ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

လားရှိုးမြို့နယ်မှ လိုင်ချီးသီးဈေးကွက်

  လိုင်ချီးသီးများကို မြန်မာပြည်အနှံ့အပြားတွင် စိုက်ပျိုးကြပြီး ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် စီးပွားဖြစ်စိုက်ပျိုးကြကြောင်းနှင့် လားရှိုးမြို့ပေါ်ရှိ အိမ်များ၌လည်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြကြောင်း၊ လိုင်းချီးသီးပေါ်သောအချိန်ဖြစ်သည့်အတွက် ဈေးကွက်အတွင်း လှိုင်လှိုင်ပေါပြီး အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

     လိုင်ချီးသီးဈေးနှုန်းမှာ မေလ၊ စတုတ္ထအပတ်၌ တစ်ပိဿာလျှင် (၁၀၀၀၀) ကျပ်၊ (၈၅၀၀) ကျပ်၊ (၆၅၀၀) ကျပ် စသည်ဖြင့် ဈေးအသီးသီးရှိကြောင်း၊ တင်ပို့မှုအနေဖြင့် မူဆယ်၊ လောက်ကိုင်၊ ရန်ကုန်၊ မန္တလေးသို့ တင်ပို့ရောင်းချကြကြောင်း လေ့လာသိရှိရပါသည်။

DOCA(ရှမ်း)

ကန့်ဘလူခရိုင်၏ ဆန်စီးထွက်နှင့် ဈေးနှုန်း၊ဈေးကွက် အခြေအနေ

      “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန်” ဆိုသည့် မျှော်မှန်းချက်နှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးအနေဖြင့် သီးနှံဈေးနှုန်း၊ ဈေးကွက်နှင့် စီးဝင်/စီးထွက်မှုအခြေအနေများကို စာရင်းကောက်ယူလျက်ရှိရာ ကန့်ဘလူခရိုင်အတွင်း  ဆန်စီးဝင် စီးထွက်အခြေအနေများကို ဖော်ပြလိုက်ရပါသည်။

      ကန့်ဘလူခရိုင်အနေဖြင့် ၂၀၂၃ ခုနှစ်၊ ဇွန်လ (ပထမပတ်)အတွင်း စပါး၊ဆန် ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်း စပါးတင်း(၁၀၀)လျှင် ကျပ် ၂၈၀၀၀၀၀၊ ဧရာမင်းစပါးတင်း (၁၀၀)လျှင် ကျပ် ၁၉၅၀၀၀၀ ၊ ရွှေဘိုပေါ်ဆန်း ဆန်(၂၄)ပြည်တစ်အိတ်လျှင် ကျပ် ၉၀၀၀၀၊ ဧရာမင်းဆန်(၂၄)ပြည် တစ်အိတ်လျှင် ကျပ် ၈၀၀၀၀ ဖြစ်ပေါ်လျက်ရှိပါသည်။ ကန့်ဘလူခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ  ရန်ကုန်တိုင်းသို့ အိတ်ရေ ၂၀၀၀ အိတ် နှင့် မန္တလေးတိုင်းသို့ အိတ်ရေ ၁၀၀၀ အိတ် စုစုပေါင်းအိတ်ရေ ၃၀၀၀ အိတ်၊ တန်အားဖြင့် ၁၅၀ တန် စီးထွက်ခဲ့ကြောင်း ဒေသခံဆန်စက် လုပ်ငန်းရှင်နှင့် ချိတ်ဆက်မေးမြန်းမှုအရ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

အကျိုးအမြတ်များလာသော ရှမ်းပြည်နယ်ထွက် အာလူးဈေးကွက်

    ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့၊ အနီးပတ်ဝန်းကျင်ဒေသရှိ ကျေးရွာများ၌ အားလူးစိုက်တောင်သူများမှာ ယခင်က မိရိုးဖလာနည်းအတိုင်းသာစိုက်ပျိူးခဲ့ရာမှ  ယခုအခါ အာလူးများမျိုးပြောင်းစိုက်လာခြင်း၊ စိုက်ပျိုးမှုနည်းစနစ်များမှန်ကန်လာခြင်းတို့ကြောင့် အားလူးအထွက်နှုန်းမှာ တိုးပွားလာပါကြောင်း၊ နွေရာသီတွင် ရေသွင်းစိုက်ပျိုးသည့်ရေသွင်းအာလူးမှာ ယခင်နှစ်များထက် အထွက်နှုန်းပိုမိုများပြားလာပါကြောင်း၊ အထွက်နှုန်းများလာရသည့်အဓိကအကြောင်းရင်းမှာ မျိုးသစ်အာလူးများကိုပြောင်းလဲစိုက်ပျိုးလာခြင်းကြောင့်ဖြစ်ကြောင်း၊ ယခင်စိုက်သည့်ဒေသမျိုးများမှာ အထွက်နှုန်းနည်းသွားကြောင်း၊ အားလူးမှာ စိုက်ပျိုးစရိတ်ကြီးမြင့်သဖြင့် အထွက်နှုန်းနည်းပါက အရှုံးပေါ်ကြောင်း၊  ယခုမျိုးသစ်အာလူးကို တစ်ပိဿာလျှင် (၃၅၀ဝိ/-) ကျပ်အထက်ဝယ်ရသော်လည်း အားသာချက်အနေဖြင့် နောက်တစ်နှစ်အတွက် မျိုးပြန်လည်ရရှိခြင်း၊ အထွက်နှုန်းလည်းတိုးခြင်းတို့ကြောင့် အကျိုးအမြတ်ပိုမိုရရှိပါသည်။ 

       သို့ဖြစ်၍ ယခုအခါ အာလူးစိုက်တောင်သူများသည် အထွက်နှုန်းကောင်းသည့် မျိုးသစ်အာလူးများကို ရွေးချယ်စိုက်ပျိုးလာခြင်း၊ စိုက်ပျိုးသည့်နည်းစနစ် များပြောင်းလဲစိုက်ပျိုးလာခြင်း၊ စိုက်ပျိုးရေးသုံးပိုးသတ်ဆေးများသုံးစွဲမှုမှန်ကန်လာခြင်း၊ သဘာဝဓာတ်မြေဩဇာနှင့်  ဓာတုဓာတ်မြေဩဇာသုံးစွဲမှုများမှန်ကန်လာခြင်း၊  ရေဖြန်းစနစ်များမှန်ကန်လာခြင်းနှင့် ရာသီဥတုကောင်းမွန်ခြင်းတို့ကြောင့် အားလူးအထွက်နှုန်းတိုးပွားလာကြောင်း သိရပါသည်။ စိုက်ပျိုးသည့်မျိုးသစ်အာလူးများမှာ  ဘေဘီလုံ၊ ရမ်းဘား၊ ဒေသမျိုးများဖြစ်သည့် မားကစ်၊ ကာရိုးလက်များကိုစိုက်ပျိုးခြင်းဖြစ်သည်။ အားလူးစိုက်ပျိုးရာတွင် အာလူးမျိုးများကို မှန်ကန်စွာရွေးချယ်စိုက်ပျိုးရန်လိုအပ်ပြီး မျိုးရွေးချယ်မှုမှားယွင်းပါက ဆုံးရှုံးမှုများလွန်းကြောင်းကိုလည်း အာလူးစိုက်တောင်သူများထံမှ သိရပါသည်။ 

     ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများမှထွက်ရှိသည့်အာလူးများသည် အောင်ပန်းဈေးကွက်သို့ဝင်ရောက်ပါကြောင်း၊ အောင်ပန်းကုန်စည်ဒိုင်တွင်လည်း အားလူးမျိုးများအပေါ်မူတည်၍ ဈေးနှုန်းများမှာ ကွဲပြားမှုပြီး ၂၀၂၃ခုနှစ်၊ ဇွန်လ၊ ပထမအပတ်တွင် အာလူးတစ်ပိဿာပေါက်ဈေးနှုန်းများမှာ အနိမ့်ဆုံး ကျပ်၁၃၀ဝိ/-မှ အမြင့်ဆုံး ကျပ်၂၂၀ဝိ/-ထိ ဈေးပေါက်နေကြောင်း ကုန်စည်ဒိုင်မှ သိရှိရပါသည်။

DOCA(ရှမ်း)

 

ဆန်စပါးဆိုင်ရာ အပတ်စဉ်လေ့လာသုံးသပ်ချက်(အကျဉ်းချုပ်)

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၏ ရည်ညွှန်းပါစာလမ်းညွှန်ချက်အရ ဆန်စပါးဆိုင်ရာ အပတ်စဉ်လေ့လာသုံးသပ်ချက်(အကျဉ်းချုပ်) ၁၉/၂၀၂၃ အား သိရှိလမ်းညွှန်မှုပြုနိုင်ပါရန် တင်ပြအပ်ပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ပြုစု တင်ပြအပ်ပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြအပ်ပါသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ(၆-၆-၂၀၂၃)

   တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ(၆-၆-၂၀၂၃)ကို အောက်ပါ pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

ကန့်ဘလူမြို့၏ ဇွန်လ၊ ပထမအပတ်တွင် ဖြစ်ပေါ်လျက်ရှိသောငါးဈေးနှုန်းများ

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးအနေဖြင့် “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်”ဆိုသည့် ဌာန၏မျှော်မှန်းချက်တာဝန်ကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ကန့်ဘလူမြို့၊ မြို့မစည်ပင်သာယာဈေးတွင် ငါးမျိုးစုံရောင်းချလျက်ရှိပြီး ၂၀၂၃ခုနှစ်၊ ဇွန်လ၊ ပထမအပတ်အတွင်း ဖြစ်ပေါ်နေသောငါးလက်လီဈေးနှုန်းများမှာ ငါးရံ့အကောင်လိုက်တစ်ပိဿာလျှင် (၁၂၀၀၀) ကျပ်၊ တီလားဗီးယားအကောင်သေးတစ်ပိဿာလျှင် (၆၀၀၀) ကျပ်၊ တီလားဗီးယားအကောင်ကြီးတစ်ပိဿာလျှင် (၈၀၀၀) ကျပ်၊ ငါးကြင်းတစ်ပိဿာလျှင် (၉၅၀၀)ကျပ်၊ ငါးဖယ်တစ်ပိဿာလျှင် (၈၀၀၀) ကျပ်၊ ငါးမုတ်တစ်ပိဿာလျှင် (၆၅၀၀) ကျပ်၊ ငါးမြင်းတစ်ပိဿာလျှင် (၆၅၀၀) ကျပ်၊ ငါးမြင်းခုတ်သားတစ်ပိဿာလျှင် (၁၀၀၀၀) ကျပ်၊ ငါးကြင်းခုတ်သားတစ်ပိဿာလျှင် (၁၆၀၀၀) ကျပ်၊ ငါးဖယ်ခြစ်တစ်ပိဿာလျှင် (၂၀၀၀၀) ကျပ်၊ ပုစွန်ဆိတ်တစ်ပိဿာလျှင် (၇၀၀၀) ကျပ်နှင့် ပုစွန်ထုပ်တစ်ပိဿာလျှင် (၄၀၀၀၀) ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

          ငါးဈေးနှုန်းများအား ယခင် မေလနောက်ဆုံးပတ်နှင့်နှိုင်းယှဉ်ပါက တီလာဗီးယားအကောင်သေးတစ်ပိဿာလျှင် (၁၂၀၀) ကျပ်၊ တီလားဗီးယားအကောင်ကြီးတစ်ပိဿာလျှင် (၁၀၀၀) ကျပ်ဈေးနှုန်းမြင့်တက်နေပြီး အခြားငါးဈေးနှုန်းများမှာ ပုံမှန်အတိုင်း အရောင်းအဝယ်ဖြစ်လျက်ရှိနေကြောင်း မြို့မစည်ပင်သာယာဈေးအတွင်းရှိ ငါးဒိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

 

မြို့မစည်ပင်သာယာဈေးရှိ သစ်သီးဝလံဈေးနှုန်းများ

    ကန့်ဘလူမြို့၊ မြို့မစည်ပင်သာယာဈေးအတွင်းရောင်းချနေသောသစ်သီးဝလံများမှာ ကန့်ဘလူမြို့နယ်၊ ကျွန်းလှမြို့နယ်၊ မြစ်ကြီးနားမြို့နှင့် မန္တလေးမြို့ရှိသစ်သီးပွဲရုံများမှ အသီးသီးဝင်ရောက်လျက်ရှိပါသည်။

    ၂၀၂၃ခုနှစ်၊ ဇွန်လ၊ ပထမအပတ်တွင် ဖြစ်ပေါ်လျက်ရှိသောသစ်သီးဝလံဈေးနှုန်းများမှာ ပန်းသီး(အကြွပ်)ပိုက်စွပ်တစ်လုံးလျှင် (၂၀၀၀ မှ ၂၅၀၀) ကျပ်၊ စပျစ်သီး(အလုံးကြီး)(၁)ပိဿာလျှင် (၁၄၀၀၀) ကျပ်၊ စပျစ်သီး(အလုံးသေး)(၁)ပိဿာလျှင် (၁၂၀၀၀) ကျပ်၊ ပန်းသစ်တော်သီး(၁)လုံးလျှင် (၃၀၀၀) ကျပ်၊  ဖီးကြမ်းငှက်ပျောသီး(၁)ဖီးလျှင် (၈၀၀ မှ ၁၀၀၀) ကျပ်၊ မြစ်ကြီးနားမှထွက်ရှိသော ခွန်စိမ်းငှက်ပျောသီး(၁)ဖီးလျှင် (၁၀၀၀ မှ ၁၂၀၀) ကျပ်၊ သခွားမွှေး(၁)လုံးလျှင် (၂၀၀၀) ကျပ်၊ ဖရဲသီး(၁)လုံးလျှင် (၂၅၀၀ မှ ၃၀၀၀) ကျပ်၊ စိန်တစ်လုံးသရက်သီး(၁)လုံးလျှင် (၃၀၀ မှ ၅၀၀) ကျပ်၊ နာနတ်သီး(၁)လုံးလျှင် (၈၀၀ မှ ၁၀၀၀) ကျပ်၊ မာလကာသီး(၁)လုံးလျှင် (၃၀၀ မှ ၅၀၀) ကျပ်ဖြင့် အသီးသီးအရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း မြို့မစည်ပင်သာယာဈေးအတွင်း ရောင်းချသောသစ်သီးဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ငရုတ်စိုက်ပျိုးသောတောင်သူများ ဈေးကောင်းရနေ

    စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်ရှိ ကျေးရွာများတွင် ငရုတ်ကို စီးပွားဖြစ်စိုက်ပျိုးလျက်ရှိသည်ကိုတွေ့ရှိရပါသည်။ မြေတစ်ဧကလျှင် ငရုတ်မျိုးစေ့ ၉ထုပ်စိုက်ပျိုးရပြီး ငရုတ်အမျိုးအစားများစွာရှိသော်လည်း တောင်သူအများစုစိုက်ပျိုးသောမျိုးစေ့များမှာ ၀၀၄၊  ၄၄၊ ၉၉ စသောသာမိုနှင့်ဒီမွန်မျိုးများကိုသာ အများဆုံးစိုက်ပျိုးလျက်ရှိကြောင်း၊ မျိုးစေ့တစ်ထုပ်လျှင် သာမိုမျိုးစေ့မှာ ၁၇၀၀၀ကျပ်မှ ၁၈၀၀၀ကျပ်ထိ၊ ၄၄နှင့် ၉၉မျိုးတို့ကို ၅၀၀၀ကျပ်နှုန်းစီပေးဝယ်ရကြောင်း၊ ကျန်မျိုးစေ့များသည် မျိုးသာကွာပြီး ဈေးနှုန်းမှာ အတူတူပင်ဖြစ်ကြောင်း၊ မြေတစ်ဧကစိုက်ပျိုးလျှင် ထွန်စက်ကြီးဖြင့် ထွန်ယက်ခမှာ ၄၅၀၀၀ကျပ်ပေးရပြီး စိုက်ပျိုးချိန်ထိ ထွန်ယက်ခမှာ (၁၅၀ဝ၀ဝ) ကျပ်ကုန်ကျခဲ့ကြောင်း၊ စတင်စိုက်ပျိုးချိန်၌ ဘောင်ဆွဲခမှာ တစ်မနက်လျှင် ယောကျာ်းလေးတစ်ဦးကို ၂၅၀ဝကျပ်နှုန်းဖြင့် (၂၀) ဦးငှားရမ်းရပြီး ကုန်ကျစရိတ်မှာ တစ်ရက်လျှင် ငှားရမ်းခမှာ (၅၀၀၀၀) ကျပ်ကုန်ကျခဲ့ပါကြောင်း၊ အပင်စိုက်မိန်းကလေး (၃၅) ဦးအား ၁၅၀ဝကျပ်နှုန်းဖြင့် ငှားရမ်းခမှာ (၅၂၅၀၀) ကျပ်ကုန်ကျခဲ့ပါကြောင်း၊ ငရုတ်အပင်မစိုက်မီ စိုက်ပျိုးမည့်ကျင်းထဲသို့ မြေဆီထည့်ပေးရပြီး မြေဆီတစ်အိတ်လျှင် ၁၆၀၀၀၀ကျပ်ပေးဝယ်ရပါကြောင်း၊ ငရုတ်မျိုးစေ့ကို ပျိုးထုပ်ထဲသို့ထည့်ပြီး ၁လသားရလျှင် မြေကြီးထဲချ၍စိုက်ပျိုးရပြီး တစ်ဧကစိုက်ပျိုးရေးကုန်ကျစရိတ်မှာ အပြီးအစီး ၅သိန်းခန့်ကုန်ကျခဲ့ကြောင်း၊ ငရုတ်ကို များသောအားဖြင့် စက်တင်ဘာလနှင့် အောက်တိုဘာလများတွင် စတင်စိုက်ပျိုးပြီး အပင်ကြီးထွားချိန်တွင် ပိုးသတ်ဆေး၊ စုတ်စား(ပိုးနိုင်တဲ့ဆေး)၊ မှိုဆေး၊ သြဘာ၊ ဒီမွန်စသောပိုးသတ်ဆေးများကို စတင်စိုက်ပျိုးပြီးချိန်မှစ၍ တစ်ပတ်လျှင် တစ်ခါဖြန်းပေးရပါကြောင်း၊ ဆေးဖြန်းပြီး ၂ပတ်ကြာလျှင် အသီးဆွတ်ခူးရကြောင်း၊ ငရုတ်ကို ရေမဝင်သောနေရာများတွင် ရာသီမရွေးစိုက်ပျိုးနိုင်ပြီး ဆောင်းရာသီ၌ စိုက်ပျိုးလျှင် ပိုမိုဖြစ်ထွန်းကြောင်း၊ စိုက်ပျိုးလျှင် အကောင်းဆုံးမျိုးမှာ သာမိုမျိုးပင်ဖြစ်ကြောင်း၊ ငရုတ်တစ်ဧကလျှင် အစိုမှာ ပိဿာ၈၀ဝ၀မှ ပိဿာ၁၀၀၀၀ကျော်ထွက်ရှိကြောင်း၊ အစို၁ပိသာလျှင် ၄၀၀၀ကျပ်မှ ၅၀၀ဝကျပ်ထိရောင်းချရပြီး အခြောက်တစ်ပိဿာလျှင် ၂၀၀ဝ၀ကျပ်နှုန်းဖြင့်ရောင်းချရကြောင်း၊ အစို၄ပိဿာလှန်းလျှင် အခြောက်၁ပိဿာတင်ကြောင်း၊ ငရုတ်စိုက်ခင်းတစ်ဧကလျှင် လူငှားမိန်းကလေး၁၀ဦးကို တစ်မနက်လျှင် ၁၅၀ဝကျပ်နှုန်းဖြင့်ငှား၍ ဆွတ်ခူးရကြောင်း၊ ပိုးဖျက်လျှင်မူ အရှုံးပေါပြီး အောင်မြင်ဖြစ်ထွန်းပါက တစ်ဧကကို သိန်း၂၅/၃၀ကျော်အမြတ်ရရှိခဲ့ကြောင်း ကျောင်းစုကျေးရွာရှိ ငရုတ်စိုက်ပျိုးသောတောင်သူတစ်ဦးထံမှ သိရှိခဲ့ရပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း