ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဈေးကွက်အတွင်းဖြစ်ပေါ်နေသော အာလူးဈေးနှုန်း

       စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သော အာလူးကို ယခင်က လွိုင်ကော်မြို့နယ်၊ လင်ဖုံလေး ကျေးရွာ၊ ကုန်းသာကျေးရွာနှင့် ဒီးမော့ဆိုမြို့နယ် သေးဆူ လဲကျေးရွာတို့တွင်လည်း စိုက်ပျိုးလျက်ရှိပြီး ယခုအချိန်အခါစိုက်ပျိုးမှုအနည်းငယ်သာရှိသဖြင့် အခြားဒေသများဖြစ်သည့် ပင်လောင်း၊ ကလော၊ အောင်ပန်းနှင့် နောင်တရားမြို့တို့မှ အများဆုံး တင်သွင်း ရောင်းချလျက်ရှိပါသည်။

        ယခုဇွန်လပထပတ်အတွင်း ဈေးကွက်တွင်ဖြစ်ပေါ်နေသော အာလူးဈေးနှုန်းမှာ တစ်ပိဿာလျှင်(၂၅၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း နောင်ယားဈေးရှိ အာလူးရောင်းချသူတစ်ဦး ထံမှ သိရှိရပါသည်။

DOCA(ကယား)

လယ်ယာထွက်ကုန်သီးနှံတင်သွင်း၊ တင်ပို့မှုအခြေအနေ

          ကယားပြည်နယ်သည် စပါး၊ ပြောင်း၊ နှမ်း၊ မြေပဲ၊ ပဲစင်းငုံတို့ကိုအဓိကစိုက်ပျိုးကြပြီး အခြား သီးနှံများကိုလည်းအနည်းငယ်စိုက်ပျိုးကြပါသည်။ ကယားပြည်နယ်နှင့် အခြားတိုင်း ဒေသကြီး/ ပြည်နယ်များအကြား မေလတွင် အခြားဒေသများမှ ပြည်နယ်အတွင်းသို့ ဆန်တင်သွင်းမှုမှာ(၂၄၂၅၂)အိတ်(၁၂၁၂)တန်ခန့်၊ ကြက်သွန်နီတင်သွင်းမှုမှာ (၆၄၈)အိတ်ခန့်နှင့် ကယားပြည်နယ်မှ အခြားဒေသများသို့ ဆန်တင်ပို့မှုမှာ (၁၃၁၀)အိတ်(၆၅)တန်ခန့်၊ နှမ်းတင်ပို့မှု မှာ(၁၆၃၄)အိတ်(၈၀)တန်၊ ပြောင်းတင်ပို့မှုမှာ(၁၂၆၅၉)အိတ်(၆၂၀)တန်ခန့်နှင့် ပဲအမျိုးမျိုး တင်ပို့မှုမှာ(၂၃၇၇)အိတ်(၁၁၆)တန်ခန့် ကုန်သွယ်မှုပြုလုပ်ခဲ့ကြောင်း မြို့ဦးဂိတ်စာရင်းအရ သိရှိရပါသည်။

ကယားပြည်နယ် ဆန်စီးဝင်မှုအခြေအနေနှင့် ဈေးနှုန်းဈေးကွက်

          ကယားပြည်နယ်တွင် ၂၀၂၃ ခုနှစ် မေလအတွင်း ပြည်နယ်အတွင်းသို့ ဆန်စီးဝင်မှုအခြေအနေမှာ ရန်ကုန်မြို့မှ ဆန်(၁၀၉၅၅)အိတ် တန်ချိန်အားဖြင့် (၅၄၇)တန်ခန့်လည်းကောင်း၊ ရွှေဘိုမြို့မှ ဆန်(၂၄၂၅၂)အိတ် တန်ချိန်အားဖြင့် (၁၂၁၂)တန်ခန့်လည်းကောင်း၊ မန္တလေးမြို့မှ ဆန်(၆၆၅)အိတ် တန်ချိန်အားဖြင့် (၃၃)တန်ခန့် လည်းကောင်း၊ တောင်ကြီးမြို့မှဆန်(၁၀၀)အိတ် တန်ချိန်အားဖြင့် (၅)တန်ခန့်လည်းကောင်း ပြည်နယ်အတွင်းသို့ ဆန်တင်သွင်းမှုများပြုလုပ်ခဲ့ပါကြောင်းနှင့် ယခင် ဧပြီလ ပြည်နယ်အတွင်းသို့ ဆန်စီးဝင်မှုအခြေအနေမှာ ရန်ကုန်မြို့မှ ဆန်(၈၆၀၀)အိတ်(၄၃၀)တန်ခန့်လည်းကောင်း၊ ရွှေဘိုမြို့မှ ဆန်(၁၀၂၁၅)အိတ် (၅၁၀)တန်ခန့်လည်းကောင်း၊ မန္တလေးမြို့မှဆန်(၂၂၀)အိတ်(၁၁)တန်ခန့်လည်းကောင်း၊ ပြည်နယ် အတွင်းသို့ ဆန်တင်သွင်းမှုများပြုလုပ်ခဲ့ပါကြောင်း ဆန်ကုန်သည်တစ်ဦးထံမှ သိရှိရပါသည်။

          ၂၀၂၃ ခုနှစ်၊ ဇွန်လပထမပတ်အတွင်း လွိုင်ကော်မြို့၌ အခြားဒေသမှ တင်သွင်းလာသည့် ဆန်ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်းမွှေးတစ်ပြည်လျှင်(၄၉၀၀)ကျပ် (၂၄ပြည်) တစ်အိတ်လျှင် (၁၁၆၀၀၀)ကျပ်ခန့်၊ မြောင်းမြပေါ်ဆန်း ဆန်တစ်ပြည်လျှင်(၄၀၀၀)ကျပ်(၂၄ ပြည်)တစ်အိတ် လျှင်(၉၅၀၀၀)ကျပ်ခန့်၊ ဧရာမင်းပေါ်ဆန်း ဆန်တစ်ပြည်လျှင်(၄၁၀၀)ကျပ်(၂၄ပြည်)တစ်အိတ် လျှင်(၉၈၀၀၀)ကျပ်ခန့်၊ ပေါ်ဆန်းကျော် ဆန်တစ်ပြည်လျှင်(၄၁၀၀)ကျပ် (၂၄ပြည်)တစ်အိတ် လျှင်(၉၈၀၀၀)ကျပ်နှင့် ပေါ်ဆန်းဇကွဲတစ်ပြည်လျှင်(၂၂၅၀)ကျပ် (၂၄ပြည်)တစ်အိတ်လျှင် (၅၄၀၀၀)ကျပ်ခန့်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ဆန်ရောင်းဝယ်သူတစ်ဦးထံမှ သိရှိရပါသည်။

DOCA Kayah

“‌မေလအတွင်း သိမ်ဖြူဈေးတွင်ဖြစ်ပေါ်ခဲ့သော ကြက်သွန်ဖြူ/နီလက်ကားဈေးနှုန်းများ”

     ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ သိမ်ဖြူဈေးကြီးအတွင်း ကြက်သွန်ဖြူ၊ ကြက်သွန်နီများအား ကား၊ ရထားတို့ဖြင့် ရှမ်းပြည်နယ်မှ ဘုရင့်နောင်ကုန်စည်ဒိုင်သို့ နေ့စဉ် ဝင်ရောက်လျက်ရှိပြီး လက်လီလက်ကားပြန်လည်ရောင်းချလျက်ရှိရာ ၂၀၂၃ခုနှစ်၊ မေလ၊ ပထမအပတ်တွင် ကြက်သွန်နီ(ဆိပ်ဖြူ)အဝင် (၃၉၁၅၀) ပိဿာနှင့် ကြက်သွန်ဖြူ(ကြူကုတ်) (၅၅၅၀) ပိဿာဝင်ရောက်ခဲ့ပြီး ကြက်သွန်နီ(ဆိပ်ဖြူ)လက်ကားဈေးမှာ ၁ပိဿာလျှင် ၂၀၀၀ကျပ်မှ ၂၅၀၀ကျပ်ထိဖြစ်၍ ကြက်သွန်ဖြူ(ကြူကုတ်)လက်ကားဈေးမှာ ၁ပိဿာလျှင် ၅၅၀၀ကျပ်မှ ၇၀၀၀ကျပ်ထိရှိခဲ့ပါသည်။ မေလ၊ ဒုတိယအပတ်အတွင်း ကြက်သွန်နီ(ဆိပ်ဖြူ)အဝင် (၃၄၉၀၀) ပိဿာနှင့် ကြက်သွန်ဖြူ(ကြူကုတ်)(၁၁၅၀၀) ပိဿာဝင်ရောက်ခဲ့ပြီး ကြက်သွန်နီ(ဆိပ်ဖြူ) လက်ကားဈေးမှာ ၁ပိဿာလျှင် ၁၉၀၀ကျပ်မှ ၂၁၀၀ကျပ်ထိဖြစ်၍ ကြက်သွန်ဖြူ(ကြူကုတ်) လက်ကားဈေးမှာ ၁ပိဿာလျှင် ၆၀၀၀ကျပ်မှ ၇၅၀၀ကျပ်ထိဖြစ်ခဲ့ပါသည်။ မေလ၊ တတိယအပတ်အတွင်း ကြက်သွန်နီ(ဆိပ်ဖြူ)အဝင် (၃၅၉၀၀) ပိဿာနှင့် ကြက်သွန်ဖြူ(ကြူကုတ်) (၁၁၂၀၀) ပိဿာဝင်ရောက်ခဲ့ပြီး ကြက်သွန်နီ(ဆိပ်ဖြူ) လက်ကားဈေးမှာ ၁ပိဿာလျှင် ၂၀၀၀ကျပ်မှ ၂၆၀၀ကျပ်ထိဖြစ်၍ ကြက်သွန်ဖြူ(ကြူကုတ်)လက်ကားဈေးမှာ ၁ပိဿာလျှင် ၅၀၀၀ကျပ်မှ ၆၅၀၀ကျပ်ထိရှိခဲ့ပါသည်။ မေလ၊ စတုတ္ထအပတ်အတွင်း ကြက်သွန်နီ(ဆိပ်ဖြူ)အဝင် (၃၅၀၀၀) ပိဿာနှင့် ကြက်သွန်ဖြူ(ကြူကုတ်) (၉၈၅၀) ပိဿာဝင်ရောက်ခဲ့ပြီး ကြက်သွန်နီ(ဆိပ်ဖြူ လက်ကားဈေးမှာ ၁ပိဿာလျှင် ၁၈၀၀ကျပ်မှ ၂၂၀၀ကျပ်ထိဖြစ်၍ ကြက်သွန်ဖြူ(ကြူကုတ်)လက်ကားဈေးမှာ ၁ပိဿာလျှင် ၆၅၀၀ကျပ်မှ ၇၂၀၀ကျပ်ထိဖြစ်ပေါ်ခဲ့ပြီး ကြက်သွန်နီဈေးနှုန်းမှာ အနည်းငယ်ကျဆင်းလျက်ရှိပြီး ကြက်သွန်ဖြူဈေးနှုန်းမှာ အတက်အကျဖြစ်လျက်ရှိကြောင်း ဈေးတာဝန်ခံရုံးမှ သတင်းရရှိပါသည်။

DOCA(ရန်ကုန်)

         

 

ဈေးကွက်အတွင်း၌ ငရုတ်သီးစိမ်းဈေးနှုန်းမြင့်တက်လျက်ရှိ

      စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည့် ငရုတ်သီးကို လွိုင်ကော်မြို့နယ် မှုံပြာ၊ လင်ဖုံလေး၊ ရေနီ ကန်ကျေးရွာများတွင် စိုက်ပျိုးကြပြီးထွက်ရှိကြောင်း၊ ငရုတ်သီးစိမ်းကို‌ ဒေသတွင်းဈေးကွက်အတွင်းဖြန့်ဖြူးရောင်းချကြပြီး ဒေသခံလူမျိုးများမှာလည်း ငရုတ်သီးကို ဒေသရိုးရာအစားအသောက်များ၊ ဟင်းလျာများတွင်မရှိမဖြစ်အများဆုံးအသုံးပြုကြကြောင်း သိရှိရပါသည်။

          မေလပထမပတ် ဈေးကွက်အတွင်း ငရုတ်သီးစိမ်းတောင့်(ရှည်)နို့ဆီ(၁)ဗူးလျှင်ကျပ်(၅၀၀) ၊ ၂၅ ကျပ်သားကို(၂၀၀၀)ကျပ်၊ တစ်ပိဿာလျှင်ကျပ်(၈၀၀၀)ဈေးနှုန်းပေါက်လျက်ရှိပြီး၊ ယခုဇွန်လ ပထမတွင် ငရုတ်သီးစိမ်း နို့ဆီ(၁)ဗူးလျှင် ကျပ်(၁၀၀၀)၊ ၂၅ကျပ်သားလျှင် (၂၅၀၀)ကျပ် တစ်ပိဿာ လျှင် (၁၀၀၀၀)ကျပ်  ကျပ်ရှိခဲ့ပါသည်။ ယခင်လပထမပတ်နှင့် ယခုလပထမပတ်နှင့် နှိုင်းယှည်ကြည့် လျှင် ငရုပ်သီးစိမ်း တစ်ပိသာလျှင်ကျပ်(၂၀၀၀)ခန့် ကျပ်ခန့်မြင့်တက်လာကြောင်း သီရိမင်္ဂလာဈေးရှိ ငရုတ်သီးရောင်းချသူတစ်ဦးထံမှသိရပါသည်။

DOCA-Kayah

အခြေခံစားသောက်ကုန်များ၏ ဈေးကွက်အခြေအနေ

     ၂၀၂၃ခုနှစ်၊ မေလ၊ စတုတ္ထအပတ်အတွင်း အခြေခံစားသောက်ကုန်များဖြစ်သော စားအုန်းဆီ၁ပိဿာလျှင် (၄၉၀ဝ) ကျပ်၊ ပဲဆီ(ရိုးရိုး)၁ပိဿာလျှင် (၈၀၀၀) ကျပ်ဖြင့်လည်းကောင်း၊ ကြက်သွန်နီဆိုဒ်စုံ၁ပိဿာလျှင် (၂၄၀၀-၂၆၀၀-၂၈၀ဝ) ကျပ်၊ ကြက်သွန်ဖြူ(ဥ)တလုံး၁ပိဿာလျှင် (၈၀၀ဝ-၁၀၀၀ဝ) ကျပ်၊ ကြက်သွန်ဖြူ(အမွှာ)၁ပိဿာလျှင် (၆၀၀ဝ-၈၀၀ဝ) ကျပ်၊ ကြက်သွန်ဖြူ(ကြူကုတ်)၁ပိဿာလျှင် (၈၀၀၀) ကျပ်၊ အာလူး၁ပိဿာလျှင် (၂၅၀၀) ကျပ်၊ နနွင်းမှုန့်၁ပိဿာလျှင် (၁၀၀၀၀) ကျပ်၊ နနွင်းတက်၁ပိဿာလျှင် (၅၀၀၀) ကျပ်၊ အိုင်အိုဒင်းဆား/ရိုးရိုးဆား၁ထုပ်လျှင် (၃၀၀) ကျပ်၊ ငရုတ်တောင့်(ရှည်)၁ပိဿာလျှင် (၁၆၀၀၀) ကျပ်၊ ငရုတ်တောင့်(ပု)၁ပိဿာလျှင် (၂၀၀၀၀) ကျပ်၊ မြန်မာပဲနီလေး၁ပိဿာလျှင် (၈၀၀၀) ကျပ်၊ ပဲဝါလေး၁ပိဿာလျှင် (၅၀၀၀) ကျပ်၊ ကုလားပဲခြမ်း၁ပိဿာလျှင် (၅၂၀၀) ကျပ်၊ ချင်း၁ပိဿာလျှင် (၆၀၀၀-၈၀၀၀) ကျပ်ဖြင့် လည်းကောင်း၊ ပုစွန်ခြောက်(ကြီး)၁ပိဿာလျှင် (၈၀၀၀၀) ကျပ်၊ ပုစွန်ခြောက်(လတ်)၁ပိဿာလျှင် (၆၀၀၀၀) ကျပ်၊ ပုစွန်ခြောက်(သေး)၁ပိဿာလျှင် (၄၀၀၀၀) ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

     ဝက်သား၁ပိဿာလျှင် (၁၈၀၀၀) ကျပ်၊ ဘဲသား၁ပိဿာလျှင် (၁၄၀၀၀) ကျပ်၊ ဆိတ်သား၁ပိဿာလျှင် (၂၈၀၀၀) ကျပ်၊ မွေးမြူရေးကြက်၁ပိဿာလျှင် (၉၀၀၀-၁၀၀၀၀) ကျပ်၊ မြန်မာကြက်၁ပိဿာလျှင် (၁၈၀၀၀-၂၀၀၀၀) ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

      ဆန်ကြမ်း ငစိန်၁အိတ်လျှင် (၅၇၀၀၀ကျပ်မှ ၆၄၀၀၀ကျပ်ထိ)ရှိပြီး ဧည့်မထ၁အိတ်လျှင် (၅၇၀၀၀ကျပ်မှ ၆၆၀၀၀ကျပ်ထိ)လည်းကောင်း၊ ရွှေဘိုပေါ်ဆန်းမွှေး(အဟောင်း)၁အိတ်လျှင် (၉၉၀၀၀ကျပ်မှ ၁၁၃၀၀၀ကျပ်ထိ)၊ (ဆန်သစ်)၁အိတ်လျှင် (၈၀၀၀၀ ကျပ်မှ ၈၇၀၀၀ကျပ်ထိ)လည်းကောင်း ဈေးနှုန်းအသီးသီးဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ပုစွန်တောင်ဈေးအတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

သီရိမင်္ဂလာဈေးရှိ သစ်သီးဝလံဈေးနှုန်းများ

     ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ သီရိမင်္ဂလာဈေးတွင် (၂၄-၅-၂၀၂၃) ရက်နေ့မှ (၃၀-၅-၂၀၂၃) ရက်နေ့အထိဖြစ်ပေါ်ခဲ့သော သစ်သီးဝလံဈေးနှုန်းများမှာ သီပေါမှ ဖရဲသီး (855) အလုံးကြီးတစ်လုံးလျှင် ကျပ်၁၀၀၀၀၊ ဝမ်းတွင်းမှ ဖရဲသီး (211) အလုံးကြီးတစ်လုံးလျှင် ကျပ်၃၀၀၀၊ အလုံးလတ်တစ်လုံးလျှင် ကျပ်၂၀၀၀၊ အလုံးသေးတစ်လုံးလျှင် ကျပ်၁၅၀၀၊ တိုက်ကြီး၊ ပုပ္ပါးမှ မာလကာသီးအလုံးကြီးတစ်လုံးလျှင် ကျပ်၆၀၀၊ အလုံးလတ်တစ်လုံးလျှင် ကျပ်၄၀၀၊ အလုံးသေးတစ်လုံးလျှင် ကျပ်၃၀၀၊ ကျိုက်ကော်၊ သီပေါမှ နာနတ်သီးအလုံးကြီးတစ်လုံးလျှင် ကျပ်၂၀၀၀၊ အလုံးလတ်တစ်လုံးလျှင် ကျပ်၁၅၀၀၊ အလုံးသေးတစ်လုံးလျှင် ကျပ်၁၀၀၀၊ တိုက်ကြီးမှ သရက်သီး (စိန်တလုံး) အလုံးကြီးတစ်လုံးလျှင် ကျပ်၃၀၀၊ အလုံးလတ်တစ်လုံးလျှင် ကျပ်၂၀၀၊ အလုံးသေးတစ်လုံးလျှင်  ကျပ်၁၅၀၊ မအူပင်မှ သရက်သီး (မချစ်စု) အလုံးကြီးတစ်လုံးလျှင် ကျပ်၃၅၀၊ အလုံးလတ်တစ်လုံးလျှင် ကျပ်၂၅၀၊ အလုံးသေးတစ်လုံးလျှင်  ကျပ်၂၀၀၊ မအူပင်မှ သရက်သီး (ရင်ကွဲ) အလုံးကြီးတစ်လုံးလျှင် ကျပ်၂၅၀၊ အလုံးလတ်တစ်လုံးလျှင် ကျပ်၂၀၀၊ အလုံးသေးတစ်လုံးလျှင် ကျပ်၁၅၀၊ ဘီးလင်းမှ ပိန္နဲသီးအလုံးကြီးတစ်လုံးလျှင် ကျပ်၈၀၀၀၊ အလုံးလတ်တစ်လုံးလျှင် ကျပ်၅၀၀၀၊ အလုံးသေးတစ်လုံးလျှင် ကျပ်၃၀၀၀၊ အောင်ပန်း၊ နောင်ချိုမှ ရွှေလိမ္မော်သီးအလုံးကြီးတစ်ပိဿာလျှင် ကျပ်၁၀၀၀၀၊ အလုံးသေးတစ်လုံးလျှင် ကျပ်၅၀၀၀၊ မန္တလေး၊ တိုက်ကြီးမှ သင်္ဘောသီးအလုံးကြီးတစ်လုံးလျှင် ကျပ်၂၀၀၀၊ အလုံးသေးတစ်လုံးလျှင်  ကျပ်၈၀၀၊ မော်လမြိုင်မှ ကျွဲကောသီးအလုံးကြီးတစ်လုံးလျှင် ကျပ်၄၀၀၀၊ အလုံးသေးတစ်လုံးလျှင် ကျပ်၁၆၀၀၊ ကလောမှ ပန်းသီးအလုံးကြီးစက္ကူပုံးတစ်ပုံးလျှင် ကျပ်၃၅၀၀၀၊ အလုံးသေးတစ်ပုံးလျှင် ကျပ်၂၈၀၀၀ဈေးတို့ရှိကြောင်း သီရိမင်္ဂလာဈေးရှိ မြန်မာနိုင်ငံသစ်သီးဝလံပန်းမန်ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (MFVP) မှ သိရှိရပါသည်။

DOCA(ရန်ကုန်)

ဥပဒေပါအချက်အလက်များ သိရှိလိုက်နာဆောင်ရွက်ရေး လုပ်ငန်းရှင်အား အသိပညာပေးဆွေးနွေး

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူး ရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် စီးပွားရေးလုပ်ငန်းရှင်များအား တွေ့ဆုံ၍ ဌာနမှထုတ်ပြန်ထားသည့် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများ၊ အမိန့်နှင့် ညွှန်ကြားချက်များကို သိရှိလိုက်နာဆောင်ရွက်နိုင်ရေး အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်လျက်ရှိရာ (၂၃.၅.၂၀၂၃)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးဦးဆောင်၍ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း(၅)ဦးတို့သည် အမှတ်(၃) ရပ်ကွက်၊ ရွှေဘိုမြို့ရှိ မုန့်မျိုးစုံရောင်းချသည့် စီးပွားရေးလုပ်ငန်းရှင်အားလည်းကောင်း၊ (၂၄.၅.၂၀၂၃)ရက် နေ့နံနက်(၁၀:၀၀)နာရီအချိန်တွင် ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း(၁)ဦးတို့သည့် အမှတ်(၅)ရပ်ကွက်၊ ရွှေဘိုမြို့ရှိ ကိတ်နှင့် မုန့်မျိုးစုံရောင်းဝယ်ရေးလုပ်ငန်းရှင်အားလည်းကောင်း၊ (၂၅.၅.၂၀၂၃)ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် ဝက်လက်မြို့နယ်တာဝန်ခံမှ အမှတ်(၂)ရပ်ကွက်၊ ဝက်လက်မြို့ရှိ ကုန်စုံဆိုင် လုပ်ငန်းရှင်အားလည်းကောင်း တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

   ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေး ဥပဒေအပြင် အထက်ဌာနက ထုတ်ပြန်ထားသည့် အမိန့်နှင့် ညွှန်ကြားချက်များနှင့်အညီ လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊  ကုန်စည်ကိုရောင်းချသည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ  ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြထားသည့် ကုန်စည်များကိုသာ ရောင်းချကြရမည်ဖြစ်သဖြင့် ကုန်အညွှန်းအမှတ်အသားတွင် ထည့်သွင်းဖော်ပြရမည့်အချက်များကို သိရှိရန်လိုအပ်ကြောင်း၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ဥပဒေပါ အချက်များနှင့် မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)ပါ အကြောင်းများ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ စားသုံးသူများသာမက စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဌာနမှဆောင်ရွက်နေသောလုပ်ငန်းများကို သိရှိလိုပါက ရုံးဖွင့်ရက် ရုံးချိန်အတွင်း Consumer Call Center (1535)သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း၊ ပြစ်မှုနှင့် ပြစ်ဒဏ်များကို သိရှိရမည်ဖြစ်ကြောင်း  ရှင်းလင်းဆွေးနွေးခဲ့ရာ စီးပွားရေးလုပ်ငန်းရှင်မှသိရှိလိုသည်များ မေးမြန်းဆွေးနွေးမှုအပေါ် ပြန်လည်ဖြေကြားခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း  သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

 

တညင်းကုန်းလက်ကားဈေးကြီးတွင် ရက်သတ္တပတ်အတွင်း ရောင်းချနေသော ကုန်ဈေးနှုန်းအခြေအနေ

     အင်းစိန်မြို့နယ်ရှိ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ (၂၄-၅-၂၀၂၃)ရက်နေ့မှ (၃၀-၅-၂၀၂၃)ရက်နေ့အတွင်း  ညောင်တုန်း၊ မှော်ဘီ၊ သာရဝေါ၊ ညောင်နှစ်ပင်ကျေးရွာ၊ ကြာကန်စုကျေးရွာ၊ နေပြည်တော်၊ တပ်ကုန်း၊ ရွှေဒါး၊  မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊ လက်ပံတန်း၊ မင်းလှ၊ ဝါးနက်ချောင်း၊ မော်လမြိုင်၊ မန္တလေး၊ အုတ်ဖိုနှင့် ရှမ်းပြည်နယ်တို့မှ ဟင်းသီးဟင်းရွက်နှင့်သစ်သီးဝလံပန်းမန်များ အများဆုံးဝင်ရောက်ရောင်းချနေကြောင်း သိရှိရပါသည်။ ထိုသို့ ဝင်ရောက်ရာတွင် ယခုရက်သတ္တပတ်အတွင်း ခရမ်းချဉ်သီးထိုင်ဝမ်တစ်ပိဿာလျှင် ကျပ် (၁၂၀၀) မှ ကျပ် (၁၆၀၀) အတွင်း၊ ဂေါ်ဖီထုပ်တစ်ထုပ်လျှင် ကျပ် (၆၀၀) မှ ကျပ် (၂၀၀၀) အတွင်း၊ ပန်းဂေါ်ဖီတစ်ထုပ်လျှင် ကျပ် (၆၀၀) မှ ကျပ် (၁၅၀၀) အတွင်း၊ အာလူးတစ်ပိဿာလျှင် ကျပ် (၁၉၅၀) မှ ကျပ် (၂၁၀၀) အတွင်း၊ မုန့်လာဥနီတစ်ပိဿာလျှင် ကျပ် (၁၂၀၀) မှ ကျပ် (၂၀၀၀) အတွင်း၊ ရွှေဖရုံသီးတစ်လုံးလျှင် ကျပ် (၂၀၀၀) မှ ကျပ် (၅၀၀၀) အတွင်း၊ ဘူးသီးတစ်လုံးလျှင် ကျပ် (၁၅၀၀) မှ ကျပ် (၂၀၀၀) အတွင်း၊ မုန်ညှင်းထုပ်တစ်ပိဿာလျှင် ကျပ် (၂၀၀၀) မှ ကျပ် (၂၅၀၀) အတွင်း၊ ကြက်သွန်နီ(ဆိပ်ဖြူ)တစ်ပိဿာလျှင် ကျပ် (၁၆၀၀) မှ ကျပ် (၂၁၅၀) အတွင်း၊ ကြက်သွန်ဖြူ(ရှမ်း)တစ်ပိဿာလျှင် ကျပ် (၄၈၀၀) မှ ကျပ် (၆၂၀၀) အတွင်း၊ ကြက်သွန်ဖြူ(ကြူကုတ်)တစ်ပိဿာလျှင် ကျပ် (၆၀၀၀) မှ ကျပ် (၆၈၀၀) အတွင်း၊ ချင်းတစ်ပိဿာလျှင် ကျပ် (၃၀၀၀) မှ ကျပ် (၆၀၀၀) အတွင်း၊ ဆလပ်ရွက်တစ်စည်းလျှင် ကျပ် (၂၀၀) မှ ကျပ် (၂၅၀) အတွင်း၊ ချဉ်ပေါင်ရွက်တစ်စီးလျှင် ကျပ် (၇၅) မှ ကျပ် (၁၀၀) အတွင်း၊ ခရမ်းသီး(ရှည်)တစ်ပိဿာလျှင် ကျပ် (၂၀၀၀) မှ ကျပ် (၂၂၀၀) အတွင်း၊ သံပရာသီးတစ်လုံးလျှင် ကျပ် (၅၀) မှ ကျပ် (၂၀၀) အတွင်း၊ ငရုတ်သီးစိမ်း(ကျောက်စိမ်း)တစ်ပိဿာလျှင် ကျပ် (၃၅၀၀) မှ ကျပ် (၅၅၀၀) အတွင်း၊ ဖရဲသီး(အကြီး၊ အလတ်၊ အသေး)တစ်လုံးလျှင် ကျပ် (၁၅၀၀) မှ ကျပ် (၈၀၀၀) အတွင်းဖြစ်ကြောင်း သိရှိရပါသည်။ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ယခုရက်သတ္တပတ်အတွင်း သံပရာသီးအလုံးပေါင်း (၁၅၄၇၀၀)ကျော်၊ ခရမ်းသီး(ရှည်)ပိဿာပေါင်း (၁၀၃၁၀)ကျော်၊ ဘူးသီးအလုံးပေါင်း (၃၄၇၀)ကျော်၊ ရွှေဖရုံသီးအလုံးပေါင်း (၂၅၂၀)ကျော်၊ ဂေါ်ဖီထုပ်ပေါင်း (၄၁၅၀၀)ကျော်၊ ပန်းဂေါ်ဖီထုပ်ပေါင်း (၂၆၉၀၀)ကျော်၊ မုန်ညှင်းထုပ်ပိဿာပေါင်း (၈၂၀၅)ကျော်၊ ဖရဲသီးလုံးပေါင်း (၁၂၀၀၀)ကျော်  အသီးသီးကုန်အဝင်ရှိကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

မုံရွာမြို့၊ ချင်းတွင်းရတနာဈေးအတွင်း ရောင်းချနေသော အခြေခံစားကုန်ဈေးနှုန်းများ အခြေအနေ

      စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ရှိ ဈေးများတွင် ၂၀၂၃ခုနှစ်၊ မေလ(စတုတ္ထပတ်) အတွင်း ‌ရွှေဘိုပေါ်ဆန်း (သစ်)(တစ်အိတ်)လျှင် ၉၀၀၀၀ကျပ်၊  ဧရာမင်း(ဆန်)(သစ်)(တစ်အိတ်)လျှင် ၈၀၀၀၀ ကျပ်၊ ဧည့်မထ ဆန်(သစ်)(တစ်အိတ်)လျှင် ၇၀၀၀၀ ကျပ်၊ ပဲဆီ(တစ်ပိဿာ)လျှင် ၁၂၄၅၀-၁၂၅၀၀ ကျပ်၊ နှမ်းဆီ (တစ်ပိဿာ)လျှင် ၁၁၀၀၀ ကျပ်၊ နေကြာဆီ(တစ်ပိဿာ)လျှင်၁၂၀၀၀ကျပ်၊ စားအုန်းဆီ (တစ်ပိဿာ) လျှင် ၆၄၅၀-၆၅၀၀ကျပ်၊ ဆား(တစ်ပိဿာ)လျှင် ၆၀၀-၇၀၀ ကျပ်၊ ငရုတ်ခြောက် (တစ်ပိဿာ) ၁၈၀၀၀ မှ ၁၉၀၀၀ ကျပ်၊ ကြက်သွန်နီ(အသစ်) (တစ်ပိဿာ) ၂၂၀၀ မှ ၂၅၀၀ ကျပ်၊ ကြက်သွန် ဖြူ(ရှမ်းစ) (တစ်ပိဿာ) ၅၅၀၀ မှ ၆၀၀၀ ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်) (တစ်ပိဿာ) ၅၈၀၀ မှ ၆၀၀၀ ကျပ်၊ အာလူး(တစ်ပိဿာ) ၂၀၀၀ မှ၂၂၀၀ ကျပ်၊ မန်ကျည်းသီးမှည့် (တစ်ပိဿာ) လျှင် ၃၅၀၀-၃၆၀၀ ကျပ်၊ နနွင်းတက် (တစ်ပိဿာ)လျှင် ၅၈၀၀-၆၀၀၀ ကျပ်၊ ခရမ်းချဉ်သီး (တစ်ပိဿာ) ၁၆၀၀ကျပ်၊ ဂေါ်ဖီထုပ် (တစ်ထုပ်)၂၀၀၀ကျပ်၊ ပဲသီး (ပဲတောင့်ရှည်)(တစ်စည်း) ၆၀၀ ကျပ်၊ ကြက်သား (တစ်ပိဿာ) လျှင် ၁၀၀၀၀ -၁၂၀၀၀ ကျပ်၊ ဝက်သား (တစ်ပိဿာ)လျှင် ၁၈၀၀၀-၂၀၀၀၀ ကျပ်၊ အမဲသား(တစ်ပိဿာ)လျှင် ၁၆၀၀၀-၁၇၀၀၀ကျပ်၊ ဆိတ်သား (တစ်ပိဿာ)လျှင် ၂၄၀၀၀-၂၆၀၀၀ ကျပ်၊ ငါးမြစ်ချင်း (တစ်ပိဿာ) လျှင် ၇၅၀၀-၈၀၀၀ကျပ်၊ ကြက်ဥ (၁)လုံးလျှင် ၂၆၀ ကျပ်၊ ဘဲဥ (၁)လုံး လျှင် ၃၀၀ ကျပ်၊ ဖရဲသီး (ကျောက်စိမ်း) (၁)လုံးလျှင် ၁၀၀၀ မှ ၁၅၀၀ ကျပ်အတွင်း၊ ဖရဲသီး(၂၁၁) (၁)လုံး လျှင် ၃၅၀၀ ကျပ်၊ သခွားမွှေး(၁)လုံးလျှင် ၁၅၀၀မှ ၂၀၀၀ ကျပ်အတွင်း အသီသီး ဈေးရှိကြောင်း သိရသည်။

          ယခင်ပတ်နှင့်နှိုင်းယှဉ်ပါက ဒေသထွက် ခရမ်းချဉ်သီး၊ ဂေါ်ဖီထုပ်နှင့် ပဲသီး (ပဲတောင့် ရှည်)များမှာ လက်ကျန်နည်းပါးနေပါသဖြင့်  ဈေးနှုန်းများ အနည်းငယ် မြင့်တက်နေပြီး စားအုန်းဆီဈေးနှုန်းများမှာ ရည်ညွှန်းဈေးပေါ် မူတည်၍ ဈေးနှုန်းအပြောင်းအလဲရှိပါကြောင်း ချင်းတွင်းရတနာဈေးရှိ လက်လီလက်ကား ရောင်းဝယ်ဖောက်ကား  ရောင်းချနေသော ကုန်သည်များထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)

      

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း