ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မြို့သစ်မြို့၌ ဩဂုတ်လ(ဒုတိယပတ်)မိုးမြေပဲ စျေးနှုန်းအခြေအနေ

     မိုးမြေပဲဆိုသည်မှာ မိုးဦးကျကာလမေလ(လယ်)တွင် စတင်စိုက်ပျိုးပြီး (၃)လ၊ (၃)လခွဲအချိန်တွင် ရိတ်သိမ်းဆွတ်ယူရသောမြေပဲဖြစ်သည်။ မိုးမြေပဲမှာ ပင်ထောင်မျိုးနှင့် ပင်ပြန့်မျိုးဟူ၍ (၂)မျိုးရှိပါသည်။ ပင်ထောင်မျိုးတွင်လည်း မျိုးကောင်းများစွာရှိသည့်အနက် မြေပဲဆံအဖြူရောင်နှင့် မြေပဲဆံ အနီရောင် ဟူ၍(၂)မျိုးရှိပါသည်။ မြေပဲဆံအနီရောင်ကို အရပ်ခေါ်အရဆိုရပါလျှင် ဆွန်တာနီမျိုးဖြစ်ပြီး မြေပဲဆံ အဖြူရောင်ကိုတော့ မကွေး (၁၃)၊ ရေဆင်းပဲအစရှိသဖြင့် ခေါ်ကြပါသည်။

      ၂၀၂၃-ခုနှစ်၊ မိုခါမုန်တိုင်းကျရောက်သည့်အချိန်မှ တောင်သူများသည် နှမ်း၊ မြေပဲများကို စတင်စိုက်ပျိုးကြရသည်။ ယခုဇူလိုင်လကုန်မှ စတင်၍ ဩဂုတ်လအတွင်း ယာမြေများတွင် စိုက်ပျိုးထားသည့် နှမ်းနှင့် မြေပဲ(ပင်ထောင်) စတင်ရိတ်သိမ်းဆွတ်ယူ၍ စျေးကွက်တွင် ပဲဈေး၊ နှမ်းဈေးကောင်းသလို ပေးချေရသည့်လုပ်အားခမှာလည်း ရောင်းဈေးနှုန်းပေါ်မူတည်၍ နှမ်း(၆)တောင်ပုံ(၁)ပုံလျှင် စည်းခ (၁၀၀၀၀-၁၂၀၀၀)ကျပ်၊ ပဲဆွတ်ခမှာလည်း (၁)တင်းလျှင် (၃၀၀၀-၄၀၀၀)ကျပ် ပေးချေနေရကြောင်း သိရှိရပါသည်။ ၂၀၂၃ခုနှစ်၊ ဩဂုတ်လ (ဒုတိယပတ်)တွင်ဖြစ်ပေါ်လျက်ရှိသော ဈေးနှုန်းများအရ မြေပဲအတောင့်(အဖြူ) (၁)တင်းလျှင် (၁၇၅၀၀မှ ၂၃၀၀၀)ကျပ်၊ မြေပဲ အတောင့်(အနီ) (ဆွန်တာနီ) (၁)တင်းလျှင် (၃၀၀၀၀မှ ၃၃၀၀၀)ကျပ်၊ မြေပဲတောင့်အစို/အခြောက်အပေါ်မူတည်၍ ရရှိကြောင်း၊  နှမ်းဖြူ (၁)တင်းလျှင် (၁၃၀၀၀၀မှ ၁၅၀၀၀၀)ကျပ်၊ နှမ်းနက်(စမုံ) (၁)တင်းလျှင် (၁၂၀၀၀၀မှ ၁၃၅၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခုနှစ်တွင် နှမ်းဖြူဈေးမှာ နှမ်းနက်စမုံထက် ဈေးပိုကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

ကျိုင်းတုံမြို့၏ အခြေခံစားသောက်ကုန်ဈေးနှုန်းများအခြေအနေ

  ၂၀၂၃ခုနှစ်၊ ဩဂုတ်လ၊ ဒုတိယပတ်အတွင်း ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ အခြေခံစားသောက်ကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်မွှေး(သိင်္ဂီ) တစ်ပြည်လျှင် ၆၃၀၀ကျပ်၊ ဧည့်မထ (ဒေသ)ဆန်တစ်ပြည်လျှင် ၃၆၀၀ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိပါသည်။ စားဖိုဆောင်စားသောက်ကုန်များအနေဖြင့် ကြက်သွန်နီတစ်ပိဿာလျှင် ၃၀၀၀ကျပ်၊ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာလျှင် ၉၀၀၀ကျပ်၊ (ရှမ်းစ)တစ်ပိဿာလျှင် ၉၀၀၀ကျပ်၊ ငရုတ်သီးခြောက်(ရှည်)တစ်ပိဿာလျှင် ၁၉၀၀၀ကျပ်၊ ခရမ်းချဉ်သီးတစ်ပိဿာလျှင် ၃၀၀၀ကျပ်၊ အာလူးတစ်ပိဿာလျှင် ၄၀၀၀ကျပ်၊ မန်ကျည်းသီးမှည့်တစ်ပိဿာလျှင် ၄၀၀၀ကျပ်နှင့် ချင်းတစ်ပိဿာလျှင် ၄၀၀၀ကျပ် စသဖြင့်ရောင်းဝယ်လျက်ရှိပါသည်။

   ကျိုင်းတုံမြို့တွင် ဩဂုတ်လ၊ ဒုတိယအပတ်၌ စားသုံးဆီဈေးနှုန်းများအနေဖြင့် စားအုန်းဆီတစ်ပိဿာလျှင် ၈၂၀၀ကျပ်နှင့် ပဲဆီ(ရိုးရိုး) တစ်ပိဿာလျှင် ၁၆၀၀၀ကျပ်၊ ကြက်ဥတစ်လုံးလျှင် ၂၇၀ကျပ်နှင့် ဘဲဥတစ်လုံးလျှင် ၃၈၀ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိပါသည်။ အသားငါးဈေးနှုန်းများမှာ ကြက်သား (CP) တစ်ပိဿာလျှင် ၁၄၀၀၀ကျပ်၊ ဝက်သားတစ်ပိဿာလျှင် ၂၂၀၀၀ကျပ်၊ အမဲသားတစ်ပိဿာလျှင် ၂၄၀၀၀ကျပ်၊ ငါးကြင်းတစ်ပိဿာလျှင် ၁၄၀၀၀ကျပ်၊ ငါးမြစ်ချင်းတစ်ပိဿာလျှင် ၁၂၀၀၀ကျပ်ဈေးနှုန်းများဖြင့် ရောင်းဝယ်လျက်ရှိကြောင်းသိရှိရပါသည်။

    ကျိုင်းတုံမြို့၏ အခြေခံစားသောက်ကုန်ဈေးနှုန်းများသည် ယခင်ဩဂုတ်လ၊ ပထမအပတ်နှင့်နှိုင်းယှဉ်ပါက ရွှေဘိုပေါ်ဆန်မွှေး(သိင်္ဂီ)၊ ဧည့်မထ(ဒေသဆန်)၊ ကြက်သွန်ဖြူ(ရှမ်းစ)၊ ကြက်သွန်ဖြူ (ကြူကုတ်)၊ ကြက်ဥနှင့် ဘဲဥဈေးနှုန်းတို့မှာ အနည်းငယ်မြင့်တက်လျက်ရှိပြီး ကျန်အခြေခံ စားသောက်ကုန်များ၏ဈေးနှုန်းများမှာ တည်ငြိမ်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ရှမ်း)

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၏ ဘိလပ်မြေနှင့် ဓာတ်မြေဩဇာဈေးနှုန်းအခြေအနေ

    ၂၀၂၃ခုနှစ်၊ ဩဂုတ်လ၊ ဒုတိယအပတ်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ ဈေးကွက်ရှိ ဘိလပ်မြေဈေးနှုန်းများမှာ ကျားတံဆိပ် (40)kg တစ်အိတ်လျှင် (၁၅၈၀၀) ကျပ်၊ ဆင်တံဆိပ် (50)kg တစ်အိတ်လျှင် (၁၇၄၀၀)ကျပ်၊ စိန်တံဆိပ် (50)kg တစ်အိတ်လျှင် (၁၇၄၀၀)ကျပ်ဖြစ်ပါသည်။ တာချီလိတ်မြို့ရှိ ဘိလပ်မြေဈေးနှုန်းများမှာ ကျားတံဆိပ် (40)kg တစ်အိတ်လျှင် (၁၄၃၀၀) ကျပ်၊ ဆင်တံဆိပ်(50)kg တစ်အိတ်လျှင် (၁၅၃၀၀)ကျပ်၊ စိန်တံဆိပ်(50)kg တစ်အိတ်လျှင် (၁၅၃၀၀)ကျပ်ဖြစ်ပါသည်။

    ဩဂုတ်လ၊ ဒုတိယအပတ်တွင်ဖြစ်ပေါ်နေသော ဓာတ်မြေဩဇာဈေးနှုန်းများမှာ ပုလဲ (MEP) (50)kg တစ်အိတ်လျှင် (၉၅၀၀၀)ကျပ်၊ တီဆူပါ (လေဆာ) (50)kg တစ်အိတ်လျှင် (၃၀၀၀၀) ကျပ်၊ တီဆူပါ (may) (50)kg တစ်အိတ်လျှင် (၃၀၀၀၀)ကျပ်၊ ချာန (သုံးမျိုးစပ်) (50)kg တစ်အိတ်လျှင် (၁၆၀၀၀၀)ကျပ်ဖြစ်ပါသည်။ တာချီလိတ်မြို့အတွင်းရှိ ဓာတ်မြေဩဇာဈေးနှုန်းများမှာ ပုလဲ (၄၆%) (50)kg တစ်အိတ်လျှင် (၁၆၃၀၀၀)ကျပ်၊ ကွန်ပေါင်း (၁၅ပတ်လည်) (50)kg တစ်အိတ်လျှင် (၁၅၀၀၀၀)ကျပ်၊ ကွန်ပေါင်း (50)kg တစ်အိတ်လျှင် (၁၅၀၀၀၀)ကျပ်ဖြစ်ပါသည်။

 ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နှင့် တာချီလိတ်မြို့ရှိ ဘိလပ်မြေဈေးနှုန်းများမှာ ယခင်ဩဂုတ်လ၊ ပထမအပတ်ထက် ဈေးနှုန်းအနည်းငယ်မြင့်တက်လျက်ရှိပါသည်။ ကျိုင်းတုံမြို့ရှိ ဓာတ်မြေဩဇာဈေးနှုန်းနှင့် တာချီလိတ်မြို့ရှိ ဓာတ်မြေဩဇာဈေးနှုန်းတို့မှာ တည်ငြိမ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

“ မူဆယ်မြို့နယ်အတွင်းရှိ အခြေခံစားသောက်ကုန်ဈေးနှုန်းအခြေအနေ ”

   ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်အတွင်းရှိ ၂၀၂၃ခုနှစ်၊ ဩဂုတ်လဒုတိယပတ်အတွင်း ဖြစ်ပေါ်နေသောအခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ ပေါ်ဆန်းမွှေးဆန်တစ်အိတ်လျှင် (၁၅၀၀၀ဝိ/-) ကျပ်၊ မနောသုခဆန်တစ်အိတ်လျှင် (၁၅၀၀၀ဝိ/-) ကျပ်၊ ရှမ်းဆန်တစ်အိတ်လျှင် (၁၂၀၀၀ဝိ/-) ကျပ်ရှိပြီး စားသုံးဆီဈေးနှုန်းများမှာ ပဲဆီသန့်တစ်ပိဿာလျှင် (၁၅၀၀ဝိ/-)ကျပ်၊ နေကြာဆီတစ်ပိဿာလျှင် (၁၅၀၀ဝိ/-)ကျပ်၊ စားသုံးဆီ(ရိုးရိုး)တစ်ပိဿာလျှင် (၈၀၀ဝိ/-)ကျပ်၊ ကြက်သွန်နီတစ်ပိဿာလျှင် (၃၅၀ဝိ/-)ကျပ်၊ ကြက်သွန်ဖြူတစ်ပိဿာလျှင် (၇၅၀ဝိ/-)ကျပ်ရှိပြီး ကုန်စိမ်းဈေးနှုန်းများမှာ အာလူးတစ်ပိဿာလျှင် (၃၅၀ဝိ/-)ကျပ်၊ သခွားသီးတစ်ပိဿာလျှင် (၃၀၀ဝိ/-)ကျပ်၊ ကုလားပဲတစ်ဘူးလျှင် (၁၅၀ဝိ/-)ကျပ်၊ မုန့်ညှင်းချဉ်တစ်ပိဿာလျှင် (၄၅၀ဝိ/-)ကျပ်၊ ငရုတ်သီးခြောက်တစ်ပိဿာလျှင် (၂၂၀၀ဝိ/-)ကျပ်၊ ငရုတ်သီးစိမ်းတစ်ပိဿာလျှင် (၄၅၀ဝိ/-)ကျပ်ရှိပြီး အသားငါးဈေးနှုန်းများမှာ ဝက်သားတစ်ပိဿာလျှင် (၂၂၀၀ဝိ/-)ကျပ်၊ ကြက်သားတစ်ပိဿာလျှင် (၂၀၀၀ဝိ/-)ကျပ်၊ ငါးကြင်းတစ်ပိဿာလျှင် (၂၅၀၀ဝိ/-)ကျပ်၊ ငါး(အာဗြဲခြောက်)တစ်ပိဿာလျှင် (၂၅၀၀ဝိ/-)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း မူဆယ်မြို့ လက်လီဈေးရောင်းသူများထံမှ စုံစမ်းသိရှိရပါသည်။

DOCA(ရှမ်း)

မုန့်တီခြောက် (ခေါ်) ရေစိမ်ခေါက်ဆွဲပြုလုပ်ပုံအကြောင်း

    ရှမ်းပြည်နယ် (အရှေ့ပိုင်း) အတွင်းရှိ ရှမ်းလူမျိုးများအပါအဝင် တိုင်းရင်းသားလူမျိုးပေါင်းစုံတို့သည် အများအားဖြင့် ဆန်ဖြင့်ပြုလုပ်ထားသည့် မုန့်တီခြောက် (ခေါ်) ရေစိမ်ခေါက်ဆွဲကိုစားသုံးကြပါသည်။ မုန့်တီခြောက်သည် ရှမ်းလူမျိုးတို့၏ အဓိကအစားအစာတစ်မျိုးဖြစ်သည့်အပြင် အလှူပွဲများနှင့် မင်္ဂလာဆောင်များတွင် မပါမဖြစ်ခေါက်ဆွဲဖြစ်ပါသည်။ ကျိုင်းတုံမြို့ပေါ်တွင်လည်း မုန့်တီခြောက်ပြုလုပ်သည့် ခေါက်ဆွဲစက်ပေါင်း (၂၆)စက်ရှိပါသည်။ မုန့်တီခြောက်ထုတ်လုပ်မည်ဆိုပါက ကုန်ကြမ်းအနေဖြင့် ဒေသဆန်ဖြစ်သော ငစိန်ဆန်တစ်မျိုးသာလိုအပ်ပါသည်။ ဒေသဆန်ဖြစ်သည့် ခေါက်ကျောက်နွဲ့ (ခေါ်) ငစိန်စပါးသည် စိုက်ပျိုးသည့်တောင်သူဦးရေနည်းသဖြင့် ဈေးနှုန်းအမြင့်ဆုံးပေးဝယ်ရသည့် ငစိန်ဆန်ဖြစ်ကြောင်းသိရှိရပါသည်။

   မုန့်တီခြောက်ပြုလုပ်ရန် ပထမဦးစွာ ငစိန်ဆန်ကို  ရေနှင့်တစ်ညခန့်ရောထည့်၍ ကော်ဇလုံ (သို့မဟုတ်) သံဇလုံကြီးများတွင် ထည့်စိမ်ထားရပါသည်။ နောက်တစ်နေ့တွင် ရေစိမ်ထားသော ငစိန်ဆန်များကိုဆယ်ယူကာ ကြိတ်စက်ဖြင့်ကြိတ်ခွဲပြီး ထွက်ရှိလာသည့်ဆန်မုန့်အနှစ်များကို ပိတ်စထဲထည့်ကာ ရေစစ်ထားရပါသည်။ ရေစစ်ပြီး အနေတော်ဖြစ်နေသည့်မုန့်အနှစ်များကို မုန့်တီခေါက်ဆွဲအမျှင်များပြုလုပ်သည့် စက်ဖြင့်ထပ်မံ၍ ကြိတ်ခွဲရပါသည်။ ထွက်ရှိလာသည့် မုန့်တီအစိမ်းခေါက်ဆွဲများကို ထုတ်တန်းများတွင်လည်းကောင်း၊ လှန်းစင်များဖြင့်လည်းကောင်း နေပူရှိန်ပြင်းသောရက်များတွင် နှစ်ရက်မှ သုံးရက်အထိ ခြောက်သွေ့သွားအောင်နေလှန်းခြင်းဖြင့် မုန့်တီခြောက်ရရှိလာပါသည်။ ရရှိလာသောမုန့်တီခြောက်များကို တစ်ကီလိုထုပ်တစ်ထုပ်လျှင် လက်လီဈေးနှုန်းမှာ (၃၀၀၀)ကျပ်၊ လက်ကားဈေးနှုန်းမှာ (၂၇၀၀)ကျပ်ဖြင့်ရောင်းချရကြောင်းနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီးများသို့လည်းတင်ပို့ရောင်းချရကြောင်း မြင်းပျံအမှတ်တံဆိပ်ဖြင့် မုန့်တီခြောက်ထုတ်လုပ်ရောင်းချသူထံမှသိရှိရပါသည်။

DOCA(ရှမ်း)

ပင်းတယမြို့နယ်၏ ရွှေဖရုံသီးဈေးကွက်

   ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအများအပြား၏ တောင်ယာ၊ လယ်ယာစိုက်ခင်းများတွင် ၂၀၂၃ခုနှစ်၊ မိုးရာသီကာလ ပထမအပတ်မှစတင်စိုက်ပျိုးထားသော ဖရုံစိုက်ခင်းများရှိ ဖရုံသီးများရင့်မာလာပြီဖြစ်၍ ဩဂုတ်လ၊ ပထမအပတ်မှစတင်၍ ခူးဆွတ်တင်ပို့ရောင်းချပေးနေကြောင်း သိရှိရပါသည်။ အကြီး၊ အလတ်အရွယ်ရှိ ဖရုံသီးများကို ပိဿာချိန်ဖြင့် တစ်ပိဿာလျှင် (၄၅၀)ကျပ်မှ (၆၀၀)ကျပ်ဈေးရှိကြောင်းသိရှိရပါသည်။ ကျေးရွာရှိ တောင်ယာ၊ လယ်ယာစိုက်ခင်းများနှင့် အိမ်ဝင်းခြံနေရာတချို့တွင် စီးပွားဖြစ်စိုက်ပျိုးခြင်းနှင့် မိသားစုစားသုံးရန် အနည်းငယ်မျှစိုက်ပျိုးခြင်း၊ ဖရုံပင်များမှ ဖရုံသီးများစတင်ရရှိလာပြီဖြစ်သဖြင့် သင့်တင့်မျှတသောဈေးနှုန်းများဖြင့် ခူးဆွတ်ရောင်းချပေးလျက်ရှိကြောင်း တောင်သူများထံမှ လေ့လာသိရှိရပါသည်။

DOCA(ရှမ်း)

ကျောက်မဲမြို့၌ နေကြာစေ့များ စားသုံးမှုများပြားလျက်ရှိ

   (၁၈-၈-၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ကျောက်မဲမြို့၊ စည်ပင်သာယာပိုင်ဗဟိုဈေးကြီး၏ အတွင်း/အပြင်၌ ရောင်းချလျက်ရှိသည့် တံဆိပ်အလွတ် နေကြာစေ့များမှာ တရုတ်နိုင်ငံမှဝယ်ယူ၍ ပြည်ချိန်ဖြင့် ရောင်းချလျက်ရှိပြီး ဈေးကောင်းရကြောင်းသိရသည်။

  ဈေးကွက်အတွင်း လက်ရှိရောင်းချလျက်ရှိသည့် နေကြာစေ့များကို (၁)ပြည်လျှင် ကျပ် (၇၀၀၀-၈၀၀၀) ရောင်းချလျက်ရှိပြီး (၁)ဘူးလျှင် ၁၀၀၀ကျပ်ဖြင့်ရောင်းချကြောင်း သိရသည်။

  ယခင်နှစ်တွင် နေကြာစေ့ (၁)ပြည်လျှင် ကျပ်(၃၀၀၀-၄၀၀၀) ဈေးနှုန်းရှိသော်လည်း ယခုနှစ်နှင့်နှိုင်းယှဉ်လျှင် နေကြာစေ့ဈေးနှုန်းများမှာ (၁)ပြည်လျှင် ၄၀၀၀ကျပ်ခန့်ဈေးနှုန်းမြင့်တက်လျက်ရှိသော်လည်း ဝယ်ယူသုံးစွဲမှုများပြားကြောင်း နေကြာစေ့ရောင်းချသူ ဒေါ်မျိုးမျိုးခိုင်ထံမှသိရသည်။

    ဈေးကွက်အတွင်းရောင်းချလျက်ရှိသည့် နေကြာစေ့အမျိုးအစားများမှာ အငန်အရသာ၊ အစိမ့်အရသာ၊ အချိုအရသာနှင့် ဆီးသီးအရသာနေကြာစေ့များဟူ၍ အမျိုးမျိုးရှိကြောင်းသိရှိရပြီး ၎င်းနေကြာစေ့များအား ဈေးနှုန်းတူရောင်းချလျက်ရှိကြောင်းသိရသည်။

DOCA(ရှမ်း)

 

နမ့်ဆန်မြို့နယ်၏ တို့ဟူးခွံလုပ်ငန်း

 ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သော နမ့်ဆန်မြို့၌ တို့ဟူးခွံကို ဝမ်းစာရေးအတွက်နှင့် စီးပွားဖြစ်ပြုလုပ်ရောင်းချနေကြောင်းသိရပါသည်။ ဒေသအခေါ် တို့ဟူးခွံပြုလုပ်နည်းမှာ တို့ဟူးပြားမှတစ်ဆင့် တို့ဟူးခွံထွက်သည်အထိ လှမ်းထားရကြောင်း၊ တရုတ်လူမျိုးများသာပြုလုပ်ရောင်းချပြီး တို့ဟူးခွံကို နမ့်ဆန်မြို့ပေါ်တွင်သာရရှိနိုင်ကြောင်း၊ တို့ဟူးခွံများမှာ လူကြိုက်များ၍ ရောင်းအားကောင်းကြောင်း၊ တစ်ဆင့်ပြန်လည်ရောင်းချသည့်ဈေးသည်များက ကြိုတင်မှာယူထားသောကြောင့် အိမ်စားရန်အတွက် တစ်ထုတ်/နှစ်ထုတ်သာဝယ်ယူရရှိကြောင်း၊ တို့ဟူးခွံကိုဝယ်ယူမည်ဆိုပါက နံနက်စောစော(၄:၀၀)နာရီအချိန်နှင့် နံနက်(၅:၀၀)နာရီအချိန်တွင်သာရရှိနိုင်ကြောင်း သိရပါသည်။

     တို့ဟူးပြားကို ပုံစံ(၃)မျိုးဖြင့်ရရှိနိုင်ကြောင်း၊ တို့ဟူးပြား၊ တို့ဟူးခွံ၊ တို့ဟူးချဉ်ဟူ၍ရှိပြီး တို့ဟူးခွံသည်သာ အနည်းငယ်ရရှိနိုင်ကြောင်း၊ ၂၀၂၃ခုနှစ်၊ ဩဂုတ်လတွင် တို့ဟူးခွံဈေးနှုန်းမှာ တစ်ထုပ်လျှင် ၅၀၀ကျပ်ဖြစ်ပြီး နမ့်ဆန်မြို့ပေါ်နှင့် ကျေးရွာများ၊ ခြားမြို့နယ်များသို့ ဖြန့်ဖြူးရောင်းချကြောင်း၊ တို့ဟူးခွံ၏သဘာဝသည် အမွှေးကလေးနှင့် အနံ့မှာ ချဉ်သောအနံ့ထွက်ရှိကြောင်း လေ့လာသိရှိရပါသည်။

DOCA(ရှမ်း)

ဘားအံမြို့၊ အမှတ်(၁)ရပ်ကွက်တွင် ဆီကုန်သည်များအးသင်း၏ စားအုန်းဆီရောင်းချပေးနေမှုအား ကွင်းဆင်းကြီးကြပ်

 စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် စားသုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေကော်မတီကိုဖွဲ့စည်းပြီး ပြည်ပမှတင်သွင်းလာသည့်စာသုံးဆီများ သတ်မှတ်အရည်အသွေးစံချိန်စံညွှန်းများနှင့်ပြည့်မီစေရေး၊ စားသုံးသူပြည်သူများ ကျန်းမာရေးနှင့်ညီညွတ်သော စားသုံးဆီများကိုသုံးစွဲနိုင်ရေး၊ ဈေးနှုန်းသက်သာစွာဝယ်ယူစားသုံးနိုင်ရေး၊ စာအုန်းဆီကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းများဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိရာ (၂၁-၈-၂၀၂၃)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် အမှတ်(၁)ရပ်ကွက်နေ  ပြည်သူများအား ကရင်ပြည်နယ်၊ ဆီကုန်သည်များနှင့်ဆီလုပ်ငန်းရှင်များအသင်းက ဈေးကားဖြင့် စားအုန်းဆီ (၁)ပိဿာလျှင် (၄၅၀၀)ကျပ်၊ ဘူးခွံတစ်ဘူးလျှင် (၅၀၀)ကျပ်၊ စုစုပေါင်းစားအုန်းဆီ(၁)ပိဿာလျှင် (၅၀၀၀)ကျပ်နှုန်းဖြင့် လူတစ်ဦးလျှင် (၁)ပိဿာနှုန်းဖြန့်ဖြူးရောင်းချပေးနေမှုအား ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက သွားရောက်ပူးပေါင်း၍ ကြီးကြပ်ဆောင်ရွက်ခဲ့ပါသည်။

 ထိုသို့ ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ရာ၌ စားသုံးသူပြည်သူများအဆင်ပြေချောမွေ့စွာဝယ်ယူနိုင်ရေး၊ စားအုန်းဆီဈေးနှုန်းများမှန်ကန်ရေး၊ အလေးချိန်ပြည့်ဝမှန်ကန်မှုရှိစေရေး၊ တိုက်ရိုက်ဝယ်ယူနိုင်ရေးနှင့် စားအုန်းဆီဝယ်ယူရာတွင် စနစ်တကျရှိစေရေး ကြီးကြပ်ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကရင်)

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း( ၂၄.၈.၂၀၂၃ )

၂၄.၈.၂၀၂၃ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြအပ်ပါသည်။

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း