ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ရွှေဘိုခရိုင်အတွင်း အောက်တိုဘာလ ပထမပတ်တွင် ဖြစ်ပေါ်နေသော စပါး/ဆန် ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

     ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များ၌ အောက်တိုဘာလ ပထမပတ်တွင် စပါး/ဆန် ဈေးနှုန်းများ တည်ငြိမ်နေပါသည်။ရွှေဘိုခရိုင်မှ အခြားတိုင်း ဒေသကြီးများသို့ ဆန်စီးထွက်မှု မှာ စက်တင်ဘာလ နောက်ဆုံးပတ်တွင်  ရန်ကုန်သို့ အိတ်ရေ ၁၈၅၀၀၊ မန္တလေးသို့ အိတ်ရေ ၂၀၁၀၀၊ နေပြည်တော်သို့ အိတ်ရေ ၆၀၀၀၊ ရှမ်း(တောင်)သို့ အိတ်ရေ ၄၅၀၀၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၄၅၀၀၊ ပခုက္ကူသို့ အိတ်ရေ ၄၀၀၀၊ စုစုပေါင်း အိတ်ရေ ၅၇၆၀၀၊ တန်အားဖြင့် ၂၈၈၀တန် စီးထွက်ခဲ့ပါသည်။ယခုအပတ်တွင် ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသ ကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၁၇၃၀၀၊မန္တလေးသို့ အိတ်ရေ ၁၇၈၀၀၊ နေပြည်တော်သို့ အိတ်ရေ၆၅၀၀ ၊ရှမ်း(တောင်)သို့ အိတ်ရေ၅၀၀၀ ၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၅၀၀၀၊ပခုက္ကူသို့ အိတ်ရေ ၁၀၀၀ ၊ စုစုပေါင်းအိတ်ရေ ၅၂၆၀၀၊ တန်အားဖြင့် ၂၆၃၀တန် စီးထွက်ခဲ့သည့် အတွက် ယခင်အပတ်နှင့် နှိုင်းယှဉ်လျှင် ယခုအပတ်အတွင်း အိတ်ရေ ၅၀၀၀၊ တန်အားဖြင့် ၂၅၀တန် လျော့၍ စီးထွက်ခဲ့ပါသည်။

          ရွှေဘိုမြို့၏ အောက်တိုဘာလ ပထမပတ်တွင် ဖြစ်ပေါ်နေသော စပါး/ဆန်  ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်းစပါး တင်း၁၀၀ လျှင် ကျပ် ၃၇၀၀၀၀၀၊ ရွှေဘိုပေါ်ဆန်း ဆန် ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၁၂၅၀၀၀ ၊  ဧရာမင်းဆန် ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၁၃၀၀၀၀နှင့် ၂၀၂၂-၂၀၂၃ခုနှစ်  ရွှေဝါထွန်း(နွေစပါး) တင်း၁၀၀လျှင် ကျပ် ၁၉၀၀၀၀၀၊ ရွှေဝါထွန်းဆန် ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ် ၈၀၀၀၀ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း‌)

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၈.၁၀.၂၀၂၃ )

    ၈.၁၀.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၇.၁၀.၂၀၂၃ )

    ၇.၁၀.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း( ၆.၁၀.၂၀၂၃ )

     ၆.၁၀.၂၀၂၃ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ချက်အား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

မြို့ကြီး(၄)မြို့၏ အခြေခံစားကုန်၊ ပြည်ပပို့ကုန်၊ စက်သုံးဆီ နှင့် ရွှေ ဈေးနှုန်းများ

     နေပြည်တော်၊ ရန်ကုန်၊ မန္တလေး နှင့် ပုသိမ်မြို့ကြီးများ၏ အခြေခံစားကုန်(လက်လီ)၊ ပြည်ပပို့ကုန်၊ စက်သုံးဆီ နှင့် ရွှေဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယနေ့ ကာလတူ နှိုင်းယှဉ်၍ ပြုစုတင်ပြအပ်ပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း( ၆.၁၀.၂၀၂၃ )

    ၆.၁၀.၂၀၂၃ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ချက်အား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၆.၁၀.၂၀၂၃ )

   ၆.၁၀.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

မြင်းခြံမြို့နယ်တွင် ရောင်းချနေသော အခြေခံစားကုန်များ၏ ဈေးနှုန်းများ

    မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ် အေးမြသီတာဈေးအတွင်း ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ တတိယပတ် အတွင်းဖြစ်ပေါ်ခဲ့သော အခြေခံစားကုန်များ၏ လက်လီဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်း (ဟောင်း) တစ်ပြည်လျှင်(၆၀၀၀)ကျပ်၊ မဂျမ်းတော(ဟောင်း)တစ်ပြည် လျှင်(၅၈၀၀)ကျပ်၊ မနောသုခ တစ်ပြည်လျှင်(၄၅၀၀)ကျပ်၊ ကုလားပဲခြမ်း တစ်ပြည်လျှင်(၇၅၀၀)ကျပ်၊ ပဲလိပ်ပြာ တစ်ပြည်လျှင် (၈၀၀၀)ကျပ်၊ ပဲနီပြား တစ်ပိဿာလျှင်(၅၄၀၀)ကျပ်၊ ကြက်ဥ တစ်လုံးလျှင် (၂၅၀၊၃၀၀)ကျပ်၊ ဘဲဥ တစ်လုံးလျှင် ၃၅၀ကျပ်၊ သားငါးဈေးများအနေဖြင့် ငါးကြင်းရွှေဝါ တစ်ပိဿာလျှင် (၇၅၀၀)ကျပ်၊ ငါးမြစ်ချင်း တစ်ပိဿာလျှင်(၈၀၀၀)ကျပ်၊ ငါးခူ တစ်ပိဿာလျှင် (၉၀၀၀) ကျပ်၊ ငါးမြင်း တစ်ပိဿာ လျှင် (၆၅၀၀၊၇၀၀၀) ကျပ်၊ ရေချိုပုစွန်တစ်ပိဿာလျှင်(၂၈၀၀၀)ကျပ်၊ ကြက်သား (CP) အကောင်လိုက် တစ်ပိဿာလျှင် (၈၅၀၀)ကျပ်၊ ရင်ပုံသား တစ်ပိဿာလျှင် (၁၃၀၀၀)ကျပ်၊ ပေါင်သား တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ ဗမာကြက် တစ်ပိဿာလျှင်(၁၄၀၀၀)ကျပ်၊ ဝက်သား တစ်ပိဿာလျှင် (၁၇၀၀၀)ကျပ်၊ အမဲသားတစ်ပိဿာလျှင် (၁၂၀၀၀၊၁၄၀၀၀)ကျပ် ၊ ဆိတ်သား တစ်ပိဿာလျှင် (၂၅၀၀၀)ကျပ်များဖြင့် ရောင်းဝယ်နေကြကြောင်း သိရှိရပါသည်။

  နွေကြက်သွန်နီလက်လီဈေးနှုန်းများအနေဖြင့် အကြီးတစ်ပိဿာလျှင်(၂၆၀၀)ကျပ်၊ အလတ် တစ်ပိဿာလျှင်(၂၄၀၀)ကျပ်၊ အသေးတစ်ပိဿာလျှင်(၂၀၀၀၊၂၁၀၀)ကျပ်၊ ကြက်သွန်ဖြူလက်လီ တစ်ပိဿာဈေးနှုန်းများမှာ(ဗမာ)တစ်ပိဿာလျှင် (၆၅၀၀၊၇၀၀၀) ကျပ်၊ ကြူကုတ်တစ်ပိဿာလျှင် (၆၀၀၀၊၆၅၀၀)ကျပ်၊ ရှမ်းကြက်သွန်ဖြူ တစ်ပိဿာလျှင်(၇၀၀၀)ကျပ်၊ ဂျင်းတစ်ပိဿာလျှင် (၄၅၀၀၊၅၀၀၀)ကျပ်၊ ငရုတ်သီးခြောက်တစ်ပိဿာလျှင် (၁၅၀၀၀၊၁၈၀၀၀)ကျပ်၊ အာလူးတစ်ပိဿာ လျှင်(၂၅၀၀)ကျပ်၊ ခရမ်းချဉ်သီးတစ်ပိဿာလျှင် (၁၀၀၀၊၁၄၀၀)ကျပ်၊ စားသုံးဆီဈေးနှုန်းများ အနေ ဖြင့် ပဲဆီသန့်တစ်ပိဿာလျှင် ၁၃၀၀၀ ကျပ်၊ နှမ်းဆီတစ်ပိဿာလျှင်(၁၁၀၀၀)ကျပ်၊ စားအုန်းဆီ တစ်ပိဿာလျှင်(၅၀၀၀)ကျပ်များဖြင့်အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

 

 

ငါန်းဇွန်မြို့နယ်တွင် မိုးမြေပဲများ ရိတ်သိမ်းထွက်ပေါ်

     မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် စက်တင်ဘာလ ဒုတိယပတ်မှစ၍ မိုးမြေပဲများကို စတင်ရိတ်သိမ်းလျက်ရှိကြောင်း သိရှိရပါသည်။ ငါန်းဇွန်မြို့နယ် အနေဖြင့် ယခင်နှစ်မိုးမြေပဲကို စိုက်ပျိုးရန်လျာထားမှုအနေဖြင့် (၁၈၂၆၀)ဧကရှိခဲ့ပြီး၊ စိုက်ပျိုးမှုအနေဖြင့်(၁၈၃၁၈)ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ တစ်ဧက ပျမ်းမျှအထွက်နှုန်းမှာ(၄၇)တင်းနှုန်း ထွက်ရှိခဲ့ကြောင်း နှင့်၂၀၂၃နှစ်တွင် မိုးမြေပဲစိုက်ပျိုးရန်လျာထားဧက (၁၈၂၆၅)ဧကရှိပြီး၊ စိုက်ပျိုးမှုအနေဖြင့် (၁၈၉၆၁) ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရှိရပါသည်။ တောင်သူများမှာ မိမိတို့၏ မြေယာဖြစ်ထွန်းမှု၊ ရာသီဥတုအခြေအနေနှင့် တိရစ္ဆာန်များ ဖျက်စီးစားသောက်မှု အခြေအနေများပေါ်မူတည်၍ တစ်ဧကလျှင် မြေပဲဆံ (၁၀)ပြည် မှ(၁၈)ပြည်ဝန်းကျင်နှုန်းများဖြင့် ထည့်သွင်းစိုက်ပျိုးကြပါသည်။ နေရာဒေသနှင့် မြေအခြေအနေပေါ်မူတည်၍ တစ်ချို့မှာ ပင်ပြားပဲမျိုးကို စိုက်ကျင်းဖော်၍ စိုက်ပင်တစ်ကျင်းလျှင် မြေပဲဆံစေ့(၄ ၊ ၅) စေ့ နှုန်းဖြင့် ထည့်သွင်းစိုက်ပျိုးကြပြီး တစ်ချို့မှာလည်း ပင်ထောင်မျိုးကို တန်းဆွဲ၍ စိုက်ပျိုးမှုများလည်း ရှိပါသည်။ ငါန်းဇွန်မြို့နယ်အတွင်းရှိ ကျေးရွာအများစုမှာ  မြေပဲကို ပဲစင်းငုံသီးနှံနှင့်ရော၍ သီးညှပ် စိုက်ပျိုးမှုမှာများကြောင်းသိရှိရပါသည်။ ယခင်နှစ် ပဲစိုက်ရာသီတွင် မျိုးပဲဈေးနှုန်းအနေဖြင့် ပဲဆံတစ်ပြည်လျှင်(၅၀၀၀)ကျပ်၊ အတောင့်တစ်တင်းလျှင်(၂၅၀၀၀)ကျပ် ဝန်းကျင်သာရှိခဲ့ပြီး ယခုနှစ်တွင် မျိုးပဲဆံတစ်ပြည်လျှင်(၇၀၀၀)ကျပ်၊ အတောင့်တစ်တင်းလျှင် (၄၀၀၀၀)ကျပ်ဝန်းကျင်များရှိကြောင်း သရက္ကန်အုပ်စု အောင်ချမ်းသာကျေးရွာမှ ပဲစိုက်တောင်သူများထံမှ သိရှိရပါသည်။ အုပ်စု အတွင်းရှိ ကျေးရွာများအနေဖြင့် ပင်ထောင်မျိုးများကို အတန်းဆွဲ၍ အတန်းချစိုက်ပျိုးကြပြီး မိုးမြေပဲနှင့်အတူ ပဲစင်းငုံသီးနှံကို မြေပဲစိုက်တန်း(၄)တန်းလျှင် ပဲစင်းငုံ (၁)တန်းဖြင့် သီးညှပ် ထည့်သွင်းစိုက်ပျိုးကြပါသည်။ မိုးမြေပဲကို နှစ်စဉ် မေလနှင့် ဇွန်လများတွင် စတင်စိုက်ပျိုးကြပြီး စက်တင်ဘာလနှင့် အောက်တိုဘာလတို့တွင် ရိတ်သိမ်းထွက်ပေါ်လေ့ရှိရာ စက်တင်ဘာလဒုတိယပတ်မှစ၍မြေပဲများ ရိတ်သိမ်းထွက်ပေါ်လျက်ရှိရာ  မြေပဲတောင့်အစိုတစ် တင်းလျှင်(၃၀၀၀၀)ကျပ်၊ အခြောက်တစ်တင်းလျှင်(၃၅၀၀၀)ကျပ်ဝန်းကျင်များဖြင့် ကျေးရွာများတွင်အရောင်းအဝယ် ဖြစ်ပေါ်နေကြောင်း သိရှိရပါသည်။ ယခင်နှစ်တွင် တောင်သူစိုက်ကွက် တစ်ဧကအထွက်နှုန်းအနေဖြင့် (၃၀) နှင့်(၄၀)တင်းနှုန်းခန့်ထွက်ရှိကြောင်း၊ စိုက်ပျိုးသည့် ယာမြေ၊ ရာသီဥတုနှင့် အပင်ပြုစုမှုအပေါ် မူတည်၍ အထွက်နှုန်းများပြောင်းလဲ ကွာခြားမှုရှိကြောင်း၊ ယခင်နှစ်မြေပဲပေါ်ချိန် အဖွင့်ဈေးအနေဖြင့် မြေပဲအခြောက်တစ်တင်းလျှင်(၃၀၀၀၀)ကျပ်ဝန်းကျင် ရှိခဲ့ပြီး၊ အပိတ်ဈေးအနေဖြင့် တစ်တင်းလျှင် (၃၅၀၀၀)ကျပ် ဝန်းကျင်ရှိခဲ့ကြောင်း အောင်ချမ်းသာကျေးရွာ မြေပဲစိုက်တောင်သူများထံမှ သိရှိရပါသည်။

DOCA(မန္တလေး)

 

“ကျောက်ဆည်ခရိုင်အတွင်းရောင်းချနေသောအခြေခံစားကုန်များ၏ဈေးနှုန်းအခြေအနေ”

     မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်အတွင်း မြို့နယ်များရှိ စည်ပင်သာယာဈေးများတွင် ၂၀၂၃ ခုနှစ် ၊ စက်တင်ဘာလ ပထမပတ်အတွင်း ရောင်းချလျက်ရှိသော အခြေခံစားကုန်များမှာ ဧရာပဒေသာဆန် တစ်ပြည်(၅၅၀ဝိ/-)ကျပ်၊ ဧရာပဒေသာဆန်(၂၄)ပြည် တစ်အိတ်လျှင်(၁၃၀၀၀ဝိ/-) ကျပ်၊မနောသုခဆန်  တစ်ပြည်(၃၈၀ဝိ/-)ကျပ်၊မနောသုခဆန် (၂၄)ပြည်  တစ်အိတ်လျှင်(၉၂၀၀ဝိ/)ကျပ် ခရမ်းချဉ်သီး(ရှမ်း)လက်လီဈေးနှုန်းမှာတစ်ပိဿာလျှင်(၂၂၀ဝိ/-)ကျပ်၊ ကြက်သွန်နီလက်လီဈေးနှုန်းမှာ (ကြီး)တစ်ပိဿာလျှင်(၃၂၀ဝိ/-)ကျပ်၊(လတ်) တစ်ပိဿာလျှင်(၃၀၀ဝိ/-)ကျပ်၊ (အသေး) တစ်ပိဿာလျှင်(၂၄၀ဝိ/-)ကျပ်၊ ကြက်သွန်ဖြူလက်လီ (ဗမာ) တစ်ပိဿာလျှင် (၁၀၀၀ဝိ/-)ကျပ် ၊ (ရှမ်း) တစ်ပိဿာလျှင်(၉၀၀ဝိ/-)ကျပ်၊ အာလူး  တစ်ပိဿာလျှင်(၂၈၀ဝိ/-)ကျပ်၊ မန်ကျည်းသီး (ဟောင်း) တစ်ပိဿာလျှင် (၄၅၀ဝိ/-)ကျပ်၊မန်ကျည်းသီး(သစ်) တစ်ပိဿာလျှင် (၄၀၀ဝိ/-)ကျပ် ၊ ဂျင်း တစ်ပိဿာလျှင်(၅၅၀ဝိ/-) ကျပ်၊ ဆား တစ်ပိဿာလျှင် (၅၀ဝိ/-)ကျပ်ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ကျောက်ဆည်ခရိုင်၏ သား ၊ ငါး ဈေးနှုန်းများမှာ ကြက်သား(ဗမာ) တစ်ပိဿာလျှင်(၁၆၀၀ဝိ/-)ကျပ်၊ ကြက်သား(CP) တစ်ပိဿာလျှင်(၁၀၀၀ဝိ/-)ကျပ်၊ ဝက်သား  တစ်ပိဿာလျှင်(၁၈၀၀ဝိ/-)ကျပ်၊ အမဲသား တစ်ပိဿာလျှင်(၁၆၀၀ဝိ/-)ကျပ်၊ ဆိတ်သား တစ်ပိဿာလျှင်(၂၇၀၀ဝိ/-)ကျပ်နှင့် ငါးအုံတုံ တစ်ပိဿာလျှင်(၁၀၀၀၀)ကျပ်၊ ငါးမြစ်ချင်း တစ်ပိဿာလျှင်(၈၀၀၀)ကျပ်၊ ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ဆီဈေးနှုန်းများအနေဖြင့် ပဲဆီသန့် တစ်ပိဿာလျှင်(၁၄၈၀ဝိ/-)ကျပ်၊ နှမ်းဆီသန့် တစ်ပိဿာလျှင်(၁၄၈၀ဝိ/-)ကျပ်၊ နေကြာဆီသန့် တစ်ပိဿာလျှင်(၁၅၀၀ဝိ/-)ကျပ် စျေးနှုန်းများဖြစ်ပြီး စားဆီ တစ်ပိဿာလျှင်(၄၇၉၃/-)ကျပ် (ဆိုင်ထိုင်ရောင်းစျေးနှုန်း) အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည် ။ အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်းများအား ယခင် စက်တင်ဘာလပထမပတ်နှင့် နောက်ဆုံးပတ်နှင့်နှိုင်းယှဉ်ပါက ဆီ၊  ကြက်သွန်နီနှင့် ဆိတ်သားစျေးနှုန်းများ အနည်းငယ်မြင့်တက်လျက်ရှိကြောင်း၊ ခရမ်းချဉ်သီး၊ ကြက်သားနှင့် ဝက်သားစျေးနှုန်းများမှာ အနည်းငယ်ကျဆင်းလျက်ရှိပြီး ကျန်အခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ တည်ငြိမ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း