စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နေသောစပါး/ ဆန်ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ
စစ်ကိုင်းတိုင်းဒေသကြီးသည် ဆန်ပိုဒေသများဖြစ်သော ကလေး၊ ကသာ၊ ကန့်ဘလူ၊ ရွှေဘိုနှင့် ရေဦးခရိုင်များတွင် စပါးလက်ကျန်နည်းပါးလာပြီး တောင်သူများအဝယ်များနေခြင်းကြောင့် ခရိုင်အားလုံး၌ ဈေး အနည်းငယ်တက်နေပါကြောင်းသိရှိရပါသည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၂၃ခုနှစ်၊ ဩဂုတ်လ၊ ဒုတိယအပတ်တွင်ဖြစ်ပေါ်နေသော စပါး/ဆန်ဈေးနှုန်းများမှာ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်မှ ရွှေဘိုပေါ်ဆန်း (စပါး) တင်း၁၀၀လျှင် ကျပ်၃,၂၅၀,၀၀၀၊ ပေါ်ဆန်း (ဆန်) ၂၄ပြည်ပါ တစ်အိတ်လျှင် ၁၃၀,၀၀၀ကျပ်၊ ဧရာမင်း (စပါး) တင်း ၁၀၀လျှင် ကျပ်၂,၇၀၀,၀၀၀၊ ဧရာမင်း (ဆန်) ၂၄ပြည်ပါ တစ်အိတ်လျှင် ၁၃၀,၀၀၀ကျပ်၊ နွေစပါး (ရွှေဝါထွန်း) စပါးတင်း (၁၀၀) လျှင် ကျပ်၁,၇၅၀,၀၀၀နှင့် နွေစပါး (ရွှေဝါထွန်း) (ဆန်) ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ် ကျပ်၇၇,၀၀၀တို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။
ရေဦးခရိုင်၊ ရေဦးမြို့နယ်မှ ပေါ်ဆန်း (စပါး) တင်း၁၀၀လျှင် ကျပ်၃,၂၅၀,၀၀၀၊ ပေါ်ဆန်း (ဆန်) တစ်အိတ်လျှင် ကျပ်၁၃၀,၀၀၀၊ ဧရာမင်း (စပါး) တင်း၁၀၀လျှင် ကျပ်၂,၇၀၀,၀၀၀၊ ဧရာမင်း (ဆန်)၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ်၁၃၀,၀၀၀၊ နွေစပါး (ရွှေဝါထွန်း) စပါးတင်း (၁၀၀) လျှင် ကျပ်၁,၇၅၀,၀၀၀၊ နွေစပါး (ရွှေဝါထွန်း) (ဆန်) ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၇၇,၀၀၀တို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။
ကလေးခရိုင်၊ ကလေးမြို့နယ်မှ ဧည့်မထ (စပါး) တင်း၁၀၀လျှင် ကျပ်၂,၁၅၀,၀၀၀၊ ဧည့်မထ (ဆန်) ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၉၀,၀၀၀၊ ငစိန် (စပါး) တင်း၁၀၀လျှင် ကျပ်၂,၀၇၀,၀၀၀၊ ငစိန် (ဆန်) ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၈၅,၀၀၀၊ ဧရာမင်း (စပါး) တင်း၁၀၀လျှင် ကျပ်၂,၃၀၀,၀၀၀၊ ဧရာမင်း (ဆန်) ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၉၃,၀၀၀၊ နွေစပါး (ဒေသမျိုး) (စပါး) တင်း၁၀၀လျှင် ကျပ်၁,၀၅၀,၀၀၀၊ နွေစပါး (ဒေသမျိုး) (ဆန်) ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၈၃,၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။
ကသာခရိုင်၊ အင်းတော်မြို့နယ်မှ မှော်ဘီ (၂) (စပါး) တင်း၁၀၀လျှင် ကျပ်၁,၉၅၀,၀၀၀၊ မှော်ဘီ (၂) ဆန် ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၈၁,၀၀၀၊ ဆင်းဧကရီ (၃) (စပါး) တင်း၁၀၀လျှင် ကျပ်၂,၁၀၀,၀၀၀၊ ဆင်းဧကရီ-၃ ဆန် ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၈၅,၀၀၀၊ ဧရာမင်း (စပါး) တင်း၁၀၀လျှင် ကျပ်၂,၄၀၀,၀၀၀၊ ဧရာမင်း (ဆန်) ၂၄ပြည်ပါ ဆန်တစ်အိတ်လျှင် ကျပ်၁၁၀,၀၀၀၊ နွေစပါး (ဆင်း-၃) (စပါး) တင်း၁၀၀လျှင် ကျပ်၁,၃၀၀,၀၀၀၊ နွေစပါး (ဆင်း-၃) (ဆန်) ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၆၅,၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရပါသည်။
မုံရွာခရိုင်၊ မုံရွာမြို့တွင် ဧရာမင်း (စပါး) တင်း၁၀၀လျှင် ကျပ်၂,၇၀၀,၀၀၀၊ ဧရာမင်း (ဆန်) ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၁၂၀,၀၀၀၊ ပေါ်ဆန်း (စပါး) တင်း၁၀၀လျှင် ကျပ်၃,၂၅၀,၀၀၀၊ ပေါ်ဆန်း (ဆန်) ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၁၃၀,၀၀၀၊ မနောသုခ (စပါး) တင်း၁၀၀လျှင် ကျပ်၂,၀၀၀,၀၀၀၊ မနောသုခ (ဆန်) ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၈၅,၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရပါသည်။
ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ဧရာမင်း (စပါး) တင်း၁၀၀လျှင် ကျပ်၂,၆၅၀,၀၀၀၊ ဧရာမင်း (ဆန်) ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၁၁၅,၀၀၀၊ ပေါ်ဆန်း (စပါး) တင်း၁၀၀လျှင် ကျပ်၃,၂၀၀,၀၀၀၊ ပေါ်ဆန်း (ဆန်) ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၁၁၅,၀၀၀၊ နွေစပါး ရွှေဝါထွန်း (စပါး) တင်း၁၀၀လျှင် ကျပ်၁,၇၀၀,၀၀၀၊ ရွှေဝါထွန်း (ဆန်) ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၇၃,၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရပါသည်။
ဩဂုတ်လ၊ ပထမအပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၁၄,၀၀၀အိတ်၊ မန္တလေးသို့ အိတ်ရေ ၂၈,၂၀၀အိတ်၊ မကွေးသို့ အိတ်ရေ ၆၀၀အိတ်၊ နေပြည်တော်သို့ အိတ်ရေ ၆,၀၀၀အိတ်၊ ရှမ်း (တောင်) သို့ အိတ်ရေ ၄,၀၀၀အိတ်၊ ရှမ်း (မြောက်) သို့ အိတ်ရေ ၄,၀၀၀အိတ်၊ ကချင်သို့ အိတ်ရေ ၂,၂၀၀အိတ်၊ စုစုပေါင်းအိတ်ရေ (၅၉,၀၀၀) အိတ်၊ တန်အားဖြင့် (၂,၉၅၀) တန်စီးထွက်ခဲ့ပြီး ယခုဩဂုတ်လ၊ ဒုတိယအပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၁၆,၀၀၀အိတ်၊ မန္တလေးသို့ အိတ်ရေ ၂၃,၇၀၀အိတ်၊ မကွေးသို့ အိတ်ရေ ၆၀၀အိတ်၊ နေပြည်တော်သို့ အိတ်ရေ ၅,၀၀၀၊ ရှမ်း (တောင်) သို့ အိတ်ရေ ၄,၀၀၀အိတ်၊ ရှမ်း (မြောက်) သို့ အိတ်ရေ ၄,၀၀၀အိတ်၊ ကချင်သို့ အိတ်ရေ ၂၀၀အိတ်၊ စုစုပေါင်းအိတ်ရေ (၅၃,၅၀၀) အိတ်၊ တန်အားဖြင့် (၂,၆၇၅) တန်စီးထွက်ခဲ့သည့်အတွက် ယခင်အပတ်နှင့်နှိုင်းယှဉ်လျှင် ယခုပတ်တွင် အိတ်ရေ (၅၅၀၀) အိတ်၊ တန်အားဖြင့် (၂၇၅) တန်လျော့နည်းစီးထွက်ခဲ့ပါကြောင်းသိရှိရပါသည်။
DOCA(စစ်ကိုင်း)