အောင်လံကုန်စည်ဒိုင်၏ သီးနှံရောင်းဝယ်ဖြစ်မှုအခြေအနေ
အောင်လံကုန်စည်ဒိုင်တွင် နှမ်းဈေးကွက်အနေဖြင့် (၄၅)ပိဿာ(၁)အိတ်လျှင် ယခင်အပတ်(၃၁.၅. ၂၀၂၃)ရက်နေ့တွင် နှမ်းနက်(စမုံ)မှာ ကျပ်(၂၈၀၀၀၀မှ၂၉၅၀၀၀)ဖြစ်ပြီး ယခုအပတ်(၆.၆.၂၀၂၃)ရက်နေ့တွင် ကျပ်(၃၀၀၀၀၀မှ၃၂၀၀၀၀)ရှိခဲ့၍ ကျပ်(၂၀၀၀၀မှ၂၅၀၀၀)ဈေးမြင့်တက်ခဲ့ပြီး (၁၃၅၀)အိတ် အရောင်းအဝယ် ရှိခဲ့ပါကြောင်း အောင်လံကုန်စည်ဒိုင်မှ သိရှိရပါသည်။
ပဲမျိုးစုံဈေးကွက်တွင် ပဲစဉ်းငုံနီမှာ(၂၀)ပိဿာ (၁)တင်းလျှင် ယခင်အပတ်တွင် ကျပ်(၉၁၅၀၀) ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၁၀၅၀၀၀)ဖြစ်၍ ကျပ်(၁၃၅၀၀)ဈေးမြင့်ခဲ့ကြောင်း၊ မတ်ပဲ ယခင်အပတ်တွင် ကျပ် (၇၃၀၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၇၄၀၀၀)ဖြစ်၍ ကျပ်(၁၀၀၀)ဈေးမြင့်ခဲ့ကြောင်း၊ ကုလားပဲ(H-L) ယခင်အပတ်တွင် ကျပ်(၈၅၀၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၉၁၀၀၀)ဖြစ်၍ ကျပ်(၆၀၀၀) ဈေးမြင့်ခဲ့ ကြောင်း၊ ကုလားပဲ(မြကြေး) ယခင်အပတ်တွင် ကျပ်(၈၅၀၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၉၁၀၀၀)ဖြစ်၍ ကျပ်(၆၀၀၀)ဈေးမြင့်ခဲ့ကြောင်း၊ ဘိုကိတ်ပြာယခင်အပတ်တွင် ကျပ်(၄၇၅၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၅၀၀၀၀)ဖြစ်၍ ကျပ်(၂၅၀၀) စသည်ဖြင့်အသီးသီးဈေးမြင့်ခဲ့ပါသည်။ ပဲကြီးမှာ ယခင်အပတ်တွင် ကျပ် (၉၂၀၀၀မှ ၉၆၀၀၀)ဖြစ်ပြီး ယခုအပတ်တွင်လည်း ကျပ်(၉၂၀၀၀မှ ၉၆၀၀၀)ဖြစ်၍ ဈေးနှုန်းပြောင်းလဲမှုမရှိပဲ အရောင်းအဝယ်ပမာဏအနေဖြင့် (၃၀)ပိဿာဝင်အိတ်များဖြင့် ပဲစဉ်းငုံ(နီ) (၁၈၀၀)အိတ်၊ မတ်ပဲ (၂၂၀) အိတ်၊ ကုလားပဲ(H-L) (၉၀၀)အိတ်၊ ကုလားပဲ(မြကြေး) (၇၅၀)အိတ်၊ ဘိုကိတ်ပြာ (၂၀၀)အိတ်နှင့် ပဲကြီး (၃၈၀)အိတ်တို့ အရောင်းအဝယ်ရှိခဲ့ပါသည်။
မြေပဲလုံးဆံ(ဖြူ)မှာ (၁)ပိဿာလျှင် ယခင်အပတ်တွင် ကျပ်(၆၇၀၀) ဖြစ်ပြီး ယခုအပတ်တွင်လည်း ကျပ်(၆၇၀၀)ဖြစ်၍ ဈေးနှုန်းပြောင်းလဲခြင်းမရှိပဲ အရောင်းအဝယ်ပမာဏအနေဖြင့် (၃၀)ပိဿာဝင်အိတ်များဖြင့် မြေပဲလုံးဆံ(ဖြူ) (၂၃၀)အိတ်တို့ အရောင်းအဝယ်ရှိခဲ့ပါကြောင်း၊ နှမ်းနှင့် ပဲမျိုးစုံသီးနှံများအား အောင်လံမြို့နယ်အတွင်းရှိ ပဲကြော်လုပ်ငန်းရှင်များနှင့် ရန်ကုန်၊ မန္တလေးမြို့များသို့ တင်ပို့ရောင်းချလျက်ရှိပါကြောင်း အောင်လံကုန်စည်ဒိုင်မှ သိရှိရပါသည်။
DOCA(မကွေး)