ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၉.၆.၂၀၂၃ )

   ၉.၆.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

တောင်ငူမြို့တွင် ဝက်သားနှင့်ငါးဈေးနှုန်းများအနည်းငယ်ကျဆင်းနေပြီး ပုစွန်ဈေးနှုန်းမြင့်တက်လာ

      တောင်ငူမြို့၊ ညောင်ပင်ဈေးတွင် ကြက်သား(အိမ်မွေးကြက်)မှာ ယခင်အပတ်တွင် တစ်ပိဿာလျှင် ၁၈၀၀၀ကျပ်ရှိခဲ့ရာမှ ၂၀၂၃ခုနှစ်၊ ဇွန်လ၊ ပထမအပတ်တွင် တစ်ပိဿာလျှင် ၂၀၀၀၀ကျပ်ဖြစ်၍ ဈေးနှုန်းအနည်းငယ်ပြန်တက်ခဲ့ပြီး မွေးမြူးရေးကြက်(စီပီကြက်)မှာ အသားသီးသန့်တစ်ပိဿာလျှင် ၁၂၀၀၀ကျပ်ဖြင့် အခြမ်းလိုက်ဈေးတစ်ပိဿာလျှင် ၁၀၀၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

      ဝက်သား(ရေလွတ်သား)သုံးထပ်သားမှာ ယခင်အပတ်တွင် တစ်ပိဿာလျှင် ၁၆၀၀၀ကျပ်ရှိခဲ့ရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၁၅၀၀၀ကျပ်၊ ပေါင်သားမှာ ယခင်အပတ်တွင် တစ်ပိဿာလျှင် ၁၈၀၀၀ကျပ်ရှိခဲ့ပြီး ယခုအပတ်တွင် ၁၇၀၀၀ကျပ်၊ အသားသီးသန့်မှာ ယခင်အပတ်တွင် တစ်ပိဿာလျှင် ၂၀၀၀၀ကျပ်ရှိခဲ့ရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၁၉၀၀၀ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်ကျဆင်းလာခဲ့ပါသည်။

   ငါးကြင်းမှာ ယခင်အပတ်တွင် အကောင်လိုက်ဈေးမှာ တစ်ပိဿာလျှင် ၁၂၀၀၀ကျပ်ရှိခဲ့ရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၁၀၀၀၀ကျပ်၊ အသားသီးသန့်မှာ ယခင်အပတ်တွင် တစ်ပိဿာလျှင် ၁၄၀၀၀ကျပ်ရှိခဲ့ရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၁၂၀၀၀ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်ကျဆင်းလာခဲ့ပြီး ငါးကြင်းဖြူမှာ အကောင်လိုက်ဈေးတစ်ပိဿာလျှင် ၁၈၀၀၀ကျပ်၊ အမြီးလွတ် သို့မဟုတ် ခေါင်းလွတ်တစ်ပိဿာလျှင် ၂၀၀၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

   ငါးရံ့မှာ ယခင်အပတ်တွင် တစ်ပိဿာလျှင် အသေး ၁၅၀၀၀ကျပ်၊ အလတ် ၁၈၀၀၀ကျပ်နှင့် အကြီး ၂၀၀၀၀ကျပ်ရှိခဲ့ရာမှ ယခုအပတ်တွင် အသေး ၁၃၀၀၀ကျပ်၊ အလတ် ၁၅၀၀၀ကျပ်နှင့် အကြီး ၁၆၀၀၀ကျပ်၊ ငါးခူမှာ ယခင်အပတ်တွင် တစ်ပိဿာလျှင် အသေး ၁၈၀၀၀ကျပ်၊ အလတ် ၂၀၀၀၀ကျပ်နှင့် အကြီး ၂၂၀၀၀ကျပ်ရှိခဲ့ရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် အသေး ၁၆၀၀၀ကျပ်၊ အလတ် ၁၈၀၀၀ကျပ်နှင့် အကြီး ၂၀၀၀၀ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်ကျဆင်းလာခဲ့ပါသည်။

     ပုစွန်န်ဆိတ်မှာ တစ်ပိဿာလျှင် ၈၀၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး ပုစွန်အသေးမှာ ယခင်အပတ်တွင် တစ်ပိဿာလျှင် ၂၆၀၀၀ကျပ်မှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၂၈၀၀၀ကျပ်၊  ပုစွန်အလတ်မှာ ယခင်အပတ်တွင် တစ်ပိဿာလျှင် ၂၈၀၀၀ကျပ်မှ ယခုအပတ်တွင် ၃၂၀၀၀ကျပ်နှင့် ပုစွန်အကြီးမှာ ယခင်အပတ်တွင် တစ်ပိဿာလျှင် ၃၀၀၀၀ကျပ်မှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၃၅၀၀၀ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်မြင့်တက်လာခဲ့ကြောင်း  သိရှိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့တွင် မေလ၊ လဝက်အတွင်း ဆန်၊ စပါး၊ ဖွဲနုနှင့် မတ်ပဲဈေးအနည်းငယ်တက်လာ

      တောင်ငူမြို့တွင် ၂၀၂၃ခုနှစ်၊ မေလ၊ လလယ်ပိုင်းတွင် ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ၁၀၅၀၀၀ကျပ်၊ ဖျာပုံပေါ်ဆန်းတစ်အိတ်လျှင် ၉၇၀၀၀ကျပ်၊ ဒေသပေါ်ဆန်းတစ်အိတ်လျှင် ၉၃၀၀၀ကျပ်၊ ဧည့်မထ(မိုး)တစ်အိတ်လျှင် ၆၈၀၀၀ကျပ်၊ ဧည့်မထ(နွေ)တစ်အိတ်လျှင် ၅၇၀၀၀ကျပ်ရှိခဲ့ရာမှ ယခုမေလအကုန်တွင် ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ၁၁၀၀၀၀ကျပ်၊ ဖျာပုံပေါ်ဆန်းတစ်အိတ်လျှင် ၁၀၃၀၀၀ကျပ်၊ ဒေသပေါ်ဆန်းတစ်အိတ်လျှင် ၉၈၀၀၀ကျပ်၊ ဧည့်မထ(မိုး)တစ်အိတ်လျှင် ၇၂၀၀၀ကျပ်၊ ဧည့်မထ(နွေ)တစ်အိတ်လျှင် ၅၈၀၀၀ကျပ်ဖြင့် အသီးသီးဈေးနှုန်းမြင့်တက်လာခဲ့ပါသည်။

     မိုးစပါးမှာ မေလ၊ လလယ်ပိုင်းတွင် တင်း ၁၀၀လျှင် ၁၈၅၀၀၀၀ကျပ်ရှိခဲ့ရာမှ ယခုမေလ အကုန်တွင် တင်း ၁၀၀လျှင် ၂၁၀၀၀၀၀ကျပ်၊ နွေစပါးမှာ မေလ၊ လလယ်ပိုင်းတွင် တင်း ၁၀၀လျှင် ၁၆၀၀၀၀၀ကျပ်ရှိခဲ့ရာမှ ယခုမေလအကုန်တွင် ၁၆၅၀၀၀၀ကျပ်ဖြင့် ဈေးနှုန်းမြင့်တက်လာခဲ့ပါသည်။

     ဆန်ကွဲ(ကြီး)တစ်အိတ်လျှင် ၄၅၀၀၀ကျပ်၊ ဆန်ကွဲ(သေး)တစ်အိတ်လျှင် ၄၃၀၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး ဖွဲနုတစ်အိတ်လျှင် မေလ၊ လလယ်ပိုင်းတွင် ၂၄၀၀၀ကျပ်မှ ယခု မေလအကုန်တွင် ၂၆၅၀၀ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်မြင့်တက်လာခဲ့ပါသည်။

     မတ်ပဲ(ပိဿာ ၃၀အိတ်)တစ်အိတ်လျှင် မေလ၊ လလယ်ပိုင်းတွင် ၁၀၉၀၀၀ကျပ်ရှိခဲ့ရာမှ ယခုမေလအကုန်တွင် ၁၁၀၇၀၀ကျပ်ဖြင့် ဈေးနှုန်းမြင့်တက်လာခဲ့ပြီး ပဲလွန်းဖြူတစ်အိတ်လျှင် ၆၇၀၀၀ကျပ်၊ ပဲတီစိမ်းတစ်အိတ်လျှင် ၈၅၀၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေကြောင်း တောင်ငူမြို့ရှိ ဆန်၊ စပါး၊ ပဲပွဲရုံများမှ သိရှိရပါသည်။

DOCA(ပဲခူး)

                                     

တောင်ငူမြို့တွင် စက်သုံးဆီဈေးအနည်းငယ်ပြန်ကျလာ

     ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့တွင် ယခင်အပတ်တွင် 92 RON တစ်လီတာလျှင် ၂၀၂၅ကျပ်၊ 95 RON တစ်လီတာလျှင် ၂၁၂၀ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ၁၉၃၅ကျပ်နှင့် ပရီမီယံ ဒီဇယ်တစ်လီတာလျှင် ၂၀၁၅ကျပ်ရှိခဲ့ပါသည်။

     ယခုအပတ်တွင် 92 RON တစ်လီတာလျှင် ၂၀၂၀ကျပ်၊ 95 RON တစ်လီတာလျှင် ၂၁၂၀ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ၁၉၃၀ကျပ်နှင့် ပရီမီယံဒီဇယ်တစ်လီတာလျှင် ၂၀၁၀ကျပ်ရှိခဲ့ပါသည်။

   သို့ဖြစ်ပါ၍ စက်သုံးဆီဈေးမှာ ယခင်အပတ်အောက် 92 RON တစ်လီတာလျှင် ၅ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ၅ကျပ်နှင့် ပရီမီယံဒီဇယ်တစ်လီတာလျှင် ၅ကျပ်ဖြင့် ယခင်အပတ်အောက် ဈေးနှုန်းမသိမသာကျဆင်းလာကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

“ငရုတ်သီးအမှည့်အစိုများ ဈေးကောင်းရ”

     မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင်တွင် ငရုတ်(မိုး) စိုက်ဧကစုစုပေါင်း(၈၄၉၇)ဧက စိုက်ပျိုးထားရှိပြီး (  ၅၀၂၄  )ဧက ရိတ်သိမ်းလျက်ရှိပါသည် ။ ငရုတ်စိုက်ပျိုးရာတွင် အရည်အသွေးကောင်း၊ အထွက်နှုန်းကောင်းသောမျိုးများကိုသာ ရွေးချယ်စိုက်ပျိုးကြပြီး ၎င်းမျိုးများမှာ စကာတာမျိုး၊ 692 မျိုးနှင့် တိုးတိုးအောင်ငရုတ်မျိုးကိုသာ ရွေးချယ်စိုက်ပျိုးကြကြောင်း သိရှိရပါသည် ။ ငရုတ်သီးနှံကို ဒီဇင်ဘာလနှင့် ဇန်နဝါရီလများတွင် စတင်စိုက်ပျိုးကြပြီး ၊ ပျိုးထောင်ပြီးရက်ပေါင်း(၄၅)ရက် ခန့်အကြာတွင် လယ်မြေနှင့်ယာမြေများတွင် ရွှေပြောင်းစိုက်ပျိုးကြကြောင်း စိုက်ပြီး(၂) လခန့် အကြာတွင် အပွင့်အသီး သီးကာ(၃)လခန့်အကြာတွင် စတင်ခူးဆွတ်ရကြောင်း ၊ မျိုးအနေဖြင့် (၁) ဧကလျှင် (၅)ဂရမ်ပါ အထုပ်(၅)ထုပ်ကုန်ကျပြီး (၅)ဂရမ်ပါ 692 ငရုတ်မျိုးစေ့(၁) ထုပ်လျှင်(၁၀၅၀၀/-)ကျပ် ဈေးနှုန်းရှိကြောင်း ၊ (၁)ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး ၊ သွင်းအားစု ၊ လုပ်သားခ စုစုပေါင်း (၁၀)သိန်းကျပ်ဝန်းကျင်ခန့်ကုန်ကြကြောင်း ၊ (၁)ဧကအထွက်နှုန်းအနေဖြင့် ငရုတ်(အစို)တင်း(၂၀၀) ခန့်အထိထွက်ရှိကြောင်း ၊ ပိဿာအနေဖြင့် ငရုတ်သီးအမှည့် (အစို)(၁၀၀၀) ပိဿာ၊ ငရုတ်သီးအမှည့် (အခြောက်)တင်း(၈၀) ခန့်ထွက်ရှိကြောင်းသိရှိရပါသည်။ ယခုအချိန်တွင် ငရုတ်သီးများ လှိုင်လှိုင်ထွက်ရှိနေပြီး ငရုတ်ဈေးနှုန်းအနေဖြင့် ငရုတ်သီးအမှည့်(အစို) (၁) ပိဿာလျင် (၁၀၀၀၀/- )ကျပ် ဈေးနှုန်းများရှိပြီး ၊ ငရုတ်သီးအမှည့်(အစို) (၁) ပိဿာလျှင် (၈၅၀၀/-) ကျပ်ဈေးနှုန်းများ ဖြင့်ရောင်းဝယ်လျက်ရှိရာ  ငရုတ်ပွဲစားများမှ ငရုတ်သီးအမှည့်(အစို)များကိုသာ အဓိကထားဝယ်ယူကြသောကြောင့် ငရုတ်စိုက်တောင်သူများ ဈေးကောင်းများရရှိလာသောကြောင့် အဆင်ပြေနေကြပြီး အကျိုးအမြတ်များ ရရှိကြကြောင်းကို ငရုတ်စိုက်တောင်သူတစ်ဦး၏ ပြောပြချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)

 

 

 

တောင်ငူမြို့တွင် ဟင်းသီးဟင်းရွက်တချို့ ဈေးနှုန်းအတက်အကျရှိနေ

    တောင်ငူမြို့၊ ညောင်ပင်လေးဈေးရှိ ဟင်းသီးဟင်းရွက်ဈေးတွင် ငရုတ်သီးစိမ်း(မိုးထောင်သီး)မှာ ယခင်အပတ်တွင် တစ်ပိဿာလျှင် ၉၀၀၀ကျပ်ရှိခဲ့ရာမှ ၂၀၂၃ခုနှစ်၊ ဇွန်လ၊ ပထမအပတ်တွင် အလုံးအသေး/အကြီးအပေါ်မူတည်၍ တစ်ပိဿာလျှင် ၇၀၀၀ကျပ်မှ ၈၅၀၀ကျပ်ထိဈေးနှုန်းကျဆင်းခဲ့ပြီး ကုလားအော်သီးတစ်ပိဿာလျှင် ၁၈၀၀၀ကျပ်မှ ၂၀၀၀၀ကျပ်၊ ခရမ်းသီး(အဖြူ)တစ်ပိဿာလျှင် ၁၅၀၀ကျပ်၊ ခရမ်းသီး(အညို)တစ်ပိဿာလျှင် ၂၀၀၀ကျပ်ဖြင့် ယခင်အပတ်အတိုင်း ဈေးနှုန်းတည်ငြိမ်နေပါသည်။

     ဒေသသခွားသီးမှာ ယခင်အပတ်တွင် တစ်ပိဿာလျှင် ၁၀၀၀ကျပ်အထိရှိခဲ့ရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၇၀၀ကျပ်၊ ရှမ်းပြည်သခွားသီးမှာ ယခင်အပတ်တွင် တစ်ပိဿာလျှင် ၁၂၀၀ကျပ်ရှိခဲ့ရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၁၀၀၀ကျပ်၊ ဂေါ်ဘီမှာ ယခင်အပတ်တွင် တစ်ပိဿာလျှင် ၁၆၀၀ကျပ်မှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၉၀၀ကျပ်မှ ၁၀၀၀ကျပ်ထိ၊ ခရမ်းချဉ်သီးမှာ  ယခင်အပတ်တွင် တစ်ပိဿာလျှင် ၁၃၀၀ကျပ်မှ ၁၅၀၀ကျပ်ထိရှိခဲ့ရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၁၀၀၀ကျပ်မှ ၁၃၀၀ကျပ်ထိသို့ ဈေးနှုန်းကျဆင်းခဲ့ပါသည်။

     ပြောင်းဖူးအကြီးတစ်ဖူးလျှင် ၂၀၀ကျပ်မှ ၂၅၀ကျပ်ထိ၊ ပြောင်းဖူးအသေးတစ်ဖူးလျှင် ၁၃၀ကျပ်မှ ၁၅၀ကျပ်ထိဖြင့် ယခင်အပတ်အတိုင်း ဈေးနှုန်းတည်ငြိမ်နေပြီး နံနံပင်မှာ ယခင်အပတ်တွင် တစ်ဆယ်ကျပ်သားလျှင် ၆၀၀ကျပ်မှ ယခုအပတ်တွင် တစ်ဆယ်ကျပ်သားလျှင် ၈၀၀ကျပ်မှ ၁၀၀၀ကျပ်ထိသို့ ဈေးနှုန်းဆက်လက်မြင့်တက်လာခဲ့ပါသည်။ ကန်စွန်းရွက်မှာ တစ်စည်းလျှင်း ၁၀၀ကျပ်၊ ၁၀စည်းယူလျှင် ၇၀၀ကျပ်၊ ချဉ်ပေါင်ရွက်မှာ တစ်စည်းလျှင် ၁၀၀ကျပ်၊ ၁၀စည်းယူလျှင် ၇၀၀ကျပ်ရှိကြောင်း သိရပါသည်။

DOCA(ပဲခူး)

“ပဲတီစိမ်းများ ဖြိုင်ဖြိုင်ထွက်ရှိ”

    မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်တွင် ယခုနှစ် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ကျောက်ဆည်မြို့နယ်တွင် (၁၉၀၄)ဧက၊ စဉ့်ကိုင်မြို့နယ်တွင်(၂၉၃၉)ဧက ၊ မြစ်သားမြို့နယ်တွင် (၁၆၁၅)ဧက၊စုစုပေါင်း(၆၄၅၈)ဧက စိုက်ပျိုးထားရှိရာ ယခုအချိန်တွင် ခရိုင်အတွင်းရှိပဲတီစိမ်းများ ဖြိုင်ဖြိုင်ထွက်ရှိနေကြောင်း သိရှိရပါသည်။ ပဲတီစိမ်းကိုမျိုးအနေဖြင့် ကျောက်စိမ်း ၊ ရေဆင်း(၁၁)မျိုး များကို အများဆုံးစိုက်ပျိုးကြပါသည်။ မတ်လဆန်းမှ စတင်စိုက်ပျိုးခဲ့ရာ ယခုဇွန်လဆန်းတွင် ပဲတီစိမ်းများ အများဆုံးထွက်ရှိလျက် ရှိပါသည်။ ပဲတီစိမ်းစိုက်ပျိုးမှုအနေဖြင့် သွင်းအားစုများ အပါအဝင် (၁)ဧကလျှင် ယခင်(၂၉၈၀၀၀/-)ကျပ်ခန့်ကုန်ကျပြီး ယခင်နှစ်တွင် အထွက်နှုန်းအနေဖြင့် (၁၀)တင်း အထိထွက်ရှိပါသည်။ ပဲတီစိမ်း ဈေးနှုန်းအနေဖြင့် ယခင်နှစ်(၁)တင်းလျှင်(၅၂၀၀၀/)ကျပ် ဈေးနှုန်းရှိပြီး အကျိုးအမြတ်အနေဖြင့်(၂၂၂၀၀၀/-)ကျပ် ရရှိခဲ့ပြီး ယခုနှစ်(၁)ဧကလျှင် (၃၀၀၀၀၀/-)ကျပ်ခန့် ကုန်ကျပြီး ယခုနှစ်အထွက်နှုန်းအနေဖြင့် (၁၀-၁၂)တင်းအထိ ထွက်ရှိပါသည်။ ယခုနှစ် စတင်ထွက်ရှိချိန်တွင် (၆၄၅၀၀/-)ကျပ် ဈေးနှုန်းရှိပြီး ပဲတီစိမ်းဈေးနှုန်းများ အနည်းငယ်ကျဆင်းလာပြီး ယခုလက်ရှိ ပဲတီစိမ်းပေါက်ဈေးမှာ (၆၀၅၀၀/)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။(၁)ဧက အကျိုးအမြတ်အနေဖြင့် အထွက်(၁၀)တင်းဖြင့် တွက်ချက်လျှင်(၃၀၅၀၀၀/-) ကျပ်ရရှိကြောင်း တောင်သူများ ပဲတီစိမ်းစိုက်ပျိုးမှုဖြင့် ဝင်ငွေတိုး၍ အကျိုးအမြတ်များပိုမိုရရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

 

 

“နွေစပါးစျေးကွက် မြေကြီးကရွှေသီးချက်”

 မန္တလေးတိုင်းဒေသကြီး ၊အောင်မြေသာစံခရိုင်၊မတ္တရာမြို့နယ်သည် စီးပွားရေးအချက်အချာကျသော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရှိသည့် မြို့နယ်တစ်ခုဖြစ်ပါသည်။မတ္တရာမြို့နယ်၏အရှေ့ဘက်တွင် ပြင်ဦးလွင်မြို့နယ်၊တောင်ဘက်တွင် ပုသိမ်ကြီးမြို့နယ်၊ အနောက်ဘက်တွင် စစ်ကိုင်းတိုင်း ဒေသကြီး၊ စစ်ကိုင်းမြို့နယ်နှင့် ဝက်လက်မြို့နယ်၊ မြောက်ဘက်တွင် စဉ့်ကူးမြို့နယ်တို့နှင့် နယ်နိမိတ် ထိစပ်လျက်ရှိပါသည်။ မတ္တရာမြို့နယ်သည် ဧရာဝတီမြစ်နံဘေးနှင့် ဆည်တော်ကြီးရေလှောင်တမံ တည်ရှိရာဒေသဖြစ်ပါသည်။ ဆည်တော်ကြီးရေသည် မန္တလေးတူးမြောင်း၊ ရေနံ့သာတူးမြောင်းများဖြင့် မြို့နယ်အတွင်း ဖြတ်သန်းစီးဆင်းလျက်ရှိပါသည် ။ မတ္တရာမြို့နယ်သည် ကုန်းလမ်း၊ရေလမ်း လမ်းမပေါ်တွင်တည်ရှိပြီး မီးရထားလမ်းလည်းရှိ၍ လမ်းပန်းဆက်သွယ်ရေးကောင်းသောမြို့တစ်မြို့ ဖြစ်ပါသည်။ဗုဒ္ဓဘာသာ ဗမာလူမျိုးများ အများဆုံးနေထိုင်ရာဒေသဖြစ်၍ ဘုရား၊ကျောင်းကန်၊ စေတီ ပုထိုး များစွာရှိပါသည်။မတ္တရာမြို့နယ်သူ ၊ မြို့နယ်သားများသည် သဒ္ဒါတရားအလွန်ထက်သန်ကြပြီး အလှူအတန်းရက်ရောကြသူများ ဖြစ်ပါသည်။ ပြိုင်စရာမရှိရင် အလှူအတန်းတောင်ပြိုင်လှူ ကြသည်ဟု သိရှိရပါသည်။ဒီသူဌေးက ဒီဘက်ဘုန်းကြီးကျောင်းကို ကျောင်း၊ဓမ္မာရုံတွေဆောက်လုပ် လှူဒါန်းလျှင် ဟိုသူဌေးက ဟိုဘက်ကျောင်းကို အပြိုင်ဆောက်လုပ်လှူဒါန်းကြတယ်လို့ ဆိုပါသည်။ သဒ္ဒါတရားနှင့်ပြည့်စုံပြီး အလှူရေစက်လက်နှင့်မကွာ လှူဒါန်းကြလို့လည်း မတ္တရာမြို့နယ်သူ/သား အများစုမှာ ယဉ်ကျေးပျူငှာဖော်ရွေတက်ကြပြီး စီးပွားရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိ ကာယခုနှစ်မှာ နွေစပါးစိုက်တောင်သူများ မြေကြီးကရွှေသီးတဲ့နှစ်လို့ ဆိုရမှာဖြစ်ပါသည်။

  မတ္တရာမြို့နယ်အတွင်းရှိ ဒေသခံပြည်သူလူထုသည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားလုပ် ကိုင်ဆောင်ရွက်ကြပါသည်။ မြို့နယ်၏ အဓိကထွက်ကုန်မှာလည်း ဆန်နှင့်ပဲမျိုးစုံဖြစ်ပြီး မန္တလေး၊ စစ်ကိုင်မြို့များသို့ အများဆုံးတင်ပို့ရောင်းချကြပါသည်။လယ်မြေဧရိယာ(၅၀၀၀၀)ကျော်ရှိပြီးစပါးကို အဓိကထားစိုက်ပျိုးကြရာ မိုးစပါး၊နွေစပါးများ နှစ်ရာသီလုံးစိုက်ပျိုးကြပြီး မိုး၊နွေ နှစ်ရာသီပေါင်း စပါးစိုက်ဧက(၉၀၀၀၀)ကျော် စိုက်ပျိုးထွက်ရှိရာဒေသဖြစ်လို့ ဆန်ဖူလုံမှု ရာခိုင်နှုန်း ၂၀၀ ကျော်ရှိသည်ဟု သက်ဆိုင်ရာဌာန၏စာရင်းများအရ သိရှိရပါသည်။

   ၂၀၂၂-၂၀၂၃ခုနှစ်၊ သီးနှံများ၏ စိုက်ပျိုးထုတ်လုပ်မှုစာရင်းအရ မိုးစပါး (၄၈၃၈၅)ဧကစိုက်ပျိုး နိုင်ခဲ့ပြီး အားလုံးရိတ်သိမ်းပြီးဖြစ်ရာ အထွက်နှုန်းအနေဖြင့်(၉၀.၂၇)တင်းဖြင့် အထွက်စုစုပေါင်း (၄၃၆၇၉၃၉)တင်း ထွက်ရှိခဲ့ကြောင်း သိရှိရပါသည် ။ မိုးစပါးအားမျိုးအနေဖြင့် မဂျမ်းတောစပါးမျိုး ကိုအများဆုံးစိုက်ပျိုးခဲ့ပြီး အရည်အသွေး အကောင်းမွန်ဆုံးနှင့် ထိပ်တန်းဝင်ဆန် အမျိုးအစားဖြစ်သည့်အတွက်ကြောင့် စျေးကွက်တွင် ထိပ်ဆုံးမှာရှိနေခဲ့ကြောင်း ၊ လက်ရှိဆန်စပါးစျေးကွက်အနေဖြင့် မိုးစပါးများမှာ လက်ကျန်နည်းပါးနေပြီး ဆန်အဟောင်းဘက်လည်းရောက်နေတဲ့ အချိန်ဖြစ်၍ မဂျမ်းတောစပါး တင်း(၁၀၀)လျှင်(၂၂၀၀၀၀၀/-)ကျပ် ၊ မနောသုခစပါး တင်း(၁၀၀) လျှင်(၁၈၀၀၀၀၀/-)ကျပ်ဖြင့်လည်းကောင်း ၊ မဂျမ်းတော ဆန်(၂၄)ပြည်တစ်အိတ်လျှင် (၈၅၀၀၀/-)ကျပ် ၊ မနောသုခ ဆန်(၂၄)ပြည် တစ်အိတ်လျှင်(၇၅၀၀၀/-)ကျပ် စျေးနှုန်းများဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း စက်ပိုင်၊ကုန်သည်၊ပွဲစားများထံမှ သိရှိရပါသည်။

     ယခုနှစ်တွင်နွေစပါး(၄၇၉၆၄)ဧက စိုက်ပျိုးထားရှိပြီး အစောစိုက်မူရင်းစပါး ၊ နှာကောက်စပါး များ စတင်ထွက်ပေါ်နေပြီ ဖြစ်ပါသည်။ကျန်ရက်(၉၀) ၊ ရက်(၁၁၀) ၊ မနောသုခ ၊ ရွှေသွယ်ရင်စပါးများအား မကြာခင်ရိတ်သိမ်းထွက်ရှိတော့မည့် ရွှေရောင်ဝင်းတဲ့စပါးခင်းကြီးများမှာ မတ္တရာမြို့နယ်ကို ဝင်လိုက်သည်နှင့် ရင်သက်ရှု့မောဖွယ်တွေ့မြင်ရမှာ ဖြစ်ပါသည်။ မကြာခင် ငါတို့စားသုံးရမည့် ဆန်တွေဖြစ်မည့် စပါးခင်းကြီးတွေပါလားလို့ ရင်ထဲမှာပြုံးတုံးတုံးနဲ့ ဝမ်းသာပီတိဖြစ်နေမိမှာ ဧကန်မလွဲမုချပါ ဘဲရှင့်။

   နွေစပါးကို မတ် ၊ ဧပြီလများမှာ စတင်စိုက်ပျိုးခဲ့ပြီး ဇွန်၊ဇူလိုင်လများမှာ ရိတ်သိမ်းရမှာ ဖြစ်ပါသည်။ယခုနှစ် နွေစပါးများမှာ ကောင်းမွန်စွာ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေထောက်ပံ့မှုများ ရရှိ၍ တောင်သူများ စိုက်ပျိုးစရိတ် အခက်အခဲမရှိ စိုက်ပျိုးနိုင်ခဲ့ပြီး ဒီထက်မက ပံ့ပိုးပေးပါလို့ တောင်သူတစ်ဦးကဆိုပါသည်။ မြေပြင်ကွင်းဆင်း မေးမြန်းချက်အရ နွေစပါး(၁)ဧကအထွက်နှုန်း တင်း(၁၀၀)ကျော်ထွက်ရှိပြီး စပါးတင်း (၁၀၀) လျှင် (၁၆၀၀၀၀၀/-) ကျပ်နှင့် ဆန်(၂၄)ပြည် တစ်အိတ်လျှင်(၆၅၀၀၀/-)ကျပ်ဖြင့်ရောင်းဝယ်လျက်ရှိပြီး စျေးကွက်ကောင်း၍ တောင်သူများအကျိုးအမြတ်ထက်ဝက်လောက်ရရှိကာ ယခုနှစ် နွေစပါးစိုက်တောင်သူများ ယခုလက်ရှိစျေးနှုန်းအတိုင်းရှိနေပါက “မြေကြီးက ရွှေသီးတဲ့နှစ်” ဟုဆိုရမှာဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA(မန္တလေး)

 

တောင်ငူမြို့တွင် ကြက်သွန်ဖြူဈေးဆက်လက်မြင့်တက်

     တောင်ငူမြို့တွင် အခြေခံစားသောက်ကုန်များဖြစ်သော မြေပဲဆီမှာ  တစ်ပိဿာလျှင် ၁၅၀၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး စားအုန်းဆီမှာ ယခင်အပတ်၌ တစ်ပိဿာလျှင် ၆၄၀၀ကျပ်ရှိခဲ့ရာမှ ၂၀၂၃ခုနှစ်၊ ဇွန်လ၊ ပထမအပတ်တွင် တစ်ပိဿာလျှင် ၆၅၀၀ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်မြင့်တက်လာခဲ့ပါသည်။

    ကြက်သွန်နီမှာ တစ်ပိဿာလျှင် အသေး ၂၅၀၀ကျပ်၊ အလတ် ၂၇၀၀ကျပ်၊ အကြီး ၃၀၀၀ကျပ်၊ တရုတ်ကြက်သွန်နီတစ်ပိဿာလျှင် ၃၀၀၀ကျပ်ဖြင့်  ဈေးနှုန်းတည်ငြိမ်နေပါသည်။

    ကြက်သွန်ဖြူအသေးမှာ တစ်ပိဿာလျှင် ယခင်အပတ်တွင် ၅၂၀၀ကျပ်မှ ယခုအပတ်တွင် ၅၅၀၀ကျပ်၊ အလတ်မှာ တစ်ပိဿာလျှင် ယခင်အပတ်တွင် ၅၆၀၀ကျပ်မှ ယခုအပတ်တွင် ၆၀၀၀ကျပ်၊ အကြီးမှာ တစ်ပိဿာလျှင် ယခင်အပတ်တွင် ၆၀၀၀ကျပ်မှ ယခုအပတ်တွင် ၆၅၀၀ကျပ်၊ တရုတ်ကြက်သွန်ဖြူမှာ ယခင်အပတ်တွင် တစ်ပိဿာလျှင် ၆၅၀၀ကျပ်မှ ယခုအပတ်တွင် ၇၀၀၀ကျပ်ဖြင့် ဈေးနှုန်းဆက်လက်မြင့်တက်လာခဲ့ပါသည်။

     အာလူးမှာ တစ်ပိဿာလျှင် အသေး ၂၅၀၀ကျပ်၊ အလတ် ၂၇၀၀ကျပ်၊ အကြီး ၂၈၀၀ကျပ်၊ တရုတ်အာလူးမှာ တစ်ပိဿာလျှင် ၃၀၀၀ကျပ်၊ ငရုတ်သီးခြောက်အပုမှာ တစ်ပိဿာလျှင် ၁၉၀၀၀ကျပ်မှ ၂၀၀၀၀ကျပ်၊ ငရုတ်သီးခြောက်အရှည်မှာ တစ်ပိဿာလျှင် ၁၄၀၀၀ကျပ်မှ ၁၅၀၀၀ကျပ်နှင့် ငရုတ်သီးခြောက်အပွမှာ တစ်ပိဿာလျှင် ၂၄၀၀၀ကျပ်မှ ၂၅၀၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

    ကုလားပဲခြမ်းမှာ တစ်ပိဿာလျှင် ၄၈၀၀ကျပ်မှ ၅၀၀၀ကျပ်အထိ၊ မြေပဲဆံအဖြူမှာ တစ်ပိဿာလျှင် ၇၃၀၀ကျပ်မှ ၇၅၀၀ကျပ်အထိဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး မြေပဲဆံအနီမှာ ယခင်အပတ်တွင် တစ်ပိဿာလျှင် ၈၀၀၀ကျပ်ရှိခဲ့ရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၈၃၀၀ကျပ်မှ ၈၅၀၀ကျပ်အထိဖြင့် ဈေးနှုန်းအနည်းငယ်မြင့်တက်လာခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

                                               

တောင်ငူမြို့တွင် ဩဘာယူရီးယားလုံးသေးမှာ ဈေးနှုန်းအနည်းငယ်တက်ပြီး အခြားဓာတ်မြေဩဇာများဈေးနှုန်းကျဆင်း

   တောင်ငူမြို့ရှိ ဓာတ်မြေဩဇာဆိုင်များတွင် မြင်းပျံ၊ CP၊ MC အမှတ်တံဆိပ် ယူရီးယား(လုံးကြီး)ဓာတ်မြေဩဇာများနှင့် အာမိုအမှတ်တံဆိပ် ယူရီးယား(လုံးသေး)ဓာတ်မြေဩဇာများမှာ ၂၀၂၃ခုနှစ်၊ မေလဆန်း၌ တစ်အိတ်လျှင် ၈၇၅၀၀ကျပ်ရှိခဲ့ရာမှ ယခုဇွန်လဆန်းတွင် ၈၆၅၀၀ကျပ်ဖြင့် ဈေးနှုန်း ၁၀၀၀ကျပ်ကျဆင်းလာခဲ့ပါသည်။

   တရုတ်ဓာတ်မြေဩဇာဖြစ်သော တီစူပါ(သံကွင်း)မှာ မေလဆန်း၌ တစ်အိတ်လျှင် ၁၀၀၀၀၀ကျပ်ရှိခဲ့ရာမှ ယခုဇွန်လဆန်းတွင် တစ်အိတ်လျှင် ၉၁၅၀၀ကျပ်ဖြင့် ဈေးနှုန်း ၈၅၀၀ကျပ် ကျဆင်းလာခဲ့ပါသည်။

     ဩဘာကုမ္ပဏီထုတ် ရွှေကောမတ်ဓာတ်မြေဩဇာ၊ ဂျာမနီနိုင်ငံထုတ် ပိုတက်ဓာတ်မြေ ဩဇာ၊ အာမိုအမှတ်တံဆိပ် ကွန်ပေါင်းမြေဩဇာနှင့် ဩဘာကုမ္ပဏီထုတ် ကွန်ပေါင်းမြေဩဇာများမှာ မေလဆန်း၌ တစ်အိတ်လျှင် ၁၂၃၀၀၀ကျပ်ရှိခဲ့ရာမှ ယခုဇွန်လဆန်းတွင် တစ်အိတ်လျှင် ၉၅၀၀၀ကျပ်ဖြင့် ဈေးနှုန်း ၂၈၀၀၀ကျပ်ကျဆင်းလာခဲ့ပါသည်။

    ကော့မတ် ကွန်ပေါင်း (၁၅:၁၅:၁၅) ဓာတ်မြေဩဇာနှင့် တရုတ်အာမို (၁၆:၁၆:၈) မြေဩဇာမှာ မေလဆန်း၌ တစ်အိတ်လျှင် ၉၉၀၀၀ကျပ်ရှိခဲ့ရာမှ ယခုဇွန်လဆန်းတွင် တစ်အိတ်လျှင် ၉၈၀၀၀ကျပ်ဖြင့် ဈေးနှုန်း ၁၀၀၀ကျပ်ကျဆင်းလာခဲ့ပါသည်။

   ဩဘာအမှတ်တံဆိပ် ယူရီးယားဓာတ်မြေဩဇာ(လုံးသေး)မှာ မေလဆန်း၌ တစ်အိတ် လျှင် ၇၂၀၀၀ကျပ်ရှိခဲ့ရာမှ ယခုဇွန်လဆန်းတွင် တစ်အိတ်လျှင် ၇၅၅၀၀ကျပ်ဖြင့် ဈေးနှုန်း ၃၅၀၀ကျပ်မြင့်တက်လာခဲ့ကြောင်း တောင်ငူမြို့ရှိ ဓာတ်မြေဩဇာနှင့် စိုက်ပျိုးရေးဆေးဆိုင်များမှ သိရှိရပါသည်။

DOCA(ပဲခူး)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း