ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ရာသီစာ သီးသီးများပြည်ဈေးကွက်တွင် အရောင်းအဝယ်ဖြစ်

     သီးသီးကို အသီးသေး၍ ချဉ်သောအမျိုး၊ အသီးကြီး၍ချိုသောအမျိုးဟူ၍ နှစ်မျိုးခွဲခြားနိုင်သည်။ အသီးမှည့်အတွင်းမှ အသားနှစ်ကို ထန်းလျက်၊ သကြားတို့နှင့်ရော၍ စားသုံးကြပါသည်။ သီးသီးကို အဖျော်ယမကာပြုလုပ်၍လည်းကောင်း၊ သီးသီးရေခဲချောင်းအဖြစ်လည်းကောင်း ရောင်းချကြပါသည်။ သီးသီးအနှစ်ကို သကြား (သို့) ပျားရည်ဖြင့် ရောလျက်သောက်လျှင် အဆိပ်ပြေ သည်ဟု ကြားသိရပါသည်။ သီးသီးကို ဒီအတိုင်းစားကြသလို ယိုထိုးပြီးလည်းစားကြပါသည်။ သီးသီးကို ယိုပဲထိုးစားစား၊ အနှစ်ကိုတိုက်ပြီး ဖျော်ရည်ပဲလုပ်သောက်သောက်၊ သီးသီးကို ငရုတ်သီး၊ ဆားတို့နှင့် နယ်ပြီးပဲစားစား အမျှင်ဓါတ်ကြွယ်ဝတဲ့အသီးဖြစ်တာကြောင့် အစာခြေစနစ်ကို ကျန်းမာစေပြီး ဝမ်းမှန်စေပါသည်။ သီးသီးက အရောင်းကျစေနိုင်သလို၊ အနာကျက်စေနိုင်တဲ့ အာနိသင်လည်းရှိကြောင်း၊ သီးသီးကို စားသုံးပေးလို့ရသလို အနာပေါ်ကို တိုက်ရိုက်အသုံးပြုပေးလို့ရကြောင်း သိရပါသည်။ သီးသီးကို ပြည်မြို့အနီးတဝိုက်ရှိ ကျေးရွာများမှ တစ်ပိုင်တစ်နိုင် စိုက်ပျိုးထားခြင်းမျိုး မဟုတ်ဘဲ အလေ့ကျ ပေါက်ရောက်သောအပင်မှ အသီးများကို ခူးဆွတ်၍ ပြည်မြို့စည်ပင်သာယာ ဈေးကြီးနှင့် အခြားဈေးများတွင် ရောင်းချကြောင်း သိရပါသည်။ သီးသီးရာသီပေါ်စတွင် အလုံးကြီး တစ်လုံးလျှင် ကျပ် ၃၀၀၊ အလုံးလတ်တစ်လုံးလျှင် ကျပ်၊ ၂၀၀ထိရှိပြီး ယခုလှိုင်လှိုင်ပေါ်ချိန်တွင် သီးသီး(၃)လုံးလျှင် ကျပ် ၅၀၀ ဖြင့် ရောင်းချနေပြီး အရောင်းအဝယ်ဖြစ်ကြောင်း သိရပါသည်။

DOCA(ပဲခူး)

 

 

သင်္ကန်းပရိက္ခရာဈေးကွက်မှာ ဝါဆိုသင်္ကန်းများ အရောင်းအဝယ်သွက်နေ

     ယခုကာလသည် လမြတ်ဝါဆို အချိန်သမယဖြစ်သည့်အလျောက် ကျွန်မတို့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးများအနေဖြင့် ဘုရားအမှူးရှိသော သံဃာတော်မြတ်များအား ဝါဆိုသင်္ကန်း ဆက်ကပ်  လှူဒါန်းမှု ပြုကြသည့် ကာလဒါန အလှူပြုကြချိန်ဖြစ်ပါသည်။ ဝါဆိုသင်္ကန်းကပ်လှူခြင်းဖြင့် “ဝါဆိုသင်္ကန်း၊ လှူဒါန်းသူမှာ သောတာပန်အလား မခြားတူစွာ၊  အပါယ်ဘေးက ကင်းဝေးလို့သာ  ကောင်းလေစွ၊ ဒါနအကျိုးမှာ။ ဝါဆိုသင်္ကန်း လှူဒါန်းသူမှာ ရုပ်ရည်လှပ ဖြစ်ရမှန်စွာ၊ ပုဆိုးဝတ်စား ပေါများလို့သာ နိဗ္ဗာနန်း စံမြန်းရပေမှာ” အဆိုပါ စာအတိုင်းရရှိသော အကျိုးများလှပါသည်။ သို့ပါ၍ အလှူရေစက် လက်နှင့်မကွာ လှူဒါန်းလိုကြသော ကျွန်မတို့ ဗုဒ္ဓဘာသာဝင်များအနေဖြင့် ဝါဆိုသင်္ကန်းများကို နှစ်စဉ်ဝါဆိုလမတိုင်မီကာလမှ စတင်ကာ ဆက်ကပ်လှူဒါန်းမှုများ ပြုကြသလို သီတင်းကျွတ်လပြည့်ကျော် (၁) ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့အထိ ကထိန်သင်္ကန်းများလည်း ဆက်ကပ်လှူဒါန်းကြပါသည်။သို့ပါ၍ ယခုကာလသည် ဝါတွင်းကာလ ဝါဆိုသင်္ကန်း ကပ်လှူသည့် အချိန်ဖြစ်သောကြောင့် မြတ်စွာဘုရားရှင်အား အာရုံပြု၍ မိမိနေအိမ်ရှိဘုရား ဆင်းတုတော်များအား ဝါဆိုသင်္ကန်းကပ်လှူမှုရှိကြသလို ဆရာတော်၊ သံဃာတော်များအားလည်း ဝါဆိုသင်္ကန်းများ ကပ်လှူမှုပြုကြသည့်အားလျော်စွာ ယခုကာလ သင်္ကန်းပရိက္ခရာဆိုင်များ အားလုံးလိုလိုတွင် ဝယ်ယူလှူဒါန်းလိုသူများ ကြိတ်ကြိတ်တိုး ဝယ်ယူနေကြသည်ကို တွေ့ရပါသည်။

          ဒါကြောင့် ပြည်မြို့ရှိ သင်္ကန်းပရိက္ခရာဆိုင်များတွင်လည်း ဝါဆိုသင်္ကန်း ဝယ်ယူလှူဒါန်း လိုသူများအနေဖြင့် သင်္ကန်းအပြင် ခြင်းများဖြင့်ပါ လှူဖွယ်အစုံထည့်၍ ရောင်းချမှုအပေါ် ဝယ်ယူသူများ များပြားလျက်ရှိကြပါသည်။ သင်္ကန်းဈေးနှုန်းများအနေဖြင့် အရည်အသွေးလိုက်၍ ဈေးကွာခြားမှုများရှိကြကာ တစ်စုံလျှင် ကျပ် ၂ သောင်းကျော်မှစ၍ သိန်းဂဏန်းကျော်အထိ ဈေးအမျိုးမျိုးဖြင့် ရောင်းဝယ်လျက်ရှိကြပါသည်။ စီဝိုင်စီ သင်္ကန်းတစ်စုံလျှင်  ၂၂၀၀၀ ကျပ်နှင့် အထက်၊ အင်ဒိုမာတင် သင်္ကန်းတစ်စုံလျှင်   ၂၅၀၀၀ ကျပ်နှင့်အထက်၊ ကိုရီးယားရိုင်ဖယ် အမျိုးအစား သင်္ကန်းတစ်စုံလျှင် ၂၈၀၀၀ ကျပ်နှင့်အထက်၊ ချည်ပေါင်းသား သင်္ကန်းတစ်စုံလျှင် ၃၀၀၀၀ ကျပ်နှင့်အထက်၊ ရိုင်ဖယ်မာတင် အမျိုးအစား သင်္ကန်းတစ်စုံလျှင် ၄၅၀၀၀ ကျပ်နှင် အထက်၊ ဂျပန်လီနင် အမျိုးအစား သင်္ကန်းတစ်စုံလျှင် ၅၅၀၀၀ ကျပ်နှင့်အထက်၊  ချည်သားစစ်စစ် ၁၀၀%  အမျိုးအစား သင်္ကန်းတစ်စုံလျှင် ၇၀၀၀၀ ကျပ်နှင့်အထက်၊ အမေရိကန် ချည်ပိုး/ဝါးပိုး အမျိုးအစား သင်္ကန်းတစ်စုံလျှင် ၁၅၀၀၀၀ ကျပ်နှင့်အထက်၊ ဝါးပိုးချည် သင်္ကန်းအမျိုးအစား သင်္ကန်းတစ်စုံလျှင် ၂၂၀၀၀၀ ကျပ်နှင့်အထက် စသည်ဖြင့် ပစ္စည်းအရည်အသွေး ပေါ်မူတည်၍ ဈေးနှုန်းများ ကွာခြားမှုရှိကြပါသည်။ လှူဒါန်းသူများအနေဖြင့်  မိမိတတ်နိုင်သည့်  ငွေပမာဏအပေါ် မူတည်၍  ဝယ်ယူမှုများရှိကြသည့်အတွက်  သင်္ကန်းအမျိုးအစား အစုံရောင်းချရကြောင်း သိရပါ သည်။ သင်္ကန်းအပြင် ဝါဆိုဖယောင်းတိုင်နှင့် အခြားလှူဖွယ်ပစ္စည်းများအား ခြင်းများဖြင့် ထည့်သွင်းထုတ်ပိုးရောင်းချမှုများလည်းရှိကြပါသည်။ အဆိုပါ ခြင်းများမှာ တစ်ခြင်းလျှင် ငွေကျပ်  ၂၉၀၀၀/ ၃၀၀၀၀ ကျပ်ကျော်မှစ၍ သိန်းဂဏန်းကျော်အထိ   သင်္ကန်းအမျိုးအစားနှင့် အခြားလှူဖွယ်ပစ္စည်းအမျိုးအစားပေါ်မူတည်၍ ဈေးနှုန်းကွားခြားမှုရှိကြကာ ဝယ်ယူလှူဒါန်းလိုသူများအနေဖြင့်  မိမိတတ်နိုင်သည့် ငွေပမာဏအလိုက် ဝယ်ယူကြသည့်အတွက် ပြည်မြို့ရှိ သင်္ကန်း ပရိက္ခရာဆိုင်များတွင် ယခုလအတွင်း ဝါဆိုသင်္ကန်းရော သင်္ကန်းခြင်းများပါ အရောင်းအဝယ်သွက်နေခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့ ညောင်ပင်ဈေးမှ ရာသီပေါ်ဟင်းသီးဟင်းရွက်များ

      တောင်ငူမြို့ ညောင်ပင်ဈေးဟုခေါ်သည့် ကုန်စိမ်းဈေးတွင် ဟင်းသီးဟင်းရွက်များ ရောင်းချလျက်ရှိရာ ဝါးနွယ်မျှစ်ပြုတ်များမှာ ပေါ်စတွင် တစ်ပိဿာလျှင် ၅၀၀၀ ကျပ်မှ ၆၀၀၀ ကျပ်အထိ ရှိသော်လည်း ယခုအခါတွင် တစ်ပိဿာလျှင် ၂၀၀၀ ကျပ်၊ ၁၀ ကျပ်သားယူလျှင် ၃၀၀ ကျပ်အထိ ဈေးကျဆင်းပါသည်။

         ပဲတောင့်ရှည်သီးမှာ ယခင်က ၇၅ တောင့်ပါ အစည်းတစ်စည်းလျှင် ၁၀၀၀ ကျပ်သာ ရှိခဲ့သော်လည်း ယခုအခါ ၇၅ တောင့်ပါ အစည်းတစ်စည်းလျှင် ၂၅၀၀ ကျပ်၊ ၁၅ တောင့်ပါ အစည်းတစ်စည်းလျှင် ၇၀၀ ကျပ်ဖြင့် ဈေးနှုန်းမြင့်တက်ပါသည်။

      ပဲလင်းမြွေသီး(ခေါ်)ဗုံလုံသီးမှာ တစ်တောင့်လျှင် ၁၀၀ ကျပ်၊ ၁၀ တောင့်စည်း တစ်စည်းလျှင် ၈၅၀ ကျပ်၊ ဂေါ်ရခါးသီးမှာ အလုံးကြီးလျှင် တစ်လုံး ၂၅၀ ကျပ်၊ ၁၀ လုံးယူလျှင် ၂၂၀၀ ကျပ်၊ အလုံးသေးလျှင် တစ်လုံး ၂၀၀ ကျပ်၊ ၁၀ လုံးယူလျှင် ၁၈၀၀ ကျပ် ရှိပါသည်။

       ရှမ်းပြည်နယ်မှ ဝင်ရောက်လာသော ပန်းပွင့်(ခေါ်)ပန်းဂေါ်ဖီမှာ အပွင့်သေး တစ်ပွင့်လျှင် ၅၀၀ ကျပ်မှ ၆၀၀ ကျပ်၊ အလတ် တစ်ပွင့်လျှင် ၇၅၀ ကျပ်မှ ၈၅၀ ကျပ်အထိနှင့် အပွင့်ကြီး တစ်ပွင့် လျှင် ၁၀၀၀ ကျပ်မှ ၁၂၀၀ ကျပ်အထိရှိကြောင်း တောင်ငူမြို့ ညောင်ပင်ဈေးရှိ ကုန်စိမ်းရောင်းချသူများထံမှ သိရပါသည်။

DOCA(ပဲခူး)

 

 

တောင်ငူမြို့နယ်တွင် မိုးနှမ်းများရိတ်သိမ်းနေပြီ

   ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်ရှိ အရှေ့ဆင်ကျေးရွာအုပ်စု၊ အနောက်ဆင်ကျေးရွာအုပ်စု၊ ကမ်းနီကျေးရွာအုပ်စု၊ ဒိုးအင်းကျေးရွာအုပ်စုများတွင် ဆီထွက်သီးနှံတစ်မျိုးဖြစ်သည့် မိုးနှမ်းများကို ရိတ်သိမ်းနေပြီဖြစ်ပါသည်။ သက်ဆိုင်ရာဌာနမှ ရရှိသော စာရင်းများအရ တောင်ငူမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း မိုးနှန်း ၃၇၈၉ ဧက စိုက်ပျိုးထားကြောင်း သိရပါသည်။

       တောင်ငူမြို့နယ်အတွင်း ဖြတ်သန်းစီးဆင်းသော စစ်တောင်းမြစ်ရေသည် ဩဂုတ်လ ၁၁ ရက်နေ့အထိ တောင်ငူမြို့၌ အမြင့်ဆုံးရေမှတ်မှာ ၃၉၀ စင်တီမီတာသာရှိသဖြင့် နှမ်းခင်းများပျက်စီး ခြင်းမရှိဘဲ စိုက်ဧကအားလုံး အောင်မြင်စွာ ရိတ်သိမ်းနိုင်ခဲ့ပြီးဖြစ်ပါသည်။ တောင်ငူမြို့၌ စစ်တောင်း မြစ်၏ စိုးရိမ်ရေမှတ်မှာ ၆၀၀ စင်တီမီတာ ဖြစ်ပါသည်။

     ကျေးရွာရှိ လုပ်သားများမှာ နှမ်းရိတ်၊ နှမ်းစည်းလိုက်ကြသဖြင့် ဝင်ငွေရရှိကြပါသည်။ တစ်ရက်လုပ်ခ ၇၀၀၀ ကျပ် ရရှိပါသည်။ ဝါးလုံးတန်းထားသည့်နေရာများတွင် ရိတ်ထားသည့်နှမ်းကို စည်း၍ ဝါးလုံန်းတန်းကိုမှီလျက် ထောင်ထားပြီး နေပူလှန်းရပါသည်။ (၇)ရက်မှ (၁၀)ရက်ခန့်အထိ နေလှန်းပြီးပါက မိုးကာခင်း၍ ခါချရပါသည်။ ယခုနှစ်တွင် မိုးနှမ်းကောင်းသည့် အကွက်များ၌ တစ်ဧက ၁၅ တင်းခန့် ထွက်ရှိနိုင်ကြောင်း သိရပါသည်။

     နှမ်းစိုက်ပျိုးစဉ်က မျိုးနှမ်းတစ်ပြည်လျှင် ၈၅၀၀ ကျပ် ဝယ်ယူရကြောင်း၊ ယခုနှမ်းပေါ်ချိန်တွင် နှမ်း တစ်တင်းလျှင် ၉၅၀၀၀ ကျပ် ဈေးပေါက်ကြောင်း၊ နှမ်းစိုက်တောင်သူများအနေဖြင့် စားသုံးဆီအတွက် ဖူလုံသလို ပိုလျှံသည်များကို ရောင်းချခြင်းအားဖြင့် ဝင်ငွေလည်းရရှိပါကြောင်း အနောက်ဆင်ကျေးရွာမှ နှမ်းစိုက်တောင်သူ ဦးတင်သန်း၏ ပြောကြားချက်အရ သိရပါသည်။

DOCA(ပဲခူး)

 

 

ဂန့်ဂေါမြို့မစည်ပင်သာယာဈေး၌ ဩဂုတ်လ(ဒုတိယပတ်)တွင်ရောင်းချလျက်ရှိသော အခြေခံစားသောက်ကုန်ဈေးနှုန်းများ

     ဂန့်ဂေါခရိုင်၊ မြို့မစည်ပင်သာယာဈေးတွင် အနီးအနားရှိ ကျေးရွာများဖြစ်သော ဇာဟော၊ စိုင်ဒူးရွာတို့မှ ဟင်းသီးဟင်းရွက်များနှင့် ပခုက္ကူ၊ မန္တလေးမြို့တို့မှ အသားငါးများအား ကုန်သည်များလာရောက်ရောင်းဝယ်ဖောက်ကားလျက်ရှိပါသည်။

    ၂၀၂၃ခုနှစ်၊ ဩဂုတ်လ (ဒုတိယပတ်) တွင် ဂန့်ဂေါမြို့၊ မြို့မစည်ပင်သာယာဈေး၌ရောင်းချနေသော အခြေခံစားကုန်များ၏လက်လီဈေးနှုန်းများမှာ ကနန်ဧရာဆန်တစ်အိတ်လျှင် (၁၁၅၀၀၀)ကျပ်၊ ပေါ်ဆန်းရှယ်တစ်အိတ်လျှင် (၁၃၅၀၀၀)ကျပ်၊ ဝန်ကြီးဧရာမင်းတစ်အိတ်လျှင် (၁၃၀၀၀၀)ကျပ်၊ ဆင်းသုခတစ်အိတ်လျှင် (၉၀၀၀၀)ကျပ်၊ ဆီဈေးနှုန်းများမှာ ပဲဆီ(၁)ပိဿာလျှင် (၁၅၀၀၀)ကျပ်၊ နှမ်းဆီ(၁)ပိဿာလျှင် (၁၅၀၀၀)ကျပ်၊ စားအုန်းဆီ(၁)ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ နေကြာဆီ(၁)ပိဿာလျှင် (၁၄၀၀၀)ကျပ်၊ စားဖိုဆောင်သုံးသီးနှံများမှာ ကြက်ဥ(၁၀)လုံးလျှင် (၃၂၀၀)ကျပ်၊ ငရုတ်သီးခြောက် (၁)ပိဿာလျှင် (၂၀၀၀၀)ကျပ်၊ ကြက်သွန်နီ (၁)ပိဿာလျှင် (၂၈၀၀) ကျပ်၊ ကြက်သွန်ဖြူ(ရှမ်းစ) (၁)ပိဿာလျှင် (၈၀၀၀)ကျပ်၊ ချင်းတက် (၁)ပိဿာလျှင် (၆၀၀၀) ကျပ်၊ ဆား(၁)ပိဿာလျှင် (၅၀၀)ကျပ်၊ မြေပဲဆံတစ်ပြည်လျှင် (၈၀၀၀)ကျပ်၊ ကုလားပဲခြမ်းတစ်ပြည်လျှင် (၈၀၀၀)ကျပ်၊ အာလူး(၁)ပိဿာလျှင် (၄၀၀၀)ကျပ်၊ သကြား(၁)ပိဿာလျှင် (၄၀၀၀)ကျပ်၊ ခရမ်းချဉ်သီး(၁)ပိဿာလျှင် (၂၈၀၀)ကျပ်၊ ကန်စွန်းရွက်တစ်စည်းလျှင် (၁၀၀)ကျပ်၊ အသားငါးဈေးနှုန်းများမှာ ကြက်သား(၁)ပိဿာလျှင် (၁၅၀၀၀)ကျပ်၊ ဝက်သား(၁)ပိဿာလျှင် (၂၀၀၀၀)ကျပ်၊ အမဲသား (၁)ပိဿာလျှင် (၁၅၀၀၀)ကျပ်၊ ငါးမုတ်(၁)ပိဿာလျှင် (၇၀၀၀)ကျပ်၊ ငါးကြင်း(၁)ပိဿာလျှင် (၁၆၀၀၀)ကျပ်တို့ဖြစ်ကြောင်း မြို့မစည်ပင်ဈေးရှိ ဈေးသည်များထံမှသိရှိရပါသည်။

DOCA(မကွေး)

သာယာဝတီခရိုင် နွေစပါးရိတ်သိမ်းပြီးစီးမှုနှင့် မိုးစပါးစိုက်ပျိုးပြီးစီးမှု

    သာယာဝတီခရိုင်အတွင်းရှိ မြို့နယ်များတွင် ယခုအခါတွင် နွေစပါးများအားလုံး ရိတ်သိမ်း  ပြီးစီးခဲ့ရာ သာယာဝတီမြို့နယ် စိုက်/ရိတ်ဧက (၄၄၉၈၆)၊ လက်ပံတန်းမြို့နယ် စိုက်/ရိတ်ဧက (၁၂၈ ၇၃) ၊ မင်းလှမြို့နယ် စိုက်/ရိတ်ဧက (၁၀၉၆၄)၊ မိုးညိုမြို့နယ် စိုက်/ရိတ်ဧက (၁၉၇)၊ အုတ်ဖို မြို့နယ် စိုက်/ရိတ် ဧက (၉၉၉၆)၊ ကြို့ပင်ကောက်မြို့နယ် စိုက်/ရိတ် ဧက (၈၂၆၈)၊ စုစုပေါင်း စိုက်/ ရိတ်ဧက (၈၇၂၈၄) ကို ပျမ်းမျှ အထွက်တင်းနှုန်း (၉၅.၈၆) နှုန်းဖြင့်ထွက်ရှိခဲ့သဖြင့် ခရိုင်ချုပ်  အထွက်တင်း စုစုပေါင်း (၈၃၆၆၈၂၁ ) တင်းထွက်ရှိကြောင်း ခရိုင်မြေစာရင်းဌာနစာရင်းများအရ သိရှိရပါသည်။

    ၂၀၂၃-၂၀၂၄ ခုနှစ် ၊ သာယာဝတီခရိုင် ၊ မိုးစပါးစိုက်ပျိုးပြီးစီးမှု အနေဖြင့် ယခုအခါတွင် မိုးစပါးများ စိုက်ပျိုးပြီးစီးခဲ့ပြီး ဖြစ်ပါသည်။ သာယာဝတီမြို့နယ် စိုက်ဧက (၁၀၃၆၅၉)၊ လက်ပံတန်း မြို့နယ် စိုက်ဧက(၁၀၁၈၃၈)၊ မင်းလှမြို့နယ် စိုက်ဧက (၇၆၁၄၁)၊ မိုးညိုမြို့နယ် စိုက်ဧက (၄၈၈၆၀)၊ အုတ်ဖိုမြို့နယ် စိုက်ဧက (၁၀၀၃၇၄)၊ကြို့ပင်ကောက်မြို့နယ် စိုက်ဧက (၈၆၈၂၅)၊ ခရိုင်ချုပ် မိုးစပါး စိုက်ဧက စုစုပေါင်း (၅၁၇၆၉၇) စိုက်ပျိုးပြီးစီးခဲ့ပါသည်။ သာယာဝတီခရိုင် မိုးစပါးလျာထား စိုက်ဧက   (၅၁၇၅၁၀) ဧက လျာထားခဲ့သော်လည်း အမှန် စိုက်ဧက (၅၁၇၆၉၇) ဧက၊ ၁၀၀.၀၄% စိုက်ပျိုးနိုင်ခဲ့သဖြင့် လျာထားဧကအပေါ် (+) ၁၈၇ ဧကပို၍ စိုက်ပျိုးနိုင်ခဲ့ကြောင်း ခရိုင်မြေစာရင်း   ဌာနစာရင်းများအရ သိရှိရပါသည်။

DOCA(ပဲခူး)

ကြို့ပင်ကောက်မြို့တွင် ဆပ်ပြာထုတ်လုပ်ရန် ကုန်ကြမ်းများ ထုတ်လုပ်လျက်ရှိ

        ပဲခူးတိုင်းဒေသကြီး ၊ သာယာဝတီခရိုင် ၊ ကြို့ပင်ကောက်မြို့နယ်၊ နွယ်ခွေရပ်ကွက်  မြရတနာလမ်းရှိ လုပ်ငန်းရှင် ဦးဆန်းထူး၏ ဆပ်ပြာကုန်ကြမ်းလုပ်ငန်း ထုတ်လုပ်မှု့အား စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံဒေါ်ရီရီရှိန်နှင့် ဝန်ထမ်းတို့သည် ၁၄.၈.၂၀၂၃ရက်နေ့တွင် ဆပ်ပြာ ကုန်ကြမ်း ထုတ်လုပ်ရာ အလုပ်ရုံသို့ သွားရောက်လေ့လာခဲ့ပါသည်။

       လုပ်ငန်းရှင် ဦးဆန်းထူးသည် ဆပ်ပြာကုန်ကြမ်းလုပ်ငန်းကို (၁၅)နှစ်ခန့် လုပ်ကိုင်ခဲ့ရာ မိသားစု အိမ်ထောင်စု(၄)စုကို အလုပ်ရုံတွင်ထားရှိပြီး လုပ်ကိုင်လျက်ရှိပါသည်။ ဆပ်ပြာကုန်ကြမ်း ထုတ်လုပ်ရာတွင် အလုပ်ရုံ(၃)ရုံ၌ ဖို(၁၅)ဖိုဖြင့် လုပ်ငန်းကောင်းလျှင် ကောင်းသလို လည်ပတ်လျက်ရှိကြောင်း သိရှိရပါသည်။ ဆပ်ပြာကုန်ကြမ်းထုတ်လုပ်ရာတွင် ဆန်စက်မှ ထွက်ရှိလာသော စပါးခွံကို အဓိကထားပြီး အသုံးပြုရပါသည်။

      ထုတ်လုပ်ပုံအဆင့်ဆင့်မှာ စပါးခွံများကို ဖွဲမီးဖိုများဖြင့် အသုံးပြု၍ ထွက်လာသော ဖွဲပြာများကို ကော့စရစ်ဆိုဒါ( coustic soda) လို့ခေါ်တဲ့အမှုန့် (25kg) အိတ်ကို ပေပါတစ်လုံးထဲတွင်ရေနှင့် ကော့စရစ်ဆိုဒါထည့်ဖျော်ထားပြီး ခွက်ချဉ်ဖြင့်ထည့်၍ ပေါင်းခံရပါသည်။ ထွက်လာသောအရည်  ကြည်ကို ဂျပ်ခုတ်စောင်ဖြင့် စစ်ယူ၍ ကန်တော့ပုံသဏ္ဍန်ပုံစံခွက်ဖြင့်ပြုလုပ်ကာ ပေါင်းရေကို  ထည့်ပြီး အရည်ကြည်ရအောင်စစ်ရပါသည်။

      ထွက်လာသောအရည်ကြည်ကို သံပေပါထဲသို့ ထည့်ပြီး မီးဖိုပေါ်တွင် (၁) နာရီခွဲ (၂) နာရီ ကြာ ပျစ်လာသည်အထိကျိုပြီး       အရည်ပျစ်လာလျှင်  ဆပ်ပြာကုန်ကြမ်းကို ရရှိပါသည်။    ၎င်းကို အအေးခံပြီး (၁၇၀) ပိဿာ၊ (၁၈၀) ပိဿာ ဆန့်သောပေပါ ပုံးထဲသို့ ထည့်ရပါသည်။ ဆပ်ပြာ ကုန်ကြမ်းကို ရန်ကုန်၊ မြောင်းတကာ ဆပ်ပြာစက်ရုံများသို့ ပေပါ (၃၀) ဆန့် ကားတစ်စီးဖြင့် တင်ပို့ရပြီး ပေပါ တစ်လုံးလျှင် သယ်ယူခအပါ (၈၀၀၀၀)ကျပ်ရရှိပါသည်။ ဆပ်ပြာကုန်ကြမ်း တစ်ဖိုလျှင် (၅) ပေပါ  ထွက်ရှိပြီး စပါးခွံအနေဖြင့် (၆)ဘီးကားတစ်စီးကို ကော့စတစ်(25kg)အိတ် (၄) အိတ်ခန့်ကုန်ကျပါသည်။ ဆပ်ပြာကုန်ကြမ်းအရည်များကို လူသုံးကုန်ပစ္စည်းဖြစ်သော ဆပ်ပြာခဲ(ဥပမာ) ရွှေဝါ ဆပ်ပြာခဲများ ပြုလုပ်ရာတွင် အသုံးပြုကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပခုက္ကူမြို့ပေါ်ရှိ ဩဂုတ်လ(ပထမပတ်)တွင်ဖြစ်ပေါ်နေသော စားသုံးဆီဈေးကွက်အခြေအနေ

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့ပေါ်၌ ၂၀၂၃ခုနှစ်၊ ဩဂုတ်လ (ပထမပတ်) တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော စားသုံးဆီဈေးနှုန်းများမှာ ပဲဆုံဆီလက်ကား (၁)ပိဿာလျှင် (၁၄၅၀၀)ကျပ်၊ လက်လီ(၁)ပိဿာလျှင် (၁၅၀၀၀)ကျပ်၊ နှမ်းဆီလက်ကား(၁)ပိဿာလျှင် (၁၀၀၀၀) ကျပ်၊ လက်လီ (၁)ပိဿာလျှင် (၁၁၀၀၀)ကျပ်၊ နှမ်းရောဆီလက်ကား(၁)ပိဿာလျှင် (၉၀၀၀)ကျပ်၊ လက်လီ(၁)ပိဿာလျှင် (၉၆၀၀)ကျပ်၊ စားအုန်းဆီလက်ကား(၁)ပိဿာလျှင် (၈၀၀၀)ကျပ်၊ လက်လီ (၁)ပိဿာလျှင် (၈၄၀၀)ကျပ်၊ နေကြာဆီလက်ကား(၁)ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ လက်လီ(၁) ပိဿာလျှင် (၁၂၅၀၀)ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

     ယခင်ဇူလိုင်လ(စတုတ္ထပတ်)ဈေးနှုန်းနှင့်နှိုင်းယှဉ်ရမည်ဆိုလျှင် ယခုဩဂုတ်လ(ပထမပတ်) တွင် အခြားစားသုံးဆီဈေးနှုန်းများမှာ ဈေးငြိမ်လျက်ရှိပြီး စားအုန်းဆီမှာ အတက်ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ဝယ်ယူစားသုံးသူများထံမှသိရှိရပါသည်။

    ပခုက္ကူမြို့ရှိ စားသုံးသူများသည် မြေပဲဆီကိုသာအဓိကစားသုံးမှုများပြီး လုပ်ငန်းရှင်များကလည်း မြေပဲဆံ၊ မြေပဲဆီများကို ထုတ်လုပ်ရောင်းဝယ်ဖောက်ကားလျက်ရှိပြီး မြန်မာနိုင်ငံနေရာဒေသအနှံ့အပြားသို့ မြေပဲဆီများကို ထုတ်လုပ်တင်ပို့ရောင်းချဖြန့်ဖြူးလျက်ရှိကြောင်းသိရှိရသည်။

DOCA(မကွေး)

 

ညောင်လေးပင်မြို့မဈေးရှိ ကြက်သွန်ဖြူဈေးနှုန်း တည်ငြိမ်မှုမရှိ

           ကြက်သွန်ဖြူသည် ဟင်းခက်အမွှေးအကြိုင်များထဲတွင် မြန်မာလူမျိုးတို့ အသုံးများသော ဟင်းခတ် အမွှေးအကြိုင်တစ်ခုဖြစ်သည်။ ကြက်သွန်ဖြူကို အသား၊ ငါးများ  ဟင်းချက်ဆီသက်    ရာတွင်သာမက အသုပ်စုံများသုပ်ရာတွင်လည် ဆီကျက်အနေဖြင့် အများဆုံး အသုံးပြုကြပါသည်။

          ကြက်သွန်ဖြူသည်  ရှမ်းပြည်နယ်နှင့် မန္တလေးတိုင်းမှ ဝင်ရောက်၍  ညောင်လေးပင်မြို့မဈေးတွင်   ရောင်းချလျက်ရှိပြီး လက်ရှိဈေးကွက်အတွင်း ဖြစ်ပေါ်နေသော ဈေးနှုန်းများမှာ ဇူလိုင်လ တွင် ကြက်သွန်ဖြူ (ရှမ်း) တစ်ပိဿာလျှင် ၈၆၀၀ ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာလျှင် ၇၅၀၀ ကျပ်၊ ဩဂုတ်လတွင် ကြက်သွန်ဖြူ (ရှမ်း) တစ်ပိဿာလျှင် ၉၀၀၀ ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာလျှင် ၇၉၀၀ကျပ်ဖြင့်  ရောင်းချလျက်ရှိပြီး  ဇူလိုင်လနှင့် ဩဂုတ်လ နှိုင်းယှဉ်မည်ဆိုလျှင် ကြက်သွန် ဖြူ(ရှမ်း) တစ်ပိဿာလျှင် (၄၀၀) ကျပ်၊ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာလျှင် (၄၀၀)ကျပ် ဈေးနှုန်းအနည်းအငယ်မြင့်တက်လျက်ရှိကြောင်း ညောင်လေးပင်မြို့မဈေးတွင် ရောင်းချနေသော ဈေးသည်များထံမှ သိရှိရပါသည်။

DOCA(ပဲခူး)

ညောင်လေးပင်မြို့မဈေးရှိ ဟင်းသီးဟင်းရွက်ဈေးနှုန်းများ

     ယခုသြဂုတ်လ ဒုတိယပတ်တွင် ညောင်လေးပင် မြို့မဈေးရှိ ဟင်းသီးဟင်းရွက်များ၏ ဈေးနှုန်းများမှာ ငရုတ်သီးစိမ်းမှာ တစ်ပိဿာလျှင် ၂၄၀၀ ကျပ် မှ ၂၆၀၀ ကျပ်ထိရှိပြီး ငရုတ်သီးခြောက်မှာ တစ်ပိဿာ ၁၄၅၀၀ ကျပ် ၊ ငရုတ်ခြောက်အပုမှာ တစ်ပိဿာ ၂၂၀၀၀ ကျပ်ထိရှိပါသည်။

      ခရမ်းချဉ်သီး တစ်ပိဿာလျှင် ၁၆၀၀ ကျပ်မှ ၁၈၀၀ ကျပ် ၊ ပန်းဂေါ်ဖီ တစ်ပွင့်လျှင် ၁၀၀ ကျပ် ၊ ပြောင်းဖူးအကြီး  တစ်ဖူးလျှင် ၂၀၀ ကျပ်မှ ၃၅၀ ကျပ် ၊ ဂျင်း တစ်ပိသာလျှင် ၄၉၀၀ ကျပ်မှ ၅၀၀၀ကျပ်အထိရှိပြီး မန်ကျည်းမှည့် တစ်ပိဿာလျှင် ၃၀၀၀ ကျပ်မှ ၃၂၀၀ ကျပ် ၊ မုန်လာဥနီ တစ်ပိဿာလျှင် ၃၀၀၀ ကျပ်မှ ၅၀၀၀ ကျပ် ၊ ပဲတောင့်ရှည် တစ်စည်းမှာ ၂၅၀ ကျပ်မှ ၄၀၀ ကျပ်အထိ ရှိသည်ဟု သိရှိရပါသည်။

      ကန်စွန်းရွက် တစ်စည်းလျှင် ၁၀၀ ကျပ်မှ ၂၀၀ ကျပ် ၊ ချဉ်ပေါင်ရွက် တစ်စည်းလျှင် ၁၀၀ ကျပ် ၊ အာလူး တစ်ပိဿာလျှင် ၃၀၀၀ ကျပ်မှ ၃၂၀၀ ကျပ် ၊ အိုးမုန်ညှင်း တစ်စည်းလျှင် ၃၀၀ ကျပ်ရှိပြီး ၂စည်းယူလျှင် ၅၀၀ ကျပ်ထိရောင်းချနေကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း