ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဈေးအနည်းငယ်ပိုလာသည့် မြေပဲလုံးဆံ

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင် ဦးစီးမှူးရုံးအနေဖြင့် ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှု တင်း/တန်စာရင်းတို့ကို အပတ်စဉ်၊ လစဉ်တင်ပြလျက်ရာ စက်တင်ဘာလ၊ လကုန်ပတ်အတွင်း အရောင်းအဝယ်ဖြစ်သည့် သီးနှံနှင့် ဈေးနှုန်းအခြေအနေများကို ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများနှင့် ဆက်သွယ်မေးမြန်းခဲ့ပါသည်။ မြေပဲလုံးဆံ(နီ၊ဖြူ)များ စက်တင်ဘာလ၊ တတိယပတ်မှစတင်၍ ရွှေဘိုဈေးကွက်သို့ စတင်ဝင်ရောက်ခဲ့ကြောင်း၊ စက်တင်ဘာလ၊ လကုန်ပတ်တွင် အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းမှာ မြေပဲလုံးဆံ(နီ) တစ်တင်းလျှင် (၁၀၈၈၀ဝိ/-)ပေါက်ဈေးရှိပြီး တစ်ပတ်အတွင်း အရောင်းအဝယ်ဖြစ်မှုမှာ (၇၅၀)တင်း/(၁၇)တန်ဖြစ်ကြောင်း၊ မြေပဲလုံးဆံ(ဖြူ) တစ်တင်းလျှင် (၁၀၈၈၀ဝိ/-)ပေါက်ဈေးရှိပြီး တစ်ပတ်အတွင်း အရောင်းအဝယ်ဖြစ်မှုမှာ (၄၂၀၀)တင်း/(၉၆)တန်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့်  ယခုအပတ် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်း နှိုင်းယှဉ်ပါက ယခင်အပတ်၌ မြေပဲလုံးဆံ(နီ) တစ်တင်းလျှင် (၁၁၂၀၀ဝိ/-)နှင့် မြေပဲလုံးဆံ(ဖြူ) တစ်တင်းလျှင် (၁၀၇၂၀ဝိ/-)ပေါက်ဈေးရှိခဲ့သဖြင့် ယခုအပတ်တွင် ယခင်အပတ်ထက် မြေပဲလုံးဆံ(နီ )တစ်တင်းလျှင်(၃၂၀ဝိ/-)နှင့် မြေပဲလုံးဆံ(ဖြူ) တစ်တင်းလျှင်(၁၆၀ဝိ/-) ဈေးပိုခဲ့ကြောင်း၊  ယခင်နှစ်ကာလတူနှင့် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်း နှိုင်းယှဉ်ပါက ယခင်နှစ် ကာလတူတွင် မြေပဲလုံးဆံ(ဖြူ) တစ်မျိုးတည်းသာ အရောင်းအဝယ်ဖြစ်ခဲ့ပြီး တစ်တင်းလျှင် (၈၁၆၀ဝိ/-) ပေါက်ဈေးရှိခဲ့သဖြင့် ယခုနှစ်တွင်ယခင်နှစ်ထက် မြေပဲလုံးဆံ(ဖြူ) တစ်တင်းလျှင် (၂၇၂၀ဝိ/-) ဈေးပို ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ရွှေဘိုမြို့ စားသုံးဆီဈေးနှုန်းအခြေအနေ

          စီးပွား‌‌ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် အခြေခံစားကုန်ဈေးနှုန်းများကို အပတ်စဉ် မေးမြန်း တင်ပြလျက်ရှိရာ စက်တင်ဘာလ နောက်ဆုံးပတ်တွင် ရွှေဘိုမြို့၌ စားသုံးဆီ ဈေးနှုန်းများ တည်ငြိမ်လျက်ရှိကြောင်း စားသုံးဆီအရောင်းဆိုင်များမှ သိရသည်။

          ရွှေဘိုမြို့ပေါ်တွင် စားသုံးဆီ လက်လီ/လက်ကား ရောင်းချသောဆိုင် (၁၂)ဆိုင်ရှိပြီး စက်တင်ဘာလ တတိယပတ်တွင် စားအုန်းဆီ တစ်ပိဿာ (၅၀၀၀)ကျပ်၊ ပဲဆီသန့် တစ်ပိဿာ (၁၅၀၀၀)ကျပ်၊ နှမ်းဆီသန့်တစ်ပိဿာ (၁၅၀၀၀)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ပြီး၊ ယခု စက်တင်ဘာလ နောက်ဆုံးပတ်တွင်လည်း စားအုန်းဆီ တစ်ပိဿာ (၅၀၀၀) ကျပ်၊ ပဲဆီသန့် တစ်ပိဿာ (၁၅၀၀၀)ကျပ်၊ နှမ်းဆီသန့်တစ်ပိဿာ (၁၅၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေသဖြင့် စားသုံးဆီဈေးနှုန်းများမှာ ယခင်ပတ်နည်းတူ ဈေးနှုန်း တည်ငြိမ်လျက်ရှိကြောင်း စားသုံးဆီလက်ကားအရောင်းဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုမြို့တွင် စက်တင်ဘာလနောက်ဆုံးပတ်၌ ဖြစ်ပေါ်ခဲ့သော စက်သုံးဆီဈေးနှုန်းများ

          မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း/သိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေး ကော်မတီမှ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီ ရည်ညွှန်း လက်ကားဈေးနှုန်းများအား နေ့စဉ် ထုတ်ပြန်ပေးလျက်ရှိပါသည်။

          ‌ရွှေဘိုမြို့တွင် စက်သုံးဆီဆိုင် (၁၉)ဆိုင် ပုံမှန် ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ၂၀၂၃ခုနှစ် စက်တင်ဘာလ တတိယပတ် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ(92) တစ်လီတာလျှင် (၂၄၄၀)ကျပ်၊ ဓါတ်ဆီ(95)တစ်လီတာလျှင် (၂၅၅၀)ကျပ် ၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၅၉၀)ကျပ်၊ ဒီဇယ်(ပရီမီယမ်)တစ်လီတာလျှင် (၂၆၆၅)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

          ယခု စက်တင်ဘာလ နောက်ဆုံးပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ(92) တစ်လီတာ လျှင် (၂၃၀၅)ကျပ်၊ ဓါတ်ဆီ(95)တစ်လီတာလျှင် (၂၄၁၅)ကျပ် ၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၆၆၅)ကျပ်၊ ဒီဇယ်(ပရီမီယမ်)တစ်လီတာလျှင် (၂၇၄၀)ကျပ်ဖြင့် ရောင်းချနေသောကြောင့် ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက ဓါတ်ဆီ(92) တစ်လီတာလျှင် (၁၃၅)ကျပ်၊ ဓါတ်ဆီ(95) တစ်လီတာလျှင် (၁၃၅)ကျပ်ဈေးနှုန်းကျဆင်းခဲ့ပြီး ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၇၅)ကျပ်၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာလျှင် (၇၅)ကျပ် ဈေးနှုန်း မြင့်တက်ခဲ့ကြောင်း စက်သုံးဆီအရောင်းဆိုင်များမှ သတင်းရရှိခဲ့ပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုခရိုင်အတွင်း စက်တင်ဘာလ နောက်ဆုံးပတ်တွင် ဖြစ်ပေါ်နေသော စပါး/ဆန် ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

          စစ်ကိုင်းတိုင်း‌ဒေသကြီး၊ ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များ၌ စက်တင်ဘာလ နောက်ဆုံးပတ်တွင် စပါး/ဆန် ဈေးနှုန်းများ တည်ငြိမ်ခဲ့ပြီး ရွှေဘိုခရိုင်မှ အခြားတိုင်း ဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ စက်တင်ဘာလ တတိယပတ်တွင်  ရန်ကုန်သို့ အိတ်ရေ ၂၀၅၀၀၊ မန္တလေးသို့ အိတ်ရေ ၂၄၁၀၀၊ နေပြည်တော်သို့ အိတ်ရေ ၆၀၀၀၊ ရှမ်း(တောင်)သို့ အိတ်ရေ ၅၀၀၀၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၅၀၀၀၊ ပခုက္ကူသို့ အိတ်ရေ ၂၀၀၀၊ စုစုပေါင်း အိတ်ရေ ၆၂၆၀၀၊ တန်အားဖြင့် ၃၁၃၀တန် စီးထွက်ခဲ့ပါသည်။ စက်တင်ဘာလစတုတ္ထပတ်တွင် ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသ ကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၁၈၅၀၀၊မန္တလေးသို့ အိတ်ရေ ၂၀၁၀၀၊ နေပြည်တော်သို့ အိတ်ရေ၆၀၀၀ ၊ရှမ်း(တောင်)သို့ အိတ်ရေ၄၅၀၀ ၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၄၅၀၀၊ပခုက္ကူသို့ အိတ်ရေ ၄၀၀၀ ၊ စုစုပေါင်းအိတ်ရေ ၅၇၆၀၀၊ တန်အားဖြင့် ၂၈၈၀တန် စီးထွက်ခဲ့သည့် အတွက် ယခင်အပတ်နှင့် နှိုင်းယှဉ်လျင် ယခုအပတ်အတွင်း အိတ်ရေ ၅၀၀၀၊ တန်အားဖြင့် ၂၅၀တန် လျော့နည်း စီးထွက်ခဲ့ပါသည်။

          ရွှေဘိုမြို့၏ စက်တင်ဘာလ နောက်ဆုံးပတ်တွင် ဖြစ်ပေါ်နေသော စပါး/ဆန်  ဈေးနှုန်း များမှာ ရွှေဘိုပေါ်ဆန်းစပါး တင်း၁၀၀လျှင် ကျပ် ၃၇၀၀၀၀၀၊ ရွှေဘိုပေါ်ဆန်း ဆန် ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၁၂၅၀၀၀ ၊  ဧရာမင်းဆန် ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၁၃၀၀၀၀နှင့် ၂၀၂၂-၂၀၂၃ခုနှစ်  ရွှေဝါထွန်း(နွေစပါး) တင်း၁၀၀လျှင် ကျပ် ၁၉၀၀၀၀၀၊ ရွှေဝါထွန်းဆန် ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ် ၈၀၀၀၀ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရှိခဲ့ရပါသည်။

DOCA(စစ်ကိုင်း)

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း( ၅.၁၀.၂၀၂၃ )

     ၅.၁၀.၂၀၂၃ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ချက်အား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း( ၅.၁၀.၂၀၂၃ )

     ၅.၁၀.၂၀၂၃ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ချက်အား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၅.၁၀.၂၀၂၃ )

   ၅.၁၀.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

မော်လမြိုင်မြို့၊ အခွန်လွတ်ဈေးတွင်ဖြစ်ပေါ်နေသော အခြေခံစားကုန်ဈေးနှုန်းများ

   အခြေခံစားကုန်များကို ပြည်သူများ ဈေးနှုန်းသက်သာစွာဝယ်ယူစားသုံးနိုင်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့၏စီစဉ်မှုဖြင့် သက်ဆိုင်ရာဌာနများ၊ အသင်းအဖွဲ့များပူးပေါင်းဖွင့်လှစ်သည့် မော်လမြိုင်မြို့ရှိ အခွန်လွတ်ဈေးကို (၈-၇-၂၀၂၃) ရက်နေ့တွင် စတင်ဖွင့်လှစ်ရောင်းခဲ့ရာ ( ၁-၁၀-၂၀၂၃) ရက်နေ့ထိ (၃) လကျော်ရှိပြီဖြစ်ကြောင်းသိရှိရသည်။ 

     အဆိုပါ အခွန်လွတ်ဈေးကို အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့များတွင် နံနက် (၀၇:၀၀) နာရီအချိန်မှ နံနက် (၁၀:၀၀) နာရီအချိန်ထိဖွင့်လှစ်ရောင်းချခဲ့ရာ ပြည်သူများအနေဖြင့် အခွန်လွတ်ဈေး၌ အခြေခံစားကုန်များဝယ်ယူရာတွင် စနစ်တကျတန်းစီဝယ်ယူနိုင်ရေး၊ ဈေးရောင်းချသူများအနေဖြင့်လည်း အဆမတန်ဈေးနှုန်းကြီးမြင့်ရောင်းချမှုမရှိစေရေးအတွက် မွန်ပြည်နယ်စားသုံးသူ ရေးရာဦးစီးဌာနဝန်ထမ်းများက သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်း၍ ကြီးကြပ်ဆောင်ရွက်ခဲ့ကြကြောင်းသိရှိရပါသည်။

   အခွန်လွတ်ဈေးတွင် ယခုအပတ်တွင်ဖြစ်ပေါ်နေသော အခြေခံစားကုန်ဈေးနှုန်းများနှင့် ပြင်ပဈေးများတွင်ဖြစ်ပေါ်နေသော အခြေခံစားကုန်ဈေးနှုန်းများအား အောက်ပါအတိုင်း တင်ပြအပ်ပါသည်-

 

 

DOCA(မွန်)

ချောက်မြို့၌ စားအုန်းဆီများ စျေးနှုန်းချိုသာစွာရောင်းချပေးလျက်ရှိ

   မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့၌ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏စီစဉ်မှုဖြင့် မြို့နယ်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်(၂)ဦးမှာ (၂၇-၉-၂၀၂၃)ရက်နေ့၊ နံနက် (၀၉:၀၀)နာရီအချိန်တွင် စျေးကားဖြင့်လှည့်လည်၍ ဝန်ထမ်းအိမ်ယာများနှင့် အခြေခံလူတန်းစားများအား တန်ဖိုးသင့်စားသောက်ကုန်ပစ္စည်းများဖြစ်သည့် စားအုန်းဆီကို စျေးနှုန်းချိုသာစွာဝယ်ယူစားသုံးနိုင်ရန်အတွက် ရောင်းချပေးခဲ့ကြောင်းသိရသည်။

  ထိုသို့ ရောင်းချပေးရာတွင် လူတစ်ဦးလျှင် စားအုန်းဆီ(၁)ပိဿာကို ကျပ်(၅၀၀၀)နှုန်းဖြင့်‌ ချောက်မြို့၊ မြန်မာ့ရေနံနှင့်ဓာတု‌ဗေဒလုပ်ငန်းအမှတ်(၂)၊ ရေနံချက်စက်ရုံ၌ ဝန်ထမ်းမိသားစုများအတွက် စားအုန်းဆီ (၂၄၇)ပိဿာနှင့် တောင်သာအုပ်စုရှိကျေးရွာများအတွက် စားအုန်းဆီ(၅၉၈)ပိဿာ၊ စုစုပေါင်းစားအုန်းဆီ (၈၄၅)ပိဿာရောင်းချပေးခဲ့ရာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစစ်ငြိမ်းအေးနှင့် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုးတို့က ကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

ချောက်မြို့နယ်အတွင်းရှိ ပြည်သူများအား သက်သာသောစျေးနှုန်းဖြင့် စားအုန်းဆီများရောင်းချပေးလျက်ရှိ

     မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏စီစဉ်မှုဖြင့် ချောက်မြို့နယ်၊ မြို့နယ်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်(၇)ဦးမှာ စျေးကားဖြင့်လှည့်လည်၍ စားအုန်းဆီ (၁)ပိဿာလျှင် ကျပ်(၅၀၀၀)နှုန်းဖြင့် ချောက်မြို့၊ အမှတ်(၁၅)ရပ်ကွက်၊ တိုးချဲ့ရပ်၊ ချောက်မြို့နယ်၊ ရွာမ၊ ညောင်ဇင်၊ ဆယ်ကန်၊ နရွဲတော၊ ထိန်စမ်း၊ ဂွေးပင်ကြီး၊ သလုံးသွေး၊ တွင်းလပ်၊ ပန်းဘဲ၊ လင်းတကိုင်းကျေးရွာအုပ်စု၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှင့် ဓမ္မာရုံများတွင် အိမ်ထောင်စုတစ်စုလျှင် စားအုန်းဆီ(၁)ပိဿာနှုန်းဖြင့် (၂၆-၉-၂၀၂၃) ရက်နေ့၊ နံနက် (၀၉:၀၀)နာရီအချိန်မှစတင်၍ ရောင်းချပေးလျက်ရှိပါသည်။

    ထိုသို့ ရောင်းချပေးနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၁) ဗိုလ်မှူးတင်ထွန်းဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး ရဲမှူးဝင်းသန်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစစ်ငြိမ်းအေးနှင့် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုးတို့က ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိပြီး  အိမ်ထောင်စု (၄၉၅၀)စုအတွက် စားအုန်းဆီ(၄၅)ပေပါ/ (၄၉၅၀)ပိဿာရောင်းချပေးခဲ့ကြရာ ပြည်သူများ၏ နေ့စဉ် လူမှုဘဝအထောက်အပံ့ဖြစ်စေရေး ရောင်းချပေးနိုင်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း