ကြည့်မြင်တိုင်မြို့နယ်ရှိ ဗားဂရာငှက်ပျောသီးအသင်းသို့ ငှက်ပျောသီးဝင်ရောက်မှုနှင့် ဈေးနှုန်းများ

ဗားဂရာငှက်ပျာသီးအသင်းသို့ (၄-၃-၂၀၂၄) ရက်နေ့မှ (၁၁-၄-၂၀၂၄) ရက်နေ့ထိ ငှက်ပျောသီးဝင်ရောက်မှုစာရင်းနှင့် ဈေးနှုန်းများမှာ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းတို့သို့ ပုံမှန်ဝင်ရောက်မှုထက် ငှက်ပျောစုံပိုမိုဝင်ရောက်ကြောင်း၊ စစ်ကိုင်းတိုင်း၊ ရွှေဘိုနယ်ဘက်မှ ကားအစီးရေမှာ အရင်အပတ်၏ ကားဝင်ရောက်မှုထက် (၂) စီးလျော့နည်းသွားကြောင်း၊ အကြောင်းအရင်းမှာ ကားဈေးနှုန်းများကြီးမြင့်ခြင်းနှင့် လမ်းပန်းဆက်သွယ်ရေးမကောင်းမှုကြောင့်ဖြစ်ကြောင်း စုံစမ်း သိရှိရပါသည်။ မန္တလေးတိုင်းဒေသမှ ဝင်ရောက်သော ငှက်ပျောနှင့် နေပြည်တော်မှ ငှက်ပျောများမှာ ပုံမှန်ဝင်ရောက်ကြောင်း၊ ရေလမ်းအနေဖြင့် ဧရာဝတီ၊ ရန်ကုန်တိုင်းတို့မှ ဝင်ရောက်မှုမှာ သင်္ဘာ (၃) စီး/ (၄) စီးဖြင့် ပုံမှန်ဝင်ရောက်ခဲ့ကြောင်း၊ ရွှေငှက်ပျောပွဲထိုးများနှင့် ရခိုင်ပွဲထိုးများမှာ ဈေးနှုန်းများအနည်းငယ်ကျဆင်းမှုရှိကြောင်း၊ တစ်ဖီးလျှင် (၄၅၀၀ကျပ်/ ၅၀၀၀ကျပ်/ ၃၅၀၀ကျပ်အထိ) ဈေးနှုန်းများကျဆင်းသွားကြောင်း၊ ရခိုင်ပွဲထိုးတစ်ဖီးလျှင် (၃၀၀၀ကျပ်/ ၄၀၀၀ကျပ်/ ၁၂၀၀ကျပ်) ဖြင့် အများဆုံးဖြစ်သွားကြောင်း၊ သီးမွှေးတစ်ဖီးလျှင် (၁၀၀၀ကျပ်/ ၃၀၀၀ကျပ်/ ၄၅၀၀ကျပ်)နှင့် ဖီးကြမ်းတစ်ဖီးလျှင် ၁၀၀၀ကျပ်မှ ၃၅၀၀ကျပ်ရှိကြောင်း ငှက်ပျောအသင်းအတွင်းရေးမှူး၏ ပြောကြားချက်အရသိရှိရပါသည်။
DOCA(ရန်ကုန်)