ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တောင်ငူခရိုင်၊ ဖြူးမြို့တွင် အခြေခံစားသောက်ကုန်အချို့ ဈေးနှုန်းအတက်အကျရှိနေ

      တောင်ငူခရိုင်၊ ဖြူးမြို့တွင် ရွှေဘိုပေါ်ဆန်းမှာ ယခင်အပတ်တွင် တစ်အိတ်လျှင် ၁၀၀၀၀၀ကျပ်ရှိခဲ့ရာမှ ၂၀၂၃ခုနှစ်၊ ဇွန်လ၊ ပထမအပတ်တွင် တစ်အိတ်လျှင် ၁၁၀၀၀၀ကျပ်၊ ဧည့်မထမှာ ယခင်အပတ်တွင် တစ်အိတ်လျှင် ၇၀၀၀၀ကျပ်ရှိခဲ့ပြီး ယခုအပတ်တွင် ၇၂၀၀၀ကျပ်ရှိနေ၍ ဈေးနှုန်းအနည်းငယ်မြင့်တက်လာခဲ့ပါသည်။

      မြေပဲဆီမှာ ယခင်အပတ်တွင် တစ်ပိဿာလျှင် ၁၄၀၀၀ကျပ်ရှိခဲ့ရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၁၅၀၀၀ကျပ်ရှိနေ၍ ဈေးနှုန်းအနည်းငယ်မြင့်တက်လာပြီး စားအုန်းဆီတစ်ပိဿာလျှင် ၆၅၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

      ကြက်သွန်နီတစ်ပိဿာလျှင် ယခင်အပတ်က အသေး ၂၃၀၀ကျပ်၊ အလတ် ၂၄၀၀ကျပ်နှင့် အကြီး ၂၅၀၀ကျပ်ရှိခဲ့ရာမှ ယခုအပတ်တွင် အသေး ၂၅၀၀ ကျပ်၊ အလတ် ၂၇၀၀ကျပ်နှင့် အကြီး ၃၀၀၀ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်မြင့်တက်လာခဲ့ပါသည်။

     ကြက်သွန်ဖြူတစ်ပိဿာလျှင် အသေး ၅၅၀၀ကျပ်၊ အလတ် ၆၀၀၀ကျပ်နှင့် အကြီး ၆၅၀၀ကျပ်၊ ငရုတ်သီးခြောက်အရှည်တစ်ပိဿာလျှင် ၁၄၀၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး အာလူးမှာ ယခင်အပတ်က တစ်ပိဿာလျှင် ၁၈၀၀ကျပ်မှ ၂၀၀၀ကျပ်အထိရှိရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၂၅၀၀ကျပ်မှ ၂၈၀၀ကျပ်အထိဖြင့် ဈေးနှုန်းအနည်းငယ်မြင့်တက်လာခဲ့ပါသည်။

   ကုလားပဲခြမ်းမှာ ယခင်အပတ်တွင် တစ်ပိဿာလျှင် ၅၆၀၀ကျပ်ရှိခဲ့ပြီး ယခုအပတ်တွင် ၅၀၀၀ကျပ်၊ ကုလားပဲလုံးမှာ ယခင်အပတ်တွင် တစ်ပိဿာလျှင် ၅၀၀၀ကျပ်ရှိခဲ့ပြီး ယခုအပတ်တွင် ၄၅၀၀ကျပ်ရှိနေ၍ ဈေးနှုန်းအနည်းငယ်ကျဆင်းလာပြီး  မြေပဲဆံ(အဖြူ)တစ်ပိဿာလျှင် ၇၅၀၀ကျပ်၊ မြေပဲဆံ(အနီ)တစ်ပိဿာလျှင် ၈၅၀၀ကျပ်တို့ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

၂၀၂၃ခုနှစ်၊ မေလအတွင်း မကွေးမြို့သို့ အခြားတိုင်း/ပြည်နယ်များမှ ဆန်ဝင်ရောက်မှုနှင့် ဒေသတွင်း ဆန်စျေးနှုန်းအခြေအနေ

     မကွေးတိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏ဆီအိုးကြီးဟု တင်စားရလောက်အောင် ဆီထွက်သီးနှံများဖြစ်သော နှမ်းနှင့်မြေပဲသီးနှံတို့အား အဓိကထားစိုက်ပျိုးကြသော်လည်း စပါးကို မကွေးမြို့နယ်၊ အနေဖြင့် (၂၃၂၅) ဧကသာစိုက်ပျိုးရသဖြင့် စားနပ်ရိက္ခာဆန်ဖူလုံမှုမရှိ၍ စပါးအဓိကစိုက်ပျိုးထွက်ရှိရာ အခြားတိုင်း/ပြည်နယ်များမှ တင်သွင်းလျက်ရှိပါသည်။ နိုင်ငံ့စီးပွားရေးအခြေအနေကောင်းများကိုဖန်တီးနိုင်မှသာလျှင် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်မည် ဟူသော နိုင်ငံတော်ဝန်ကြီးချုပ်၏လမ်းညွှန်မှာကြားချက်နှင့်အညီ မကွေးတိုင်းဒေသကြီးအတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် (၂၀၂၂-၂၀၂၃) ဘဏ္ဍာနှစ်တွင် နွေစပါးစီမံကိန်းဧက (၂၅၀၀၀) အား စီမံဆောင်ရွက်လျက်ရှိပါသည်။

   ၂၀၂၃ခုနှစ်၊ မေလအတွင်း စပါးအဓိကထွက်ရှိသည့် ဧရာဝတီတိုင်းမှ ဆန် (၂၄၁၀၀) အိတ်၊ စစ်ကိုင်းတိုင်းမှ (၃၅၅) အိတ်၊ ရန်ကုန်တိုင်းမှ (၁၃၂၀) အိတ်၊ ပဲခူးတိုင်းမှ (၃၀၉၅) အိတ်နှင့် မန္တလေးတိုင်းမှ (၈၁၀) အိတ်၊ စုစုပေါင်း (၂၉၆၈၀) အိတ်၊ (၁၄၈၄) တန်ဝင်ရောက်ခဲ့ပြီး ဒေသတွင်းအရောင်းအဝယ်ဖြစ်နေသောဆန်စျေးနှုန်းများမှာ ဧရာပဒေသာ(ပွင့်ဖြူ) (၂၄) ပြည်ပါတစ်အိတ်လျှင် ကျပ် (၉၀၀၀၀-၉၉၀၀၀)၊ ဧရာပဒေသာ(မြောင်းမြ) (၂၄) ပြည်ပါတစ်အိတ်လျှင် ကျပ် (၈၀၀၀၀-၈၇၀၀၀)၊ ပေါ်ဆန်းမွှေး(ရွှေဘို) (၂၄) ပြည်ပါတစ်အိတ်လျှင် ကျပ် (၉၅၀၀၀-၁၀၁၀၀၀)၊ ပေါ်ဆန်းမွှေး(မြောင်းမြ) (၂၄) ပြည်ပါတစ်အိတ်လျှင် ကျပ် (၉၀၀၀၀-၉၃၀၀၀)၊ မနောသုခ(မြောင်းမြ) (၂၄) ပြည်ပါတစ်အိတ်လျှင် ကျပ် (၇၀၀၀၀-၇၂၀၀၀) နှင့် ဖန်သီး (၂၄) ပြည်ပါတစ်အိတ်လျှင် ကျပ် (၇၃၀၀၀-၇၈၀၀၀) တို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA(မကွေး)

၂၀၂၃ခုနှစ်၊ မေလ၊ စတုတ္ထအပတ်နှင့် ဇွန်လ၊ ပထမအပတ်၌ မကွေးမြို့၏ စက်သုံးဆီစျေးနှုန်းအခြေအနေ

    မြန်မာနိုင်ငံစက်သုံးဆီတင်သွင်း/သိုလှောင်/ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက တိုင်းဒေသကြီး/ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီရည်ညွှန်းလက်ကားစျေးနှုန်းများအား နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိပါသည်။

      မကွေးမြို့ပေါ်၌ စက်သုံးဆီဆိုင် (၂၁) ဆိုင်ရှိရာ ပုံမှန်ဆိုင်ဖွင့်ရောင်းချလျက်ရှိကြပြီး ၂၀၂၃ခုနှစ်၊ မေလ၊ စတုတ္ထအပတ်နှင့် ဇွန်လ၊ ပထမအပတ်၏ စက်သုံးဆီစျေးနှုန်းများမှာ ဒီဇယ်(ရိုးရိုး) (၁) လီတာလျှင် ယခင်အပတ်တွင် (၁၉၄၀) ကျပ်ဖြစ်ခဲ့ပြီး ယခုအပတ်တွင် (၁၈၉၀) ကျပ်ဖြစ်၍ (၅၀) ကျပ်စျေးလျော့ခဲ့ကြောင်း၊ ဒီဇယ်(ပရီမီယမ်) (၁) လီတာလျှင် ယခင်အပတ်တွင် (၂၀၂၀) ကျပ်ဖြစ်ခဲ့ပြီး ယခုအပတ်တွင် (၁၉၇၀) ကျပ်ဖြစ်၍ (၅၀) ကျပ်စျေးလျော့ခဲ့ကြောင်း၊ ဓာတ်ဆီ (92) (၁) လီတာလျှင် ယခင်အပတ်တွင် (၂၀၁၅)ကျပ်ဖြစ်ခဲ့ပြီး ယခုအပတ်တွင် (၁၉၇၅) ကျပ်ဖြစ်၍ (၅၄) ကျပ်စျေးလျော့ခဲ့ကြောင်း၊ ဓာတ်ဆီ (95) (၁) လီတာလျှင် ယခင်အပတ်တွင် (၂၁၂၀)ကျပ်ဖြစ်ခဲ့ပြီး ယခုအပတ်တွင် (၂၀၈၀) ကျပ်ဖြစ်၍ (၄၀) ကျပ်ဖြင့် စျေးနှုန်းအသီးသီးလျော့ကျလာကြောင်း စက်သုံးဆီအရောင်းဆိုင်များမှ သိရှိရပါသည်။

DOCA(မကွေး)

ကန့်ဘလူ၊ ကျွန်းလှမြို့နယ်ဒေသများတွင် မြေအောက်ရေတင်စနစ်ဖြင့် ရုံးပတီသီးစိုက်ပျိုးကာ မိသားစုဝင်ငွေရရှိ

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့်  စားသုံးသူကာကွယ်ပေးရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကိုပါ ဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ ရှမ်းစုကျေးရွာတွင် တစ်နိုင်တစ်ပိုင်အနေဖြင့်လည်းကောင်း၊ အပိုဝင်ငွေရရှိရန်အတွက်လည်းကောင်း ရုံးပတီသီးကို စိုက်ပျိုးကြကြောင်း၊ ရုံးပတီသီးကိုစိုက်ပျိုးရာတွင် ရာသီမရွေးစိုက်ပျိုးကြပြီး  စိုက်ပျိုးချိန် (၁) လကျော်လျှင် အသီးများကို စတင်၍ ခူးဆွတ်ရပါသည်။ ရုံးပတီသီးကို စားသုံးသူပြည်သူများအတွက် စားအကောင်းဆုံးအချိန်မှာ ပန်းပွင့်ပွင့်ပြီး (၅/၆) ရက်ခန့်ဖြစ်သည့်အတွက် အပွင့်ပွင့်ပြီး (၇) ရက်ပြည့်လျှင် စတင်၍ ခူးဆွတ်ရပါသည်။

      ရုံးပတီသီးကို တပါင်းလတွင်စိုက်ပျိုးကာ တခူးလတွင် အသီးများသီးကာ စတင်၍ ခူးဆွတ်ရောင်းချရပါသည်။ ရုံးပတီသီးကို တစ်ကျင်းလျှင် (၂/၃) ပင်ခန့်စိုက်ပျိုးပြီး အပင်ရေ (၁၅၀) ခန့်စိုက်ပျိုးပါသည်။ ရုံးပတီသီးကို မြေအောက်ရေတင်စနစ်ဖြင့်စိုက်ပျိုးကာ ရုံးပတီသီးပင်စတင်စိုက်ပျိုးရန် မျိုးစေ့ဖိုး၊ မြေပြုပြင်ခ၊ ဓာတ်မြေဩဇာနှင့် ရေသွင်းခြင်း စသည်တို့၏ စုစုပေါင်းကုန်ကျစရိတ်မှာ ကျပ် (၄၀၀၀၀) ကျော်မှ ကျပ် (၅၀၀၀၀) ခန့်ကုန်ကျပြီး တစ်ခါခူးဆွတ်လျှင် (၁၀) ပိဿာမှ (၁၅) ပိဿာအထိ ပုံမှန်ခူးဆွတ်ရပြီး ၂ရက်ခြားလျှင် တစ်ကြိမ်ခူးဆွတ်ရပါသည်။

     ထို့ကြောင့် ရုံးပတီသီးပင်သည် စဉ်ဆက်မပြတ်စိုက်ပျိုးနိုင်ပြီး နေ့စဉ် ခူးဆွတ်ရောင်းချရသောသီးနှံပင်ဖြစ်၍ စီးပွားရေးအရ စိုက်ပျိုးသင့်သောသီးနှံပင်ဖြစ်ကြောင်းနှင့် ရုံးပတီသီးတစ်ပိဿာလျှင် (၁၈၀၀/၂၀၀၀) ကျပ်ဈေးနှုန်းတို့ဖြင့်ရောင်းရကာ မြို့မစည်ပင်သာယာဈေးရှိ ဖောက်သည်များထံ ပို့ဆောင် ရောင်းချကာ အရောင်းအဝယ်ဖြစ်နေပြီး မိသားစုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း ရှမ်းစုကျေးရွာ၊ ရုံးပတီသီးစိုက်တောင်သူ မဇင်မာထံမှ သိရှိရပါသည်။

 DOCA(စစ်ကိုင်း)

 

 

မုံရွာမြို့၊ ချင်းတွင်းရတနာဈေးအတွင်း ရောင်းချနေသောအခြေခံစားကုန်ဈေးနှုန်းများ၏အခြေအနေ

     စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ ဈေးများတွင် ၂၀၂၃ခုနှစ်၊ ဇွန်လ၊ ပထမအပတ်အတွင်း ‌ရွှေဘိုပေါ်ဆန်း(သစ်)တစ်အိတ်လျှင် ၉၀၀၀၀ကျပ်၊  ဧရာမင်း(ဆန်)(သစ်)တစ်အိတ်လျှင် ၈၀၀၀၀ကျပ်၊ ဧည့်မထဆန်(သစ်)တစ်အိတ်လျှင် ၇၀၀၀၀ကျပ်၊ ပဲဆီတစ်ပိဿာလျှင် (၁၂၄၅၀-၁၂၅၀၀) ကျပ်၊ နှမ်းဆီတစ်ပိဿာလျှင် ၁၁၀၀၀ကျပ်၊ နေကြာဆီတစ်ပိဿာလျှင် ၁၂၀၀၀ကျပ်၊ စားအုန်းဆီတစ်ပိဿာလျှင် (၆၂၅၀-၆၃၀၀) ကျပ်၊ ဆားတစ်ပိဿာလျှင် (၇၀၀-၈၀၀) ကျပ်၊ ငရုတ်ခြောက်တစ်ပိဿာလျှင် (၁၈၀၀၀ မှ ၁၉၀၀၀) ကျပ်၊ ကြက်သွန်နီ(အသစ်)တစ်ပိဿာလျှင် (၂၂၀၀ မှ ၂၅၀၀) ကျပ်၊ ကြက်သွန်ဖြူ(ရှမ်းစ)တစ်ပိဿာလျှင် (၅၅၀၀ မှ ၆၀၀၀) ကျပ်၊ ကြက်သွန်ဖြူ(ကြူကုတ်)တစ်ပိဿာလျှင် (၅၈၀၀ မှ ၆၀၀၀) ကျပ်၊ အာလူးတစ်ပိဿာလျှင် (၂၀၀၀ မှ၂၂၀၀) ကျပ်၊ မန်ကျည်းသီးမှည့်တစ်ပိဿာလျှင် (၃၅၀၀-၃၆၀၀) ကျပ်၊ နနွင်းတက်တစ်ပိဿာလျှင် (၅၈၀၀-၆၀၀၀) ကျပ်၊ ခရမ်းချဉ်သီးတစ်ပိဿာလျှင် ၁၆၀၀ကျပ်၊ ဂေါ်ဖီထုပ်တစ်ထုပ်လျှင် ၂၀၀၀ကျပ်၊ ပဲသီး(ပဲထောင့်ရှည်)တစ်စီးလျှင် ၆၀၀ကျပ်၊ ကြက်သားတစ်ပိဿာလျှင် (၁၀၀၀၀-၁၂၀၀၀) ကျပ်၊ ဝက်သားတစ်ပိဿာလျှင် (၁၈၀၀၀-၂၀၀၀၀) ကျပ်၊ အမဲသားတစ်ပိဿာလျှင် (၁၆၀၀၀-၁၇၀၀၀) ကျပ်၊ ဆိတ်သားတစ်ပိဿာလျှင် (၂၄၀၀၀-၂၆၀၀၀) ကျပ်၊ ငါးမြစ်ချင်းတစ်ပိဿာလျှင် (၇၅၀၀-၈၀၀၀) ကျပ်၊ ကြက်ဥ (၁) လုံးလျှင် ၂၆၀ကျပ်၊ ဘဲဥ (၁) လုံးလျှင် ၄၀၀ကျပ်၊ ဖရဲသီး(ကျောက်စိမ်း) (၁) လုံးလျှင် (၁၀၀၀ မှ ၁၅၀၀) ကျပ်အတွင်း၊ ဖရဲသီး(၂၁၁) (၁) လုံးလျှင် ၃၅၀၀ကျပ်၊ သခွားမွှေး (၁) လုံးလျှင် (၁၅၀၀မှ ၂၀၀၀) ကျပ်အတွင်း အသီသီးဈေးရှိကြောင်း သိရပါသည်။

     ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက အခြေခံစားကုန်ဈေးနှုန်းများမှာ ဈေးအနည်ငယ်အေးနေပြီး စားအုန်းဆီဈေးနှုန်းများမှာ ရည်ညွှန်းဈေးအပေါ်မူတည်၍ ဈေးနှုန်းအပြောင်းအလဲရှိပါကြောင်း ချင်းတွင်းရတနာဈေးရှိ လက်လီ/လက်ကားရောင်းဝယ်ဖောက်ကားရောင်းချနေသော ကုန်သည်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)      

 

မုံရွာကုန်စည်ဒိုင်၏ ပဲမျိုးစုံ၊ အစေ့ထုတ်ပြောင်း၊ မြေပဲသီးနှံနှင့် နှမ်းမျိုးစုံတို့၏ ဈေးနှုန်း ပြောင်းလဲမှုအခြေအနေ

      မုံရွာကုန်စည်ဒိုင်တွင် ပဲအမျိုးအစားအလိုက် ဈေးနှုန်းများမှာ ယခင်နှစ်၏ကာလတူဈေးထက် ယခုနှစ်၏ ပဲမျိုးစုံ၊ အစေ့ထုတ်ပြောင်းနှင့် နှမ်းမျိုးစုံဈေးနှုန်းများမှာ ဈေးပိုကောင်းလျက်ရှိပါကြောင်း မုံရွာကုန်စည်ဒိုင်ဈေးနှုန်းသတင်းများအရ သိရပါသည်။

မတ်ပဲ

    မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ်၊ ဇွန်လ၊ ဒုတိယအပတ်တွင် ပဲတစ်တင်းလျှင် ကျပ်၄၆၇၀၀ဖြစ်ခဲ့ပြီး ယခုနှစ်၊ ဇွန်လ၊ ဒုတိယအပတ်တွင် ပဲတစ်တင်းလျှင် ကျပ်၇၇၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်သုံးသောင်းကျော်ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၁၅မှ ၂၀ခန့် အရောင်းအဝယ် ဖြစ်ကြောင်း သိရပါသည်။

ပဲစင်းငုံ

   မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ်၊ ဇွန်လ၊ ဒုတိယအပတ်တွင် ပဲတစ်တင်းလျှင် ကျပ်၄၂၂၀၀ဖြစ်ခဲ့ပြီး ယခုနှစ်၊ ဇွန်လ၊ ဒုတိယအပတ်တွင် ပဲတစ်တင်းလျှင် ကျပ်၁၀၁၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်ခြောက်သောင်းခန့်ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၂၀မှ ၂၅ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရပါသည်။

ပဲတီစိမ်း

   မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ်၊ ဇွန်လ၊ ဒုတိယအပတ်တွင် ပဲတစ်တင်းလျှင် ကျပ်၄၂၀၀၀ဖြစ်ခဲ့ပြီး ယခုနှစ်၊ ဇွန်လ၊ ဒုတိယအပတ်တွင် ပဲတစ်တင်းလျှင် ကျပ်၆၁၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်နှစ်သောင်းခန့်ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၃၀မှ ၄၀ခန့် အရောင်းအဝယ် ဖြစ်ကြောင်း သိရပါသည်။

ကုလားပဲ

     မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ်၊ ဇွန်လ၊ ဒုတိယအပတ်တွင် ကုလားပဲဖြူလုံးကြီးတစ်တင်းလျှင် ကျပ်၄၇၅၀၀ဖြစ်ခဲ့ပြီး ယခုနှစ်၊ ဇွန်လ၊ ဒုတိယအပတ်တွင် ပဲတစ်တင်းလျှင် ကျပ်၈၇၀၀၀၊ 929  တစ်တင်းလျှင် ကျပ်၄၅၅၀၀ဖြစ်ခဲ့ပြီး ယခုနှစ်၊ ဇွန်လ၊ ဒုတိယအပတ်တွင် ပဲတစ်တင်းလျှင် ကျပ်၈၄၅၀၀၊ ထိုင်ဝမ်တစ်တင်းလျှင် ကျပ်၄၄၂၀၀ဖြစ်ခဲ့ပြီး ယခုနှစ်၊ ဇွန်လ၊ ဒုတိယအပတ်တွင် ပဲတစ်တင်းလျှင် ကျပ်၈၃၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်လေးသောင်းခန့်ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၃၀မှ ၅၀ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရပါသည်။

စွန်တာနီ/ပြာ

    မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ်၊ ဇွန်လ၊ ဒုတိယအပတ်တွင် ပဲတစ်တင်းလျှင် ကျပ်၄၄၅၀၀ဖြစ်ခဲ့ပြီး ယခုနှစ်၊ ဇွန်လ၊ ဒုတိယအပတ်တွင် ပဲတစ်တင်းလျှင် ကျပ်၅၈၃၀၀ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်တစ်သောင်းခွဲခန့်ပိုမိုခဲ့ပါသည်၊ တစ်ရက်လျှင် အိတ်ရေ ၁၀မှ ၁၅ခန့် အရောင်းအဝယ် ဖြစ်ကြောင်း သိရပါသည်။

ထောပတ်ပဲ

    မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဇွန်လ၊ ဒုတိယအပတ်တွင် ပဲတစ်တင်းလျှင် ကျပ်၄၂၅၀၀ဖြစ်ခဲ့ပြီး ယခုနှစ်၊ ဇွန်လ၊ ဒုတိယအပတ်တွင် ပဲတစ်တင်းလျှင် ကျပ်၉၀၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ငါးသောင်းခန့်ပိုမိုခဲ့ပါသည်။ တစ်ရက်လျှင် အိတ်ရေ ၁၅မှ ၂၀ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရပါသည်။

အစေ့ထုတ်ပြောင်း

      မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ်၊ ဇွန်လ၊ ဒုတိယအပတ်တွင် ပြောင်းတစ်တင်းလျှင် ကျပ်၁၈၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ်၊ ဇွန်လ၊ ဒုတိယအပတ်တွင် ပြောင်းတစ်တင်းလျှင် ကျပ်၁၉၆၀၀ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်နှစ်ထောင်ခန့်ပိုမိုခဲ့ပါသည်။ တစ်ရက်လျှင် အိတ်ရေ ၂၀မှ ၂၅ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရပါသည်။

မြေပဲဆံသီးနှံ

       မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ်၊ ဇွန်လ၊ ဒုတိယအပတ်တွင် မြေပဲဆံနီတစ်ပိဿာလျှင် ကျပ်၄၀၀၀ဖြစ်ခဲ့ပြီး ယခုနှစ်၊ ဇွန်လ၊ ဒုတိယအပတ်တွင် တစ်ပိဿာလျှင် ကျပ်၇၈၀၀၊ ယခင်နှစ်၊ ဇွန်လ၊ ဒုတိယအပတ်တွင် မြေပဲဆံဖြူတစ်ပိဿာလျှင် ကျပ်၄၁၀၀ဖြစ်ခဲ့ပြီး ယခုနှစ်၊ ဇွန်လ၊ ဒုတိယအပတ်တွင် တစ်ပိဿာလျှင် ကျပ်၇၀၀၀၊ တစ်ပိဿာလျှင် ကျပ်သုံးထောင်ခန့်မှ လေးထောင်ခန့်အထိပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၂၀မှ ၂၅ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရပါသည်။

နှမ်းမျိုးစုံသီးနှံ

      မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ်၊ ဇွန်လ၊ ဒုတိယအပတ်တွင် နှမ်းနက်တစ်တင်းလျှင် ကျပ်၅၅၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ်၊ ဇွန်လ၊ ဒုတိယအပတ်တွင် တစ်တင်းလျှင် ကျပ်၁၁၆၆၀၀၊ နှမ်းဖြူတစ်တင်းလျှင် ကျပ်၅၂၅၀၀ဖြစ်ခဲ့ပြီး ယခုနှစ်၊ ဇွန်လ၊ ဒုတိယအပတ်တွင် တစ်တင်းလျှင် ကျပ်၁၁၆၆၀၀၊ နှမ်းညို တစ်တင်းလျှင် ကျပ်၅၁၀၀၀ဖြစ်ခဲ့ပြီး ယခုနှစ်၊ ဇွန်လ၊ ဒုတိယအပတ်တွင် တစ်တင်းလျှင် ကျပ်၁၀၀၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်ငါးသောင်းခန့်မှ ခြောက်သောင်းခွဲခန့်အထိပိုမိုခဲ့ပါသည်။ တစ်ရက်လျှင် အိတ်ရေ ၃၀မှ ၅၀ခန့် အရောင်းအဝယ်ဖြစ်ကြောင်း မုံရွာကုန်စည်ဒိုင်ဈေးနှုန်းများစာရင်းအရ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုခရိုင်အတွင်း စပါး/ဆန်ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

    ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များ၌ ၂၀၂၃ခုနှစ်၊ မေလ (လကုန်ပတ်)တွင် စပါး/ဆန်ဈေးနှုန်းများမှာ တည်ငြိမ်နေပါသည်။ ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ မေလ(စတုတ္တပတ်)တွင် ရန်ကုန်သို့ အိတ်ရေ(၂၂၀၀၀)အိတ်၊ မန္တလေးသို့ အိတ်ရေ(၃၃၉၀၀)အိတ်၊ နေပြည်တော်သို့ အိတ်ရေ (၁၀၀၀၀)အိတ်၊ ရှမ်း(တောင်)သို့ အိတ်ရေ(၈၀၀၀)အိတ်၊ ရှမ်း(မြောက်)သို့ အိတ်ရေ (၈၀၀၀)အိတ်၊ ပခုက္ကူသို့ အိတ်ရေ (၆၀၀)အိတ်၊ စုစုပေါင်းအိတ်ရေ (၈၂၅၀၀)အိတ်၊ တန်အားဖြင့် (၄၁၂၅) တန်စီးထွက်ခဲ့ပါသည်။ မေလ(နောက်ဆုံးအပတ်)တွင် ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ(၂၃၀၀၀)အိတ်၊ မန္တလေးသို့ အိတ်ရေ(၂၃၃၇၀)အိတ်၊ နေပြည်တော်သို့ အိတ်ရေ (၉၀၀၀)အိတ်၊ ရှမ်း(တောင်)သို့ အိတ်ရေ(၇၅၀၀)အိတ်၊ ရှမ်း(မြောက်)သို့ အိတ်ရေ (၇၅၀၀)အိတ်၊ ပခုက္ကူသို့ အိတ်ရေ (၃၀)အိတ်၊ စုစုပေါင်းအိတ်ရေ (၇၀၄၀၀)အိတ်၊ တန်အားဖြင့် (၃၅၂၀) တန်စီးထွက်ခဲ့သည့်အတွက် မေလ(စတုတ္တပတ်)နှင့်နှိုင်းယှဉ်လျှင် မေလ(နောက်ဆုံးအပတ်)အတွင်း အိတ်ရေ (၁၂၁၀၀)အိတ်၊ တန်အားဖြင့် (၆၀၅)တန်လျော့၍ စီးထွက်ခဲ့ပါသည်။       

   ရွှေဘိုမြို့၏ မေလ (လကုန်ပတ်)တွင် ဖြစ်ပေါ်နေသောစပါး/ဆန်ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်း စပါးတင်း၁၀၀လျှင် ကျပ်၂၈၅၀၀၀၀၊ ရွှေဘိုပေါ်ဆန်းဆန် ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၉၀၀၀၀၊ ဧရာမင်း စပါးတင်း ၁၀၀လျှင် ကျပ်၁၉၅၀၀၀၀၊ ဧရာမင်းဆန် ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၈၀၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

မေလ လကုန်ပတ်တွင် ဖြစ်ပေါ်နေသော စားအုန်းဆီဈေးနှုန်းများ

      ရွှေဘိုမြို့ပေါ်တွင် စားသုံးဆီ လက်လီ/လက်ကားရောင်းချသောဆိုင်(၁၂)ဆိုင်ရှိပြီး ၂၀၂၃ခုနှစ်၊ မေလ (စတုတ္တပတ်)တွင် စားအုန်းဆီ တစ်ပိဿာလျှင် (၆၅၀၀)ကျပ်၊ ပဲဆီသန့် တစ်ပိဿာလျှင် (၁၅၀၀၀)ကျပ်နှင့် နှမ်းဆီသန့် တစ်ပိဿာလျှင် (၁၅၀၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး မေလ (နောက်ဆုံးပတ်)တွင် စားအုန်းဆီ တစ်ပိဿာလျှင် (၆၂၅၀)ကျပ်၊ ပဲဆီသန့် တစ်ပိဿာလျှင် (၁၅၀၀၀)ကျပ်နှင့် နှမ်းဆီသန့် တစ်ပိဿာလျှင် (၁၅၀၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်နေသဖြင့် မေလ (စတုတ္တပတ်)နှင့် မေလ(နောက်ဆုံးပတ်) ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ကြည့်ပါက ပဲဆီသန့်နှင့် နှမ်းဆီသန့် တစ်ပိဿာဈေးနှုန်းမှာ မေလ(စတုတ္တပတ်)နည်းတူ ဈေးနှုန်းတည်ငြိမ်လျက်ရှိပြီး စားအုန်းဆီ တစ်ပိဿာလျှင် (၂၅၀)ကျပ်လျော့နည်းလျက်ရှိကြောင်း စားသုံးဆီလက်ကားဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

တမူးနယ်စပ်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်မှုအခြေအနေ

   တမူးနယ်စပ်ကုန်သွယ်ရေးစခန်းအနေဖြင့်  ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် ကုန်သွယ်မှုလျာထားချက်မှာပို့ကုန်ပမာဏ အမေရိကန်ဒေါ်လာသန်းပေါင်း(၁၄.၀၀၀)၊ သွင်းကုန်ပမာဏ အမေရိကန် ဒေါ်လာသန်းပေါင်း(၆.၅၀၀)၊  စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာသန်း (၂၀.၅၀၀) ဖြစ်ပါသည်။ တမူးနယ်စပ်ကုန်သွယ်ရေးစခန်းမှ အိန္ဒိယနိုင်ငံသို့  ကုန်သွယ်မှုအနေဖြင့် ၂၀၂၃ခုနှစ်၊ ဧပြီလမှ မေလအထိ ပို့ကုန်ပမာဏ အမေရိကန်ဒေါ်လာသန်း(၀.၈၁၈)၊ သွင်းကုန်ပမာဏ အမေရိကန်ဒေါ်လာသန်း (၀.၁၅၀)၊ စုစုပေါင်းကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာသန်း (၀.၉၆၈) ဆောင်ရွက်နိုင်ခဲ့သဖြင့် (၂)လတာ လျာထားချက်အပေါ်  (၃၂.၂၇)% သာ ဆောင်ရွက်နိုင်ခဲ့ကြောင်း တမူးနယ်စပ် ကုန်သွယ်ရေးစခန်း၏ စာရင်းများအရ သိရပါသည်။

    ကုန်သွယ်မှုပမာဏလျော့နည်းရခြင်းမှာလည်း တစ်ဖက်အိန္ဒိယနိုင်ငံမိုရေးမြို့၊ ဝင်/ထွက်များအား (၁၀.၃.၂၀၂၀)ရက်နေ့မှစတင်၍ ပိတ်ထားခဲ့ခြင်းကြောင့်လည်းကောင်း၊ တမူးဒေသတွင် နယ်မြေတည်ငြိမ်မှုမရှိခြင်းကြောင့် မြန်မာ-အိန္ဒိယနယ်စပ်ဂိတ်များဖြစ်သည့် သံတံတားဂိတ်၊ ဂိတ်အမှတ်(၂) တို့အား ယနေ့အထိ ယာယီပိတ်ထားခြင်းကြောင့်လည်းကောင်း၊ ကုန်သွယ်လုပ်ငန်းရှင်များအနေဖြင့် နှစ်နိုင်ငံ ကုန်သွယ်မှုဂိတ်များအား တရားဝင်ပိတ်ထားသော်လည်း အဆင်ပြေသည့်နည်းလမ်းဖြင့် တင်ပို့နေကြ ပို့ကုန်ပစ္စည်းများအား တစ်ဖက်နိုင်ငံမိုရေးမြို့တွင် ဆူပူအကြမ်းဖက်မှုများ ဖြစ်ပွားခြင်းကြောင့် တစ်ဖက်နိုင်ငံအစိုးရမှ ပိုမိုတင်ကြပ်စွာ ပိတ်ထားသည့်အတွက် ပုံမှန်အတိုင်း တင်ပို့နိုင်ခြင်း မရှိခြင်းကြောင့်လည်းကောင်း ကုန်သွယ်မှုပမာဏလျာထားချက်အပေါ် လျော့နည်းတင်ပို့ခဲ့ကြောင်း သိရှိရပါသည်။

  ဒေသအာဏာပိုင်အဖွဲ့အစည်းများ၊ ဆက်စပ်ဌာနဆိုင်ရာများ၊ OSS ဌာနဆိုင်ရာများ၊ ကုန်သည်အသင်းအဖွဲ့များ၊ကုမ္ပဏီလုပ်ငန်းရှင်များနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခြင်းများဖြင့် ကုန်သွယ်မှု လျာထားချက်ပြည့်မှီကျော်လွန်အောင် ဆောင်ရွက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာ-အိန္ဒိယနှစ်နိုင်ငံနယ်စပ်ရှိ သံတံတားဂိတ်/ချစ်ကြည်ရေး တံတားဂိတ်အား ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် တိုင်းဒေသကြီးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် မိမိဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသဖြင့် များမကြာမှီတွင် တမူးကုန်သွယ်ရေးစခန်းအနေဖြင့် ကုန်သွယ်မှုပမာဏ တိုးတက်လာနိုင်ကြောင်း လေ့လာသိရှိရပါသည်။

      ပို့ကုန်အနေဖြင့် (၂၀.၅.၂၀၂၃ မှ ၂၆.၅.၂၀၂၃)ရက်နေ့အထိ နန့်ဖာလုံကုန်စုံ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာသန်း(၀.၀၄၇) တင်ပို့နိုင်ခဲ့ပါကြောင်း၊ (၂၇.၅.၂၀၂၃ မှ ၂.၆.၂၀၂၃)ရက်နေ့အထိ စီးကရက်အရေအတွက်အားဖြင့် တန်(၉၈.၆၅၆)၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာသန်း (၀.၂၁၁)၊  နန့်ဖာလုံကုန်စုံ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာသန်း(၀.0၁၅)၊ စုစုပေါင်း တန်ဖိုးအားဖြင့် အမေရိ ကန်ဒေါ်လာသန်း(၀.၂၂၆) တင်ပို့နိုင်ခဲ့ပါကြောင်း၊ သွင်းကုန်အနေဖြင့် ယခင်အပတ်က တင်သွင်းနိုင်မှု မရှိခဲ့သော်လည်း (၂၇.၅.၂၀၂၃ မှ ၂.၆.၂၀၂၃) ရက်နေ့အထိ ဆံပင် အရေအတွက်အားဖြင့် တန် (၄.၂၃၀)၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာသန်း (၀.၀၁၆) တင်သွင်းနိုင်ခဲ့ပါကြောင်း၊ ပို့ကုန်အ‌နေဖြင့် ယခင်ပတ်ကထက် အမေရိကန် ဒေါ်လာသန်း (၀.၁၇၉) ပိုမိုတင်ပို့ နိုင်ခဲ့ပါပြီး သွင်းကုန်အနေဖြင့် ယခင်ပတ်ကထက် အမေရိကန်ဒေါ်လာသန်း (၀.၀၁၆) ပိုမိုတင်သွင်းနိုင်ခဲ့ပါကြောင်း  တမူး နယ်စပ် ကုန်သွယ်ရေးစခန်းမှ လေ့လာသိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီး/ပြည်နယ်များသို့ ယခင်လနှင့် ယခုလ ဆန်စီးထွက်မှု အခြေအနေ

    စစ်ကိုင်းတိုင်းဒေသကြီးသည် ဆန်ပိုဒေသများဖြစ်သော ရွှေဘို၊ ကလေး၊ ကသာနှင့် ကန့်ဘလူခရိုင်များအနေဖြင့် (၁.၄.၂၀၂၃)ရက်နေ့မှ(၃၀.၄.၂၀၂၃)ရက်နေ့အထိ မန္တလေးတိုင်း‌ဒေသကြီးသို့(၂၀၇၄၀၀) အိတ်၊ ရန်ကုန်တိုင်းဒေသကြီးသို့ (၁၁၈၅၀၀)အိတ်၊ မ‌ကွေးတိုင်းဒေသကြီးသို့ (၁၇၀၀) အိတ်၊ ရှမ်း (တောင်)သို့ (၂၄၅၀၀)အိတ်၊ ရှမ်း(မြောက်)သို့ (၂၄၅၀၀)အိတ်၊ နေပြည်တော်သို့ (၃၂၀၀၀)အိတ်၊ ကချင်သို့ (၂၉၀၀၀)အိတ်၊ စုစုပေါင်း (၄၃၇၆၀၀)အိတ် တန်အားဖြင့် (၂၁၈၈၀)စီးထွက်ခဲ့ပြီး၊ (၁.၅.၂၀၂၃) ရက်နေ့မှ (၃၁.၅.၂၀၂၃)ရက်နေ့အထိ မန္တလေးတိုင်း‌ဒေသကြီးသို့ (၂၃၄၀၀၀)အိတ်၊ ရန်ကုန်တိုင်းဒေသ ကြီးသို့ (၁၆၆၀၀၀)အိတ်၊ မ‌ကွေးတိုင်းဒေသကြီးသို့ (၃၀၀၀)အိတ်၊ ရှမ်း(တောင်)သို့ (၁၆၀၀၀)အိတ်၊ ရှမ်း(မြောက်)သို့ (၁၆၀၀၀)အိတ်၊ နေပြည်တော်သို့ (၄၉၀၀၀)အိတ်၊ ကချင်ပြည်နယ်သို့ (၁၀၀၀၀) အိတ်၊ စုစုပေါင်း(၄၉၄၀၀၀)အိတ်၊ တန်အားဖြင့် (၂၄၇၀၀) စီးထွက်ခဲ့သည့်အတွက် ယခင်လနှင့် ယခုလနှိုင်းယှဉ် ပါက ယခုလတွင် အိတ်ရေ(၅၆၄၀၀)၊ တန်အားဖြင့် (၂၈၂၀) ပိုမိုစီးထွက်ခဲ့ပါကြောင်း လေ့လာသိရှိရ ပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း