရောက်လျက်ရှိသည်။ စားသုံးသူများအတွက် တစ်ပင်လုံးအသုံးဝင်သော ဆေးဖက်ဝင်တန်ဖိုးရှိသည့် အပင်တစ်မျိုးဖြစ်ပါသည်။ အရသာချဉ်ပြီး အချိုဓါတ်ပါဝင်သည့် မန်ကျည်းသီးသည် အိမ်ရှင်မတို့၏ မီးဖိုချောင်၌ အမြဲနေရာယူထားသော အသီးလည်းဖြစ်သည်။ အစိမ်းပေါ်ချိန်၌ အစိမ်းစားကြသကဲ့သို့ မှည့်လာသည့်အချိန်တွင်လည်း အစေ့ထုတ်ကာနှစ်ရှည်ခံအောင် သိမ်းထားလေ့ရှိသည်။ မန်ကျည်းသီးကို အသင့်အတင့်စားသုံးလျင် ကျန်းမာ‌ရေးအထောက်အကူဖြစ်စေနိုင်ပြီး အလွန်အကျွံစားသုံးပါက သွေးတွင်းသကြားဓါတ်ကို ကျဆင်းစေနိုင်ပါသည်။

          ယခုကာလသည် မန်ကျည်းသီးသစ်ထွက်ရှိသည့်ကာလဖြစ်သည့်အတွက် ထားဝယ်စျေးကွက်၌ မန်ကျည်းသီးအစိမ်းတစ်ဗူးလျှင် (၂၀၀၀) ကျပ်ရှိပြီး မန်ကျည်းသီးအမှည့် တစ်ပိဿာလျှင် (၈၅၀၀) ကျပ် ရှိကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)

ထားဝယ်မြို့ ကြက်ဥ၊ ဘဲဥစျေးနှုန်း

           ထားဝယ်မြို့၏ အဓိကစားသုံးကုန်တစ်မျိုးဖြစ်သော ကြက်ဥသည် စားသုံးသူပြည်သူတို့၏ အဓိကဖြစ်သည့်နှင့်အညီ လိုအပ်ချက်များစွာရှိသည်။ ရှမ်းပြည်နယ်မှအများဆုံးတင်သွင်းပြီး စီးပွားဖြစ်မွေးမြူကြသော လုပ်ငန်းအများအပြားရှိသည်။ နိုဝင်ဘာလတတိယပတ်အတွင်း ထားဝယ်မြို့ စျေးကွက်တွင်ဖြစ်ပေါ်နေသော ကြက်ဥ/ ဘဲဥ စျေးနှုန်းများသည် အနည်းငယ်မြင့်တက်နေကြောင်း သိရပါသည်။

           ယခင်နိုဝင်ဘာလတတိယပတ်အတွင်း ကြက်ဥကြီးတစ်လုံးလျှင် (၄၅၀)ကျပ်၊ အလတ် (၄၃၀) ကျပ်၊ ဘဲဥကြီးတစ်လုံးလျှင် (၆၀၀) ကျပ်၊ အလတ် (၅၈၀) ကျပ်ခန့်ရှိပြီး၊ ယခု လက်ရှိစျေးနှုန်းများအရ ကြက်ဥအကြီးတစ်လုံးလျှင် (၄၈၀) ကျပ်၊ အလတ် (၄၅၀) ကျပ်ခန့်နှင့် ဘဲဥအကြီးတစ်လုံးလျှင် (၇၀၀) ကျပ်၊ အလတ် (၆၈၀) ကျပ်ခန့် ရရှိနေကြောင်း ထားဝယ်မြို့ရှိ စည်ပင်သာယာစျေးကြီးများတွင် ရောင်းချနေသူများထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း