ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မကွေးမြို့၊ ရန်ပယ်စျေး၌ ရောင်းချလျက်ရှိသော ပုဇွန်ခြောက်၊ ငါးခြောက်စျေးနှုန်းအခြေအနေ

     မကွေးမြို့တွင် ရန်ပယ်စျေး၊ မြို့မစျေး၊ ကန်သာစျေး၊ မင်္ဂလာစျေး၊ ဆည်မြောင်းစျေး၊ အခွန်လွတ်စျေးတို့ရှိကြပြီး ရန်ပယ်စျေးသို့ ဒဟက်ကန်ကျေးရွာ၊ ကန်ပြားကျေးရွာ၊ ကန်လှကျေးရွာ၊ ထုံးပေါက်တော ကျေးရွာ၊ မကျီးကန်ရွာ၊ ဆားတိုင်ကန်ရွာ၊ သန်းတောကုန်းရွာ၊ ပုထိုးစမ်းကျေးရွာတို့မှ အဓိကရောင်းဝယ် ဖောက်ကားလျက်ရှိပါသည်။

    ထို့အပြင် မကွေးမြို့၊ ရန်ပယ်စျေးသို့ ရေထွက်ပစ္စည်းများကို ရန်ကုန်၊ ဘုရင့်နောင်၊ မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ်ရှိ ဆည်များတွင် မွေးမြူထားသော တီလာဖီးယား၊ ငါးဖန်းမ၊ ငါးများကို အခြောက်လှန်း၍ ၎င်းငါးများအား ငါးဆယ်နယ်အဖြစ်လည်းကောင်း ပြုလုပ်၍ လာရောက်ရောင်းချကြကြောင်း သိရှိရပါသည်။

    မကွေးမြို့၊ ရန်ပယ်စျေး၌ ၂၀၂၃-ခုနှစ်၊ ဩဂုတ်လ ဒုတိယပတ်အတွင်း ရောင်းချလျက်ရှိသော ကုန်စျေးနှုန်းများမှာ ပုဇွန်ခြောက်ကြီး (၁)ပိဿာလျှင် (၈၀၀၀၀)ကျပ်၊ ပုဇွန်ခြောက် (အလတ်) (၁) ပိဿာလျှင် (၆၀၀၀၀)ကျပ်၊ ပုဇွန်ခြောက် (အသေး) (၁)ပိဿာလျှင် (၅၄၀၀၀)ကျပ်၊ ငါးရံ့ခြောက်အကြီး (၁)ပိဿာလျှင် (၆၅၀၀၀)ကျပ်၊ ငါးရံ့ခြောက် (အသေး) (၁)ပိဿာလျှင် (၆၀၀၀၀)ကျပ်၊ ငါးရံ့လုံး (၁) ပိဿာလျှင် (၄၅၀၀၀)ကျပ်၊ ငါးနီတူခြောက် (၁)ပိဿာလျှင် (၁၄၅၀၀)ကျပ်၊ ငါးကြင်း ငါးပိကောင် (၁)ပိဿာလျှင် (၁၁၀၀၀)ကျပ်၊ ငါးကြီးခြောက် (၁)ပိဿာလျှင် (၇၀၀၀၀-၉၀၀၀၀)ကျပ်၊ ငါးမင်းသား ခြောက် (၁)ပိဿာလျှင် (၂၆၀၀၀)ကျပ်၊ ငါးမဲလုံး (၁)ပိဿာလျှင် (၁၈၀၀၀)ကျပ်၊ ငါးဖောင်ရိုး‌ခြောက် (၁)ပိဿာလျှင် (၂၈၀၀၀-၂၉၀၀၀)ကျပ်၊ မီးသံသွယ် (၁)ပိဿာလျှင် (၁၂၀၀၀-၁၆၀၀၀)ကျပ်အထိ အသီးသီးအရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း စျေးသည်များထံမှ သိရှိရပါသည်။

DOCA(မကွေး)

 

ဘားအံမြို့၊ မြို့ပေါ်ရပ်ကွက်များ၊ အခွန်လွတ်ဈေးများနှင့် ပတ်ဝန်းကျင်ကျေးရွာများတွင် အထူးဈေးနှုန်းဖြင့် စားသုံးဆီများဆက်လက်ရောင်းချပေးလျက်ရှိ

    စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ ကရင်ပြည်နယ်၊ စားသုံးဆီကုန်သည်များ၊ စားသုံးဆီလုပ်ငန်းရှင်များအသင်းနှင့် ကရင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်းပါဝင်ပြီး စားအုန်းဆီလက်လီဈေးကွက်အတွင်း ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းများဖြင့် ရောင်းချစေရေး၊ ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချခြင်းမပြုလုပ်စေရေးနှင့် စားအုန်းဆီများကို သက်သာသောဈေးနှုန်းဖြင့် စားသုံးသူပြည်သူများဝယ်ယူစားသုံးနိုင်ရေးရည်ရွယ်၍ ရန်ကုန်အထိုင်ရည်ညွန်းလက်ဈေးနှုန်းအပေါ် သယ်ယူခကုန်ကျစရိတ်များပေါင်း၍  ၂%အမြတ်ထက်မပိုသောဈေးနှုန်းဖြင့် စားသုံးသူပြည်သူများအား လူတစ်ဦးလျှင် ၁ပိဿာနှုန်းဖြင့် (၁၄-၈-၂၀၂၃)ရက်နေ့တွင် မဲဘောင်ဈေး၊ ဇွဲမာန်လွင်အခွန်လွတ်ဈေးနှင့် ရေပေါ်ဈေးတို့တွင် လည်းကောင်း၊ (၁၅-၈-၂၀၂၃)ရက်နေ့တွင် ပါးယိုကျေးရွာ၊ တောင်ကလေးကျေးရွာနှင့် သီရိဈေးတို့တွင်လည်းကောင်း၊ (၁၆-၈-၂၀၂၃)ရက်နေ့တွင် ဗုဒ္ဓဟူးအခွန်လွတ်ဈေး၊ မာန်အောင်ဈေးနှင့် အမှတ်(၂)ရပ်ကွက်တွင်လည်းကောင်း၊ (၁၇-၈-၂၀၂၃)ရက်နေ့တွင် ဝါဆိုဦးဈေး၊ အမှတ်(၅)ရပ်ကွက် အောင်နန်းနှင့် ထီလုံကျေးရွာတွင်လည်းကောင်း၊ (၁၈-၈-၂၀၂၃)ရက်နေ့တွင် စက်ပစ်ကွင်းလမ်း၊ ဝန်ထမ်းအိမ်ရာများနှင့် ကန်သာယာရပ်ကွက်များသို့သွားရောက်၍ ဈေးကားဖြင့် တစ်ရက်လျှင် ဈေးကား(၃)စီး၊ တစ်စီးလျှင် စားသုံးဆီပိဿာ (၅၅၀)၊ လူတစ်ဦးလျှင် (၁)ပိဿာနှုန်းစီဖြင့် စားသုံးသူပြည်သူများအား ရောင်းချခဲ့ပြီး စားသုံးသူပြည်သူများကလည်း စနစ်တကျတန်းစီ၍ ဝယ်ယူအားပေးခဲ့ကြကြောင်းသိရှိရပါသည်။

DOCA(ကရင်)

 

 

ကယားပြည်နယ်၊ ဈေးကွက်အတွင်း ဆက်လက်မြင့်တက်လာသော ချင်းဈေးနှုန်း

    ကယားပြည်နယ်တွင် ချင်းကို လွိုင်ကော်မြို့နယ်ရှိ ကုန်းသာကျေးရွာနှင့် ကယားပြည်နယ်၊ အနောက်ပိုင်းတွင်ရှိသော လွိုင်နန်းဖကျေးရွာ၊ ပန်ပက်ကျေးရွာ၊ လိုဘာခိုကျေးရွာ၊ ဒေါရောက်ခူ ကျေးရွာတို့တွင် ယခင်ကစိုက်ပျိုးလျက်ရှိပြီး ယခုအခါ ဒေသအခြေအနေအရ စိုက်ပျိုးနိုင်မှုမရှိဘဲ ရှမ်းပြည်နယ်ရှိ ပင်လောင်းမြို့နယ်၊ ဆီဆိုင်မြို့နယ်၊ ဆိုက်ခေါင်မြို့၊ ဖယ်ခုံမြို့နယ်တို့မှလည်း မှာယူတင်သွင်းရောင်းချလျက်ရှိပါသည်။

  ချင်းကို ဟင်းခတ်အမွှေးအကြိုင်အဖြစ် ရိုးရာအစားအစာများ၊ ဟင်းလျာများတွင် အသုံးများသဖြင့် ပြည်နယ်အတွင်းစားသုံးမှုများလာပါသည်။ ယခုဩဂုတ်လ၊ တတိယအပတ်တွင် ဈေးကွက်အတွင်း၌ ချင်းတစ်ပိဿာလျှင် (၅၈၀၀) ကျပ်မှ (၆၅၀၀) ကျပ်နှုန်းအထိရောင်းချလျက်ရှိပြီး ယခင်ဇူလိုင်လ၊ တတိယအပတ်တွင် ဈေးကွက်အတွင်း၌ ချင်းတစ်ပိဿာလျှင် (၅၅၀၀) ကျပ်မှ (၆၀၀၀)ကျပ်ခန့်သာအများဆုံးရှိခဲ့ရာ ယခုဩဂုတ်လ၊ တတိယအပတ်နှင့် ယခင်ဇူလိုင်လ၊ တတိယအပတ်ဈေးနှုန်းတို့ကိုနှိုင်းယှဉ်လျှင် ချင်းတစ်ပိဿာလျှင် (၃၀၀)ကျပ်မှ (၅၀၀)ကျပ်အထိဈေးနှုန်းမြှင့်တက်လာကြောင်း၊ ဈေးနှုန်းမြှင့်တက်လာရခြင်းမှာ  ချင်းစိုက်ဧကလျော့နည်းလာပြီး ချင်းအထွက်နှုန်းလျော့ကာ ဈေးကွက်အတွင်း ဝင်ရောက်လာခြင်းကြောင့်ဖြစ်သည်ဟု နောင်ယားဈေးအတွင်းရှိ ချင်းရောင်းချသူတစ်ဦးထံမှသိရပါသည်။

DOCA(ကယား)

ဆိပ်ဖြူကြက်သွန်နီ ဩဂုတ်လ(ဒုတိယပတ်) ဈေးနှုန်းဈေးကွက်နှင့် ကုန်စည်စီးဆင်းမှု

    ဆိပ်ဖြူမြို့ ကြက်သွန်နီဈေးကွက်သို့ ၂၀၂၃ခုနှစ်၊ ဩဂုတ်လ(၇)ရက် မှ (၁၄)ရက်ထိ (ဒုတိယ) ပတ်အတွင်း နေ့စဉ်ကုန်ချိန် ပိဿာ (၃)သောင်းခန့်၊ (၁)ပတ်အတွင်း စုစုပေါင်း ပိဿာ(၂)သိန်းခန့်၊ ကုန်စည်ဒိုင်တွင် ဝင်ရောက် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

      ယခု ဩဂုတ်လ(ဒုတိယ)ပတ်အတွင်း ကြက်သွန်နီ(၁)ပိဿာဈေးနှုန်းမှာ အမြင့်ဈေး ထိပ်စ (ရှယ်) ကျပ်(၂၂၅၀ မှ ၂၀၇၅)၊ အလတ်စ ကျပ်(၂၀၀၀ မှ ၁၈၀၀)၊ အနိမ့်ဈေး ကျပ်( ၁၇၅၀ မှ ၁၆၀၀) ဈေးနှုန်းအသီးသီးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ ယခင် တစ်ပတ်တွင် ကြက်သွန်နီ ထိပ်စ အမြင့် ဆုံးဈေးမှာ (၁)ပိဿာလျှင် ကျပ်(၂၁၀၀ မှ ၁၉၅၀)ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့၍ ယခု(၁)ပတ် တွင် ထိပ်စ(ရှယ်) (၁၅၀)ကျပ်၊ အလတ်စနှင့် အသေးစ (၁၀၀)ကျပ်ခန့် ဈေးနှုန်းမြင့်တက်၍ အရောင်းအဝယ် ဖြစ်ခဲ့ပါသည်။

     ဆိပ်ဖြူမြို့မှ ကြက်သွန်နီများကို ရန်ကုန်ဘုရင့် နောင်ပွဲရုံသို့ ကုန်ချိန်အများဆုံး စီးဆင်းလျက် ရှိပြီး ပြည်ပတင်ပို့မှုနည်းကြောင်း ကြက်သွန်နီ ဈေးကွက်မှ သိရှိရသည်။ ယခု ဩဂုတ်လ(ဒုတိယ) ပတ်အတွင်း ကြက်သွန်နီ စုစုပေါင်း ပျမ်းမျှပိဿာ (၃)သိန်းခန့်၊ (၁၀၀၀၀)အိတ်၊ တန်ချိန်(၄၉၀)ခန့် ကုန်စည်စီးဆင်းခဲ့ကြောင်း ဈေးကွက်မှ သိရှိရပါသည်။

      ဆိပ်ဖြူမြို့ ပတ္တမြားဈေးအတွင်းရှိ ဈေးတန်းများတွင် ကြက်သွန်နီ အရွယ်အစား အရည်အသွေးလိုက်၍ (၁)ပိဿာလျှင် လက်လီဈေး (၂၈၀၀ မှ ၂၂၀၀)ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရသည်။ 

DOCA(မကွေး)

 

 

 

အရောင်းသွက်တွက်ချေကိုက်သည့် ကံ့ကော်သပြေ

     စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်း ချင်းတွင်းမြစ်ရိုးအရှေ့ဖက်တွင်တည်ရှိသော ညောင်ဖြူပင်၊ သစ်ဆိမ့်၊ ထနောင်းတော၊ နဂါးတွင်းကျေးရွာများသည်  သပြေနှင့် ပန်းမာန်ဥယျာဉ် စိုက်ပျိုးခြင်းလုပ်ငန်းများကို အဓိကထားလုပ်ကိုင်ခြင်းဖြင့် ပုံမှန်ဝင်ငွေရရှိလျက်ရှိကြောင်း သိရသည်။          အဓိကထားစိုက်ပျိုးသော သပြေအမျိုးအစားများမှာ သပြေ(ရိုးရိုး)၊ ပတ္တမြားသပြေ၊ ကျောက်စိမ်းသပြေ၊ အာဆီယံသပြေနှင့် ကံ့ကော်သပြေများဖြစ်ပြီး သပြေပျိုးပင်များကို ပြင်ဦးလွင်မြို့နယ်မှမှာယူ စိုက်ပျိုးကြောင်း၊ စိုက်ပျိုးပြီး တစ်လ(၃)ကြိမ်ရေသွင်းပေးပြီး ပိုးသတ်ဆေး ဖျန်းပေးကာ နှစ်နှစ်သား အရွယ်ကစပြီး သပြေညွှန့်များကို ခူးဆွတ်ရောင်းချနိုင်ကြောင်း၊ ဈေးကွက်အနေဖြင့် သပြေအစည်း (အသေး) တစ်ထုံးလျှင် ၃၀၀၀ကျပ် နှင့် သပြေအစည်း(အကြီး) တစ်ထုံးလျှင် ၅၀၀၀ကျပ် နှုန်းဖြင့် မြို့ပေါ်ရှိပန်းဆိုင်များသို့ ပုံမှန်တင်ပို့ရောင်းချလျက်ရှိပြီး တစ်ဆင့်ပြန်လည်ရောင်းချကြသည့် လက်လီပန်းရောင်းသူများနှင့် ခြံအရောက်လာရောက် ဝယ်ယူမှုများရှိကြောင်း၊ သပြေတစ်ဧက စိုက်ပျိုးထားရှိလျှင် အနည်းဆုံး တစ်လဝင်ငွေ ကျပ်၇၀၀၀၀မှ ကျပ်၈၀၀၀၀ကြား ပုံမှန်ဝင်ငွေရရှိကာ တွက်ချေကိုက်ကြောင်း သိရသည်။

  “ကံ့ကော်သပြေက တခြားသပြေပန်းတွေထက် ရာသီဥတုဒဏ်ပိုခံတယ်၊ ပိုခိုင်တယ်၊ အနီရောင်သန်းပြီး ရွက်နုတွေက ကံ့ကော်ရွက်နဲ့ဆင်တူတယ်၊ ဈေးကွက်မှာ လူကြိုက်များပြီး အရောင်းသွက် တွက်ချေကိုက်တယ်” ဟု သပြေစိုက်ပျိုးတောင်တစ်ဦးထံမှ သိရသည်။

DOCA(စစ်ကိုင်း)

ဘားအံမြို့၊ မြို့မဈေးတွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော သစ်သီးဝလံဈေးနှုန်းများ

   ဘားအံမြို့၊ မြို့မဈေးတွင်ရောင်းချနေသော သစ်သီးဝလံများမှာ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ မန္တလေးမြို့၊ ရန်ကုန်မြို့နှင့် မြဝတီမြို့ရှိ သစ်သီးဝလံပွဲရုံများမှ အသီးသီးဝင်ရောက်လျက်ရှိကြောင်းသိရှိရပါသည်။

   ၂၀၂၃ခုနှစ်၊ ဩဂုတ်လ၊ စတုတ္ထအပတ်တွင်ဖြစ်ပေါ်လျက်ရှိသော သစ်သီးဝလံဈေးနှုန်းများမှာ နဂါးမောက်သီးတစ်လုံးလျှင် (၇၀၀)ကျပ်မှ (၁၀၀၀)ကျပ်အထိ၊ စပျစ်သီး(အလုံးကြီး) တစ်ပိဿာလျှင် ၂၂၀၀၀ကျပ်၊ ပန်းသီး(ရိုးရိုး) တစ်လုံးလျှင် (၁၀၀၀)ကျပ်မှ (၁၅၀၀)ကျပ်အထိ၊ ပန်းသီး(ယိုးဒယား) တစ်လုံးလျှင် (၂၀၀၀)ကျပ်၊ ပန်းသစ်တော်တစ်လုံးလျှင် (၂၈၀၀)ကျပ်၊ သရက်သီးတစ်လုံးလျှင် (၁၀၀၀)ကျပ်၊ မာလကာသီးတစ်လုံးလျှင် (၁၀၀၀)ကျပ်၊ ဆန်းကစ်သစ်တစ်လုံးလျှင် (၁၅၀၀)ကျပ်၊ ဖီးကြမ်းငှက်ပျောတစ်ဖီးလျှင် (၁၅၀၀)ကျပ်မှ (၂၀၀၀)ကျပ်အထိ၊ သီးမွှေးငှက်ပျောတစ်ဖီးလျှင် (၂၅၀၀)ကျပ်မှ ၃၀၀၀)ကျပ်အထိ၊ ဩဇာသီးတစ်လုံးလျှင် (၇၀၀) ကျပ်၊ ကြက်မောက်သီးတစ်ကီလိုလျှင် (၇၀၀၀) ကျပ်၊ ဖရဲသီးတစ်လုံးလျှင် (၃၀၀၀)ကျပ်မှ (၄၀၀၀)ကျပ်အထိ၊ နာနတ်သီး(ကြီး)တစ်လုံးလျှင် (၂၀၀၀) ကျပ်၊ နာနတ်သီး (သေး)တစ်လုံးလျှင် (၁၀၀၀)ကျပ်၊ ဒူးရင်းသီး (ကြီး) တစ်လုံးလျှင် (၁၀၀၀၀)ကျပ်၊ ဒူးရင်းသီး(သေး) တစ်လုံးလျှင် (၅၀၀၀)ကျပ်ဖြင့် အသီးသီးအရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ဘားအံမြို့၊ မြို့မဈေးတွင်ရောင်းချလျက်ရှိသော သစ်သီးဆိုင်များထံမှသိရှိရပါသည်။

DOCA(ကရင်)

ကန့်ဘလူမြို့၏ ဖူးစားပြောင်းဈေးနှုန်းဈေးကွက်အခြေအနေ

    ကန့်ဘလူမြို့ မြို့မစည်ပင်ဈေးတွင်လည်းကောင်း၊ ရပ်ကွက်အတွင်းလှည့်လည်ရောင်းချသည့် ဈေးသည်များတွင်လည်းကောင်း ပြောင်းဖူးများကို အစိမ်းနှင့် အပြုတ်ဟူ၍ ရောင်းချလျက်ရှိသည်။ ပြောင်းဖူးများကို ကန့်ဘလူဒေသတွင်းမှလည်းကောင်း၊ မန္တလေး၊ ရွှေဘိုနှင့် ခင်ဦးဒေသများမှလည်းကောင်း ဝင်ရောက်လျက်ရှိသည်။

   နေ့စဉ်ရောင်းချလျက်ရှိသော ပြောင်းဖူးအမျိုးအစားမှာ ထိုင်ဝမ်ပြောင်းဖူးအမျိုးအစားဖြစ်ပြီး ပြောင်းဖူးပြုတ်ကို လူကြီးလူငယ်မရွေး သရေစာအဖြစ်စားသုံးကြသလို အိမ်ရှင်မများကလည်း ပြောင်းဖူးအစိမ်းကို ဟင်းချက်ရာတွင်လည်း ထည့်သွင်းချက်ပြုတ်ကြသည်။ ပြောင်းဖူးသည် ကျန်းမာရေးကို အထောက်အကူပြုသည့် ပိုတက်ဆီယမ်၊ သံဓာတ်၊ မဂ္ဂနီဆီယမ်၊ ဇင့်၊ ဖော့ဖရပ်စ်၊ ဖောလစ် အက်ဆစ်၊ ဗီတာမင်C၊ ဗီတာမင်B12၊ ဗီတာမင်E၊ ဗီတာမင်Aနှင့် ဘီတာကယ်ရိုတင်းတို့ ပါဝင်သောကြောင့် စားသုံးသင့်သော အစားအစာဖြစ်ပါသည်။

    ယခုအခါ ပြောင်းဖူးများကို ကန့်ဘလူမြို့မစည်ပင်ဈေးတွင် လက်လီ၊ လက်ကားရောင်းချနေသည့် လုပ်ငန်းရှင်တစ်ဦး၏ ပြောပြချက်အရ ပြောင်းဖူးအစိမ်းအကြီး (၁)ဖူးလျှင် (၄၀၀)ကျပ်၊ အ သေး(၁)ဖူးလျှင် (၃၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း တစ်ဆင့်ဝယ်ယူပြီး ပြောင်းဖူးများကို ပြုတ်၍ ပြန်လည်ရောင်းချသူများသည် ပြောင်းဖူးပြုတ် အကြီး(၁)ဖူးလျှင် (၅၀၀)ကျပ်၊ အသေး (၁) ဖူးလျှင် (၄၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့၊ ချင်းတွင်းရတနာဈေးအတွင်း ရောင်းချနေသော အခြေခံစားကုန်ဈေးနှုန်းများ အခြေအနေ

     စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ရှိ ဈေးများတွင် ယခုရက်သတ္တပတ်အတွင်း ‌ရွှေဘိုပေါ်ဆန်း (တစ်အိတ်)လျှင် ၁၃၅၀၀၀ကျပ်၊  ဧရာမင်း(ဆန်)(တစ်အိတ်)လျှင် ၁၃၈၀၀၀၀ ကျပ်၊ ဧည့်မထဆန် (တစ်အိတ်)လျှင် ၉၅၀၀၀ မှ ၉၆၀၀၀ ကျပ်၊ ပဲဆီ(တစ်ပိဿာ)လျှင် ၁၃၄၅၀-၁၃၅၀၀ ကျပ်၊ နှမ်းဆီ (တစ်ပိဿာ)လျှင် ၁၃၅၀၀ ကျပ်၊ နေကြာဆီ(တစ်ပိဿာ)လျှင်၁၃၅၀၀ကျပ်၊ စားအုန်းဆီ (တစ်ပိဿာ) လျှင် ၉၈၀၀ မှ ၉၉၀၀ကျပ်၊ ဆား(တစ်ပိဿာ)လျှင် ၇၀၀ မှ ၈၀၀ ကျပ်၊ ငရုတ်ခြောက် (တစ်ပိဿာ) ၁၈၀၀၀ မှ ၁၉၀၀၀ ကျပ်၊ ကြက်သွန်နီ (တစ်ပိဿာ) ၂၂၀၀ မှ ၂၃၀၀ ကျပ်၊ ကြက်သွန်ဖြူ (ရှမ်းစ) (တစ်ပိဿာ) ၇၃၀၀ မှ ၇၅၀၀ ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်) (တစ်ပိဿာ) ၈၃၀၀ မှ ၈၅၀၀ ကျပ်၊ အာလူး(တစ်ပိဿာ) ၂၅၀၀ မှ၂၆၀၀ ကျပ်၊ မန်ကျည်းသီးမှည့် (တစ်ပိဿာ) လျှင် ၃၈၀၀ မှ ၄၀၀၀ ကျပ်၊ နနွင်းတက် (တစ်ပိဿာ) လျှင် ၅၈၀၀ မှ ၆၀၀၀ ကျပ်၊ ခရမ်းချဉ်သီး (တစ်ပိဿာ) ၂၂၀၀ကျပ်၊ ဂေါ်ဖီထုပ်(တစ်ထုပ်)၁၅၀၀ကျပ်၊ ပဲသီး(ပဲထောင့်ရှည်)(တစ်စီး) ၇၀၀ကျပ်၊ ကြက်သား (တစ်ပိဿာ) လျှင် ၁၀၀၀၀ မှ ၁၂၀၀၀ ကျပ်၊ ဝက်သား (တစ်ပိဿာ)လျှင် ၁၈၀၀၀ မှ ၂၀၀၀၀ ကျပ်၊ အမဲသား (တစ်ပိဿာ) လျှင်၁၆၀၀၀ မှ ၁၇၀၀၀ကျပ်၊ ဆိတ်သား(တစ်ပိဿာ)လျှင် ၂၄၀၀၀ မှ ၂၆၀၀၀ကျပ်၊ ငါးမြစ်ချင်း(တစ်ပိဿာ) လျှင် ၇၅၀၀ မှ ၈၀၀၀ကျပ်၊ ကြက်ဥ (၁)လုံးလျှင် ၂၆၀ ကျပ်၊ ဘဲဥ (၁)လုံးလျှင် ၄၀၀ ကျပ်၊ ဖရဲသီး (ကျောက်စိမ်း) (၁)လုံးလျှင် ၁၅၀၀ မှ ၂၀၀၀ ကျပ်၊ ဖရဲသီး (၂၁၁) (၁)လုံး လျှင် ၄၀၀၀ ကျပ်၊ သခွားမွှေး(၁)လုံးလျှင် ၁၅၀၀မှ ၂၀၀၀ ကျပ်အတွင်း အသီသီးဈေးရှိကြောင်း သိရသည်။

       ယခင်ပတ်နှင့် နှိုင်းယှဉ်ပါက အခြေခံစားကုန်ဖြစ်သော ဆန်နှင့် ဆီ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူဈေးနှုန်းများ အနည်းငယ် မြင့်တက်နေပါကြောင်း၊ ဈေးနှုန်းမြင့်တက်ရခြင်းမှာ ဆန်၊ ကြက်သွန်နီနှင့် မြေပဲဆီအနေဖြင့် တောင်သူလက်ကျန်နည်းပါးနေပြီး အဝယ်များနေခြင်း၊ ကြက် သွန်ဖြူ(ရှမ်းစ)၊ (ကြူကုတ်)နှင့် အာလူး ဈေးနှုန်းမြင့်တက်ရခြင်းမှာ စစ်ကိုင်းတိုင်းဒေသကြီးအနေဖြင့် ကြက်သွန်ဖြူ(ရှမ်းစ)၊ (ကြူကုတ်)နှင့် အာလူးသီးနှံများကို ဒေသတွင်းစိုက်ပျိုး ထုတ်လုပ်မှုမရှိဘဲ ရှမ်း(တောင်)မှ ဝယ်ယူရောင်းချရ၍ ဈေးနှုန်းအနည်းငယ် မြင့်တက်ရသော်လည်း ဈေးကွက်အတွင်း ပစ္စည်းပြတ်လပ်မှုမရှိကြောင်း၊ စားအုန်းဆီဈေးနှုန်းများ ရည်ညွှန်းဈေးပေါ်မူတည်၍ ဈေးနှုန်းအပြောင်းအလဲရှိပါကြောင်း ချင်းတွင်းရတနာဈေးရှိ လက်လီလက်ကား ရောင်းဝယ်ဖောက်ကား ရောင်းချနေသော ကုန်သည်များထံမှ သိရှိရသည်။ 

DOCA(စစ်ကိုင်း)

    

မုံရွာကုန်စည်ဒိုင်၏ ပဲမျိုးစုံ၊ အစေ့ထုတ်ပြောင်း၊ မြေပဲသီးနှံနှင့် နှမ်းမျိုးစုံတို့၏ ဈေးနှုန်း ပြောင်းလဲမှု အခြေအနေ

     မုံရွာကုန်စည်ဒိုင်တွင် ပဲအမျိုးအစားအလိုက် ဈေးနှုန်းများမှာ ယခင်နှစ် ကာလတူဈေးထက် ယခုနှစ် ပဲမျိုးစုံ၊ အစေ့ထုတ်ပြောင်းနှင့် နှမ်းမျိုးစုံဈေးနှုန်းများ ဈေးပိုကောင်းလျက်ရှိပါကြောင်း မုံရွာကုန်စည်ဒိုင် ဈေးနှုန်းသတင်းများအရ သိရသည်။

မတ်ပဲ

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဩဂုတ်လ၊ (တတိယ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၆၂၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဩဂုတ်လ၊ (တတိယ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၇၀၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်း လျှင် ကျပ် ရှစ်ထောင် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၁၀ မှ ၁၅ ခန့် အရောင်း အဝယ် ဖြစ်ကြောင်း သိရသည်။

ပဲစဉ်းငုံ

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဩဂုတ်လ၊ (တတိယ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၆၀၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဩဂုတ်လ၊ (တတိယ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၁၀၀၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်း လျှင် ကျပ် လေးသောင်း ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၁၀ မှ ၁၅ ခန့် အရောင်း အဝယ် ဖြစ်ကြောင်း သိရသည်။

ပဲတီစိမ်း

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဩဂုတ်လ၊ (တတိယ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၄၈၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဩဂုတ်လ၊ (တတိယ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၅၅၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်း လျှင် ကျပ် ခုနှစ်ထောင် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၁၀ မှ ၁၅ ခန့် အရောင်း အဝယ် ဖြစ်ကြောင်း သိရသည်။

ကုလားပဲ

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဩဂုတ်လ၊ (တတိယ)ပတ်တွင် ကုလားပဲဖြူလုံးကြီးတစ်တင်းလျှင် ကျပ် ၆၇၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဩဂုတ်လ၊ (တတိယ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၉၀၀၀၀၊ 929  တစ်တင်းလျှင် ကျပ် ၆၂၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဩဂုတ်လ၊ (တတိယ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၈၈၃၀၀၊ ထိုင်ဝမ် တစ်တင်းလျှင် ကျပ် ၆၀၅၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဩဂုတ်လ၊ (တတိယ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၈၈၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်နှစ်သောင်းကျော်မှ သုံးသောင်းခန့်အထိ ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၁၅ မှ ၂၀ ခန့် အရောင်းအဝယ် ဖြစ်ကြောင်း သိရသည်။

စွန်တာနီ/ပြာ

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဩဂုတ်လ၊ (တတိယ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၅၀၅၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဩဂုတ်လ၊ (တတိယ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၅၅၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်လေးထောင်ငါးရာ ပိုမိုခဲ့ပါသည်၊ တစ်ရက်လျှင် အိတ်ရေ ၅ မှ ၁၀ ခန့် အရောင်း အဝယ် ဖြစ်ကြောင်း သိရသည်

ထောပတ်ပဲ

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဩဂုတ်လ၊ (တတိယ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၅၀၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဩဂုတ်လ၊ (တတိယ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၁၀၅၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်းလျှင် ငါးသောင်းကျော် ပိုမိုခဲ့ပါသည်။ တစ်ရက်လျှင် အိတ်ရေ ၁၀ မှ ၁၅ ခန့် အရောင်းအဝယ် ဖြစ်ကြောင်း သိရသည်။

အစေ့ထုတ်ပြောင်း

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဩဂုတ်လ၊ (တတိယ)ပတ်တွင် ပြောင်းတစ်တင်းလျှင် ကျပ် ၁၅၅၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဩဂုတ်လ၊ (တတိယ)ပတ်တွင် ပြောင်း တစ်တင်းလျှင် ကျပ် ၂၀၅၀၀ ဖြင့် အရောင်း အဝယ် ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ် ငါးထောင် ပိုမိုခဲ့ပါသည်။ တစ်ရက်လျှင် အိတ်ရေ ၅ မှ ၁၀ ခန့်အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

မြေပဲဆံသီးနှံ

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဩဂုတ်လ၊ (တတိယ)ပတ်တွင် မြေပဲဆံနီ တစ်ပိဿာလျှင် ကျပ် ၆၇၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဩဂုတ်လ၊ (တတိယ)ပတ်တွင် တစ်ပိဿာလျှင် ကျပ် ၉၈၀၀၊ ယခင်နှစ် ဩဂုတ်လ၊ (ဒုတိယ)ပတ်တွင် မြေပဲဆံဖြူ တစ်ပိဿာလျှင် ကျပ် ၆၃၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဩဂုတ်လ၊ (တတိယ)ပတ်တွင် တစ်ပိဿာလျှင် ကျပ် ၈၀၀၀၊ တစ်ပိဿာလျှင် ကျပ် နှစ်ထောင်ခန့်မှ သုံးထောင်  ကျော်အထိ ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၁၀ မှ ၂၀ ခန့် အရောင်းအဝယ် ဖြစ်ကြောင်း သိရသည်။

နှမ်းမျိုးစုံသီးနှံ

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဩဂုတ်လ၊ (တတိယ)ပတ်တွင် နှမ်းနက် တစ်တင်းလျှင် ကျပ် ၈၄၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဩဂုတ်လ၊ (တတိယ)ပတ်တွင် တစ်တင်းလျှင် ကျပ် ၁၂၆၀၀၀၊ နှမ်းဖြူ တစ်တင်းလျှင် ကျပ် ၇၆၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဩဂုတ်လ၊ (တတိယ)ပတ်တွင် တစ်တင်းလျှင် ကျပ် ၁၃၀၀၀၀၊ နှမ်းညို တစ်တင်းလျှင် ကျပ် ၇၂၅၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဩဂုတ်လ၊ (တတိယ)ပတ်တွင် တစ်တင်းလျှင် ကျပ် ၁၀၅၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်သုံးသောင်းကျော်မှ လေးသောင်းကျော်အထိ ပိုမိုခဲ့ပါသည်။ တစ်ရက်လျှင် အိတ်ရေ ၁၀ မှ ၁၅ ခန့် အရောင်း အဝယ်ဖြစ် ကြောင်း မုံရွာကုန်စည်ဒိုင် ဈေးနှုန်းများစာရင်းအရ သိရပါသည်။

DOCA(စစ်ကိုင်း)

 

 

ဩဂုတ်လ တတိယပတ်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသည့် ပဲတီစိမ်းဈေး

    စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင် ဦးစီးမှူးရုံးအနေဖြင့် ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှုတင်း/တန်စာရင်း တို့ကို အပတ်စဉ်၊ လစဉ်တင်ပြလျက်ရာ ဩဂုတ်လ၊ တတိယပတ်အတွင်း အရောင်းအဝယ်ဖြစ်သည့် သီးနှံနှင့် ဈေးနှုန်းအခြေအနေများကို ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများနှင့် ဆက်သွယ် မေးမြန်းခဲ့ပါ သည်။ ပဲတီစိမ်းမှာ ဧပြီလ၊ တတိယပတ်မှစတင်၍ ရွှေဘိုဈေးကွက်သို့ စတင်ဝင်ရောက်ခဲ့ပြီး ဩဂုတ်လ၊ တတိယပတ်ထိ ဝင်ရောက်လျက်ရှိကြောင်း၊ ယခုအပတ်တွင်အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းမှာ ပဲတီစိမ်းတစ်တင်းလျှင်(၅၄၃၀ဝိ/-)ပေါက်ဈေးရှိပြီး အရောင်းအဝယ်ဖြစ်မှုမှာ (၃၀၀၀)တင်း/ (၉၈)တန် ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခင်နှစ်ကာလတူတွင် ပဲတီစိမ်းများ အရောင်းအဝယ်ဖြစ်ခြင်းမရှိကြောင်း၊ ကုန်သည်အများစုအနေဖြင့် ယခုအပတ်အတွင်း အရောင်းအဝယ်ဖြစ်သည့် ပဲတီစိမ်းများကို သိုလှောင်ထား သည်ကနည်းပါးပြီး ဆက်လက်တင်ပို့ရောင်းချကြကြောင်းနှင့် ဝင်ရောက်သမျှ အရောင်းအဝယ်ဖြစ်လျက်  ရှိကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း