ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဆီထွက်သီးနှံ နှမ်းနက်၊ နှမ်းဖြူနှင့် နေကြာဈေးနှုန်းများ

      စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်သည် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများကို အဓိကလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ကြောင်း၊ ဒေသထွက်သီးနှံများကို ကန့်ဘလူမြို့နှင့် ရွှေဘိုမြို့၊ မန္တလေးမြို့များရှိပွဲရုံများနှင့် ကုန်စည်ဒိုင်များသို့ တင်ပို့ရောင်းချကြောင်း သိရသည်။

    နေကြာသီးနှံစိုက်ပျိုးရာတွင် မျိုးအနေဖြင့် ဆင်းရွှေကြာ-၂ မျိုးကို အများဆုံးစိုက်ပျိုးကြပြီး၊ မြေအနေအထားနှင့် အပင်ပြုစုခြင်းအပေါ်မူတည်၍ အထွက်နှုန်းကွာခြားမှုရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် ဩဂုတ်လ ဒုတိယပတ်အတွင်း နေကြာ()တင်းလျှင် (၅၇၅၀၀)ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိ ကြောင်း၊ ဩဂုတ်လ ဒုတိယပတ်အတွင်း နှမ်းနက်(စမုံ)တစ်တင်းလျှင်(၂၂၃၄၀၀)ကျပ်၊ နှမ်းဖြူ (ဂျပန်)တစ်တင်းလျှင် (၁၀၂၅၀၀)ကျပ်တို့ဖြင့် ရောင်းချလျက်ရှိရာ ယခုပတ်အတွင်း နေကြာသီးနှံ ဈေးနှုန်းမြင့်တက်လာသော်လည်း နှမ်းနက်နှင့်နှမ်းဖြူဈေးနှုန်းများ အနည်းငယ်ကျဆင်းသွား ကြောင်းဒေသတွင်းပွဲရုံ လုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူခရိုင်၏ စက်သုံးဆီဈေးနှုန်း အပတ်စဉ်ပြောင်းလဲမှု

      မြန်မာနိုင်ငံစက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီက သောကြာနေ့တိုင်း တစ်ပတ်တစ်ခါ စက်သုံးဆီဈေးနှုန်းများ ပြောင်းလဲလျက်ရှိရာ ယခုတစ်ပတ် (..၂၀၂၅) ရက်နေ့တွင် ဒီဇယ်၊ ဓါတ်ဆီ(ရိုးရိုး) (အဆင့်မြင့်)တို့၏ ဈေးနှုန်းပြောင်းလဲမှုမှာ 92 Octance ဓါတ်ဆီ ဈေးနှုန်းတစ်လီတာမှာ ၃၀၉၅ ကျပ်၊ 95 Octance ဓါတ်ဆီ ဈေးနှုန်းတစ်လီတာမှာ ၃၁၅၀ ကျပ်၊ ဒီဇယ်ရိုးရိုး ဈေးနှုန်းတစ်လီတာမှာ ၂၈၆၅ ကျပ်၊ ဒီဇယ်(အဆင့်မြင့်) ဈေးနှုန်းတစ်လီ တာမှာ ၃၅၀၅ ကျပ်ဖြစ်ကြောင်း သိရှိရပါသည်။

      ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ဒုတိယပတ်အတွင်း ကန့်ဘလူမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်း ဆိုင်များတွင် 92 Octance ဓါတ်ဆီ ဈေးနှုန်းတစ်လီတာမှာ ၃၂၉၀ ကျပ်၊ 95 Octance ဓါတ်ဆီ ဈေးနှုန်းတစ်လီတာမှာ ၃၃၆၅ ကျပ်၊ ဒီဇယ်ရိုးရိုး ဈေးနှုန်းတစ်လီတာမှာ ၃၀၄၀ ကျပ်၊ ဒီဇယ် (အဆင့်မြင့်)ဈေးနှုန်း တစ်လီတာမှာ ၃၇၅၅ ကျပ်ဖြင့် ရောင်းချလျက်ရှိရာ  ယခင်အပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုပတ်အတွင်း စက်သုံးဆီဈေးနှုန်းများ အနည်းငယ်ကျဆင်းသွားကြောင်း စက်သုံးဆီအရောင်းဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့နယ်၌ အရောင်းအဝယ်ဖြစ်နေသော ကြက်ဆူစေ့သီးနှံဈေးနှုန်း

     စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်သည် လယ်ယာစိုက်ပျိုး ရေးလုပ်ငန်းများကို လုပ်ကိုင်ကြပြီး  သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ကြက်ဆူစေ့သီးနှံကို စိုက်ပျိုးထားရှိကြောင်း၊ ၊ ကြက်ဆူစေ့သီးနှံကို ကျွန်းလှမြို့နယ် ကျီကုန်းကျေးရွာ၊ စံပြကျေးရွာနှင့် အခြားသော ကျေးရွာများတွင် စိုက်ပျိုးကြကြောင်း သိရသည်။

     ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ဒုတိယပတ်အတွင်း ဈေးနှုန်းမှာ ကြက်ဆူစေ့တစ်တင်းလျှင် (၄၅၀၀၀)ကျပ်၊ ကြက်ဆူစေ့ညံ့လျှင် (၄၄၅၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ကြက်ဆူသီနှံကို သီးညှပ်အနေဖြင့်လည်းကောင်း၊ ယာခင်းဘေး၌လည်းကောင်း၊ စိုက်ပျိုး၍ရသော ကြောင့် မြေနေရာသီးသန့်မလိုကြောင်း၊ ကျွန်းလှမြို့နယ်မှထွက်ရှိသော ကြက်ဆူစေ့သီးနှံကို မန္တလေးမြို့ရှိပွဲရုံများသို့ တင်ပို့ရောင်းချကြောင်း ဒေသတွင်းသီးနှံ ရောင်းဝယ်ရေးလုပ်ငန်းရှင်များထံမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)

 

“ဝင်ငွေတိုးတက် ဂေါရခါး အသီး၊အရွက်”

          ပြင်ဦးလွင်မြို့သည် ဥယျာဉ်ခြံမြေနှင့်နှစ်ရှည်သီးနှံ ပန်းမာလ်များ အများဆုံးစိုက်ပျိုးနိုင်တဲ့ မြို့လေးဖြစ်ပါသည်။ စိုက်ပျိုးထားရှိသည့် ဥယျာဉ်ခြံမြေများတွင် ဂေါရခါးညွန့်နှင့်ဂေါရခါးသီးများကို အိမ်တိုင်း၊ခြံတိုင်တွင် ဝင်လိုက်တာနှင့်တွေ့မြင်ရမှာဖြစ်ပါသည်။ အိမ်အတွက် မီးဖိုချောင်စရိတ်ကာမိ သလိုသန့်ရှင်းလတ်ဆက် အသီးအရွက်ကို ကျန်းမာရေးနှင့်ညီညွတ်စွာစားရပြီး ပိုလျှံလျှင်လည်း ပြန်လည်ရောင်းချနိုင်ပြီး မိသားစု တစ်ပိုင်တစ်နိုင်ဝင်ငွေရရှိကြလို့ နှစ်စဉ်စိုက်ပျိုးလာကြသည်ကို တွေ့ရှိရပါသည်။ ဂေါရခါးသီးကို စင်တင်စိုက်ပျိုးကြပြီး ဂေါရခါးအညွန့်ကို မြေပြင်တွင်စိုက်ပျိုးပြီး အညွန့်ထွက်ချိန် ၁ ပေ လောက်တွင် ဖြတ်ယူပြီး ဈေးကွက်အတွင်းရောင်းချကြပါသည်။ ဈေးနှုန်း ဈေးကွက်အနေဖြင့် ပွဲရုံဖြတ်ဈေး အညွန့်(၁)ပိဿာလျှင်(၃၅၀၀/-)ကျပ်၊ဂေါရခါးသီး(၁)ပိဿာလျှင် (၄၀၀၀/-)ကျပ် ၊ လက်လီရောင်းဈေး အညွန့်(၁)ပိဿာလျှင်(၄၀၀၀-၄၂၀၀)ကျပ် ၊ ဂေါရခါးသီး (၁)ပိဿာလျှင်(၄၂၀၀-၄၃၀၀)ကျပ်ဖြင့် ရောင်းဝယ်လျှက်ရှိပါသည်။

DOCA (မန္တလေး)

ကျွန်းလှမြို့နယ်၌ ကုလားပဲဈေးနှုန်း အနည်းငယ်ကျဆင်း

        စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ကြောင်း ၊ စိုက်ပျိုးတောင်သူများသည် ကုလားပဲသီးနှံများလည်း စိုက်ပျိုးကြောင်း သိရသည်။

    ကျွန်းလှမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ဒုတိယပတ်အတွင်း ကုလားပဲထိုင်ဝမ်(၁)တင်း လျှင် (၇၄၅၀၀)ကျပ်၊ ကုလားပဲ(929)(၁)တင်းလျှင် (၇၇၅၀၀)ကျပ်၊ ကုလားပဲ(V2)(၁)တင်းလျှင် (၈၁၅၀၀)ကျပ်နှင့် ကုလားပဲ(V7)(၁)တင်းလျှင်(၈၂၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်း၊ ယခင်ပထမပတ်နှင့် နှိုင်းယှဉ်ပါက ယခုပတ်အတွင်း ကုလားပဲထိုင်ဝမ်(၁)တင်းလျှင် (၂၀၀၀)ကျပ်၊ (929)(၁)တင်းလျှင် (၂၀၀၀)ကျပ်၊ (V2)(၁)တင်းလျှင် (၁၀၀၀)ကျပ်နှင့် (V7)(၁)တင်း လျှင်(၅၀၀)ကျပ်ဈေးနှုန်းကျဆင်းသွားကြောင်း၊ ကျွန်းလှမြို့ နယ်မှထွက်ရှိသော ကုလားပဲများကို မန္တလေးမြို့ရှိ ပွဲရုံများနှင့် ကုန်စည်ဒိုင်များသို့ တင်ပို့ကြောင်း ဒေသတွင်းပွဲရုံ လုပ်ငန်းရှင်များထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)

 

“ပြင်ဦးလွင်မြို့နယ်၏ဝိုင်ထုတ်လုပ်မှုအခြေအနေနှင့်ဈေးနှုန်းဈေးကွက်”

      ပြင်ဦးလွင်မြို့နယ်တွင် ဝိုင်လုပ်ငန်းရှင်ဦးရေ(၁၆)ဦးလုပ်ကိုင်လျှက်ရှိပြီး ထုတ်ကုန်များမှာ မက်မန်းဝိုင်၊စတော်ဘယ်ရီဝိုင်၊နာနတ်ဝိုင်၊စပျစ်ဝိုင်၊ဂျင်းဝိုင်၊ပိုးစာဝိုင် နှင့် ပင်မှည့်ဝိုင်တို့ကို ထုတ်လုပ် ၍စျေးကွက်အတွင်းရောင်းချလျှက်ရှိပါသည်။ ဝိုင်အမျိုးအစားအလိုက် အရည်အသွေးနှင့်ထုတ်ပိုးမှု အရ မက်မန်းဝိုင် (၀.၇၅)ပုလင်းတစ်လုံးလျှင် လက်ရှိရောင်းစျေးနှုန်းမှာ (၈၀၀၀-၁၆၀၀၀)ကျပ် ၊ စတော်ဘယ်ရီဝိုင်(၀.၇၅)ပုလင်းတစ်လုံးလျှင်(၇၀၀၀-၁၅၀၀၀)ကျပ်၊ နာနတ်ဝိုင်(၀.၇၅)ပုလင်းတစ်လုံး လျှင်(၇၀၀၀-၁၅၀၀၀)ကျပ်  ၊ စပျစ်ဝိုင် (၀.၇၅)ပုလင်းတစ်လုံးလျှင် (၆၀၀၀-၁၃၅၀၀)ကျပ် ၊ ဂျင်းဝိုင် (၀.၇၅)ပုလင်းတစ်လုံးလျှင် (၇၀၀၀-၁၅၀၀၀)ကျပ် ၊ ပိုးစာဝိုင် (၀.၇၅)ပုလင်းတစ်လုံးလျှင် (၆၀၀၀-၁၃၅၀၀)ကျပ်နှင့်ပင်မှည့်ဝိုင်(၀.၇၅)ပုလင်းတစ်လုံးလျှင် (၆၀၀၀-၁၃၀၀၀)ကျပ်ဖြင့် စျေးကွက်အတွင်း ရောင်းချလျှက်ရှိပါသည်။ဝိုင်လုပ်ငန်းသည် အခြားလုပ်ငန်းများကဲ့သို့ရက်အနည်းငယ်ဖြင့်ထုတ်လုပ်၍ မရဘဲ အနည်းဆုံး စတင်ဝိုင်စိမ်သည့်အချိန်မှစတင်၍ တစ်နှစ်ကြာမြင့်မှသာ စတင်ထုတ်ယူရခြင်း ဖြစ်ပါသည်။နှစ်ကြာလေ အရည်အသွေးပိုကောင်းလေဖြစ်ပါသည်။ ဝိုင်ဈေးကွက်အနေဖြင့် ပြည်တွင်း ဈေးကွက်ဖြစ်သော ရန်ကုန်၊ မန္တလေး၊ နေပြည်တော် စသည့်မြို့များသို့ တင်ပို့ရောင်းချလျှက်ရှိပြီး ပြင်ဦးလွင်မြို့နယ်သို့ လာရောက်လည်ပတ်သော ခရီးသွားဧည့်သည်များအား အပြန်ခရီးအတွက် လက်ဆောင်ပစ္စည်းအနေဖြင့် တွင်ကျယ်စွာရောင်းဝယ်လျှက်ရှိပါသည်။

DOCA (မန္တလေး)

“အာလူးစျေးနှုန်းစျေးကွက်”

    အာလူးသည် လူကြိုက်များသော ဟင်းသီးဟင်းရွက်အုပ်စုထဲမှာပါဝင်ပြီး အိမ်တိုင်းတွင် ဆောင်ထားလေ့ရှိသည့် သီးနှံတစ်မျိုးဖြစ်ပါသည်။အာလူးသီးနှံကို အေး၍သမရာသီဥတုကိုကြိုက်နှစ် သက်သောကြောင့် ရှမ်းပြည်နယ်တွင် အများဆုံးစိုက်ပျိုးကြပြီး အကျိုးအမြတ်ရှိသည့် သီးနှံဖြစ်သည့် အပြင် စားသုံးသူများအတွက်လည်း တန်ဖိုးမြင့်မားသည့် သီးနှံဖြစ်သည့်အတွက် အားလူစိုက်ပျိုး ဖြစ်ထွန်းနိုင်သောဒေသများတွင် တိုးချဲ့စိုက်ပျိုးလျှက်ရှိပါသည်။ရှမ်းပြည်နယ်တွင် မိုးအာလူးများကို ယာမြေများ၌ မတ်လနှင့်ဧပြီလများတွင် စတင်စိုက်ပျိုးပြီး သြဂုတ်လနှင့်စက်တင်ဘာလများတွင် စတင်တူးဖော်နိုင်ပြီး ဆောင်းအာလူးများကို ဇန်နဝါရလနှင့်ဖေဖော်ဝါရီလများတွင် စတင်စိုက်ပျိုးပြီး ဧပြီလနှင့်မေလများတွင် စတင်တူးဖော်နိုင်ပြီဖြစ်ပါသည်။ကျောက်ဆည်မြို့နယ်အနေဖြင့် ယခုအချိန် တွင်မိုးအာလူးများအား ရွာငံ၊တောင်ကြီးစသည့်မြို့များမှ ဝင်ရောက်ရောင်းချလျှက်ရှိပါသည်။အာလူး အကြီး(၁)ပိဿာလျှင်(၄၀၀၀/-)ကျပ်၊အသေး(၁)ပိဿာလျှင်(၃၀၀၀/-)ကျပ်ဖြင့် ကျောက်ဆည်မြို့ရှိ စျေးများအတွင်းရောင်းချလျှက်ရှိပါသည်။အာလူးသီးနှံသည် အလွယ်တကူဝယ်ယူရရှိသည့်အပြင် ကျန်းမာရေးအကျိုးကျေးဇူးများ အမြောက်အများပေးနိုင်သည့်သီးနှံဖြစ်ပါသည်။အာလူးကိုစွယ်စုံရ ဘက်စုံသုံးအစားအစာတစ်မျိုးအပြင် အဟာရပြည့်မှီအောင် စီမံချက်ပြုတ်စားသောက်နိုင်သော သီးနှံဖြစ်ကြောင်းသိရှိရပါသည်။

DOCA (မန္တလေး)

“ပိန္နဲသီးများပုံမှန်ဝင်ရောက်”

       ကျောက်ဆည်မြို့နယ်အတွင်းသို့ ပိန္နဲသီးများ ပုံမှန်ဝင်ရောက်လျှက်ရှိကြောင်းသိရပါသည် ။ မြို့နယ်အတွင်းဒေသများမှ အနည်းငယ်ထွက်ရှိမှုရှိသလိုယခုအခါ အောင်ပန်း၊ကလော၊ရွာငံဒေသများ မှပိန္နဲသီးများဝင်ရောက်လျှက်ရှိပါသည်။အိမ်ပျော့မျိုးနှင့်အကြွပ်သီးခေါ်အိမ်မာမျိုးဟူ၍ရှိရာ အိမ်မာ မျိုးကိုလူကြိုက်များကြောင်း ၊ ယခင်နှစ် စျေးနှုန်းအနေဖြင့် အလုံးသေးတစ်လုံးလျှင် (၅၀၀၀-၇၀၀၀) ကျပ်၊အလုံးအလတ်တစ်လုံးလျှင်(၈၀၀၀-၁၀၀၀၀)ကျပ်၊ အလုံးအကြီးတစ်လုံးလျှင်(၁၂၀၀၀-၁၅၀၀၀) ကျပ် စျေးနှုန်းများဖြင့်ရောင်းဝယ်ခဲ့ပြီး  ယခုနှစ် စျေးနှုန်းအနေဖြင့် အလုံးသေးတစ်လုံးလျှင်(၃၀၀၀-၄၀၀၀)ကျပ်၊ အလုံး အလတ်တစ်လုံးလျှင်(၅၀၀၀-၆၀၀၀)ကျပ်၊ အလုံး အကြီးတစ်လုံးလျှင်(၈၀၀၀-၉၀၀၀)ကျပ်စျေးနှုန်းများဖြင့်အရောင်းအဝယ်ဖြစ်နေကြောင်း၊ အလုံးအကြီး၊ အသေးအပေါ်မူတည်၍ ရောင်းသူ၊ဝယ်သူ စျေးနှုန်းညှိ၍ ရောင်းချရကြောင်း၊ အောင်ပန်း၊ကလော၊ရွာငံဒေသများမှ ကင်တာ (၆)ဘီးကုန်စိမ်းကားလေးများ နေ့စဉ်ပျမ်းမျှအားဖြင့်(၅)စီမှ(၈)စီးဝန်းကျင်ဝင်ရောက်လျှက်ရှိကြောင်း၊ ပိန္နဲသီးရောင်သူတစ်ဦး၏ ပြောကြားချက် အရသိရှိရပါသည်။

DOCA (မန္တလေး)

 

“တဇောင်းခါးဈေးနှုန်းဈေးကွက်” မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်သည် အပူပိုင်းဒေသဖြစ်သည့်အလျောက် တမာ၊ ထနောင်း၊ မန်ကျည်းပင်များပေါက်ရောက်သည့်အပြင် ဆေးဖက်ဝင် စားသုံး၍ရသော တ‌ဇောင်းပင် များလည်း တောင်တန်းနှင့်တောင်ကုန်းများတွင် ပေါက်ရောက်လျက်

     မန္တလေးတိုင်းဒေသကြီး၊  ကျောက်ဆည်ခရိုင်သည် အပူပိုင်းဒေသဖြစ်သည့်အလျောက် တမာ၊ ထနောင်း၊ မန်ကျည်းပင်များပေါက်ရောက်သည့်အပြင် ဆေးဖက်ဝင် စားသုံး၍ရသော တ‌ဇောင်းပင် များလည်း တောင်တန်းနှင့်တောင်ကုန်းများတွင် ပေါက်ရောက်လျက်ရှိပြီး အချို့ဒေသများတွင် တဇောင်းပင်ကို စီးပွားဖြစ် ဧကအလိုက် စိုက်ပျိုးလျက်ရှိပြီး မြို့နယ်အတွင်းဈေးများသို့ တဇောင်းခါးများ ဝင်ရောက်လျက်ရှိရာ တဇောင်းခါး လက်ကား (၁)ပိဿာလျှင် (၈၀၀၀/-)ကျပ်၊ လက်လီ (၁)ပိဿာလျှင်(၁၀၀၀၀/-)ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း ၊ ကုန်စိမ်းသည်များမှာ စားသုံးသူများ အဆင်ပြေစေရန်အတွက် (၅၀၀/၁၀၀၀)ကျပ်တန် အထုပ်ကလေးများ ထုပ်၍လည်း ရောင်းချပေးကြောင်း ၊ တဇောင်းခါး စားသုံးခြင်းဖြင့် ကိုလက်စထရောကို ကျစေကြောင်း၊ နှလုံးသွေးကြောကျဉ်း ရောဂါကိုကာကွယ်နိုင်ကြောင်း ၊ ဆီးချိုရောဂါကို ကျစေကြောင်း၊ လိပ်ခေါင်း ရောဂါကိုလည်း သက်သာစေကြောင်း ၊ တဇောင်းခါး၏ အရသာသည် ချဉ်ခါးသက်သက်လေးမို့ ချက်ပြုတ်စားသုံးလျှင် ခံတွင်းကိုမိန်စေသောကြောင့် ကျန်းမာရေးအကျိုးကျေးဇူးများ ရရှိသော တဇောင်းခါးကို ဝယ်ယူစားသုံးသင့်ပါကြောင်း တင်ပြအပ်ပါသည်။

 DOCA (မန္တလေး)

“ဈေးကွက်အတွင်းသို့ ဂေါ်ရခါးသီးများဝင်ရောက်လျက်ရှိ”

       ကျောက်ဆည်ခရိုင်အတွင်းရှိ ဈေးများသို့ ဂေါ်ရခါးသီးများ ဝင်ရောက်လျက်ရှိပြီး ရှမ်းပြည်၊ အောင်ပန်း ၊ ပင်းတယနှင့်ရွာငံရေဦးမြို့များမှ ဝင်ရောက်လျက်ရှိကြောင်း ဂေါ်ရခါးသီး သီးနှံသည် တစ်နှစ်ပတ်လုံး စိုက်ပျိုး၍ရကြောင်း၊ အေးသောဒေသတွင် ပိုမိုဖြစ်ထွန်းကြောင်း ပြင်ဦးလွင် ၊ နောင်ချိုနယ်များတွင်လည်း စိုက်ပျိုးကြကြောင်း၊ ဟင်းသီးဟင်းရွက်များထဲမှ အဟာရဓာတ် အများဆုံး ပါဝင်သော ဂေါ်ရခါးသီးကို လူအများနှစ်ကြိုက်စွာ စားသုံးလျက်ရှိကြောင်း ဂေါ်ရခါးသီး ကို ဟင်းချိုအဖြစ်စားသုံးကြသလို အစိမ်းကြော်ကြော်၍လည်းကောင်း၊ ပြုတ်၍ တို့စရာအဖြစ်လည်း စားသုံးကြပါသည်။ ဂေါ်ရခါးသီး ဈေးနှုန်းအနေဖြင့် ဖောက်သည်ဈေး တစ်လုံး လျှင် (၂၀၀/-)ကျပ်၊ လက်လီ တစ်လုံးလျှင် (၃၀၀-၅၀၀/-)ကျပ် ဖြင့်ရောင်း ဝယ်လျက်ရှိကြောင်း၊    ဂေါ်ရခါးသီးစားသုံး ခြင်းဖြင့် ကယ်လိုရီပါဝင်မှုနည်းပြီး ကိုလက်စထရောနှင့် ပြည့်ဝဆီလုံးဝမပါဝင်သောကြောင့် သွေးတွင်းကိုလက်စထရောကို မတက်စေဘဲ ထိန်းညှိပေးနိုင်ကြောင်း၊ ကျောက်ကပ်ကျောက်တည် ခြင်းနှင့် ဝမ်းချုပ်ခြင်းကို သက်သာစေနိုင်ကြောင်း၊ ‌ ကျန်းမာရေးအကျိုးကျေးဇူးများစွာပါရှိသော ဂေါ်ရခါးသီးကို နေ့စဉ်စားသုံးသင့်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

 DOCA (မန္တလေး)

                                                                      

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း