ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

၂၀၂၃ခုနှစ်၊ ဩဂုတ်လအတွင်း ဆိပ်ဖြူကြက်သွန်နီဈေးနှုန်းဈေးကွက်နှင့် စီးဆင်းမှုအခြေအနေ

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်၊ ကြက်သွန်နီကုန်စည်ဒိုင်၌ ဩဂုတ်လ (ပထမပတ်)မှစ၍ ကြက်သွန်နီဈေးနှုန်းမြင့်တက်လာကြောင်းသိရှိရသည်။ ဈေးကွက်အနေဖြင့် ဩဂုတ်လ(ပထမပတ်)တွင် ကြက်သွန်နီတစ်ပိဿာလျှင် အမြင့်ဈေးမှာ ကျပ်(၂၀၇၅)ဖြစ်၍ အနိမ့်ဈေးမှာ ကျပ်(၁၈၀၀)၊ (ဒုတိယပတ်)တွင် အမြင့်ဈေးမှာ ကျပ်(၂၃၅၀)ဖြစ်၍ အနိမ့်ဈေးမှာ ကျပ်(၂၀၀၀)၊ (တတိယပတ်)တွင် အမြင့်ဈေးမှာ ကျပ်(၃၀၀၀)ဖြစ်၍ အနိမ့်ဈေးမှာ ကျပ်(၂၈၀၀)ဖြင့် ဈေးတက်ကာ အရောင်းအဝယ်ဖြစ်နေပြီး ဩဂုတ်လ(စတုတ္ထပတ်) (၂၈)ရက်နေ့အထိ ကြက်သွန်နီတစ်ပိဿာလျှင် အမြင့်ဈေးမှာ ကျပ်(၃၂၅၀)၊ အနိမ့်ဈေးမှာ ကျပ်(၂၈၅၀) ဈေးနှုန်းများဖြင့် တရိပ်ရိပ်ဈေးမြင့်တက်ကာ အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ဩဂုတ်လအတွင်း ကျပ်(၁၀၀၀)ခန့်ဈေးမြင့်တက်လာကြောင်း ဆိပ်ဖြူကုန်စည်ဒိုင်ဈေးကွက်မှသိရှိရသည်။

    ဆိပ်ဖြူကြက်သွန်နီဈေးကွက်အတွင်း ဩဂုတ်လ(တတိယပတ်)မှစတင်ပြီး ပြည်ပအဝယ်လိုက်၍ ကြက်သွန်ဈေးနှုန်းမြင့်တက်အရောင်းအဝယ်ဖြစ်ကြောင်း၊ ပြည်ပဝယ်လက်များက ဒေသတွင်းထိဆင်း၍ ကြက်သွန်နီကို တိုက်ရိုက်ဝယ်ယူနေကြောင်း၊ တရုတ်၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံများမှ ဝယ်ယူနေကြောင်း၊ ဩဂုတ်လ(စတုတ္ထပတ်)တွင် ပြည်ပအဝယ်လိုက်၍ ရန်ကုန်ဘုရင့်နောင်(ကုန်စည်ဒိုင်)ပါ ကြက်သွန်နီတင်ပို့မှုနည်းကြောင်း ဈေးကွက်မှသိရှိရပါသည်။

     ဆိပ်ဖြူမြို့နယ်မှ ထွက်ရှိသည့်ကြက်သွန်နီများကို နေ့စဉ် ရန်ကုန်ဘုရင့်နောင်(ကုန်စည်ဒိုင်)၊ ပြည်၊ ပုသိမ်မြို့များနှင့် ပြည်ပနိုင်ငံများဖြစ်သည့် တရုတ်၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံများသို့ တင်ပို့လျက်ရှိကြောင်းသိရှိရသည်။

    ဩဂုတ်လအတွင်း ကုန်စည်စီးဆင်းမှုအနေဖြင့် ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြက်သွန်နီပျမ်းမျှပိဿာမှာ (၆)သိန်း၊ အိတ်(၂)သောင်း၊ မူဆယ်မြို့သို့ ပိဿာ(၃)သိန်းခန့်၊ အိတ်ရေ(၁)သောင်း၊ မြဝတီမြို့သို့ ပိဿာ(၂)သိန်း၊ အိတ်ရေ(၇)ထောင်၊ မော်လမြိုင်မြို့သို့ ပိဿာ(၃)သိန်းခန့်၊ အိတ်ရေ (၁)သောင်း၊ ပြည်မြို့သို့ ပိဿာ(၁)သိန်းခန့်၊ အိတ်ရေ(၃)ထောင်၊ ပုသိမ်မြို့သို့ ပိဿာ(၁)သိန်းခန့်၊ အိတ်ရေ(၃)ထောင်၊ စုစုပေါင်းကြက်သွန်နီပိဿာ (၁၆)သိန်းခန့်၊ တန်ချိန်(၂၆၁၃)တန်ခန့် ဆိပ်ဖြူမြို့မှ ကုန်စည်စီးဆင်းခဲ့ကြောင်း ကြက်သွန်နီဈေးကွက်မှသိရှိရပါသည်။

DOCA(စစ်ကိုင်း)

 
 

 

 

ရွှေဘိုခရိုင်အတွင်း ဩဂုတ်လ (နောက်ဆုံးပတ်) တွင် ဖြစ်ပေါ်နေသော စပါး/ဆန်ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

     ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များ၌ ဩဂုတ်လ (နောက်ဆုံးပတ်) တွင် စပါး/ဆန်ဈေးနှုန်းများအနည်းငယ်ကျဆင်းနေပါသည်။ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ သြဂုတ်လ (စတုတ္ထပတ်) တွင်  ရန်ကုန်သို့ အိတ်ရေ ၁၅၀၀၀၊ မန္တလေးသို့ အိတ်ရေ၂၇၄၀၀၊ နေပြည်တော်သို့ အိတ်ရေ ၅၀၀၀၊ ရှမ်း(တောင်)သို့ အိတ်ရေ ၄၅၀၀၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၄၅၀၀၊ ပခုက္ကူသို့ အိတ်ရေ ၆၀၀၊ စုစုပေါင်းအိတ်ရေ ၅၇၀၀၀၊ တန်အားဖြင့် ၂၈၅၀တန်စီးထွက်ခဲ့ ပါသည်။ယခုအပတ်တွင် ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၁၁၀၀၀၊ မန္တလေးသို့ အိတ်ရေ ၂၂၄၀၀၊ နေပြည်တော်သို့ အိတ်ရေ၅၀၀၀၊ ရှမ်း(တောင်)သို့ အိတ်ရေ၃၅၀၀၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၃၅၀၀၊ ပခုက္ကူသို့ အိတ်ရေ ၆၀၀၊ စုစုပေါင်းအိတ်ရေ ၄၆၀၀၀၊ တန်အားဖြင့် ၂၃၀၀တန်စီးထွက်ခဲ့သည့်အတွက် ယခင်အပတ်နှင့်နှိုင်းယှဉ်လျှင် ယခုအပတ်အတွင်း အိတ်ရေ ၁၁၀၀၀အိတ်၊ တန်အားဖြင့် ၅၅၀တန်လျော့၍ စီးထွက်ခဲ့ပါသည်။

    ရွှေဘိုမြို့၏ ဩဂုတ်လ (နောက်ဆုံးပတ်) တွင်ဖြစ်ပေါ်နေသော စပါး/ဆန်ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်းစပါး တင်း၁၀၀လျှင် ကျပ်၃၇၀၀၀၀၀၊ ရွှေဘိုပေါ်ဆန်းဆန် ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၁၂၅၀၀၀၊  ဧရာမင်းဆန် ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၁၃၈၀၀၀နှင့် (၂၀၂၂-၂၀၂၃) ခုနှစ်တွင်  ရွှေဝါထွန်း(နွေစပါး) တင်း၁၀၀လျှင် ကျပ်၁၉၀၀၀၀၀၊ ရွှေဝါထွန်းဆန် ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၈၀၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် ကြက်သွန်နီဈေးနှုန်း အနည်းငယ်မြင့်တက်

   မုံရွာမြို့ပေါ်ရှိ ကြက်သွန်နီကုန်ဝယ်ဒိုင်များသို့ ပုလဲ၊ ချောင်းဦး၊ ယင်းမာပင်၊ ဘုတလင်၊ ဆားလင်းကြီးနယ်များမှ ကြက်သွန်နီများအပြင် မုံရွာမြို့နယ်အတွင်း ကြက်သွန်နီအများဆုံးစိုက်ပျိုးထွက်ရှိရာဒေသများဖြစ်ကြသော မြေနဲကျေးရွာ၊ အောင်သာကျေးရွာ၊ မင်းကျေးရွာ၊ ကုတောပလ္လင်ကျေးရွာ၊ လယ်တီကျေးရွာ၊ တုံကျေးရွာ၊ နှုန်းကြီးကျေးရွာ စသည့်ကျေးရွာများမှ ကြက်သွန်နီများတင်ပို့ကာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရသည်။ ဩဂုတ်လ (နောက်ဆုံးပတ်)၏ ကြက်သွန်နီလက်ကားဒိုင်ဈေးမှာ ထိပ်စတစ်ပိဿာလျှင် ကျပ်၃၅၀၀၊ အလတ်စတစ်ပိဿာလျှင် ကျပ်၃၃၀၀၊ အနိမ့်စတစ်ပိဿာလျှင် ကျပ်၃၀၀၀ဖြင့် နေ့စဉ် အရောင်းအဝယ်ဖြစ်နေကြောင်းသိရသည်။

   မုံရွာမြို့ပေါ်ရှိ ကန်သာယာဈေးနှင့် ဈေးဟောင်းတို့တွင် ကြက်သွန်နီလက်လီရောင်းချသည့်ဈေးနှုန်းမှာ အရည်းအသွေးကိုလိုက်၍ ထိပ်စတစ်ပိဿာလျှင် ကျပ် (၃၆၀၀-၃၇၀၀)၊ အလတ်စတစ်ပိဿာလျှင် ကျပ် (၃၄၀၀-၃၅၀၀)၊ အနိမ့်စတစ်ပိဿာလျှင် ကျပ် (၃၀၀၀-၃၂၀၀) ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရှိရသည်။ အရောင်းအဝယ်ဖြစ်မှုအနေဖြင့် ယခုအချိန်သည် ကြက်သွန်ပေါ်ချိန်မဟုတ်သေးဘဲ ဂိုဒေါင်များမှာ သိုလှောင်ထားသော ကြက်သွန်များကိုသာရောင်းချနေကြရခြင်းဖြစ်သဖြင့် လက်ကျန်နည်း၍ ဈေးနှုန်းမှာ ယခင်လထက် အနည်းငယ်မြင့်တက်နေကြောင်း မုံရွာမြို့ပေါ်ရှိ ကြက်သွန်ပွဲရုံပိုင်ရှင်တစ်ဦးထံမှသိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နေသော စပါး/ဆန်ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

    စစ်ကိုင်းတိုင်းဒေသကြီးသည် ဆန်ပိုဒေသများဖြစ်သော ကလေး၊ ကသာ၊ ကန့်ဘလူ၊ ရွှေဘိုနှင့် ရေဦးခရိုင်များအနေဖြင့် ရွှေဘိုနှင့်ရေဦးခရိုင်တို့တွင် ဧရာမင်းစပါးလက်ကျန်မရှိသလောက်နည်းပါနေကြောင်း၊ ရွှေဘိုနှင့် ရေဦးခရိုင်တို့တွင် ရွှေဘိုပေါ်ဆန်းဆန်ဈေးအနည်းငယ်ကျနေကြောင်း၊ ကလေး၊ မုံရွာနှင့် ကန့် ဘလူခရိုင်တို့တွင် စပါး/ဆန်ဈေးအနည်းငယ်တက်နေပြီး ကသာခရိုင်တစ်ခုသာဈေးအေးနေပါကြောင်း သိရှိရပါသည်။

     စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၂၃ခုနှစ်၊ ဩဂုတ်လ(နောက်ဆုံးပတ်)တွင် ဖြစ်ပေါ်နေသော စပါး/ဆန်ဈေးနှုန်းများမှာ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်မှ ရွှေဘိုပေါ်ဆန်း(စပါး)  တင်း၁၀၀လျှင် ကျပ်၃,၇၀၀,၀၀၀၊ ပေါ်ဆန်း (ဆန်) ၂၄ပြည်ပါ တစ်အိတ်လျှင် ၁၂၅,၀၀၀ကျပ်၊ ဧရာမင်း (ဆန်) ၂၄ပြည်ပါ တစ်အိတ်လျှင် ၁၃၈,၀၀၀ကျပ်၊ နွေစပါး(ရွှေဝါထွန်း) စပါးတင်း(၁၀၀)လျှင် ကျပ်၁,၉၀၀,၀၀၀၊  နွေစပါး(ရွှေဝါထွန်း)(ဆန်) ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၈၀,၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

    ရေဦးခရိုင်၊ ရေဦးမြို့နယ်မှ ပေါ်ဆန်း (စပါး)တင်း၁၀၀လျှင် ကျပ်၃,၇၀၀,၀၀၀၊ ပေါ်ဆန်း (ဆန်) တစ်အိတ်လျှင် ကျပ်၁၂၅,၀၀၀၊  ဧရာမင်း(ဆန်)၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၁၃၈,၀၀၀၊ နွေစပါး (ရွှေဝါ ထွန်း) စပါးတင်း(၁၀၀)လျှင် ကျပ်၁,၉၀၀,၀၀၀၊  နွေစပါး (ရွှေဝါထွန်း) (ဆန်) ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၈၀,၀၀၀ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရပါသည်။

  ကလေးခရိုင်၊ ကလေးမြို့နယ်မှ ဧည့်မထ(စပါး) တင်း၁၀၀လျှင် ကျပ်၃,၂၀၀,၀၀၀၊ ဧည့်မထ (ဆန်) ‌၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၁၂၀,၀၀၀၊ ငစိန်(စပါး)တင်း၁၀၀လျှင် ကျပ်၃,၁၀၀,၀၀၀၊ ငစိန် (ဆန်)၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၁၁၀,၀၀၀၊ ဧရာမင်း(စပါး) တင်း၁၀၀လျှင် ကျပ်၃,၄၀၀,၀၀၀၊ ဧရာမင်း(ဆန်)၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၁၃၀,၀၀၀၊ နွေစပါး(ဒေသမျိုး)(စပါး) တင်း၁၀၀လျှင် ကျပ်၁,၁၅၀,၀၀၀၊ နွေစပါး (ဒေသမျိုး)(ဆန်)၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၈၇,၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရပါသည်။

    ကသာခရိုင်၊ အင်းတော်မြို့နယ်မှ မှော်ဘီ(၂)(စပါး) တင်း၁၀၀လျှင် ကျပ်၁,၉၅၀,၀၀၀၊ မှော် ဘီ(၂) ဆန် ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၈၁,၀၀၀၊ ဆင်းဧကရီ(၃)(စပါး)  တင်း၁၀၀လျှင် ကျပ်၂,၁၀၀,၀၀၀၊ ဆင်းဧကရီ-၃ ဆန် ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၈၅,၀၀၀၊ ဧရာမင်း (စပါး)တင်း ၁၀၀လျှင် ကျပ်၂,၄၀၀,၀၀၀၊ ဧရာမင်း(ဆန်) ၂၄ပြည်ပါ ဆန်တစ်အိတ်လျှင် ကျပ်၁၁၀,၀၀၀၊ နွေစပါး(ဆင်း-၃)(စပါး) တင်း၁၀၀လျှင် ကျပ်၁,၃၀၀,၀၀၀၊ နွေစပါး (ဆင်း-၃)(ဆန်)၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၆၅,၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

    မုံရွာခရိုင်၊ မုံရွာမြို့တွင် ဧရာမင်း(စပါး)တင်း၁၀၀လျှင် ကျပ်၃,၃၀၀,၀၀၀၊  ဧရာမင်း (ဆန်) ၂၄ပြည် တစ်အိတ်လျှင် ကျပ်၁၄၅,၀၀၀၊ ပေါ်ဆန်း (စပါး) တင်း၁၀၀လျှင် ကျပ်၃,၇၀၀,၀၀၀၊  ပေါ်ဆန်း (ဆန်) ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၁၅၀,၀၀၀၊ မနောသုခ(စပါး) တင်း၁၀၀လျှင် ကျပ်၂,၆၀၀,၀၀၀၊ မနောသုခ (ဆန်)၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ်၉၅,၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရပါသည်။

   ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင်  ဧရာမင်း(စပါး)တင်း၁၀၀လျှင် ကျပ်၃,၀၀၀,၀၀၀၊  ဧရာမင်း (ဆန်)၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၁၃၀,၀၀၀၊ ပေါ်ဆန်း(စပါး) တင်း၁၀၀လျှင် ကျပ်၃,၅၅၀,၀၀၀၊ ပေါ်ဆန်း (ဆန်)၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၁၃၀,၀၀၀၊ နွေစပါး ရွှေဝါထွန်း (စပါး)တင်း၁၀၀လျှင် ကျပ်၁,၈၅၀,၀၀၀၊  ရွှေဝါထွန်း (ဆန်) ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၈၁,၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရပါသည်။

   စစ်ကိုင်းတိုင်းဒေသကြီးမှ ဩဂုတ်လ (စတုတ္တပတ်)တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၁၅,၀၀၀၊ မန္တလေးသို့ အိတ်ရေ ၂၈,၁၀၀၊ မကွေးသို့ အိတ်ရေ ၆၀၀၊ နေပြည်တော်သို့ အိတ်ရေ ၅,၀၀၀၊ ရှမ်း (တောင်)သို့ အိတ်ရေ ၄,၅၀၀၊ ရှမ်း(မြောက်) သို့အိတ်ရေ ၄,၅၀၀၊ ကချင်သို့ အိတ်ရေ ၅၀၀၊ စုစုပေါင်းအိတ်ရေ (၅၈,၂၀၀)အိတ်၊ တန်အားဖြင့် (၂,၉၁၀)တန်စီးထွက်ခဲ့ပြီး ယခုဩဂုတ်လ (နောက်ဆုံးပတ်) တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့  ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၁၅,၀၀၀၊ မန္တလေးသို့ အိတ်ရေ ၂၉,၁၀၀၊ မကွေးသို့ အိတ်ရေ ၆၀၀၊ နေပြည်တော်သို့ အိတ်ရေ ၅,၀၀၀၊ ရှမ်း (တောင်)သို့ အိတ်ရေ ၄,၅၀၀၊ ရှမ်း(မြောက်) သို့ အိတ်ရေ ၄,၅၀၀၊ ကချင်သို့ အိတ်ရေ ၅၀၀၊ စုစုပေါင်းအိတ်ရေ (၅၉,၂၀၀)အိတ်၊ တန်အားဖြင့် (၂,၉၆၀) တန်စီးထွက်ခဲ့သည့်အတွက် ယခင်အပတ်နှင့်နှိုင်းယှဉ်လျှင် ယခုအပတ်တွင် အိတ်ရေ (၁,၀၀၀)အိတ်၊ တန်အားဖြင့် (၅၀) တန်ပိုမိုစီးထွက်ခဲ့ပါကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)                                                                                                                                          

                            

စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီး/ပြည်နယ်များသို့ ယခင်လနှင့် ယခုလတို့၏ ဆန်စီးထွက်မှုအခြေအနေ

   စစ်ကိုင်းတိုင်းဒေသကြီးသည် ဆန်ပိုဒေသများဖြစ်သော ရွှေဘို၊ ကလေး၊ ကသာနှင့် ကန့်ဘလူခရိုင်များအနေဖြင့် ( ၁-၇-၂၀၂၃ ) ရက်နေ့မှ ( ၃၁-၇-၂၀၂၃ )ရက်နေ့အထိ မန္တလေးတိုင်း‌ဒေသကြီးသို့ (၁၀၇,၅၇၀)အိတ်၊ ရန်ကုန်တိုင်းဒေသကြီးသို့ (၆၁,၀၀၀)အိတ်၊ မ‌ကွေးတိုင်းဒေသကြီးသို့ (၁,၈၃၀)အိတ်၊ ရှမ်း(တောင်)သို့ (၁၈,၀၀၀)အိတ်၊ ရှမ်း(မြောက်) သို့ (၁၈,၀၀၀)အိတ်၊ နေပြည်တော်သို့ (၂၅,၅၀၀)အိတ်၊ ကချင်ပြည်နယ်သို့ (၃,၆၀၀) အိတ်၊ စုစုပေါင်း (၂၃၅,၅၀၀)အိတ်၊ တန်အားဖြင့် (၁၁,၇၇၅)တန်စီးထွက်ခဲ့ပြီး (၁-၈-၂၀၂၃) ရက်နေ့မှ (၃၁-၈-၂၀၂၃)ရက်နေ့အထိ မန္တလေးတိုင်း‌ဒေသကြီးသို့ (၁၃၇,၈၀၀)အိတ်၊ ရန်ကုန်တိုင်းဒေသကြီးသို့ (၇၂,၅၀၀)အိတ်၊ မ‌ကွေးတိုင်းဒေသကြီးသို့ (၃,၀၀၀)အိတ်၊ ရှမ်း(တောင်)သို့ (၂၁,၅၀၀)အိတ်၊ ရှမ်း(မြောက်) သို့ (၂၁,၅၀၀)အိတ်၊ နေပြည်တော်သို့ (၂၆,၅၀၀)အိတ်၊ ကချင်ပြည်နယ်သို့ (၄,၆၀၀) အိတ်၊ စုစုပေါင်း (၂၈၇,၄၀၀)အိတ်၊ တန်အားဖြင့် (၁၄,၃၇၀) တန်စီးထွက်ခဲ့သည့်အတွက် ယခင်လနှင့် ယခုလဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခုလတွင် အိတ်ရေ(၅၁,၉၀၀)အိတ်၊ တန်အားဖြင့် (၂,၅၉၅) တန်ပိုမိုစီးထွက်ခဲ့ပါကြောင်း လေ့လာသိရှိရပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘို့မြို့၌ ဩဂုတ်လ (စတုတ္တပတ်) တွင် စက်သုံးဆီဈေးနှုန်းများ အနည်းငယ်မြင့်တက်

   မြန်မာနိုင်ငံစက်သုံးဆီတင်သွင်း/သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီရည်ညွှန်းလက်ကားဈေးနှုန်းများကို နေ့စဉ် ထုတ်ပြန်ပေးလျက်ရှိပါသည်။

     ရွှေဘိုမြို့၌ စက်သုံးဆီဆိုင် (၁၉)ဆိုင်ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ၂၀၂၃ခုနှစ်၊ သြဂုတ်လ (စတုတ္ထပတ်) တွင်ဖြစ်ပေါ်နေသော စက်သုံးဆီဈေးနှုန်းများမှာ ဓာတ်ဆီ(92) တစ်လီတာလျှင် (၂၃၅၅)ကျပ်၊ ဓာတ်ဆီ(95)တစ်လီတာလျှင် (၂၄၇၅)ကျပ်၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၅၀၀)ကျပ်၊ ဒီဇယ်(ပရီမီယမ်)တစ်လီတာလျှင် (၂၅၇၅)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်းသိရသည်။

    ယခုဩဂုတ်လ (နောက်ဆုံးပတ်) တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓာတ်ဆီ(92) တစ်လီတာလျှင် (၂၃၆၅)ကျပ်၊ ဓာတ်ဆီ(95)တစ်လီတာလျှင် (၂၅၂၅)ကျပ်၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၅၂၅)ကျပ်၊ ဒီဇယ်(ပရီမီယမ်)တစ်လီတာလျှင် (၂၆၀၀)ကျပ်ဖြင့် ရောင်းချနေသောကြောင့် ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက ဓာတ်ဆီ(92) တစ်လီတာလျှင် (၁၀)ကျပ်၊ ဓာတ်ဆီ(95) တစ်လီတာလျှင် (၅၀)ကျပ်၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၅)ကျပ်၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာလျှင် (၂၅)ကျပ်ဖြင့် ဈေးနှုန်းအသီးသီးအနည်းငယ်မြင့်တက်လျက်ရှိကြောင်း စက်သုံးဆီဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

မုံရွာကုန်စည်ဒိုင်၏ ပဲမျိုးစုံ၊ အစေ့ထုတ်ပြောင်း၊ မြေပဲသီးနှံနှင့် နှမ်းမျိုးစုံတို့၏ ဈေးနှုန်းပြောင်းလဲမှုအခြေအနေ

    မုံရွာကုန်စည်ဒိုင်တွင် ပဲအမျိုးအစားအလိုက် ဈေးနှုန်းများမှာ ယခင်နှစ် ကာလတူဈေးထက် ယခု၂၀၂၃ခုနှစ် ပဲမျိုးစုံ၊ အစေ့ထုတ်ပြောင်းနှင့် နှမ်းမျိုးစုံဈေးနှုန်းများ ဈေးပိုကောင်းလျက်ရှိပါကြောင်း မုံရွာကုန်စည်ဒိုင်ဈေးနှုန်းသတင်းများအရသိရသည်။

မတ်ပဲ

     မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ်၊ ဩဂုတ်လ (နောက်ဆုံးပတ်) တွင် ပဲတစ်တင်းလျှင် ကျပ်၆၅၀၀၀ဖြစ်ခဲ့ပြီး ယခုနှစ်၊ ဩဂုတ်လ (နောက်ဆုံးပတ်) တွင် ပဲတစ်တင်းလျှင် ကျပ်၈၈၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်နှစ်သောင်းကျော်ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၁၀မှ ၁၅ခန့် အရောင်းအဝယ်ဖြစ်ကြောင်းသိရသည်။

ပဲစဉ်းငုံ

    မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ်၊ ဩဂုတ်လ (နောက်ဆုံးပတ်) တွင် ပဲတစ်တင်းလျှင် ကျပ်၆၃၅၀၀ဖြစ်ခဲ့ပြီး ယခုနှစ်၊ ဩဂုတ်လ၊ (နောက်ဆုံးပတ်) တွင် ပဲတစ်တင်းလျှင် ကျပ်၁၀၀၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်သုံးသောင်းကျော်ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၁၀မှ ၁၅ခန့်အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

ပဲတီစိမ်း

     မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ်၊ ဩဂုတ်လ (နောက်ဆုံးပတ်) တွင် ပဲတစ်တင်းလျှင် ကျပ်၅၂၀၀၀ဖြစ်ခဲ့ပြီး ယခုနှစ်၊ ဩဂုတ်လ (နောက်ဆုံးပတ်) တွင် ပဲတစ်တင်းလျှင် ကျပ်၅၄၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်ငါးထောင်ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၁၀မှ ၁၅ခန့်အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

ကုလားပဲ

     မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ်၊ ဩဂုတ်လ (နောက်ဆုံးပတ်) တွင် ကုလားပဲဖြူလုံးကြီးတစ်တင်းလျှင် ကျပ်၆၇၀၀၀ဖြစ်ခဲ့ပြီး ယခုနှစ်၊ ဩဂုတ်လ (နောက်ဆုံးပတ်) တွင် ပဲတစ်တင်းလျှင် ကျပ်၉၁၀၀၀၊ 929  တစ်တင်းလျှင် ကျပ်၆၂၅၀၀ဖြစ်ခဲ့ပြီး ယခုနှစ်၊ ဩဂုတ်လ (နောက်ဆုံးပတ်) တွင် ပဲတစ်တင်းလျှင် ကျပ်၉၀၀၀၀၊ ထိုင်ဝမ်တစ်တင်းလျှင် ကျပ်၆၁၅၀၀ဖြစ်ခဲ့ပြီး ယခုနှစ်၊ ဩဂုတ်လ (နောက်ဆုံးပတ်) တွင် ပဲတစ်တင်းလျှင် ကျပ်၈၉၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်နှစ်သောင်းခွဲခန့်မှ သုံးသောင်းခန့်အထိပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၁၅မှ ၂၀ခန့်အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

စွန်တာနီ/ပြာ

     မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ်၊ ဩဂုတ်လ (နောက်ဆုံးပတ်) တွင် ပဲတစ်တင်းလျှင် ကျပ်၅၁၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ်၊ ဩဂုတ်လ (နောက်ဆုံးပတ်) တွင် ပဲတစ်တင်းလျှင် ကျပ်၅၈၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်ခုနှစ်ထောင်ပိုမိုခဲ့ပါသည်၊ တစ်ရက်လျှင် အိတ်ရေ ၅မှ ၁၀ခန့်အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

ထောပတ်ပဲ

     မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ်၊ ဩဂုတ်လ (နောက်ဆုံးပတ်) တွင် ပဲတစ်တင်းလျှင် ကျပ်၅၆၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ်၊ ဩဂုတ်လ (နောက်ဆုံးပတ်) တွင် ပဲတစ်တင်းလျှင် ကျပ်၁၂၀၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ခြောက်သောင်းခွဲခန့်ပိုမိုခဲ့ပါသည်။ တစ်ရက်လျှင် အိတ်ရေ ၁၀မှ ၁၅ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

အစေ့ထုတ်ပြောင်း

    မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ်၊ ဩဂုတ်လ (နောက်ဆုံးပတ်) တွင် ပြောင်းတစ်တင်းလျှင် ကျပ်၁၇၃၀၀ဖြစ်ခဲ့ပြီး ယခုနှစ်၊ ဩဂုတ်လ (နောက်ဆုံးပတ်) တွင် ပြောင်းတစ်တင်းလျှင် ကျပ်၂၁၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်လေးထောင်ခန့်ပိုမိုခဲ့ပါသည်။ တစ်ရက်လျှင် အိတ်ရေ ၅မှ ၁၀ခန့်အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

မြေပဲဆံသီးနှံ

     မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ်၊ ဩဂုတ်လ (နောက်ဆုံးပတ်) တွင် မြေပဲဆံနီတစ်ပိဿာလျှင် ကျပ်၆၅၀၀ဖြစ်ခဲ့ပြီး ယခုနှစ်၊ ဩဂုတ်လ (နောက်ဆုံးပတ်) တွင် တစ်ပိဿာလျှင် ကျပ်၉၂၀၀၊ ယခင်နှစ်၊ ဩဂုတ်လ (နောက်ဆုံးပတ်) တွင် မြေပဲဆံဖြူတစ်ပိဿာလျှင် ကျပ်၆၅၀၀ဖြစ်ခဲ့ပြီး ယခုနှစ်၊ ဩဂုတ်လ (နောက်ဆုံးပတ်) တွင် တစ်ပိဿာလျှင် ကျပ်၇၀၀၀၊ တစ်ပိဿာလျှင် ကျပ်ငါးရာမှ သုံးထောင်ခန့်အထိပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၁၀မှ ၂၀ခန့်အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

နှမ်းမျိုးစုံသီးနှံ

     မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ်၊ ဩဂုတ်လ (နောက်ဆုံးပတ်) တွင် နှမ်းနက်တစ်တင်းလျှင် ကျပ်၁၀၀၀၀၀ဖြစ်ခဲ့ပြီး ယခုနှစ်၊ ဩဂုတ်လ (နောက်ဆုံးပတ်) တွင် တစ်တင်းလျှင် ကျပ်၁၂၁၀၀၀၊ နှမ်းဖြူတစ်တင်းလျှင် ကျပ်၉၃၀၀၀ဖြစ်ခဲ့ပြီး ယခုနှစ်၊ ဩဂုတ်လ (နောက်ဆုံးပတ်) တွင် တစ်တင်းလျှင် ကျပ်၁၃၀၀၀၀၊ နှမ်းညိုတစ်တင်းလျှင် ကျပ်၇၃၀၀၀ဖြစ်ခဲ့ပြီး ယခုနှစ်၊ ဩဂုတ်လ (နောက်ဆုံးပတ်) တွင် တစ်တင်းလျှင် ကျပ်၁၀၄၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်နှစ်သောင်းကျော်မှ လေးသောင်းခန့်အထိပိုမိုခဲ့ပါသည်။ တစ်ရက်လျှင် အိတ်ရေ ၁၀မှ ၁၅ခန့်အရောင်းအဝယ်ဖြစ်ကြောင်း မုံရွာကုန်စည်ဒိုင်ဈေးနှုန်းများစာရင်းအရသိရပါသည်။

DOCA(စစ်ကိုင်း)

 

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း( ၄.၉.၂၀၂၃ )

    ၄.၉.၂၀၂၃ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြအပ်ပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း( ၄.၉.၂၀၂၃ )

      ၄.၉.၂၀၂၃ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ပြုစု တင်ပြအပ်ပါသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၄.၉.၂၀၂၃ )

    ၄.၉.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း