ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကန့်ဘလူ၊ ကျွန်းလှမြို့တို့တွင်ရောင်းချနေသော အခြေခံစားကုန်များ၏ဈေးနှုန်းအခြေအနေ

    ၂၀၂၃ခုနှစ်၊ ဇူလိုင်လ၊ ဒုတိယအပတ်အတွင်း ကန့်ဘလူ၊ ကျွန်းလှမြို့နယ်တို့တွင် အခြေခံစားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်းတစ်ပြည်လျှင် (၄၂၀၀) ကျပ်၊ ဧရာမင်းတစ်ပြည်လျှင် (၄၂၀၀) ကျပ်ဖြင့် ယခင်အပတ်အတိုင်း တည်ငြိမ်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ကြက်သွန်နီမြစ်သားအမျိုးအစား လက်လီဈေးမှာ အကြီး/အသေးပါ်မူတည်၍ တစ်ပိဿာလျှင် (၂၀၀၀/၂၅၀၀) ကျပ်ဖြစ်၍ ယခင်အပတ်အတိုင်း တည်ငြိမ်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ကြက်သွန်ဖြူလက်လီဈေးမှာ (ဗမာ) အလုံးကြီးတစ်ပိဿာလျှင် (၁၀၀၀၀) ကျပ်၊ ကြက်သွန်ဖြူလက်လီဈေးမှာ (ဗမာ) အလုံးသေးတစ်ပိဿာလျှင် (၈၀၀၀) ကျပ်၊ ကြူကုတ်တစ်ပိဿာလျှင် (၉၀၀၀) ကျပ်ဖြစ်၍ ယခင်အပတ်အတိုင်း တည်ငြိမ်လျက်ရှိပါသည်။ ချင်းအညံ့တစ်ပိဿာလျှင် (၅၀၀၀) ကျပ်၊ ရှယ်စတစ်ပိဿာလျှင် (၁၀၀၀၀) ကျပ်ဖြစ်နေပြီး ယခင်အပတ်အတိုင်း တည်ငြိမ်လျက်ရှိပါသည်။ ငရုတ်သီးခြောက်တစ်ပိဿာလျှင် (၂၀၀၀၀) ကျပ်ဖြစ်၍ ယခင်အပတ်အတိုင်း တည်ငြိမ်လျက်ရှိကာ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ အာလူးအသေး/အကြီးတစ်ပိဿာလျှင် အမျိုးအစားအလိုက် (၃၅၀၀/၃၀၀၀) ကျပ်ဖြစ်၍ ယခင်အပတ်အတိုင်း ဈေးတည်ငြိမ်နေပြီး အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

    ငရုတ်သီးစိမ်းတစ်ပိဿာလျှင် (၂၅၀၀) ကျပ်ဖြစ်၍ ယခင်အပတ်ထက် အနည်းငယ်ဈေးတက်လျက်ရှိနေကြောင်း၊ ခရမ်းချဉ်သီးတစ်ပိဿာလျှင် (၂၂၀၀) ကျပ်ဖြစ်၍ ယခင်ဇွန်လကုန်ပတ်ထက် အနည်းငယ်မြင့်တက်နေပါသည်။ ခရမ်းသီးတစ်ပိဿာလျှင် (၁၀၀၀/၈၀၀) ကျပ်ရှိပါသည်။  ပန်းဂေါ်ဖီတစ်ပွင့်လျှင်  (၁၈၀၀/၂၀၀၀) ကျပ်၊ ဂေါ်ဖီထုပ်တစ်ထုပ်လျှင် (၂၀၀၀/၂၅၀၀) ကျပ်ဖြစ်၍ ယခင်အပတ်ထက် အနည်းငယ်မြင့်တက်လျက်ရှိကြောင်း၊ ခါကြက်ဥ (တရုတ်) တစ်ပိဿာလျှင် (၆၀၀၀) ကျပ်ဖြစ်၍ ယခင်အပတ်ထက် အနည်းငယ်မြင့်ဈေးတက်လျက်ရှိကြောင်း၊ ခါကြက်ဥ (ဗမာ) တစ်ပိဿာလျှင် (၄၀၀၀) ကျပ်ဖြစ်၍ ယခင်အပတ်အတိုင်း တည်ငြိမ်နေကြောင်း၊ သံပရာသီးတစ်လုံးလျှင် (၅၀) ကျပ်မှ (၁၀၀) ကျပ်နှင့် ကန်စွန်းရွက်တစ်စည်းလျှင် (၁၀၀) ကျပ်နှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်နေပြီး  ကုန်ဈေးနှုန်းများ အနည်းငယ်မြင့်တက်လာကြောင်း ဈေးသည်တစ်ဦးထံမှသိရှိရပါသည် ။

     ကြက်ဥလက်လီဈေးနှုန်းမှာ (အကြီး) တစ်လုံးလျှင် (၂၇၀) ကျပ်၊ (အသေး)တစ်လုံးလျှင် (၂၅၀) ကျပ်၊ ဘဲဥတစ်လုံးလျှင် (၂၈၀/၃၀၀) ကျပ်ရှိသည်။  ကန့်ဘလူ၊ ကျွန်းလှမြို့တို့၏ အသားငါးဈေးနှုန်းများမှာ ကြက်သား (cp) တစ်ပိဿာလျှင် (၁၄၀၀၀ ) ကျပ်မှ (၁၆၀၀၀) ကျပ်၊ ကြက်သား (ဗမာ) (၁၈၀၀၀) ကျပ်မှ (၂၀၀၀၀) ကျပ်၊ ဝက်သားတစ်ပိဿာလျှင် (၁၈၀၀၀) ကျပ်မှ (၂၀၀၀၀) ကျပ်၊ အမဲသားတစ်ပိဿာလျှင် (၁၁၀၀၀) ကျပ်မှ (၁၄၀၀၀) ကျပ်ဖြစ်၍ ယခင်ဇွန်လ၊ နောက်ဆုံးအပတ်အတိုင်း ဝက်သား၊ ကြက်သား၊ အမဲသားဈေးနှုန်းများမှာ တည်ငြိမ်လျက်ရှိကြောင်းတွေ့ရှိရပါသည်။ ငါးကြင်းအကောင်လိုက်နှင့် ငါးကြင်းခုတ်သားဈေးမှာ တစ်ပိဿာလျှင် (၉၀၀၀) ကျပ်မှ (၁၄၀၀၀) ကျပ်၊ တီလားဗီးယားငါးအသေးတစ်ပိဿာလျှင် (၄၀၀၀) ကျပ်၊ အလတ်တစ်ပိဿာလျှင် (၅၀၀၀) ကျပ်နှင့် အကြီးတစ်ပိဿာလျှင် (၆၅၀၀)  ကျပ်တို့ဖြစ်၍ငါးဈေးများမှာ ယခင်အပတ်ထက် ဈေးနှုန်းတည်ငြိမ်နေပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရပါသည်။

    စားသုံးဆီဈေးနှုန်းမှာ မြေပဲဆီသန့်တစ်ပိဿာလျှင် (၁၄၀၀၀) ကျပ်ဖြစ်၍ ယခင်အပတ်များနှင့်အတူ ဈေးတည်ငြိမ်လျက်ရှိပါသည်။ စားအုံးဆီတစ်ပိဿာလျှင် (၈၃၀၀) ကျပ်၊ ဆယ်ပိဿာတစ်ပုံးလျှင် (၈၂၀၀၀) ကျပ်ဖြစ်၍  ယခင်အပတ်ထက် တစ်ပိသာလျှင် (၅၀၀) ကျပ်လျော့ကျကာ အရောင်းအဝယ်ဖြစ်နေကြောင်း ဈေးသည်တစ်ဦးထံမှသိရှိရပါသည်။

DOCA(စစ်ကိုင်း)

                            

ဈေးငြိမ်ပြီး အရောင်းအဝယ်ဖြစ်နေသော ပဲတီစိမ်း

  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှုတင်း/တန်စာရင်းတို့ကို အပတ်စဉ်၊ လစဉ်တင်ပြလျက်ရာ ၂၀၂၃ခုနှစ်၊ ဇူလိုင်လ၊ ဒုတိယအပတ်အတွင်း အရောင်းအဝယ်ဖြစ်သည့်သီးနှံနှင့် ဈေးနှုန်းအခြေအနေများကို ရွှေဘိုမြို့၊ ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများနှင့်ဆက်သွယ်မေးမြန်းခဲ့ပါသည်။ ပဲတီစိမ်းမှာ ဧပြီလ၊ တတိယအပတ်မှစတင်၍ ရွှေဘိုဈေးကွက်သို့ စတင်ဝင်ရောက်ခဲ့ပြီး ဇူလိုင်လ၊ ဒုတိယအပတ်ထိဝင်ရောက်လျက်ရှိကြောင်း၊ ဇူလိုင်လ၊ ဒုတိယအပတ်တွင် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းမှာ ပဲတီစိမ်းတစ်တင်းလျှင် (၅၃၃၀ဝိ/-) ကျပ်ပေါက်ဈေးရှိပြီး အရောင်းအဝယ်ဖြစ်မှုမှာ (၁၂၀၀) တင်း/ (၃၉) တန်ဖြစ်ကြောင်း၊ ယခင်နှစ်ကာလတူ၌ ပဲတီစိမ်းတစ်တင်းလျှင် (၄၀၀၀ဝိ/-) ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်ခဲ့သဖြင့် ယခုနှစ်တွင် ယခင်နှစ်ကာလတူထက် ပဲတီစိမ်းတစ်တင်းလျှင် (၁၃၃၀ဝိ/-) ကျပ်ဈေးပိုခဲ့ကြောင်း၊ ဇူလိုင်လ၊ ပထမအပတ်နှင့် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ပထမအပတ်၌ ပဲတီစိမ်းတစ်တင်းလျှင် (၅၃၃၀ဝိ/-) ကျပ်ပေါက်ဈေးရှိခဲ့သဖြင့် ဇူလိုင်လ၊ ဒုတိယအပတ်နှင့် ပထမအပတ်တို့၌ အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းများမှာ တူညီပြီး ဈေးတည်ငြိမ်လျက်ရှိကြောင်း၊ တောင်သူများလက်ဝယ်တွင် လက်ကျန်နည်းပါးသဖြင့် ဝင်ရောက်မှုနည်းသော်လည်း   ဝင်ရောက်သမျှအရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ရွှေဘိုမြို့၏ ဇူလိုင်လ၊ ဒုတိယအပတ် နှမ်းနက်ဈေးကွက်

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှုတင်း/တန်စာရင်းတို့ကို အပတ်စဉ်၊ လစဉ်တင်ပြလျက်ရှိရာ ၂၀၂၃ခုနှစ်၊ ဇူလိုင်လ၊ ဒုတိယအပတ်အတွင်း အရောင်းအဝယ်ဖြစ်သည့်သီးနှံနှင့် ဈေးနှုန်းအခြေအနေများကို ရွှေဘိုမြို့၊ ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများနှင့်ဆက်သွယ်မေးမြန်းခဲ့ပါသည်။ နွေနှမ်းမှာ မေလ၊ စတုတ္ထအပတ်မှစတင်၍ ရွှေဘိုဈေးကွက်သို့ စတင်ဝင်ရောက်လာပြီး ဇူလိုင်လ၊ ဒုတိယအပတ်အထိ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဇူလိုင်လ၊ ဒုတိယအပတ်တွင် အရောင်းအဝယ်      ဖြစ်သည့်ဈေးနှုန်းမှာ နှမ်းနက်တစ်တင်းလျှင် (၉၀၀၀ဝိ/-) ကျပ်ပေါက်ဈေးရှိပြီး အရောင်းအဝယ်ဖြစ်မှုမှာ (၉၀၀) တင်း/(၂၂) တန်ဖြစ်ကြောင်း၊ ယခင်နှစ်ကာလတူ၌ နှမ်းနက်တစ်တင်းလျှင် (၇၅၀၀ဝိ/-) ကျပ်ပေါက်ဈေးရှိခဲ့သဖြင့် ယခုနှစ်တွင် ယခင်နှစ်ကာလတူထက် နှမ်းနက်တစ်တင်းလျှင် (၁၅၀၀ဝိ/-) ကျပ်ဈေးပိုခဲ့ကြောင်း၊ ဇူလိုင်လ၊ ပထမအပတ်နှင့် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ဇူလိုင်လ၊ ပထမအပတ်၌ နှမ်းနက်တစ်တင်းလျှင် (၁၀၃၃၀ဝိ/-) ကျပ်ပေါက်ဈေးရှိခဲ့သဖြင့် ဇူလိုင်လ၊ ဒုတိယအပတ်တွင် ပထမပတ်အောက် နှမ်းနက်တစ်တင်းလျှင် (၁၃၃၀ဝိ/-) ကျပ်ဈေးလျော့နည်းခဲ့ပြီး အဝင်နည်း၍ ဝင်ရောက်သမျှ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၁၉.၇.၂၀၂၃ )

   ၁၉.၇.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

ဆန်စပါးဆိုင်ရာ အပတ်စဉ်လေ့လာသုံးသပ်ချက်(အကျဉ်းချုပ်)

  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၏ ရည်ညွှန်းပါစာလမ်းညွှန်ချက်အရ ဆန်စပါးဆိုင်ရာ အပတ်စဉ်လေ့လာသုံးသပ်ချက်(အကျဉ်းချုပ်) ၂၅/၂၀၂၃ အား သိရှိလမ်းညွှန်မှုပြုနိုင်ပါရန် တင်ပြအပ်ပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း

   တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြအပ်ပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း

    တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ပြုစု တင်ပြအပ်ပါသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၁၈.၇.၂၀၂၃ )

     ၁၈.၇.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

ကျန်းမာရေးလိုက်စားသူတိုင်းသိထားသင့်သော ဆီတို့ဟူးအကြောင်း

    ဆီတို့ဟူးသည် မြန်မာ့အစားအစာများထဲမှ တစ်ခုအပါအဝင် ဖြစ်ပါသည်။ ထို့အပြင် အခြားအိမ်နီးချင်းနိုင်ငံတွင်လည်း တင်ပို့ဖြန့်ဖြူးရောင်းချလျက်ရှိပါသည်။ ကချင်ပြည်နယ် မိုးညင်းဒေသမှ အများဆုံးထွက်ရှိပြီး လပေါင်းများစွာ အချဉ်ဖောက်ပြီးမှသာ ရလာသည် ဖြစ်ပြီး ကျန်းမာရေးအတွက် ရွေးချယ်သင့်သော အစားအစာတစ်မျိုး ဖြစ်ပါသည်။ ကယားပြည်နယ်၊ လွိုင်ကော်မြို့ဈေးကွက်၊ ဈေးဆိုင်အနှံ့အပြားတွင်လည်း ရောင်းချလျက်ရှိပြီး ပြည်နယ်အတွင်း ကြိုက်သူတွေအဖို့ ထမင်းစားမြိန်စေသည့်အတွက် အခြားအစားအစာတွေတောင် ထပ်မလိုတော့အောင် ဖြစ်ပါသည်။ ဆီတို့ဖူးသည် ကယ်လိုရီပမာဏနည်းစေပြီး ပရိုတင်းဓာတ်အပြည့် ရရှိစေနိုင်သည့်အတွက် ရွေးချယ်စားသုံးရန် အကြံပြုပေးလိုပါသည်။ သတ္တုဓာတ်များသည့်အတွက် ကယ်လ်စီယမ်ဓာတ်၊ သံဓာတ်နှင့် မက်ကနီစီယမ်ဓာတ်တို့နှင့်ပြည့်စုံသောအစားအစာဖြစ်ပါသည်။ ထို့အပြင် အချဉ်ဖောက်သည့်အခါတွင် ကောင်းသော ဘက်တီးရီးယားများ ပေါက်ပွားလာသည့်အတွက် ဆီတို့ဟူးစားခြင်းသည် အစာချေစနစ်ကို ကောင်းစေပါသည်။ ဆီးချိုရောဂါများဖြစ်သော အင်ဆူလင်ကိုလည်း ပိုထွက်စေလို့ အင်ဆူလင်အားကို ကောင်းစေပါသည်။ ဆီးချိုရောဂါဖြစ်နိုင်သည့် ဒြပ်ပေါင်းများကို လျှော့ချပေးလို့ ဆီးချိုရောဂါဝေဒနာသည်များအတွက် အထူးစားသုံးရန်သင့်လျော်ပါသည်။ ရှေးလူကြီးသူမများ ဆိုစကားအရ အစာလည်းဆေး၊ ဆေးလဲအစာဟူ၍ စကားပုံအားဖွဲ့နွဲ့ပြောဆိုခဲ့ကြပါသည်။ လွိုင်ကော်မြို့ဆီတို့ဖူးဈေးနှုန်းသည် သစ်သားသေတ္တာပုံးတစ်ပုံးမှာ(၅၀၀၀)ကျပ်နှင့် ကော်ဘူးအမျိုးမျိုးဖြင့် ဈေးနှုန်းအစားစား ရောင်းချရလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ကယား)

မော်လမြိုင်အခွန်လွတ်ဈေးတွင် ရောင်းချနေသောဈေးနှုန်းများ

  အများပြည်သူသို့သက်သာသောဈေးနှုန်းဖြင့် အခြေခံစားကုန်များရောင်းချသော အခွန်လွတ်ဈေး ကို(၈.၇.၂၀၂၃)ရက်နေ့တွင်မော်လမြိုင်မြို့၊သံလွင်ဈေး၌ ဖွင့်လှစ်ရောင်းချရာသို့ ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများမှ လာရောက်လှည့်လည်ကြည့်ရှုခဲ့ကြသည်။ အဆိုပါ အခွန်လွတ်ဈေးကို အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့တိုင်း နံနက် (၇) နာရီမှ (၉) နာရီထိဖွင့်လှစ်ရောင်းချ သွားမည်ဖြစ်ကြောင်း သိရှိရသည်။

   ရောင်းချသောဈေးနှုန်းများမှာ ဧည့်မထ (၂၅ မှတ်) တစ်ပြည် ၂၆၀၀ ကျပ်၊ ဧည့်မထ (၅ မှတ်) (၂၄၀၀) ကျပ်၊ စားဆီ တစ်ပိဿာ (၄၆၀၀) ကျပ်၊ ကြက်သွန်နီ (၂၀၀၀) ကျပ်၊ ကြက်သား တစ်ပိဿာ (၈၀၀၀) ကျပ်၊ ဝက်သား တစ်ပိဿာ (၁၃၅၀၀) ကျပ်၊ ကြက်ဥ တစ်လုံး (၂၄၀) ကျပ်၊ ဆား (၃၀) ကျပ်သားတစ်ထုပ် (၁၅၀) ကျပ်၊ ငါးမြစ်ချင်းတစ်ပိဿာ (၄၃၀၀)ကျပ်၊ ငါးတန် တစ်ပိဿာ (၃၃၀၀) ကျပ်၊ တီလားဗီးယား တစ်ပိဿာ (၃၅၀၀) ကျပ်၊ ငါးမုတ် တစ်ပိဿာ (၄၀၀၀) ကျပ်၊ ဂေါ်ဖီထုပ် တစ်ပိဿာ (၁၅၀၀) ကျပ်၊ ခရမ်းချဉ်သီး တစ်ပိဿာ (၁၆၀၀) ကျပ်၊ မုန်လာဥနီတစ်ပိဿာ (၃၀၀၀) ကျပ်၊ ပဲတောင့်ရှည် တစ်ပိဿာ (၁၀၀၀) ကျပ်၊ မုန်ညှင်း တစ်ပိဿာ (၂၀၀၀) ကျပ်၊ သခွားသီး တစ်ပိဿာ (၁၀၀၀) ကျပ်၊ ဗိုလ်စားပဲသီး တစ်ပိဿာ (၂၀၀၀) ကျပ်၊ ရွှေဖရုံသီး တစ်ပိဿာ (၁၄၀၀) ကျပ်၊ ငရုတ်သီးစိမ်း တစ်ပိဿာ (၂၅၀၀) ကျပ်၊ ချဉ်ပေါင်ရွက် တစ်စည်း (၅၀) ကျပ်ဖြင့် ရောင်းချခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း