ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ပြည်ဒေသ၏ ပေါ်ဦးပေါ်ဖျားဇီးသီးများ

       ယခု၂၀၂၃ခုနှစ်၊ဇူလိုင်လ တတိယပတ်တွင် ပြည်စည်ပင်သာဈေးကြီး၌ ရွှေဘုံသာ၊ ပန်းတောင်း၊ ဉသျှစ်ပင်မြို့တို့မှ တစ်ပိုင်တစ်နိုင်စိုက်ပျိုးထားတဲ့ ဇီးသီးခြံများမှ ဇီးသီးများဈေးကွက် စတင်ရောင်းချနေပြီဖြစ်ပါသည်။ ပေါ်ဦးပေါ်ဖျားဖြစ်သော ဇီးသီးများဈေးကောင်းရပြီး ဇီးသီးလှိုင်လှိုင်ပေါ်ချိန်တွင် သေတ္တာများဖြင့် ရန်ကုန်သို့တင်ပို့ကြသော်လည်း ယခုလို ပေါ်ဦးပေါ်ဖျားကာလများတွင် ပြည်မြို့စည်ပင်သာယာဈေးကြီးတွင် အရောင်းအဝယ်ရှိကြောင်း သိရပါသည်။ ရောင်းချသော ဇီးသီးဈေးနှုန်းများမှာ တစ်ပြည်လျှင် (၁၅၀၀)ကျပ်၊ နိုဆီဘူးတစ်ဘူးလျှင် (၂၀၀)ကျပ်၊ (၃)ဗူးလျှင် (၅၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရပါသည်။

DOCA(ပဲခူး)

တောင်ငူခရိုင် ဖြူးမြို့တွင် ဧည့်မထ(မိုး)ဆန်နှင့် မြေပဲဆီ ဈေးအနည်းငယ်ကျပြီး အခြေခံစားသောက်ကုန်အချို့ဈေးတက်

     တောင်ငူခရိုင်၊ ဖြူးမြို့တွင် ၂၀၂၃ခုနှစ်၊ဇွန်လကုန်ပိုင်းက ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင် ၁၁၀၀၀၀ ကျပ်ရှိရာမှ ယခုဇူလိုင်လတတိယအပတ်တွင် ၁၁၅၀၀၀ ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်တက်ပြီး ဧည့်မထ(မိုး)မှာ ဇွန်လကုန်ပိုင်းက တစ်အိတ်လျှင် ၇၂၀၀၀ ကျပ် ရှိရာမှ ယခုအပတ်တွင် တစ်အိတ်လျှင် ၇၀၀၀၀ ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ် ကျဆင်းပါသည်။

       မြေပဲဆီမှာ ဇွန်လကုန်ပိုင်းက တစ်ပိဿာလျှင် ၁၇၀၀၀ ကျပ်ရှိရာမှ ယခုဇူလိုင်လ တတိယအပတ်တွင် တစ်ပိဿာလျှင် ၁၅၀၀၀ ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်ပြန်လည်ကျဆင်းပြီး စားအုန်းဆီမှာ တစ်ပိဿာလျှင် ၈၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

          ကြက်သွန်နီမှာ အသေး၊ အလတ်ရော ၂၂၀၀ ကျပ်၊ အကြီး ၂၃၀၀ ကျပ်ဖြင့်  ဈေးနှုန်းတည်ငြိမ်နေပြီး ကြက်သွန်ဖြူမှာ ဇွန်လကုန်ပိုင်းက တစ်ပိဿာလျှင် အသေး ၇၀၀၀ ကျပ်၊ အလတ် ၈၀၀၀ ကျပ်၊ အကြီး ၉၀၀၀ ကျပ် ရှိရာမှ ယခု ဇူလိုင်လ တတိယအပတ်တွင် အကြီး ၉၅၀၀ ကျပ်အထိ ဈေးမြင့်တက်ပါသည်။

          ငရုတ်ခြောက် အရှည်မှာ ဇွန်လကုန်ပိုင်းက တစ်ပိဿာလျှင် ၁၆၀၀၀ ကျပ်မှ ၁၇၀၀၀ ကျပ်ရှိပြီး ယခုအပတ်တွင် တစ်ပိဿာလျှင် ၁၇၀၀၀ ကျပ်မှ ၁၇၅၀၀ ကျပ်အထိဖြင့် ဈေးနှုန်း အနည်းငယ်တက်ပြီး အာလူးမှာ တစ်ပိဿာလျှင် အသေး ၂၈၀၀ ကျပ်၊ အလတ် ၃၀၀၀ ကျပ်နှင့် အကြီး ၃၂၀၀ ကျပ်အထိဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

        ကုလားပဲခြမ်းမှာ ဇွန်လကုန်ပိုင်းက တစ်ပိဿာလျှင် ၆၂၀၀ ကျပ်မှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၆၃၀၀ ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်မြင့်တက်ခဲ့ပြီး ကုလားပဲလုံးမှာ ဇွန်လကုန်ပိုင်းက တစ်ပိဿာလျှင် ၅၂၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၅၀၀၀ ကျပ်ဖြင့် ဈေးနှုန်း အနည်းငယ်ကျဆင်းပါသည်။

         မြေပဲဆံ(အဖြူ)မှာ ဇွန်လကုန်ပိုင်းက တစ်ပိဿာလျှင် ၈၀၀၀ ကျပ်မှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၇၅၀၀ ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်ကျဆင်းပြီး မြေပဲဆံ(အနီ)မှာ ဇွန်လကုန်ပိုင်း က တစ်ပိဿာလျှင် ၈၈၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၉၂၀၀ ကျပ်ဖြင့် ဈေးနှုန်း အနည်းငယ်တက်ကြောင်း သိရပါသည်။

DOCA(ပဲခူး)

 

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း

   တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြအပ်ပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း

   တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ပြုစု တင်ပြအပ်ပါသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၂၀.၇.၂၀၂၃ )

    ၂၀.၇.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

ဖြူးမြို့နယ်၏ နဂါးမောက်သီးဈေးကွက်

    ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုး ဒေသမှထွက်သော နဂါးမောက်သီးများအား တစ်ဆင့်ပြန်လည်ရောင်းချလျက်ရှိရာ နှစ်စဉ် ဇွန်လ နောက်ပိုင်းမှစ၍ ရောင်းအားကောင်းလျက်ရှိပါသည်။

       နဂါးမောက်သီးတွင် အနီရောင်နှင့် အဖြူရောင်နှစ်မျိုးရှိပြီး ဆေးဖက်ဝင်အသီးတစ်မျိုးဖြစ်၍ လူတို့အတွက် အာဟာရများစွာပေးစွမ်းပါသည်။ ဖြူးမြို့ရှိ သစ်သီးအရောင်းဆိုင်များမှ နဂါးမောက်သီးများကို အလုံးအသေး အကြီးပေါ်မူတည်၍ တစ်လုံးလျှင် ၅၀၀ ကျပ်မှ ၁၂၀၀ ကျပ်အထိ ရောင်းချပါသည်။

     ဖြူးမြို့တွင် လားရှိုးဒေသမှထွက်သော နဂါးမောက်သီးများအပြင် မိုးနှောင်းမှပေါ်သည့် မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းဒေသမှထွက်သော နဂါးမောက်သီးများကိုလည်း နှစ်စဉ် ရောင်းချပါသည်။

  ယခင်နှစ်ကဈေးနှုန်းများအရ လားရှိုးသီးနှင့် ကျောက်ပန်းတောင်းသီးတို့မှာ ဈေးနှုန်းတူသော်လည်း ကျောက်ပန်းတောင်းသီးက အချိုပိုလေးပါသည်။ ယခုနှစ်တွင် နဂါးမောက်သီးများ ရောင်းအားကောင်းကြောင်း သိရပါသည်။

DOCA(ပဲခူး)

 

တောင်ငူမြို့တွင် စားအုန်းဆီဈေးပြန်ကျပြီး ငရုတ်သီးခြောက်(ပု)နှင့် မြေပဲဆံဈေးတက်

     တောင်ငူမြို့တွင် အခြေခံစားသောက်ကုန်များဖြစ်သော မြေပဲဆီမှာ  တစ်ပိဿာလျှင် ၁၅၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး စားအုန်းဆီမှာ  ယခင်အပတ်က တစ်ပိဿာလျှင် ၈၀၀၀ ကျပ်မှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၇၀၀၀ ကျပ်ဖြင့် ဈေးနှုန်းကျဆင်းပါသည်။

       ကြက်သွန်နီမှာ တစ်ပိဿာလျှင် အသေး၊ အလတ်ရော ၂၂၀၀ ကျပ်၊ အကြီး ၂၅၀၀ ကျပ်နှင့် တရုတ်ကြက်သွန်နီ ၂၅၀၀ ကျပ်၊ ကြက်သွန်ဖြူမှာ တစ်ပိဿာလျှင် အသေး ၇၀၀၀ ကျပ်၊ အလတ် ၇၅၀၀ ကျပ်၊ အကြီး ၈၀၀၀ ကျပ်နှင့် တရုတ်ကြက်သွန်ဖြူ ၈၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး အာလူးမှာ ယခင်အပတ်က တစ်ပိဿာလျှင် အသေး ၂၉၀၀ ကျပ်၊ အလတ် ၃၂၀၀ ကျပ်၊ အကြီး ၃၄၀၀ ကျပ်၊ တရုတ်အာလူး ၃၄၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် အာလူး တစ်ပိဿာလျှင် အသေး ၂၈၀၀ ကျပ်၊ အလတ် ၃၀၀၀ ကျပ်၊ အကြီး ၃၂၀၀ ကျပ်နှင့် တရုတ်အာလူး ၃၂၀၀ ကျပ်ဖြင့် ဈေးနှုန်း အနည်းငယ်ကျဆင်းပါသည်။

      ငရုတ်သီးခြောက် အပုမှာ ယခင်အပတ်က တစ်ပိဿာလျှင် ၁၈၀၀၀ ကျပ်မှ ၂၀၀၀၀ ကျပ် အထိရှိရာမှ ယခုအပတ်တွင် တစ်ပိသာလျှင် ၂၂၀၀၀ ကျပ်၊ ငရုပ်သီးခြောက် အရှည်မှာ တစ်ပိဿာ လျှင် ၁၃၀၀၀ ကျပ်မှ ၁၅၀၀၀ ကျပ်အထိ ရှိရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၁၆၀၀၀ ကျပ်အထိ ဈေးနှုန်းအနည်းငယ်မြင့်တက်ပြီး ငရုတ်သီးခြောက် အပွမှာ တစ်ပိဿာလျှင် ၂၅၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည် ငြိမ်နေပါသည်။

   မြေပဲဆံ(အနီ)မှာ ယခင်အပတ်က တစ်ပိဿာလျှင် ၈၅၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၉၂၀၀ ကျပ်ဖြင့်ဈေးနှုန်း အနည်းငယ်မြင့်တက်ပြီး မြေပဲဆံ(အဖြူ)မှာ တစ်ပိဿာလျှင် ၇၅၀၀ ကျပ်၊ ကုလားပဲခြမ်းမှာ တစ်ပိဿာလျှင် ၆၂၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေကြောင်းနှင့် အရောင်းအဝယ်မှာ ပုံမှန်အတိုင်းရှိကြောင်း သိရပါသည်။

DOCA(ပဲခူး)

 

တောင်ငူမြို့တွင် ဆန်ဈေးတည်ငြိမ်ပြီး မိုးစပါးဈေးအနည်းငယ်တက်

     တောင်ငူမြို့တွင် ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင် ၁၁၀၀၀၀ ကျပ်၊ ဖျာပုံပေါ်ဆန်း တစ်အိတ်လျှင် ၁၀၃၀၀၀ ကျပ်၊ ဒေသပေါ်ဆန်း တစ်အိတ်လျှင် ၉၈၀၀၀ ကျပ်၊ ဧည့်မထ(မိုး) တစ်အိတ်လျှင် ၇၄၀၀၀ ကျပ်၊ ဧည့်မထ(နွေ) တစ်အိတ်လျှင် ၅၈၀၀၀ ကျပ်ဖြင့် ဈေးနှုန်း တည်ငြိမ်နေပါသည်။

  မိုးစပါးမှာ ယခင်အပတ်က တင်း ၁၀၀ လျှင် ၂၀၀၀၀၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် တင်း ၁၀၀ လျှင် ၂၁၀၀၀၀၀ ကျပ်ဖြင့် ဈေးအနည်းငယ်တက်သွားပြီး နွေစပါးမှာ တင်း ၁၀၀ လျှင် ၁၅၀၀၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

 ဆန်ကွဲကြီး တစ်အိတ်လျှင် ၄၂၀၀၀ ကျပ်၊ ဆန်ကွဲသေး တစ်အိတ်လျှင် ၃၇၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး ဖွဲနုတစ်အိတ်လျှင် ယခင်အပတ်က ၂၇၀၀၀ ကျပ်မှ ယခုအပတ်တွင် ၂၈၀၀၀ ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်တက်ပါသည်။

    မတ်ပဲ(၃၀ ပိဿာအိတ်) တစ်အိတ်လျှင် ယခင်အပတ်က ၁၁၈၀၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် တစ်အိတ်လျှင် ၁၁၇၅၀၀ ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်ကျဆင်းပြီး ပဲလွန်းဖြူ(၃၀ ပိဿာအိတ်) တစ်အိတ်လျှင် ၇၀၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။ ပဲတီစိမ်းမှာ ယခုအပတ်တွင်လည်း အရောင်းအဝယ်မရှိကြောင်း သိရပါသည်။

DOCA(ပဲခူး)

 

 

ပဲခူးရိုးမတောင်ပေါ်မှ ဒေသအစားအစာမျှစ်များ ဖြူးမြို့တွင် ရောင်းအားကောင်း

    ယခုလို မိုးရာသီအချိန်တွင် ပဲခူးရိုးမတောင်ပေါ်ရှိ ဝါးတောများ၌ မျှစ်အဆုံတိုလေးများ၊ မျှစ်နုများ များစွာထွက်ရှိပါသည်။ ပဲခူးရိုးမဒေသ အနီးတဝိုက်မှ ရွာသူရွာသားများသည် ရိုးမကို အမှီပြု၍ မျှစ်ချိုးမျှစ်တူး၍ အလုပ်ဖြစ်နေကြပါသည်။

      မျှစ်တူးရာတွင် ဝါးတောများ၌ ဘေးကင်းစွာကြည့်ရှု၍ တူးယူကြရပါသည်။ တူးယူရရှိ သော မျှစ်အဆုံတိုလေးများကို အိုးများဖြင့် တစ်ခါပြုတ်ပြီးတစ်မျိုး၊ အစိမ်းလိုက်တစ်မျိုးဖြင့် ရောင်း ချကြပါသည်။

      မျှစ်အဆုံတိုလေးများကို တစ်ပိဿာလျှင် ၂၀၀၀ ကျပ်၊ ခြစ်ပြီးသား တစ်ပိဿာလျှင် ၃၀၀၀ ကျပ်ဖြင့် ဖြူးမြို့၊ စည်ပင်သာယာဈေးကြီးသို့ လာရောက်ရောင်းချကြပါသည်။ ယခင်နှစ်က မျှစ်တစ်ပိဿာလျှင် ၁၀၀၀ ကျပ်မှ ၁၅၀၀ ကျပ်အထိသာရှိပါသည်။

      ယခင်နှစ်က မျှစ်ချိုးသူများပြီး ယခုနှစ်တွင် မျှစ်ချိုးသူနည်းပါးကြောင်း သိရပါသည်။ မျှစ်မှာ မိုးရာသီတွင်သာ ထွက်ရှိသောဒေသအစားအစာတစ်မျိုးဖြစ်၍ ရောင်းအားကောင်းကြောင်း သိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့မှ အသားတိုးကြက်မွေးမြူရေးလုပ်ငန်း

    တောင်ငူမြို့နယ်၊ ကျွန်းကုန်းကျေးရွာအုပ်စု၊ ဇရပ်ကြီးကုန်းကျေးရွာမှ ဦးထွန်းနောင်၏ အသားတိုးကြက်‌မွေးမြူရေးလုပ်ငန်းသည် အတော်အသင့်အောင်မြင်နေသည့် လုပ်ငန်းတစ်ခုဖြစ်ပါ သည်။ လက်ရှိတွင် အသားတိုးကြက် အကောင်ရေ ၁၃၀၀ ကောင်ကို‌ မွေးမြူထားပါသည်။

     အသားတိုးကြက်မွေးမြူရေးလုပ်ငန်းအတွက် ကြက်သားပေါက်နှင့် ကြက်စာများကို သင့်တင့်သောဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရန်အတွက် ကြက်သားပေါက်ထုတ်လုပ်သည့် ကုမ္ပဏီများနှင့် ကြက်စာထုတ်လုပ်သည့် ကုမ္ပဏီများကို ချိတ်ဆက်ဆောင်ရွက်ထားရပါသည်။

   ကြက်သားပေါက်တစ်ကောင်လျှင် ၁၀၀၀ ကျပ်နှုန်းဖြင့် ကုမ္ပဏီမှဝယ်ယူပြီးသည့် နေ့မှ စ၍ ရက် ၄၀ ပြည့်လျှင် ရောင်းတမ်းဝင်အသားတိုးကြက်တစ်ကောင်အဖြစ် ရောင်းချနိုင်ပါသည်။ ကြက်စာကို ကုမ္ပဏီမှ တစ်အိတ်လျှင် ၈၀၀၀၀ ကျပ်ဖြင့် ရောင်းချပေးပါသည်။ အသားတိုးကြက် တစ်ပိဿာလျှင် ၆၅၀၀ ကျပ်မှ ၇၀၀၀ ကျပ်အထိ ရောင်းချရပါသည်။

     ရက် ၄၀ ပြည့်၍ မွေးမြူထားသောကြက်များရောင်းပြီးသည့်အခါ အဆောက်အဦ၊ မီတာခ၊ အစာဖိုး၊ ဆေးဖိုးနှင့် အထွေထွေကုန်ကျစရိတ်ကိုနုတ်လျှင် ကျပ် ၁၀ သိန်းခန့် အမြတ်ကျန်ပါသည်။ တစ်ကြိမ်ရောင်းပြီး နောက်တစ်ကြိမ်ပြန်မွေးရန်အတွက် ရောဂါကင်းစင်စေရန် သန့်ရှင်းရေးပြုလုပ်ပြီး ၁၀ ရက်ခန့် နားထားရကြောင်း မွေးမြူရေးလုပ်ငန်းရှင် ဦးထွန်းနောင်၏ ပြောပြချက်အရ သိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း