ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

လားရှိုးမြို့ ဘိလပ်မြေ၊ ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးကွက်

   လားရှိုးမြို့ အောက်တိုဘာလ ဒုတိယအပတ် ဘိလပ်မြေဈေးကွက်မှာ Crown ဘိလပ်မြေ တစ်အိတ်လျှင်(၈၈၀၀) ကျပ်၊ Alpha ဘိလပ်မြေတစ်အိတ်လျှင် (၉၀၀၀) ကျပ်ဖြင့် အရောင်းအဝယ် ပုံမှန်ဖြစ်နေပြီး ဈေးကွက်တည်ငြိမ်နေကြောင်း သိရသည်။လားရှိုးမြို့ ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေး ဈေးကွက်မှာ ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ဈေးကွက်တည်ငြိမ်နေကြောင်း သိရှိရသည်။ ဈေးကွက်ထဲတွင် အရောင်းအဝယ်ဖြစ်နေသော ဓာတ်မြေဩဇာဈေးနှုန်းများမှာ ရွှေတောင်ပုလဲ (၅၀) ကီလိုဂရမ် တစ်အိတ်လျှင် (၈၅၀၀၀) ကျပ်၊ အာမို(၁၆ပတ်လည်) (၅၀) ကီလိုဂရမ် တစ်အိတ်လျှင် (၁၄၀၀၀၀) ကျပ်ဖြစ်ပြီး၊ ပိုးသတ်ဆေးဈေးနှုန်းများမှာ ငှက်ကြီးတောင်(ဩဘာ) ၁၀၀ စီစီတစ်ဘူးလျှင် (၁၈၀၀၀) ကျပ်၊ ဩဘာ Alarm 15 WP (၁၀၀) ဂရမ်လျှင် (၉၀၀၀) ကျပ်၊ ဖိုစ့်တင်းအီးစီ (ဩဘာ) ၅၀၀စီစီ တစ်ဘူးလျှင် (၁၉၀၀၀) ကျပ် အသီးသီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရသည်။

DOCA(ရှမ်း)

ဘားအံမြို့၊ ကမ်းနားလမ်းအခွန်လွတ်ဈေးတွင် ဆီကုန်သည်များအသင်း၏ စားအုန်းဆီရောင်းချပေးနေမှုအခြေအနေ

     ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ (၁၄)ရက်နေ့၊ နံနက်(၀၆:၀၀)နာရီအချိန်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့၊ အမှတ်(၃)ရပ်ကွက်၌ ကမ်းနားလမ်းအခွန်လွတ်ဈေးကို စတင်ဖွင့်လှစ်ခဲ့ကြောင်းနှင့် အဆိုပါအခွန်လွတ်ဈေး၌ ကရင်ပြည်နယ်ဆီကုန်သည်များနှင့်ဆီလုပ်ငန်းရှင်များအသင်းသည် အခြေခံရည်ညွှန်းဈေးနှုန်းများဖြင့် စားအုန်းဆီများအပေါ် သတ်မှတ်ဈေးနှုန်းဖြင့် ရောင်းချခဲ့ကြောင်း၊ ကရင်ပြည်နယ်ဆီကုန်သည်များနှင့်ဆီလုပ်ငန်းရှင်များအသင်းအနေဖြင့် ဈေးကားဖြင့် စားအုန်းဆီး(၁)ပိဿာလျှင် (၄၉၅၀)ကျပ်နှုန်းဖြင့် လူတစ်ဦးလျှင် (၁)ပိဿာနှုန်းဖြန့်ဖြူးရောင်းချပေးခဲ့ကြောင်း၊ အခွန်လွတ်ဈေးကို ယခင်က အမှတ်(၃)ရပ်ကွက်၊ ကန်သာယာတွင်ဖွင့်လှစ်ခဲ့ရာမှ  (၁၄-၁၀-၂၀၂၃) ရက်နေ့မှစတင်၍ ကမ်းနားလမ်းသို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။

DOCA(ကရင်)

                                      

ကရင်ပြည်နယ်ရှိ သွင်းအားစုများ တည်ငြိမ်လျက်ရှိ

      ၂၀၂၃ ခုနှစ် အောက်တိုဘာလ ပထမအပတ်တွင် ကရင်ပြည်နယ် ကော့ကရိတ်မြို့တွင် ဖြစ်‌ပေါ်လျက်ရှိသော ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးများ၏ ဈေးနှုန်းများမှာ ယိုးဒယား(မြင်းပျံ) 46-46-46 ၅၀ ကီလိုတစ်အိတ်လျှင် ၁၀၀၀၀၀ ကျပ်၊ 15-15-15 ၅၀ ကီလိုတစ်အိတ်လျှင် ၁၆၅၀၀၀ ကျပ်၊ 16-8-8 ၅၀ ကီလိုတစ်အိတ်လျှင် ၁၃၀၀၀၀ ကျပ်၊ နတ်ဩဇာ တစ်အိတ်လျှင် ၄၀၀၀၀ ကျပ်၊ ပိုးသတ်ဆေး (ဗိုက်တာဂရို) 500CL ၂၂၀၀၀ ကျပ်၊ ဇိုင်ကလုံး 500CC ၂၈၀၀၀ ကျပ်၊ အလန်း 10F ၂၀၀၀ ကျပ်၊ မာလာမြိုင် 100CC ၄၀၀၀ ကျပ်၊ မြက်သတ်ဆေး (ဟက်ကာ) 500CC ၃၇၀၀၀ ကျပ်၊ မော်ကျွန်း 500CC ၂၅၀၀၀ ကျပ်၊ မှိုဆေး (ဒိုင်သိမ်း) 100F ၆၀၀၀ကျပ် တို့ဖြင့်လည်းကောင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်၊၊

   ယခင်လဈေးနှုန်းများနှင့် နှိုင်းယှဉ်ချက်အရ ကရင်ပြည်နယ်တွင် ယခုနှစ် အောက်တိုဘာလအတွင်း၌ သွင်းအားစု မြေဩဇာနှင့် ပိုးသတ်ဆေးများ ဈေးနှုန်းပြောင်းလဲမှုမရှိဘဲဈေးနှုန်း တည်ငြိမ်လျက်ရှိကြောင်း သိရသည်။ 

DOCA(ကရင်)                                                                                                         

                                                                            

ကရင်ပြည်နယ်တွင် ကုန်‌ဈေးနှုန်းများ တည်ငြိမ်လျက်ရှိ

   ၂၀၂၃ ခုနှစ် အောက်တိုဘာလ ပထမအပတ်တွင် ကရင်ပြည်နယ် ကော့ကရိတ်မြို့တွင် ဖြစ်‌ပေါ်လျက်ရှိသော အခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင် ၁၅၂၀၀၀ ကျပ်၊ ဖျာပုံပေါ်ဆန်း တစ်အိတ်လျှင် ၁၂၃၀၀၀ ကျပ်၊ သထုံပေါ်ဆန်း တစ်အိတ်လျှင် ၁၀၄၅၀၀ ကျပ်၊ ဇီယာရှယ် တစ်အိတ်လျှင် ၈၀၀၀၀ ကျပ်၊ မနောသုခ တစ်အိတ်လျှင် ၈၀၅၀၀ ကျပ်၊ ငစိန် တစ်အိတ်လျှင် ၇၉၀၀၀ ကျပ်၊ စားအုန်းဆီ (၅)လီတာ တစ်ဘူးလျှင် ၂၀၀၀၀ ကျပ်၊ (၂)လီတာ တစ်ဘူးလျှင် ၈၀၀၀ ကျပ်၊ (၁)လီတာ တစ်ဘူးလျှင် ၄၀၀၀ ကျပ်၊ ကြက်သွန်နီ (၁)ပိဿာလျှင် ၃၁၀၀ ကျပ်၊ ကြက်သွန်ဖြူ (၁)ပိဿာလျှင် ၁၀၀၀၀ ကျပ်၊ အာလူး(၁)ပိဿာလျှင် ၂၃၀၀ ကျပ်၊ ပဲဝါခြမ်း (၁)ပိဿာလျှင် ၆၅၀၀ ကျပ်၊ ငရုတ်သီးတောင့် (၁)ပိဿာလျှင် ၁၈၀၀၀ ကျပ် တို့ဖြင့်လည်းကောင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်၊၊

      ယခင်လဈေးနှုန်းများနှင့် နှိုင်းယှဉ်ချက်အရ ကရင်ပြည်နယ်တွင် ယခုနှစ် အောက်တိုဘာလအတွင်း၌ အခြေခံစားသောက်ကုန် ဈေးနှုန်းများစွာပြောင်းလဲမှုမရှိကြောင်း သိရသည်။

DOCA(ကရင်)                                                         

ပြည်မြို့၏ဖရဲသီးဈေးကွက်

   ပြည်ခရိုင်၊ ပြည်မြို့နယ်တွင် ဖရဲသီးများဈေးကွက်တွင် စတင်ရောင်းချနေပြီဖြစ်ပါသည်။ ဖရဲသီးကို ရွှေတောင်မြို့နယ်၊ မီးလောင်အုပ်စုတွင် အများဆုံးစိုက်ပျိုးကြကြောင်း သိရှိရပါသည်။ ဖရဲသီးကို ပြည် ကားလမ်းဘေး၊ ပြည်မြို့နယ်အတွင်းကားလမ်းဘေးများ ၊ ဒေသတွင်းရှိ ဈေးများတွင်အများဆုံး ရောင်းချကြောင်း တွေ့ရှိရပါသည်။ ဖရဲသီးတွင် အနီသီး ၊ အဝါသီးဟူ၍ နှစ်မျိုး ရှိပါသည်။ ပြည်မြို့နယ်တွင် ဖရဲသီးကို အလုံးကြီး၊ အသေးအလိုက်လည်းကောင်း၊ အစိတ်များစိတ်၍လည်းကောင်း ရောင်းချကြပါသည်။ ဖရဲသီးဈေးနှုန်းမှာ အကြီးတစ်လုံးလျှင် ၃၀၀၀ကျပ်၊ အသေးတစ်လုံးလျှင် ၁၅၀၀ကျပ်နှုန်းဖြင့် ရောင်းချကြောင်း တွေ့ရှိရပါသည်။ ဖရဲသီးမှာ လူကြိုက်များပြီး စားသုံးသူများသောကြောင့် ရန်ကုန်မြို့သို့လည်း တင်ပို့ရောင်းချကြကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

လက်လီပဲဈေးကွက် ပြည်စားတော်ပဲ ဈေးအမြင့်ဖြင့်စံချိန်တင်ရရှိနေ

    ပြည်ပဲမျိုးစုံဈေးကွက်မှာ လက်လီသာအရောင်းအဝယ်ဖြစ်သော်လည်း ဈေးနှုန်းအနေဖြင့် ဈေးကွက်အတွင်း အမြင့်ဆုံးဖြင့် စံချိန်တင်မြင့်တက်လျက်ရှိသော ပဲသီးနှံမှာ စားတော်ပဲ သီးနှံဖြစ်ခဲ့ပါသည်။ စားတော်ပဲသီးနှံသည် ပဲအဝင်ယခုကာလတွင် မရှိလှသော်လည်း ပဲလက်ကျန် များနေ့စဉ် ဒေသတွင်း လက်လီဝယ်ယူသူများဖြင့် ရောင်းချမှုရှိကြောင်း သိရပါသည်။ ပဲပြုတ် ရောင်းချသူများနေ့စဉ် အဝယ်ရှိပြီး ပဲဈေးမှာ ပိဿာ(၂၀) တစ်တင်းလျှင် ၁၀၃၅၀၀ကျပ်ဖြင့် ရောင်းချလျက်ရှိကြပါသည်။ စားတော်ပဲသီးနှံသည် အခြားပဲများနှင့်ယှဉ်လျှင် နှစ်စဉ်ဈေးကောင်းရပြီး ဈေးကွက်မှာ ဈေးအမြင့်ဆုံးဖြင့် ရောင်းဝယ်နေသည့် သီးနှံဖြစ်သောကြောင့် ရှေ့နှစ်များ၏ အောက်တိုဘာလတွင် ရောင်းဝယ်မှုဖြစ်သော ဈေးနှုန်းများမှာ ၂၀၂၀ ခုနှစ်တွင် ပဲတစ်တင်း ၅၀၀၀၀ကျပ်၊ ၂၀၂၁ ခုနှစ်တွင် ထပ်မံဈေးနှုန်းမြင့်တက်လာကာ တစ်တင်း ၇၀၀၀၀ကျပ်နှင့် ၂၀၂၂ ခုနှစ်မှာတော့ ဆက်လက်၍ ဈေးနှုန်းမြင့်တက်လာခဲ့သည့်အတွက် တစ်တင်း ၁၂၅၀၀၀ကျပ်အထိ ရရှိခဲ့တာကြောင့် ယခုနှစ်ဈေးမြင့်တက်ခဲ့သည်ဆိုသော်လည်း ယခင်နှစ်ကာလတူအချိန်ဈေးထက် အနည်းငယ်လျော့နည်းနေကြောင်း သိရပါသည်။

DOCA(ပဲခူး)

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း( ၁၇.၁၀.၂၀၂၃ )

    ၁၇.၁၀.၂၀၂၃ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ချက်အား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း( ၁၇.၁၀.၂၀၂၃ )

     ၁၇.၁၀.၂၀၂၃ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ချက်အား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

ဆန်စပါးဆိုင်ရာ အပတ်စဉ်လေ့လာသုံးသပ်ချက်(အကျဉ်းချုပ်)

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၏ ရည်ညွှန်းပါစာလမ်းညွှန်ချက်အရ ဆန်စပါးဆိုင်ရာ အပတ်စဉ်လေ့လာသုံးသပ်ချက်(အကျဉ်းချုပ်) ၃၇/၂၀၂၃ အား သိရှိလမ်းညွှန်မှုပြုနိုင်ပါရန် တင်ပြအပ်ပါသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၁၇.၁၀.၂၀၂၃ )

    ၁၇.၁၀.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း