ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကျွန်းလှမြို့၌ ရောင်းချလျက်ရှိသော မုန့်ပြားသလက် နှင့် မုန့်လင်မယား ဈေးနှုန်း

  ကျွန်းလှမြို့တွင် ရိုးရာအစားအစာဖြစ်သည့် မုန့်ပြားသလက် နှင့် မုန့်လင်မယားကို ပြုလုပ် ရောင်းချလျက်ရှိပါသည်။

၂၀၂၅ ခုနှစ်၊ ဇူလိုင်လနောက်ဆုံးပတ်တွင် ရောင်းချလျက်ရှိသော မုန့်ပြားသလက် အဖြူ ဈေးနှုန်းမှာ()ခုလျှင်(၂၀၀)ကျပ်၊ အနီ()ခုလျှင်(၃၀၀)ကျပ်နှင့်  ကြက် ဥမုန့်ပြား သလက်ဈေးနှုန်းမှာ ()ခုလျှင်(၈၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်လည်းကောင်း၊ မုန့်လင်မယား မုန့်()ခု လျှင်(၁၀၀)ကျပ်၊ ငွေကျပ်(၁၀၀၀)ဖိုးလျှင်(၁၁)ခု တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သတင်းရရှိပါသည်။         

DOCA(စစ်ကိုင်း) 

ကျွန်းလှမြို့နယ်၌ ရောင်းချလျက်ရှိသော မြင်းခွာရွက် ပူစီနံရွက် နှင့် မုံညှင်းရွက် ဈေးနှုန်း

  ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများမှ စိုက်ပျိုးရေးနှင် မွေးမြူရေးလုပ်ငန်းကို ရာသီအလိုက် စားဖိုဆောင်သီးနှံများကို မြေအောက်ရေတင်စနစ်ဖြင့် စိုက်ပျိုးရောင်းချလျက်ရှိရာမှ မြင်းခွာရွက်ကိုလည်း အနည်းငယ်မျှသာ စိုက်ပျိုးထားသော် လည်း သဘာဝအရ မျိုးပွားသည့်အတွက် နေ့စဉ်ခူးဆွတ်ပြီး   ရောင်းချရပါကြောင်း သိရသည်။

  ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ နောက်ဆုံးပတ်တွင် ရောင်းချနေသော မြင်းခွာရွက် ဈေးနှုန်းမှာ မြင်းခွာရွက် တစ်ပိဿာလျှင်(၂၀၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၀၀၀၀)ကျပ်၊ ()ကျပ်သားခန့် တစ်ပုံလျှင်(၁၀၀၀)ကျပ် ဈေးနှုန်း တို့ဖြင့်လည်းကောင်း၊ ပူစီနံနံရွက် လက်တွင်းတစ်ဆုပ်စာ တစ်ပုံလျှင်(၃၀၀)ကျပ်()ပုံလျှင်(၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်လည်းကောင်း၊  မုန့်ညှင်းရွက် တစ်စီးလျှင်(၃၀၀)ကျပ်၊ ()စီးလျှင်(၅၀၀) ကျပ်နှင့် မုန့်ညှင်းရွက်()စီးလျှင်(၁၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့မှ မန်ကျည်းသီးစိမ်း၊ သရက်သီးစိမ်းနှင့် သရက်ချဉ် ဈေးနှုန်း

  ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် ရာသီပေါ်သီးနှံများ၊ အခြားဒေသမှ ဝင်ရောက်သည့် စားသောက်ကုန်ပစ္စည်းများကို ရောင်းချ ပေးလျက်ရှိရာ ယခုအခါတွင် သရက်သီးစိမ်း၊ မန်ကျည်းသီးစိမ်းများကို ကျွန်းလှမြို့နယ် အတွင်းရှိ ကျေးရွာအချို့တို့မှ လာရောက်ရောင်းချ လျက်ရှိကြောင်း သိရသည်။

   ယခု ဇူလိုင်လ နောက်ဆုံးပတ်အတွင်း ကျွန်းလှမြို့ဈေးများအတွင်း ရောင်းချနေသည့်  ဈေးနှုန်းများမျာ မန်ကျည်းသီးစိမ်း တစ်ပြည်လျှင်(၅၅၀၀)ကျပ်၊ နို့ဆီ()ဘူးလျှင် (၇၀၀)ကျပ်နှင့် ၊ သရက်သီးစိမ်း အကြီး တစ်လုံးလျှင်(၇၀၀)ကျပ်၊ အသေး တစ်လုံး လျှင်(၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိပြီး  အလားတူပင် သရက်ချဉ် ဈေးနှုန်းများမှာ သရက်ချဉ် တစ်ပိဿာလျှင် (၃၂၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၆၀၀)ကျပ်၊ (၂၅)ကျပ်သား လျှင်(၈၀၀)ကျပ် နှင့် သရက်ချဉ် (၁၀) ကျပ်သားလျှင်(၃၀၀)ကျပ်‌ ဈေးနှုန်းတို့ဖြင့် ရောင်းချလျက် ရှိကြောင်း သိရပါသည်။

DOCA(စစ်ကိုင်း)

မအူပင်မြို့နယ်တွင် ရောင်းချနေသော ငါးနီတူခြောက် ဈေးနှုန်း၊ ဈေးကွက်

         မအူပင်မြို့နယ်တွင် ငါးခြောက် ငါးပိ ရောင်းချသော လက်ကားဒိုင် (၁၀)ဆိုင်ခန့် ရှိသည်။ ပင်လယ်ဒေသနှင့် နီးသော မအူပင်မြို့နယ်တွင် ပင်လယ်ငါးခြောက် အမျိုးမျိုးရောင်းချနေကြောင်း တွေ့ရှိရသည်။ ကုန်များကို ဖျာပုံဒေသမှာ မှာယူရောင်းချကြောင်း သိရသည်။

       ငါးနီတူခြောက် ရောင်းချနေသော ဈေးနှုန်းအနေဖြင့် အမျိုးအစား ၅မျိုးရှိကြောင်းသိရပြီး ခေါင်းခြွေအသန့် ငါးနီတူခြောက်အချို အသန့် ၁ပိဿာ ၄၀၀၀၀ကျပ်ဖြင့်လည်းကောင်း ငါးနီတူအကောင်အလတ်စား ၁ပိဿာ ၃၅၀၀၀ကျပ် ဖြင့်လည်းကောင်း၊ ငါးနီတူအကောင်ကြီးအငံစား  သုံးမျိုးမှာ ၁ပီသာလျှင် ၂၅၀၀၅-၂၇၀၀၀-၃၀၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း အချိန် ၁၀၀ပါ ငါးနီတူခြောက် အိတ်တစ်အိတ်လျှင် ၁လခွဲ အတွင်း  အမျိုးအစား ၅မျိုး ၅အိတ်ကို ပုံမှန် ရောင်းအားကောင်းလျက်ရှိကြောင်း လက်ကား/ လက်လီ ရောင်းချသူထံမှ သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဘားအံမြို့တွင် ရောင်းချလျက်ရှိသော သစ်သီးဝလံဈေးနှုန်း

      ၂၀၂၅ ခုနှစ်၊ ဇူလိုင်လစတုတ္ထပတ်အတွင်း ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ရောင်းချလျက်ရှိ သော သစ်သီးဝလံများမှာ နဂါမောက်သီး တစ်လုံးလျှင်(၁၀၀၀/၂၀၀၀)ကျပ်၊ စပျစ်သီး(အစေ့လွတ်) တစ်ပိဿာ(၄၅၀၀)ကျပ်၊ စပျစ်သီး(အစေ့ပါ) တစ်ပိဿာလျှင်(၄၀၀၀)ကျပ်၊ပန်းသီးတစ်လုံးလျှင် (         ၁၅၀၀)ကျပ်၊ပန်းသစ်တော်သီး တစ်လုံးလျှင်(၃၅၀၀)ကျပ်၊ လိမ္မော်သီးတစ်လုံးလျှင်(၂၀၀၀) ကျပ် ၊ သရက်သီး တစ်လုံးလျှင်(၁၅၀၀/၂၀၀၀ )ကျပ်၊ဩဇာသီး တစ်လုံးလျှင် ( ၈၀၀/၁၂၀၀ )ကျပ်၊ မလာကာသီး တစ်လုံးလျှင်(၁၀၀၀)ကျပ်၊ဖရဲသီး တစ်လုံးလျှင်(၄၀၀၀)ကျပ်၊နာနတ်သီး တစ်လုံးလျှင် (၂၅၀၀/၅၀၀၀)ကျပ် ၊ဖီးကြမ်းငှက်ပျောသီး တစ်ဖီးလျှင်(၆၅၀၀)ကျပ်၊ သီးမွှေးငှကိပျောသီး တစ်ဖီးလျှင် (၇၅၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း နှင့် ဘားအံမြို့တွင်းယခု ရောင်းချနေသော သစ်သီးဝလံများသည် ရှမ်းပြည်နယ်၊မန္တလေးမြို့၊ ရန်ကုန်မြို့၊ မြဝတီမြို့နှင့် ဘားအံမြို့အနီးတဝိုက်ကျေးရွာများမှ အသီးသီးဝင်ရောက်ရောင်းချကြောင်း သစ်သီးဝလံ အရောင်း ဆိုင်များမှ သိရသည်။

DOCA(ကရင်)

 

ကျွန်းလှမြို့တွင် ရောင်းချနေသော နှမ်းပျစ်ယို နှင့် ကြံသကာ ဈေးနှုန်း

ကျွန်းလှမြို့ရှိ  ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များတွင် နှမ်းပျစ်ယိုနှင့် ကြံသကာများကို ရွှေဘိုမြို့နှင့် မန္တလေးမြို့တို့မှ မှာယူ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ နောက်ဆုံးပတ်အတွင်း ရောင်းချနေသော ဈေးနှုန်းများမှာ နှမ်းပျစ်ယို တစ်ပိဿာလျှင် (၁၃၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၆၅၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် လည်းကောင်း၊ကြံသကာတစ်ပိဿာလျှင်  (၇၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၃၅၀၀)ကျပ်ဈေးနှုန်း တို့ဖြင့် ရောင်းချလျက် ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

မအူပင်မြို့နယ်တွင် ရောင်းချနေသော ငပိ ဈေးကွက် ဈေးနှုန်း

          ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ဖျာပုံဒေသထွက် ငပိကို ရောင်းချလျက် ရှိပါသည်။ ငပိကို ‌ဖျာပုံဒေသထွက် ပင်လယ်ပုစွန်၊ မျှင်ကောင်၊ငါး စသည့်တို့မှာ အဓိကရရှိပြီး ရေထွက်ကုန်ပစ္စည်းတစ် မျိုးလည်းဖြစ်ပါသည်။ ငါးငပိများကို ဒေသတွင်း  မြစ်၊ ချောင်းများမှ ရရှိသောငါးများကို ငပိသိပ်၍ ရောင်းချခြင်းများလည်းရှိသည်။ အိမ်ရှင်မများ ငပိသည် မပါမဖြစ် ဟင်းတစ်ခွက်ဖြစ်သည်။ မျှင်ငပိကိုတော့ ဟင်းချက်ရာတွင် ဟင်းမျိုးခတ်အဖြစ် ထည့်သုံးကြပါသည်။ မျှင်ငပိကို တို့စရာနှင့် ငပိထောင်းပြုလုပ်၍ စားသုံးကြသည်။

        ငပိအမျိုးအစားအမျိုးမျိုးနှင့် အရည်အသွေးပေါ်မူတည်ပြီး ဈေးနှုန်းကွာခြားမှုများလည်းရှိကြောင်း သိရှိရပါသည်။ ဖျာပုံဒေသထွက်မျှင်ငပိ အမျိုးမျိုးရှိ၍ ဈေးနှုန်းလည်းကွာခြားသည်။ မအူပင်ငါး ငပိ ၁ပိသာလျှင် ၅၀၀၀ကျပ်ဖြင့် လည်းကောင်း၊ ငါးပိအကောင်းစား ၁ပိဿာလျှင် ၇၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ဖျာပုံ မျှင်ငပိ ၁ပိဿာလျှင်  အကောင်းစား ၁ပိဿာလျှင် ၇၀၀၀ကျပ်၊ အလတ်စားမျှင်ငပိ ၁ပိဿာ ၆၅၀၀ကျပ်ဖြင့် ၂၀၂၅ခုနှစ် ဇူလိုင်လ ၂၂ရက်နေ့တွင် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ဖျာပုံမှ ငပိအမျိုးမျိုးကို မှာယူရောင်းချနေသော နတ်သုဒ္ဓါ ငပိလက်ကားဒိုင်တစ်ခုဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ကျန်းမာရေးအတွက် အရေးပါသော နနွင်းတက်နှင့် နနွင်းမှုန့်အစစ် ဈေးနှုန်း

  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ် တာ ဝန်ခံရုံးအနေဖြင့်  စားသုံးသူကာကွယ်ပေးရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများကိုပါ ဆောင်ရွက်လျက်ရှိရာမှ ငရုပ်သီးနှံအပြင် နနွင်းသီးနှံပင်များကိုလည်း စိုက်ပျိုး ကြကြောင်း သိရသည်။

  ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ နောက်ဆုံးပတ် ကျွန်းလှမြို့တွင် ရောင်းချနေသော နနွင်းတက်ဈေးနှုန်း များမှာ တစ်ပိဿာလျှင်(၁၇၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၈၅၀၀)ကျပ်နှင့် (၂၅)ကျပ်သား လျှင်(၄၅၀၀) ကျပ်၊ နနွင်းမှုန့်အစစ်ဈေးနှုန်းအနေဖြင့် တစ်ပိဿာလျှင်(၂၀၀၀၀)ကျပ်၊ (၅၀)ကျပ်သား လျှင်(၁၀၀၀၀) ကျပ် နှင့် နနွင်းမှုန့်အစစ် (၂၅)ကျပ်သားလျှင်(၅၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အ‌‌ရောင်းအဝယ်ဖြစ် လျက်ရှိ ကြောင်း သတင်းရရှိ ပါသည်။

DOCA(စစ်ကိုင်း)

ဘားအံမြို့ပေါ် ရှိ ကုန်ဈေးသီးနှံဈေးနှုန်း

     ၂၀၂၅ ခုနှစ်၊ မိုးရာသီဇူလိုင်လအတွင်း ကရင်ပြည်နယ်၊ဘားအံမြို့ပေါ်ဈေးတွင် ကုန်စိမ်းသီးနှံများ အရောင်းသွက်လျက်ရှိကြောင်း သိရသည်။

    ကရင်ပြည်နယ်၊ ဘားအံမြို့ရေပေါ်ဈေးတွင်ရောင်းချလျက်ရှိသော ကုန်စိမ်းသီးနှံဈေးနှုန်းအနေဖြင့် ခရမ်းသီး တစ်ပိဿာလျှင် (၃၀၀၀)ကျပ် ၊ခရမ်းချဉ်သီး တစ်ပိဿာလျှင် (၄၀၀၀)ကျပ်၊ ဂေါ်ဖီထုပ် တစ်ပိဿာလျှင် (၃၀၀၀)ကျပ်၊ ပန်းဂေါ်ဖီ တစ်ပိဿာလျှင် (၂၅၀၀/၃၀၀၀) ကျပ်၊လွှတ် တစ်ပိဿာလျှင် (၃၅၀၀)ကျပ်၊ ငရုတ်ပွ တစ်ပိဿာလျှင် (၄၅၀၀)ကျပ်၊ ခဝဲသီး တစ်ပိဿာလျှင် (၅၀၀၀)ကျပ်၊ ကြက်ဟင်းခါးသီး တစ်ပိဿာလျှင် (၄၅၀၀၀)ကျပ်၊ ရုံးပတေသီး တစ်ပိဿာလျှင် (၃၅၀၀)ကျပ်၊ ပဲတောင့်ရှည်သီး တစ်ပိဿာလျှင် (၆၅၀၀)ကျပ်၊ သခွါးသီး တစ်ပိဿာလျှင် (၃၀၀၀) ကျပ်၊ ကြက်ဟင်းခါးသီး တစ်ပိဿာလျှင် (၄၀၀၀)ကျပ်၊ ငရုတ်စိမ်း တောင့်ရှည် တစ်ပိဿာလျှင် (၅၀၀၀)ကျပ်၊ ကန်စွန်းရွက် တစ်စည်းလျှင်(၂၀၀)ကျပ်၊ ချဉ်ပေါင်ရွက် တစ်စည်းလျှင် (၂၀၀)ကျပ် နှုန်းတို့ဖြစ် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းနှင့် ယခုရေပေါ်ဈေးအတွင်း ရောင်းချနေသော ကုန်စိမ်းသီးနှံများမှာ ဒေသထွက်သီးနှံများရှိသကဲ့တို့ အခြားမြို့များမှ ဝင်ရောက်လာသော သီးနှံများ လည်းရှိကြောင်း  ကုန်စိမ်းသီးနှံများအရောင်းဆိုင်မှ သိရသည်။

DOCA(ကရင်)

ညောင်တုန်းဘိလပ်မြေဈေးနှုန်း ကျဆင်း

    ညောင်တုန်းမြို့နယ်အတွင်း အိမ်ဆောက်ပစ္စည်း အမျိုးမျိုးရောင်းချသူများရှိပြီး အိမ်ဆောက်ပစ္စည်းများကို ရန်ကုန် လက်ကားဒိုင်ကြီးများမှ မှာယူ၍ မြို့နယ်အတွင်း ရောင်းချလျက်ရှိကြောင်း သိရသည်။ ဒေသတွင်း ဈေးနှုန်းဈေး ကွက်အခြေအနေများကို ကွင်းဆင်းဈေးကွက်ကောက်ယူလျက်ရှိပြီး ၂၀၂၅ခုနှစ် ဇူလိုင်လ စတုတ္ထပါတ် အိမ်ဆောက်ပစ္စည်းအမျိုးမျိုးနှင့် ဘိလပ်မြေ ဈေးနှုန်း အခြေအနေများ ကျဆင်းလျက်ရှိကြောင်း  သိရသည်။

     ရောင်းချသော အိမ်ဆောက်ပစ္စည်းဈေးနှုန်းများမှာ ၂၀၂၅ခုနှစ် ဇူလိုင်လ ၂၅ရက်နေ့ ဘိလပ်မြေ ကြံနှစ်ကောင်၁အိတ် (၂၂၅၀၀)ကျပ် ၊ ဘိလပ်မြေ အပါချီ ၁အိတ် ၂၁၅၀၀ ကျပ်၊ အယ်ဖာ ၁အိပ် (၂၂၀၀၀)ကျပ် ရန်ကုန် စက်အုတ် ၉ပေါက် ခဲ ၃၅၀ကျပ်၊ ၃ပံလုံး သံချောင်း ၁တန် ၃၂၅၀၀၀၀ကျပ်၊ သုံးမူးလုံး သံချောင်း ၁တန် ၂၁၀၀၀၀၀ကျပ်၊ ၅မူးလုံး သံချောင်း ၁တန် ၂၀၇၀၀၀၀ကျပ်၊ ၆မူးလုံး သံချောင်း ၁တန် ၂၀၃၀၀၀၀ကျပ်၊ Export များဖြစ်ပြီး၊ သဲတစ်ကျင်း ၂၄၀၀၀ကျပ်၊ မြန်အောင် ကျောက်စလစ် ၁ကျင်း ၁၀၅၀၀၀ကျပ်၊ မိချောင်းရဲ ကျောက်စလစ် ၁ကျင်း ၁၂၀၀၀၀ကျပ် ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။

    ဇူလိုင်လဆန်းပိုင်း ဈေးနှုန်း နှိုင်းယှဉ်ပါက ဘိလပ်မြေကြံနှစ်ကောင် (၂၀၀၀)ကျပ်မြင့်တက်၊ အပါချီ (၂၅၀၀)ကျပ် ကျဆင်း၊ အယ်ဖာ (၂၀၀၀)ကျဆင်းပြီး ကျန်သော ကုန်စည်များ ကုန်ဈေးနှုန်း တည်ငြိမ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း