ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဓနုဖြူမြို့နယ်တွင် ရောင်းချနေသော သင်ဖြူးဖျာထုတ်လုပ်မှုနှင့် ဈေးနှုန်းဈေးကွက်အခြေအနေ

              ဧရာဝတီတိုင်းဓေသကြီး၊ မအူပင်ခရိုင်။ ဓနုဖြူမြို့နယ်မှထုတ်လုပ်သော အရမ်းချောင်းကျေးရွာ မိဘမေတ္တာ သင်နှင့် သင်ဖြူးဖျာလုပ်ငန်းကို (၁၆.၁၁.၂၀၂၄)ရက်နေ့က ကွင်းဆင်း၍ ထုတ်လုပ်မှုနှင့် ဖြန့်ဖြူးရောင်းချမှုအခြေအနေများကို မြို့နယ်စားသုံးသူရေးရာဦးစီးဌာနက ကွင်းဆင်းမေးမြန်းခဲ့သည်။

               မိဘမေတ္တာ သင်နှင့် သင်ဖြူးဖျာလုပ်ငန်းကို မရန်းချောင်းကျေးရွာတွင် ယက်လုပ်ကြပြီး သင်ကုန်ကြမ်းကို ပန်းတနော်မြို့နယ်မှဝယ်ယူပြီး ယက်လုပ်ကြကြောင်း တစ်နေ့ကို သင်ဖျာ ၅ချပ် ထွက်ရှိပြီး ၁လကို ဖျာ ၁၃၀၊ ၁၄၀ ခန့် အရွယ်ဆိုဒ်စုံ ယက်လုပ်ကြကြောင်း သိရသည်။ ထွက်ရှိလာသောဖျာများကို အနားကွတ် လက်ဖြင့်ချုပ်လုပ်ကြောင်းသိရသည်။ ဈေးနှုန်းအနေဖြင့် ၇တောင် ဖျာ တစ်ချပ်ကို ၆၅၀၀၀/-၊၆တောင်ထွာဖျာ ဆစ်ချပ် ၆၀၀၀၀/-၊ ၆တောင်ဖျာ ၄၅၀၀၀/-၊၅တောင်ထွာ ဖျာတစ်ချပ် ၃၈၀၀၀/-၊ ၄၀၀၀၀/-၊ ၅တောင်ဖျာ တစ်ချပ် ၃၅၀၀၀/-၊ ၄တောင် ထွာ ဖျာတစ်ချပ် ၂၆၀၀၀/-၊ ၄တောင်ဖျာ တစ်ချပ် ၂၀၀၀၀/-၊၃တောင်ထွာ ဖျာ တစ်ချပ် ၁၅၀၀၀/-၊ ၃တောင်ဖျာ တစ်ချပ် ၁၂၀၀၀/-၊ နေရာထိုင်ဖျာ ၁ချပ် ၅၅၀၀/-၊ ၇၀၀၀/-၊ ရောင်းချကြောင်း တစ်ပတ်လျှင် ၃၀ချပ် ဆိုဒ်စုံရရှိပြီး ဆိုဒ်ကြီး ၂၀ ဆိုဒ်သေး ၁၀ ထွက်ရှိကြောင်းသိရသည်။ လုပ်ငန်းအခက်အခဲအရ လုပ်သားရှားပါးကြောင်း လက်မှုလုပ်ငန်းဖြစ်၍ ဖျာအနားချုပ်ရန် ချုပ်စက်လိုအပ်ကြောင်း၊ ဈေးကွက်တင်ပို့မှုမှာ ရန်ကုန်ဘုရင့်နောင်သို့ တင်ပို့ပြီး ရန်ကုန်မှတဆင့် အခြားတိုင်းဒေသကြီးများသို့ ဖြန့်ချိကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော သဘာဝဒေသထွက်ကုန်ဈေးနှုန်းများ

         ၁၈-၁၁-၂၀၂၄ ရက်နေ့၊ ကုန်စည်ဒိုင်တွင်ဖြစ်ပေါ်ခဲ့သော ထန်းလျက်တစ်ပိဿာဈေးနှုန်းများမှာ တောင်သာ၊ မလိုင်(ဒုံး) သစ် အနိမ့်ဆုံးဈေး ကျပ်၆၈၀၀မှ အများဆုံး ကျပ်၇၀၀၀၊ ညောင်ဦးဆေးရှယ်  ကျပ် ၇၃၀၀၊ ညောင်ဦးဆေးရှယ်(ထန်းရော) အနိမ့်ဆုံးဈေး ကျပ်၅၀၀၀မှ အများဆုံး ကျပ်၅၁၀၀၊ ပခုက္ကူကြမ်း ကျပ် ၇၀၀၀၊ ရေစကြိုထန်းလျက် အနိမ့်ဆုံးဈေး ကျပ်၈၀၀၀မှ အများဆုံး ကျပ်၈၂၀၀၊ ကြံသကာ(ရှမ်း) အနိမ့်ဆုံးဈေး  ကျပ်၃၀၀၀မှ အများဆုံး ကျပ်၃၁၀၀၊ ကြံသကာ(သကြားရော) ကျပ်၅၄၀၀၊ မန်ကျည်းသီးများဖြစ်သော မန်ကျည်းသီးပွင့်ကပ် အနိမ့်ဆုံးဈေး ကျပ်၃၃၀၀မှ ကျပ်၃၆၀၀၊ မန်ကျည်းသီးအသား အနိမ့်ဆုံးဈေး ကျပ်၉၅၀၀မှ ကျပ်၁၂၅၀၀၊ ပြည်တွင်းသကြား  အနိမ့်ဆုံးဈေး ကျပ်၄၈၀၀မှ ကျပ်၅၁၀၀တို့အသီးသီးဖြစ်ကြောင်း ကုန်စည်ဒိုင်မှ သတင်းရရှိပါသည်။

DOCA(ရန်ကုန်)

ဘုရင့်နောင်ကုန်စည်ဒိုင်ရှိ ရေထွက်ကုန်ပစ္စည်းဈေးနှုန်းများ

         ၁၈-၁၁-၂၀၂၄ ရက်နေ့၊ ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ရေထွက်ကုန်ပစ္စည်းများ၏ တစ်ပိဿာဈေးနှုန်းများမှာ ဖျာပုံရွှေပုစွန် ရှယ်မှာ ကျပ်၁၆၀၀၀၀၊ ဖျာပုံရွှေပုစွန်ရိုးရိုး ကျပ်၁၀၀၀၀၀၊ ဖျာပုံချိုကြီးရှယ် ကျပ်၈၀၀၀၀၊ ဖျာပုံချိုကြီးရိုးရိုး ကျပ်၇၅၀၀၀၊ ဖျာပုံချိုသေးရှယ် ကျပ်၅၀၀၀၀၊ ဖျာပုံချိုသေးရိုးရိုး ကျပ်၃၅၀၀၀၊ မြိတ်ပုစွန်လတ် ကျပ်၅၅၀၀၀၊ မြိတ်ပုစွန်ရိုးရိုး ကျပ်၆၅၀၀၀၊ ရေချိုငါးခြောက်များဖြစ်ကြသော ငါးကျီးကြပ်တိုက်ကြီး   ကျပ်၇၀၀၀၀၊ ငါးကျီးကြပ်တိုက်သေး  ကျပ်၆၀၀၀၀၊ ငါးမြွေထိုး ကျပ်၄၀၀၀၀၊ ငါးရံ့ခြောက်ကြီး ကျပ်၆၀၀၀၀၊ ငါးရံ့ခြောက်လတ် ကျပ်၅၅၀၀၀၊ ငါးရံ့လုံး ကျပ်၄၅၀၀၀၊ ရေငန်ငါးခြောက်များဖြစ်ကြသော ကလိန် ကျပ်၁၀၀၀၀၊ ငါးကွမ်းရှပ် ကျပ်၄၀၀၀၀၊ ငါးတံခွန်မျှင်ကြီး ကျပ်၁၂၀၀၀၊ ငါးတံခွန်လုံး ကျပ်၆၀၀၀၊ ငါးနှပ်ချို ကျပ်၁၂၀၀၀၊ ငါးရွှေသေး ကျပ်၁၀၀၀၀၊ ငါးမီးတံသွယ် ကျပ်၇၀၀၀ ဈေးတို့အသီးသီးရှိကြကြောင်း ကုန်စည်ဒိုင်မှ စုံစမ်းသိရှိရပါသည်။

DOCA(ရန်ကုန်)

ဘုရင့်နောင်ကုန်စည်ဒိုင်ရှိ ကြက်သွန်နီဝင်ရောက်ရာဒေသများနှင့် ဈေးနှုန်းများ

        ရန်ကုန်တိုင်းဒေသကြီးသို့ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှဝင်ရောက်လာသည့် ကြက်သွန်နီများသည် အနောက်ပိုင်းခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနကွပ်ကဲမှုအောက်ရှိ ဘုရင့်နောင်ကုန်စည်ဒိုင်သို့  နေ့စဉ်မော်တော်ယာဉ်များဖြင့် ဝင်ရောက်လျက်ရှိပါသည်။ ပွဲရုံများ၏  ကြက်သွန်နီလက်ကျန်အခြေအနေများအား  အမှန်ကန်ဆုံးသိရှိနိုင်ရန်အတွက် ဘုရင့်နောင်ပွဲရုံဝင်းအတွင်းရှိ  ကြက်သွန်နီပွဲရုံ (၄၀) အနက် Random စနစ်ဖြင့် ပွဲရုံ (၁၀) ရုံအား မေးမြန်းချက်များအရလည်းကောင်း၊ ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြက်သွန်နီ နေ့စဉ်ဝင်ရောက်မှုစာရင်းများအရလည်းကောင်း၊ ကြက်သွန်နီလက်ကျန်အခြေအနေအား နေ့စဉ်စုံစမ်းလျက်ရှိပါသည်။ နိုဝင်ဘာလ (၁၁) ရက်နေ့မှ နိုဝင်ဘာလ (၁၇) ရက်နေ့အထိ ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြက်သွန်နီဝင်ရောက်ရာဒေသများဖြစ်သည့် ဆိပ်ဖြူ၊ မုံရွာ၊ တောင်သာဒေသတို့မှ ကြက်သွန်နီ (၇၂၀၀၀၀) ပိဿာဝင်ရောက်ခဲ့ပြီး (၆၀) ရာခိုင်နှုန်းခန့်ပြန်လည်စီးထွက်မှုရှိကြောင်းသိရှိရပါသည်။ ထို့ကြောင့် ကြက်သွန်နီလက်ကျန်မှာ (၂၈၈၀၀၀) ပိဿာကျန်ရှိကြောင်း ကုန်စည်ဒိုင်သတင်းအရသိရှိရသည်။ ဆိပ်ဖြူကြက်သွန်နီ (အသစ်) အချောတစ်ပိဿာလျှင် ကျပ်၂၃၀၀၊ အသန့်မှာ တစ်ပိဿာလျှင် ကျပ်၃၆၀၀၊ အကြီးမှာ ကျပ်၄၅၀၀၀၊ ရှယ်မှာ ကျပ်၄၂၀၀၊  မုံရွာကြက်သွန်နီ (အသစ်) အသန့်မှာ တစ်ပိဿာလျှင် ကျပ်၃၅၀၀၊ အကြီးမှာ ကျပ်၃၉၀၀၊ ရှယ်မှာ ကျပ်၄၂၀၀၊ တောင်သာကြက်သွန်နီ(အသစ်) အချောတစ်ပိဿာလျှင် ကျပ်၁၀၀၀၊ အသန့်မှာ တစ်ပိဿာလျှင် ကျပ်၂၀၀၀၊ အကြီးမှာ ကျပ်၂၅၀၀ဈေးတို့အသီးသီးရှိကြောင်း စုံစမ်းသိရှိရပါသည်။

        ယခင်အပတ်နှင့် ယခုအပတ်တို့၏ ကြက်သွန်နီဈေးနှုန်းများကိုနှိုင်းယှဉ်ရာတွင် ကထိန်ခင်းပြီးပြီဖြစ်၍ ကြက်သွန်ဈေးနှုန်းများမှာ ယခင်အပတ်ထက် အနည်းငယ်ကျဆင်းမှုရှိကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

 

မြိတ်မြို့တွင်ဖြစ်ပေါ်နေသော သီဟိုဠ်စေ့ စျေးနှုန်းအခြေအနေ

               တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်တွင် စိုက်ပျိုးထွက်ရှိတင်ပို့လျက်ရှိသော ဒေသထွက်ကုန်များတွင် သီဟိုဠ်စေ့အပါအဝင်ဖြစ်ပြီး ဒေသအခေါ်အရ ခရူစေ့လို့ခေါ်ကြပါသည်။ မုန့်ပြုလုပ်ရာတွင်လည်းကောင်း၊ စားသောက်ဆိုင်နှင့်ဟိုတယ်များတွင်အသင့်စားရန်လည်းကောင်း ဝယ်ယူသုံးစွဲကြပြီး ရန်ကုန်၊ မန္တလေးနှင့် အခြားပြည်နယ်/ တိုင်းများသို့တင်ပို့ရောင်းချလျက်ရှိကြပါသည်။

                မြိတ်ခရိုင်၏ ၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ(၁၉)ရက်နေ့တွင် ဖြစ်ပေါ်နေသော သီဟိုဠ်စေ့(အချော) တစ်ပိဿာ စျေးနှုန်းမှာ ၆၀၀၀၀ကျပ်ခန့် ရှိကြောင်း ကုန်သည်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)

မြိတ်မြို့သို့ စားအုန်းဆီများ မော်တော်ယာဉ်ဖြင့်ရောက်ရှိလာ

             မြိတ်ခရိုင်၊ မြိတ်မြို့၏ ဒေသတွင်းစားသုံးဆီဖူလုံစေရေးနှင့် စျေးနှုန်းမြင့်တင်ရောင်းချခြင်းမရှိစေရန်အတွက် ရန်ကုန်မြို့ ဆီကုမ္ပဏီများမှ ခွဲဝေဖြန့်ဖြူးရောင်းချပေးသောစားအုန်းဆီများသည် ၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ(၁၈)ရက်နေ့တွင် မော်တော်ယာဥ်အမှတ်7M-6723နှင့် 6C-5057တို့ဖြင့် မြိတ်မြို့သို့ ရောက်ရှိလာခဲ့ကြောင်း သိရှိရပါသည်။

             အဆိုပါစားအုန်းဆီများကို Globle Good Pure Group ကုမ္ပဏီ၊ Kaung Hlyan New Asia ကုမ္ပဏီနှင့် Mahar Phone Let Yone ကုမ္ပဏီမှ ခွဲတမ်းရရှိပြီး စုစုပေါင်းစားအုန်းဆီပေပါ (၁၄၀)ပေပါရောက်ရှိလာခဲ့ပါသည်။ ၎င်းတို့ကို ရည်ညွှန်းစျေးတစ်ပိဿာ (၆၆၃၅)ကျပ်အပေါ် သယ်ယူပို့ဆောင်ကုန်ကျစရိတ်နှင့် ၂% အမြတ်တို့ဖြင့် လက်လီဆိုင်များသို့ ခွဲဝေရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ဘုရင့်နောင်ပွဲရုံရှိ ကြက်သွန်ဖြူ/နီဈေးနှုန်းများ

         ၁၈-၁၁-၂၀၂၄ ရက်နေ့၌ ဘုရင့်နောင်ကုန်စည်ဒိုင်တွင်ဖြစ်ပေါ်ခဲ့သော ကြက်သွန်ဖြူတစ်ပိဿာဈေးနှုန်းများမှာ အောင်ပန်းထူး-၂ ကျပ်၁၂၀၀၀၊  အောင်ပန်းထူး-၃ ကျပ်၁၃၅၀၀၊ အောင်ပန်းထူး-၄ ကျပ်၁၄၅၀၀၊ အောင်ပန်းထူး-၅ ကျပ်၁၅၅၀၀၊ ကြက်သွန်နီဈေးနှုန်းများမှာ ဆိပ်ဖြူရှယ် ကျပ်၄၂၀၀၊ ဆိပ်ဖြူလတ်ကြီး ကျပ်၄၀၀၀၊ ဆိပ်ဖြူလတ်သန့် ကျပ်၃၆၀၀၊ ဆိပ်ဖြူလတ်ချော ကျပ်၂၃၀၀၊ မြင်းခြံ (ကံဆင့်) ရှယ် ကျပ်၄၅၀၀၊ လတ်ကြီး(ကံဆင့်) ကျပ်၄၁၀၀၊ လတ်သန့်(ကံဆင့်)  ကျပ်၃၇၀၀၊ လတ်ချော (ကံဆင့်)ကျပ်၂၄၀၀၊ မုံရွာ ရှယ် ကျပ်၄၂၀၀၊  မုံရွာလတ်ကြီး ကျပ်၄၀၀၀၊ မုံရွာလတ်သန့် ကျပ်၃၆၀၀၊  မုံရွာလတ်ချော ကျပ်၂၃၀၀ဈေးတို့အသီးသီးရှိကြကြောင်း ကုန်စည်ဒိုင်မှ စုံစမ်းသိရှိရပါသည်။

DOCA(ရန်ကုန်)

 

ညောင်တုန်းမြို့နယ်တွင် ကွမ်းသီးခြောက် အရောင်းအဝယ်ကောင်း

     ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ညောင်တုန်းမြို့နယ်မှ ကွမ်းသီးခြောက်များ ဝယ်ယူမှုအားကောင်းနေပြီး အ‌ရောင်းအဝယ်ကောင်းမွန်နေကြောင်း ညောင်တုန်းမြို့နယ် ကွမ်းသီးရောင်းဝယ် ရေးလုပ်ငန်းရှင် ဦးရာမွန်က ပြောပြ၍ သိရသည်။ ညောင်တုန်းမြို့နယ်မှ ကွမ်းသီးခြောက်များကို ဩဂုတ်လမှ နိုဝင်ဘာလ ၁၅ ရက်နေ့ထိ ဝယ်ယူမှုအားကောင်းလာပြီး အရောင်းအဝယ်ကောင်းမွန်နေကြောင်း၊ အဆိုပါဒေသမှ ကွမ်းသီးခြောက် တစ်ပိဿာလျှင် ငွေကျပ် ၁၃၀၀၀ ထိ ဈေးပေါက်နေကြောင်း သိရသည်။

     ညောင်တုန်းမြို့နယ်ဘက်ကထွက်တဲ့ ကွမ်းသီးခြောက်တွေကို ရန်ကုန်ဈေးကွက်ဘက်က ဝယ်ယူကြောင်း၊ လက်ရှိကွမ်းသီးခြောက်တွေက ပိုမိုထွက်ရှိလာပြီး ကွမ်းသီးခြောက်က အခုအချိန်မှာ အရောင်းအဝယ် အားကောင်းနေပါတယ်။ ညောင်တုန်းမြို့နယ်တွင် ကွမ်းသီးခြောက် စိုက်ဧက  ၁၅၅ ဧကရှိပြီး ၁ဧကတွင် အပင်ရေ ၃၀၀ ခန့်စိုက်ပျိုးနိုင်ပြီး ကွမ်းသီးအပင်မျိုး အနေဖြင့် တစ်လုံးကို ၃၀၀  ထိ ပေးဝယ်ရကြောင်း၊ ၁ဧက ကုန်ကျစရိတ်အနေဖြင့် ၃၀၀၀၀၀ခန့်သာ ကုန်ကျကြောင်း၊ ကွမ်းသီးပင် နှစ်ရှည်ပင်ဖြစ်၍ နှစ်တစ်ပတ်လည်လုံး အသီးသီး၍ တစ်နေ့ကို အလုံးရေ ၈၀၀ ထိ ထွက်ရှိကြောင်း၊ တစ်နှစ်တွင် ၈လလောက် ကွမ်းသီးထွက်ရှိသည်။ ၁လကို အလုံးရေ ၂သောင်းခွဲထိ ထွက်ရှိပြီး ယနေ့ ကွမ်းသီးခြောက် ၁လုံးကို ၁၅၀ကျပ်ဖြင့် ရောင်းချရပြီး တစ်နှစ်ကို အကျိုးအမြတ် သိန်း၂၀အကျိုးအမြတ်ရရှိကြောင်း သိရသည်။ ညောင်တုန်းမြို့နယ်တွင် ကွမ်းသီးစိမ်းများကို ဒေသကွမ်းသီးရောင်းဝယ်ရေးလုပ်ငန်းရှင်များက ဝယ်ယူပြီး စနစ်တကျသန့်စင်ထုပ်ပိုးကာ ရန်ကုန်ဈေးကွက်သို့ အများဆုံးတင်ပို့ရောင်းချလျက်ရှိကြောင်း ညောင်တုန်းမြို့နယ် ကွမ်းသီးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်သူအောင်က ပြောပြ၍ သိရသည်။

DOCA(ဧရာဝတီ)

ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ငြုပ်သီးဈေးနှုန်းများ

         ၁၈-၁၁-၂၀၂၄ ရက်နေ့၌ ကုန်စည်ဒိုင်တွင်ဖြစ်ပေါ်ခဲ့သော ငြုပ်သီးတစ်ပိဿာဈေးနှုန်းများမှာ ပန်းရဲ အမြင့်ဆုံးဈေး ကျပ်၆၅၀၀မှ  အနိမ့်ဆုံးဈေး ကျပ်၆၀၀၀၊ မြှားနီ အမြင့်ဆုံးဈေး ကျပ်၆၀၀၀မှ အနိမ့်ဆုံးဈေး ကျပ်၅၅၀၀၊ ပန်းရဲ/မြှားနီ(AC) အမြင့်ဆုံးဈေး ကျပ်၁၁၀၀၀မှ အနိမ့်ဆုံးဈေး ကျပ်၁၀၀၀၀၊ ပန်းတနော်(ရှည်) အမြင့်ဆုံးဈေး ကျပ်၅၅၀၀မှ အနိမ့်ဆုံးဈေး ကျပ်၅၀၀၀၊ မိုးထောင် မြစ်ဝ အမြင့်ဆုံးဈေး ကျပ်၁၂၀၀၀မှ အနိမ့်ဆုံးဈေး ကျပ်၁၀၀၀၀၊ ဆင်ဖြူကျွန်း(ပု) အမြင့်ဆုံးဈေး ကျပ်၁၄၀၀၀မှ အနိမ့်ဆုံးဈေး ကျပ်၁၂၀၀၀၊ မြစ်ဝ (ပု) အမြင့်ဆုံးဈေး ကျပ်၁၀၅၀၀မှ အနိမ့်ဆုံးဈေး ကျပ်၁၀၀၀၀တို့ အသီးသီးဖြစ်ကြောင်း ကုန်စည်ဒိုင်မှ သတင်းရရှိပါသည်။

DOCA(ရန်ကုန်)

 

သီရိမင်္ဂလာဈေးရှိ သစ်သီးဝလံဈေးနှုန်းများ

         ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ သီရိမင်္ဂလာဈေးတွင် နိုဝင်ဘာလ (၁၂) ရက်နေ့မှ နိုဝင်ဘာလ (၁၈) ရက်နေ့အထိဖြစ်ပေါ်ခဲ့သော ကြံခင်းမှ ထန်းမြစ်အစည်းကြီးတစ်စည်းလျှင်ကျပ်၃၅၀၀၊ အလတ် ကျပ်၃၀၀၀၊ ရဲမွန်တပ်မြို့ မှ ဖရဲသီး(ဘာဟုဘာလီ) အလုံးကြီး ကျပ်၈၀၀၀၊ အလုံးလတ် ကျပ်၅၀၀၀၊ အလုံးသေး ကျပ်၃၀၀၀၊ အင်းမမှ ဖရဲသီး (၈၅၅) အလုံးကြီးတစ်လုံးလျှင် ကျပ်၂၀၀၀၀၊ အလုံးလတ် ကျပ်၁၈၀၀၀၊ အလုံးသေး ကျပ်၁၅၀၀၀၊  တောင်ကြီးမှ ထောပတ်သီးတစ်လုံးဈေးနှုန်းမှာ အလုံးကြီး ကျပ်၁၀၀၀၊ အလုံးသေး ကျပ်၅၀၀၊ အောင်ပန်းမှ လိမ္မော်သီးတစ်ပိဿာလျှင် အလုံးကြီး ကျပ်၇၀၀၀၊ အလုံးလတ် ကျပ်၆၀၀၀၊ အလုံးသေး ကျပ်၅၀၀၀၊ ပုပ္ပါးမှ မာလာကာသီးအိတ်ကြီးတစ်အိတ်လျှင် ကျပ်၅၅၀၀၀၊ မော်လမြိုင်မှ ကျွဲကောသီးအလုံးကြီးတစ်လုံးလျှင် ကျပ်၇၀၀၀၊ အလုံးလတ် ကျပ်၆၀၀၀၊ အလုံးသေး ကျပ်၅၀၀၀၊ တိုက်ကြီးမှ ကလောဥတစ်ပိဿာလျှင် အလုံးကြီး ကျပ်၁၅၀၀၊ ရှမ်းပြည်မှ အာတာလွတ်ဥတစ်ပိဿာလျှင် ကျပ်၃၀၀၀၊ ယိုးဒယားပန်းသီးတစ်သေတ္တာလျှင် ကျပ်၇၈၀၀၀တို့ရှိကြောင်း သီရိမင်္ဂလာဈေးရှိ မြန်မာနိုင်ငံသစ်သီးဝလံပန်းမန် ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (MFVP) မှသိရှိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း