မုံရွာကုန်စည်ဒိုင်၏ ပဲမျိုးစုံ၊ အစေ့ထုတ်ပြောင်း၊ မြေပဲသီးနှံနှင့် နှမ်းမျိုးစုံတို့၏ ဈေးနှုန်း ပြောင်းလဲမှု အခြေအနေ
မုံရွာကုန်စည်ဒိုင်တွင် ပဲအမျိုးအစားအလိုက် ဈေးနှုန်းများမှာ ယခင်နှစ် ကာလတူဈေးထက် ယခုနှစ် ပဲမျိုးစုံ၊ အစေ့ထုတ်ပြောင်းနှင့် နှမ်းမျိုးစုံဈေးနှုန်းများ ဈေးပိုကောင်းလျက်ရှိပါကြောင်း မုံရွာကုန်စည်ဒိုင် ဈေးနှုန်းသတင်းများအရ သိရသည်။
မတ်ပဲ
မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် မေလ၊ (နောက်ဆုံး)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၄၆၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် မေလ၊ (နောက်ဆုံး)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၇၅၆၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်း လျှင် ကျပ် သုံးသောင်းခန့် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၂၀ မှ ၂၅ ခန့် အရောင်းအဝယ် ဖြစ်ကြောင်း သိရသည်။
ပဲစဉ်းငုံ
မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် မေလ၊ (နောက်ဆုံး)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၄၂၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် မေလ၊ (နောက်ဆုံး)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၉၀၅၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်း လျှင် ကျပ် ငါးသောင်းခန့် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၂၀ မှ ၂၅ ခန့် အရောင်း အဝယ်ဖြစ်ကြောင်း သိရသည်။
ပဲတီစိမ်း
မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် မေလ၊ (နောက်ဆုံး)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၄၈၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် မေလ၊ (နောက်ဆုံး)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၆၀၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်း လျှင် ကျပ် တစ်သောင်းကျော် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၃၀ မှ ၅၀ ခန့် အရောင်းအဝယ် ဖြစ်ကြောင်း သိရသည်။
ကုလားပဲ
မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် မေလ၊ (နောက်ဆုံး)ပတ်တွင် ကုလားပဲဖြူလုံးကြီးတစ်တင်းလျှင် ကျပ် ၄၉၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် မေလ၊ (နောက်ဆုံး)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၈၁၀၀၀၊ 929 တစ်တင်းလျှင် ကျပ် ၄၆၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် မေလ၊ (နောက်ဆုံး)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၈၀၀၀၀၊ ထိုင်ဝမ် တစ်တင်းလျှင် ကျပ် ၄၅၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် မေလ၊ (နောက်ဆုံး)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၇၉၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်သုံးသောင်းကျော်မှ သုံးသောင်းခွဲခန့် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၃၀ မှ ၅၀ ခန့် အရောင်း အဝယ် ဖြစ်ကြောင်း သိရသည်။
စွန်တာနီ/ပြာ
မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် မေလ၊ (နောက်ဆုံး)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၄၆၅၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် မေလ၊ (နောက်ဆုံး)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၄၇၅၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်တစ်ထောင် ပိုမိုခဲ့ပါသည်၊ တစ်ရက်လျှင် အိတ်ရေ ၁၀ မှ ၁၅ ခန့် အရောင်း အဝယ် ဖြစ်ကြောင်း သိရသည်
ထောပတ်ပဲ
မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် မေလ၊ (နောက်ဆုံး)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၄၀၅၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် မေလ၊ (နောက်ဆုံး)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၉၁၆၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်းလျှင် ငါးသောင်းကျော် ပိုမိုခဲ့ပါသည်။ တစ်ရက်လျှင် အိတ်ရေ ၂၀ မှ ၂၅ ခန့် အရောင်း အဝယ် ဖြစ်ကြောင်း သိရသည်။
အစေ့ထုတ်ပြောင်း
မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် မေလ၊ (နောက်ဆုံး)ပတ်တွင် ပြောင်းတစ်တင်းလျှင် ကျပ် ၁၈၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် မေလ၊ (နောက်ဆုံး)ပတ်တွင် ပြောင်း တစ်တင်းလျှင် ကျပ် ၂၀၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ် နှစ်ထောင် ပိုမိုခဲ့ပါသည်။ တစ်ရက်လျှင် အိတ်ရေ ၂၀ မှ ၂၅ ခန့် အရောင်း အဝယ်ဖြစ်ကြောင်း သိရသည်။
မြေပဲဆံသီးနှံ
မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် မေလ၊ (နောက်ဆုံး)ပတ်တွင် မြေပဲဆံနီ တစ်ပိဿာလျှင် ကျပ် ၃၈၅၀ ဖြစ်ခဲ့ပြီး ယခုနှစ် မေလ၊ (နောက်ဆုံး)ပတ်တွင် တစ်ပိဿာလျှင် ကျပ် ၈၂၀၀၊ ယခင်နှစ် မေလ၊ စတုတ္တပတ်တွင် မြေပဲဆံဖြူ တစ်ပိဿာလျှင် ကျပ် ၄၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် မေလ၊ (နောက်ဆုံး)ပတ်တွင် တစ်ပိဿာလျှင် ကျပ် ၇၀၀၀၊ တစ်ပိဿာလျှင် ကျပ် သုံးထောင်ကျော် မှ လေးထောင်ကျော်အထိ ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၂၅ မှ ၃၀ ခန့် အရောင်းအဝယ် ဖြစ်ကြောင်း သိရသည်။
နှမ်းမျိုးစုံသီးနှံ
မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် မေလ၊ (နောက်ဆုံး)ပတ်တွင် နှမ်းနက် တစ်တင်းလျှင် ကျပ် ၇၀၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် မေလ၊ (နောက်ဆုံး)ပတ်တွင် တစ်တင်းလျှင် ကျပ် ၁၀၈၃၀၀၊ နှမ်းဖြူ တစ်တင်းလျှင် ကျပ် ၅၂၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် မေလ၊ (နောက်ဆုံး)ပတ်တွင် တစ်တင်းလျှင် ကျပ် ၁၁၂၃၀၀၊ နှမ်းညို တစ်တင်းလျှင် ကျပ် ၅၀၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် မေလ၊ (နောက်ဆုံး)ပတ်တွင် တစ်တင်းလျှင် ကျပ် ၉၃၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်လေးသောင်းခန့်မှ ခြောက်သောင်းကျော် အထိ ပိုမိုခဲ့သည်။ တစ်ရက် လျှင် အိတ်ရေ ၃၀ မှ ၅၀ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း မုံရွာကုန်စည်ဒိုင် ဈေးနှုန်းများ စာရင်းအရ သိရှိရပါသည်။
DOCA(စစ်ကိုင်း)