ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မုံရွာမြို့၏ မင်းဂွတ်သီးဈေးနှုန်းဈေးကွက်အခြေအနေ

      စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ ချင်းတွင်းရတနာဈေး၊ မြသလ္လာဈေးနှင့်သီရိမင်္လာဈေးကြီးများတွင် မော်လမြိုင်ဒေသထွက် မင်းဂွတ်သီးများ ဈေးကွက်အတွင်း ဝင်ရောက်လျက်ရှိပါသည်။

   ၂၀၂၃ခုနှစ်၊ ဇွန်လ၊ ဒုတိယအပတ်တွင် ဈေးကွက်အတွင်းဖြစ်ပေါ်နေသော မင်းဂွတ်သီးဈေးနှုန်းမှာ အလုံးကြီးတစ်လုံးလျှင် (၄၀၀) ကျပ်၊ အလုံးအလတ်တစ်လုံးလျှင် (၃၀၀) ကျပ်၊ အလုံးအငယ်တစ်လုံးလျှင် (၁၅၀) ကျပ်ဖြစ်နေကာ ယခင်နှစ်၊ ဈေးကွက်အတွင်းဖြစ်ပေါ်ခဲ့သော မင်းဂွတ်သီးဈေးနှုန်းများမှာ အလုံးကြီးတစ်လုံးလျှင် (၂၅၀) ကျပ်၊ အလုံးအလတ်တစ်လုံးလျှင် (၁၅၀) ကျပ်နှင့် အလုံးအငယ်တစ်လုံးလျှင် (၁၀၀) ကျပ်တို့ဖြင့် ရောင်းချကြကြောင်း၊ ယခင်နှစ်နှင့်နှိုင်းယှဉ်လျှင် ယနှစ်တွင် မင်းဂွတ်သီးဈေးနှုန်းမှာ နှစ်ဆခန့်မြင့်တက်လာကြောင်းနှင့် ဈေးနှုန်းမြင့်တက်ရခြင်းမှာ ဈေးကွက်အတွင်းသို့ မင်းဂွတ်သီးများဝင်ရောက်မှုနည်းခြင်း၊ အသီးရှားပါးမှုကြောင့် ဈေးနှုန်းကြီးမြင့်ခြင်းဖြစ်ကြောင်း သီရိမင်္ဂလာဈေးအတွင်း ရောင်းချနေသောဈေးသည်တစ်ဦးထံမှ သိရှိရပါသည်။    

    မင်းဂွတ်သီးတွင် ရေ၊ စွမ်းအင်၊ ပရိုတင်း၊ ကာဗိုဟိုက်ဒရိတ်နှင့် အမျှင်ဓာတ်များကြွယ်ဝစွာပါဝင်ခြင်းကြောင့် ခန္ဓာကိုယ်ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်သော ကယ်လ်ဆီယမ်၊ သံဓာတ်၊ ဖော့ဖရိတ်၊ ပိုတက်ဆီယမ်၊ ဇင့်၊ ကော့ပါးနှင့်မဂ္ဂနိကဲ့သို့ အာဟာရဓာတ်များလည်း ကြွယ်ဝစွာပါဝင်ပြီး ဗီတာမင် C၊ B6၊ B12၊ A တို့ပါဝင်သောကြောင့် ကျန်းမာရေးအတွက်ကောင်းမွန်ပါသည်။

DOCA(စစ်ကိုင်း)   

                            

သိန္နီမြို့၌ ရှမ်းပြည်‌ဒေသထွက်သီးနှံ လိုင်ချီးသီးများအရောင်းအဝယ်ဖြစ်

  ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်တွင် ဒေသထွက်ရာသီစာသီးနှံ လိုင်ချီးသီးများကို စတင်ရောင်းချနေပြီဖြစ်ပါသည်။ သိန္နီမြို့ရှိလိုင်ချီးပင်များသည် ယခုကာလတွင် သီးကင်းအဖြစ်သာရှိနေပြီး နှစ်လ၊ သုံးလခန့်အကြာမှ ဆွတ်ခူးရောင်းချရမည်ဖြစ်ကြောင်း၊ လားရှိုး၊ သီပေါ၊ တန့်ယန်းမြို့နယ်တစ်ဝိုက်မှဝယ်ယူ၍ တစ်ဆင့်ပြန်လည်ရောင်းချခြင်းဖြစ်ကြောင်း သိရပါသည်။

   လိုင်ချီးသီးအား ယခင်နှစ်က (၅၀) ကျပ်သားခန့်တစ်တွဲလျှင် ငွေကျပ် (၅၀၀၀) နှုန်းဖြင့်ရောင်းချပြီး၊ ယခုနှစ်တွင် (၈၀၀၀) ကျပ်မှ (၁၂၀၀၀) ကျပ်နှုန်းတို့ဖြင့် အသီးအရွယ်အစားလိုက် ခွဲခြားပြီးရောင်းချကြောင်း၊ လိုင်ချီးသီးများမှာ အရောင်းအဝယ်ဖြစ်သောကြောင့် စိုက်ပျိုးသည့်ခြံရှင်များသည် ရာသီချိန်အတွင်း ဝင်ငွေရရှိ၍ မိသားစုအပိုဝင်ငွေများတိုးတက်လာမည်ဖြစ်ကြောင်း လေ့လာသိရှိရပါသည်။

DOCA(ရှမ်း)

တညင်းကုန်းလက်ကားဈေးကြီးတွင် ရက်သတ္တပတ်အတွင်းရောင်းချနေသော ကုန်ဈေးနှုန်းအခြေအနေ

    အင်းစိန်မြို့နယ်ရှိ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ (၃၁-၅-၂၀၂၃) ရက်နေ့မှ  (၆-၆-၂၀၂၃) ရက်နေ့အတွင်း ညောင်တုန်း၊ မှော်ဘီ၊ သာရဝေါ၊ ညောင်နှစ်ပင်ကျေးရွာ၊ ကြာကန်စုကျေးရွာ၊ နေပြည်တော်၊ တပ်ကုန်း၊ ရွှေဒါး၊  မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊ လက်ပံတန်း၊ မင်းလှ၊ ဝါးနက်ချောင်း၊ မော်လမြိုင်၊ မန္တလေး၊ အုတ်ဖိုနှင့် ရှမ်းပြည်နယ်တို့မှ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်များ အများဆုံးဝင်ရောက်ရောင်းချနေကြောင်း သိရှိရပါသည်။ ထိုသို့ဝင်ရောက်ရာတွင် ယခုရက်သတ္တပတ်အတွင်း ခရမ်းချဉ်သီးထိုင်ဝမ်တစ်ပိဿာလျှင် ကျပ် (၁၂၀၀) မှ ကျပ် (၁၅၀၀) အတွင်း၊ ဂေါ်ဖီထုပ်တစ်ထုပ်လျှင် ကျပ် (၅၀၀) မှ ကျပ် (၁၈၀၀) အတွင်း၊ ပန်းဂေါ်ဖီတစ်ထုပ်လျှင် ကျပ် (၇၀၀) မှ ကျပ် (၂၀၀၀) အတွင်း၊ အာလူးတစ်ပိဿာလျှင် ကျပ် (၂၀၀၀) မှ ကျပ် (၂၁၀၀) အတွင်း၊ မုန့်လာဥနီတစ်ပိဿာလျှင် ကျပ် (၆၀၀) မှ ကျပ် (၂၂၀၀) အတွင်း ရွှေဖရုံသီးတစ်လုံးလျှင် ကျပ် (၂၀၀၀) မှ ကျပ် (၅၀၀၀) အတွင်း၊ ဘူးသီးတစ်လုံးလျှင် ကျပ် (၁၅၀၀) မှ ကျပ် (၂၀၀၀) အတွင်း၊ မုန်ညှင်းထုပ်တစ်ပိဿာလျှင် ကျပ် (၂၀၀၀) မှ ကျပ် (၂၅၀၀) အတွင်း၊ ကြက်သွန်နီ(ဆိပ်ဖြူ)တစ်ပိဿာလျှင် ကျပ် (၁၈၀၀) မှ ကျပ် (၂၀၀၀) အတွင်း၊ ကြက်သွန်ဖြူ(ရှမ်း)တစ်ပိဿာလျှင် ကျပ် (၄၈၀၀) မှ ကျပ် (၆၀၀၀) အတွင်း၊ ကြက်သွန်ဖြူ(ကြူကုတ်)တစ်ပိဿာလျှင် ကျပ် (၆၀၀၀) မှ ကျပ် (၆၈၀၀) အတွင်း၊ ချင်းတစ်ပိဿာလျှင် ကျပ် (၄၅၀၀) မှ (၆၀၀၀) အတွင်း၊ ဆလပ်ရွက်တစ်စည်းလျှင် ကျပ် (၂၀၀) မှ ကျပ် (၂၅၀) အတွင်း၊ ချဉ်ပေါင်ရွက်တစ်စည်းလျှင် ကျပ် (၇၅) မှ ကျပ် (၁၀၀) အတွင်း၊ ခရမ်းသီး(ရှည်)တစ်ပိဿာလျှင် ကျပ် (၁၈၀၀) မှ ကျပ် (၂၂၀၀) အတွင်း၊ သံပရာသီးတစ်လုံးလျှင် ကျပ် (၅၀) မှ ကျပ် (၂၀၀) အတွင်း၊ ငရုတ်သီးစိမ်း(ကျောက်စိမ်း)တစ်ပိဿာလျှင် ကျပ် (၃၅၀၀) မှ ကျပ် (၄၅၀၀) အတွင်း၊ ဖရဲသီး (အကြီး၊ အလတ်၊ အသေး)တစ်လုံးလျှင် ကျပ် (၁၅၀၀) မှ ကျပ် (၈၀၀၀) အတွင်းဖြစ်ကြောင်း သိရှိရပါသည်။ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ယခုရက်သတ္တပတ်အတွင်း သံပုရာသီးအလုံးပေါင်း (၂၂၁၀၀၀) ကျော်၊ ခရမ်းသီး(ရှည်)ပိဿာပေါင်း (၁၁၀၈၀) ကျော်၊ ဘူးသီးအလုံးပေါင်း (၂၈၅၅) ကျော်၊ ရွှေဖရုံသီးအလုံးပေါင်း (၅၀၅၀) ကျော်၊ ဂေါ်ဖီထုပ်ပေါင်း (၅၅၂၀၀) ကျော်၊ ပန်းဂေါ်ဖီထုပ်ပေါင်း (၃၀၁၀၀) ကျော်၊ မုန်ညှင်းထုပ်(ပိဿာ)ပေါင်း (၇၈၃၀) ကျော်နှင့် ဖရဲသီးလုံးပေါင်း (၃၆၀၀) ကျော်  အသီးသီးကုန်အဝင်ရှိကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

 

သီရိမင်္ဂလာဈေးရှိ သစ်သီးဝလံဈေးနှုန်းများ

  ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ သီရိမင်္ဂလာဈေးတွင် (၁-၆-၂၀၂၃) ရက်နေ့မှ (၆-၆-၂၀၂၃) ရက်နေ့အထိဖြစ်ပေါ်ခဲ့သော သစ်သီးဝလံဈေးနှုန်းများမှာ ဘီးလင်းမှ ဒူးရင်းသီးအလုံးကြီးတစ်လုံးလျှင် ကျပ်၁၀၀၀၀၊ အလုံးလတ်တစ်လုံးလျှင် ကျပ်၈၀၀၀၊ အလုံးသေးတစ်လုံးလျှင် ကျပ်၆၀၀၀၊ သီပေါ၊ မိုင်းရယ်မှ ဖရဲသီး (855) အလုံးကြီးတစ်လုံးလျှင် ကျပ်၈၀၀၀၊ ဝမ်းတွင်း၊ သဲတောမှ ဖရဲသီး (211) အလုံးကြီးတစ်လုံးလျှင် ကျပ်၂၅၀၀၊ အလုံးလတ်တစ်လုံးလျှင် ကျပ်၁၅၀၀၊ အလုံးသေးတစ်လုံးလျှင် ကျပ်၈၀၀၊ တိုက်ကြီး၊ ပုပ္ပါးမှ မာလကာသီးအလုံးကြီးတစ်လုံးလျှင် ကျပ်၅၀၀၊ အလုံးလတ်တစ်လုံးလျှင် ကျပ်၄၀၀၊ အလုံးသေးတစ်လုံးလျှင် ကျပ်၃၀၀၊ ကျိုက်ကော်၊ သီပေါမှ နာနတ်သီးအလုံးကြီးတစ်လုံးလျှင် ကျပ်၂၅၀၀၊ အလုံးလတ်တစ်လုံးလျှင် ကျပ်၂၀၀၀၊ အလုံးသေးတစ်လုံးလျှင် ကျပ်၁၅၀၀၊ တိုက်ကြီးမှ သရက်သီး(စိန်တလုံး)အလုံးကြီးတစ်လုံးလျှင် ကျပ်၅၀၀၊ အလုံးလတ်တစ်လုံးလျှင် ကျပ်၄၀၀၊ အလုံးသေးတစ်လုံးလျှင်  ကျပ်၃၀၀၊ မအူပင်မှ သရက်သီး(မချစ်စု)အလုံးကြီးတစ်လုံးလျှင် ကျပ်၄၅၀၊ အလုံးလတ်တစ်လုံးလျှင် ကျပ်၄၀၀၊ အလုံးသေးတစ်လုံးလျှင်  ကျပ်၃၀၀၊ မအူပင်မှ သရက်သီး(ရင်ကွဲ)အလုံးကြီးတစ်လုံးလျှင် ကျပ်၂၀၀၊ အလုံးလတ်တစ်လုံးလျှင် ကျပ်၁၃၀၊ ဘီးလင်းမှ ပိန္နဲသီးအလုံးကြီးတစ်လုံးလျှင် ကျပ်၃၀၀၀၀၊ အလုံးလတ်တစ်လုံးလျှင် ကျပ်၂၀၀၀၀၊ အလုံးသေးတစ်လုံးလျှင် ကျပ်၁၅၀၀၀၊ အောင်ပန်း၊ နောင်ချိုမှ ရွှေလိမ္မော်သီးအလုံးကြီးတစ်ပိဿာလျှင် ကျပ်၈၀၀၀၊ အလုံးလတ်တစ်လုံးလျှင် ကျပ်၇၀၀၀၊ မန္တလေး၊ တိုက်ကြီးမှ သင်္ဘောသီးအလုံးကြီးတစ်လုံးလျှင် ကျပ်၂၀၀၀၊ အလုံးသေးတစ်လုံးလျှင်  ကျပ်၁၂၀၀၊ မော်လမြိုင်မှ ကျွဲကောသီးအလုံးကြီးတစ်လုံးလျှင် ကျပ်၃၅၀၀၊ အလုံးသေးတစ်လုံးလျှင် ကျပ်၁၅၀၀၊ ကလောမှ ပန်းသီးအလုံးကြီးစက္ကူပုံးတစ်ပုံးလျှင် ကျပ်၃၆၀၀၀၊ အလုံးသေးတစ်ပုံးလျှင် ကျပ်၂၈၀၀၀ဈေးတို့ရှိကြောင်း သီရိမင်္ဂလာဈေးရှိ မြန်မာနိုင်ငံသစ်သီးဝလံပန်းမန်ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (MFVP) မှ သိရှိရပါသည်။

DOCA(ရန်ကုန်)

 

ဆိပ်ဖြူကြက်သွန်နီ ဇွန်လ(ပထမပတ်)အတွင်း ဈေးနှုန်းဈေးကွက်နှင့် ကုန်စည်စီးဆင်းမှု အခြေအနေ

    ဆိပ်ဖြူမြို့ ကြက်သွန်နီအရောင်းအဝယ် ဖြစ်လျက်ရှိသော ကုန်စည်ဒိုင်နှင့် ပွဲရုံများတွင် ၂၀၂၃ခုနှစ် ဇွန်လ (၁)ရက် မှ (၇)ရက်နေ့ထိ (ပထမပတ်)အတွင်း ကြက်သွန်နီများ တစ်ရက်လျှင် ပျမ်းမျှကုန်ချိန် ပိဿာ (၄)သောင်းခန့်၊ (၁)ပတ်အတွင်း စုစုပေါင်း ပိဿာ(၂)သိန်းခွဲခန့် ဈေးကွက်သို့ဝင်ရောက် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရသည်။

     ဇွန်လ(ပထမ)ပတ်အတွင်း ကြက်သွန်နီ(၁)ပိဿာဈေးနှုန်းမှာ အမြင့်ဈေး ထိပ်စ (ရှယ်) ကျပ် (၂၀၂၅ မှ ၁၉၀၀)၊ အလတ်စ ကျပ်(၁၈၅၀ မှ ၁၈၀၀)၊ အနိမ့်ဈေး ကျပ်( ၁၇၀၀ မှ  ၁၆၂၅) ဈေးနှုန်း အသီးသီးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ ယခင်(၁)ပတ်တွင် ကြက်သွန်နီ ထိပ်စအမြင့်ဆုံး ဈေးမှာ (၁)ပိဿာလျှင် ကျပ်(၁၉၀၀)ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့၍ ယခု(၁)ပတ်တွင် ထိပ်စ (ရှယ်) ကျပ်(၁၂၅)၊ အလတ်စနှင့် အနိမ့်စတို့မှာ ကျပ်(၁၀၀)စီခန့် ဈေးမြင့်တက်၍ အရောင်းအဝယ် ဖြစ်ခဲ့ပါသည်။

     ဆိပ်ဖြူမြို့မှ ကြက်သွန်နီများကို အခြားတိုင်းဒေသကြီးများသို့ စီးထွက်မှုမှာ ရန်ကုန်ဘုရင့် နောင်ပွဲရုံနှင့် မြဝတီဝယ်လက်မှတစ်ဆင့် ဗီယက်နမ်နိုင်ငံသို့ အများဆုံးကုန်စည်စီးဆင်းလျက်ရှိကြောင်း ကုန်စည်ဒိုင်ဈေးကွက်မှ သိရှိရသည်။ ယခုဇွန်လ(ပထမ)ပတ်အတွင်း ကြက်သွန်နီ စုစုပေါင်း ပျမ်းမျှပိဿာ(၂)သိန်းခွဲခန့်၊ (၈၃၃၂)အိတ်၊ တန်ချိန်(၄၀၈)ခန့် ကုန်စည်စီးဆင်းခဲ့ကြောင်း ဈေးကွက်မှ သိရှိရသည်။

     ဆိပ်ဖြူမြို့ ပတ္တမြားဈေးအတွင်းရှိ ဈေးတန်းများတွင် ကြက်သွန်နီ အရွယ်အစား အရည်အသွေးလိုက်၍ (၁)ပိဿာလျှင် လက်လီဈေး ကျပ်(၂၄၀၀ မှ ၁၇၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရသည်။

DOCA(မကွေး)

 

ပခုက္ကူ ကုန်စညိဒိုင်၌ ဇွန်လ(ပထမပတ်)တွင် အရောင်းအဝယ်ဖြစ်နေသော ကြက်သွန်နီ ကြက်သွန်ဖြူဈေးနှုန်းဈေးကွက်

     ကြက်သွန်နီ ကုန်စည်ဒိုင်တွင် ကြက်သွန်နီ စိုက်ပျိုးရာဒေသများဖြစ်ကြသော ပေါက်၊ ဆိပ်ဖြူ၊ ရေပြာ၊ ကမ္မ၊ ရေစကြိုနှင့် ပခုက္ကူကျွန်းများမှ ဆောင်းစိုက်ပင်စိုက်များ အရောင်းအဝယ် ဖြစ်လျက်ရှိသည့်အပြင် အခြားဒေသများဖြစ်သော ပုလဲ၊ မြင်းခြံမြို့၊တောင်သာနယ်၊ ညောင်ဦးနယ်တို့မှ ဆောင်းစိုက်(ပင်စိုက်) ကြက်သွန်နီများအပြင် ကြက်သွန်ဖြူများလည်း ဝင်ရောက်အရောင်းအဝယ် ဖြစ်နေပါသည်။

    ပခုက္ကူ ကြက်သွန်နီ ကုန်စည်ဒိုင်တွင်(၁.၆.၂၀၂၃) ရက်နေ့မှ (၇.၆.၂၀၂၃)ရက်နေ့ထိ  အရောင်းအဝယ်ဖြစ်ခဲ့သော ကြက်သွန်နီ ဒိုင်ပြတ်ဈေးမှာပေါက်နယ်(ယောစ) ထိပ်စ တစ်ပိဿာလျှင် ကျပ်(၁၉၀၀-၁၉၅၀-၂၀၀၀)၊ အလတ်စ တစ်ပိဿာလျှင် ကျပ်(၁၈၀၀-၁၈၅၀-၁၇၀၀)၊ အနိမ့်စ တစ်ပိဿာလျှင် ကျပ်(၁၄၀၀-၁၄၅၀-၁၅၀၀)၊ ပုလဲ ကြက်သွန်နီ ထိပ်စတစ်ပိဿာလျှင် ကျပ်(၂၀၀၀)၊  အလတ်စ တစ်ပိဿာလျှင် ကျပ်(၁၇၀၀)၊ အနိမ့် စ တစ်ပိဿာလျှင် ကျပ်(၁၃၀၀)ဖြင့် နေ့စဉ် ကုန်ချိန် (၂၀၀၀၀ မှ ၁၀၀၀၀၀)ကျော် ဖြစ်နေပြီး  တစ်ပတ်လျှင် စုစုပေါင်းကုန်ချိန်(၄၀၉၀၀၀)ခန့် အရာင်းအဝယ်ဖြစ်နေကြောင်း၊ တင်ပို့မှုအနေဖြင့် ရန်ကုန်ဘုရင့်နောင်၊ တရုတ်နှင့် ဗီယက်နမ်နိုင်ငံများသို့လည်း တင်ပို့နေကြောင်း ကုန်သည်များထံမှ သိရှိရပါသည်။

     ကြက်သွန်ဖြူ(ဗမာ)ဒိုင်ပြတ်လက်ကားဈေးမှာအရည်အသွေးပေါ်မူတည်၍ ထိပ်စ တစ်ပိဿာလျှင် ကျပ်(၆၀၀၀)၊ အလတ်စ တစ်ပိဿာလျှင်ကျပ်( ၅၈၀၀)၊ အနိမ့်တစ်ပိဿာလျှင် ကျပ်(၅၃၀၀)  ဖြစ်ပြီး (ကြက်သွန်ဖြူ (ရှမ်းစ) ထိပ်စ တစ်ပိဿာလျှင် ကျပ်(၅၅၀၀)၊ အလတ်စ တစ်ပိဿာလျှင် ကျပ်(၅၀၀၀)၊ အနိမ့် တစ်ပိဿာလျှင် ကျပ်(၄၀၀၀)ဖြင့် ဥပုသ်နေ့မှလွဲ၍ အရောင်းအဝယ် ဖြစ်နေပါသည်။

DOCA(မကွေး)

 

ပခုက္ကူကုန်စည်ဒိုင်၌ ဇွန်လ (ပထမပတ်) ပဲမျိုးစုံအရောင်းအဝယ်ဖြစ်နေ

    ပခုက္ကူကုန်စည်ဒိုင်တွင် ပခုက္ကူဒေသမှ စိုက်ပျိုးထွက်ရှိသော ပဲစဉ်းငုံနီ၊ ကုလားပဲ၊ မတ်ပဲ၊ ပဲယင်း၊ စွန်တာနီ၊ ပဲလွန်းပြာနှင့် အခြားပဲမျိုးစုံများ အရောင်းအဝယ်ဖြစ်နေပါသည်။ ယခုတစ်ပတ် (၁.၆.၂၀၂၃)ရက်နေ့မှ (၇.၆.၂၀၂၃)ရက်နေ့ထိ  အရောင်းအဝယ်ဖြစ်နေသော ပဲဈေးနှုန်းများမှာ ပဲစဉ်းငုံနီ တစ်တင်းလျှင် ကျပ်(၉၅၇၀၀-၉၆၀၀၀-၁၀၄၈၀၀)၊ ကုလားပဲ ဝါလုံးကြိး(929) တစ်တင်းလျှင် ကျပ်(၈၂၀၀၀- ၈၂၅၀၀-၈၃၇၀၀)၊ ကုလားပဲဖြူလုံး(HL)တစ်တင်းလျှင် ကျပ်(၈၅၀၀၀-၈၆၀၀၀)၊ ပဲတီစိမ်းကြီးမှာ အရည်အသွေးပေါ်မူတည်ပြီး တစ်တင်းလျှင် ကျပ်(၄၅၀၀၀-၅၉၀၀၀)၊  ပဲဇီးကွက် တစ်တင်းလျှင် ကျပ်(၄၈၀၀၀-၄၉၀၀၀-၅၀၀၀၀)၊ ပြောင်းဖူးစေ့(CP) တစ်တင်းလျှင် ကျပ်(၁၉၇၀၀-၁၉၈၀၀-၂၀၀၀၀)၊ မန်ကျည်းတောင့် တစ်ပိဿာလျှင် ကျပ်(၉၄၀-၉၅၀-၉၆၀)၊ အညာဒေသထွက် ထန်းလျက်မှာ အမျိုးအစားလိုက်၍ တစ်ပိဿာလျှင် ကျပ်(၂၇၀၀-၂၇၅၀)ဖြင့် ဥပုသ်နေ့မှလွဲ၍ နေ့စဉ်ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်နေပါသည်။

    ယခုတစ်ပတ်၏ အရောင်းအဝယ်ဖြစ်မှု အိတ်ရေမှာ ပဲစဉ်းငုံနီ (၈၀၀)အိတ်၊ ကုလားပဲ ဝါလုံးကြီး(929) (၃၀၀)အိတ်၊ ပဲတီစိမ်းကြီး (၁၅၀၀)အိတ်၊  ပဲဇီးကွက် (၃၀၀)အိတ်၊ ပြောင်းဖူးစေ့ (CP) (၅၀၀)အိတ်နှင့်  မန်ကျည်းတောင့်  ကုန်ချိန်(၁၈၀၀၀)ကျော်  အရောင်းအဝယ်ဖြစ်နေပြီး တင်ပို့မှုအနေဖြင့် ရန်ကုန်၊မန္တလေးနှင့် တရုတ်၊ အိန္ဒိယနိုင်ငံများသို့ တင်ပို့နေကြောင်း ကုန်သည်များထံမှ သိရှိရပါသည်။

DOCA(မကွေး)

“သိမ်ဖြူဈေးတွင်ဖြစ်ပေါ်နေသော ကြက်သွန်ဖြူ/နီလက်ကားဈေး”

     ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ သိမ်ဖြူဈေးကြီးအတွင်း ကြက်သွန်ဖြူ၊ ကြက်သွန်နီများအား ကား၊ ရထားတို့ဖြင့် ဘုရင့်နောင်ကုန်စည်ဒိုင်နှင့် ရှမ်းပြည်နယ်တို့မှ နေ့စဉ် ဝင်ရောက်လျက်ရှိပြီး လက်လီလက်ကားပြန်လည်ရောင်းချလျက်ရှိရာ (၁-၆-၂၀၂၃) ရက်နေ့မှ (၇-၆-၂၀၂၃) ရက်နေ့အထိ ကြက်သွန်နီ(ဆိပ်ဖြူ)အဝင် (၃၄၉၀၀) ပိဿာနှင့် ကြက်သွန်ဖြူ(ကြူကုတ်) (၁၁၃၀၀) ပိဿာဝင်ရောက်ခဲ့ပြီး ကြက်သွန်နီ(ဆိပ်ဖြူ)လက်ကားဈေးမှာ ၁ပိဿာလျှင် ၂၀၀၀ကျပ်မှ ၂၄၀၀ကျပ်ထိဖြစ်၍ ကြက်သွန်ဖြူ(ကြူကုတ်) လက်ကားဈေးမှာ ၁ပိဿာလျှင် ၆၈၀၀ကျပ်မှ ၇၈၀၀ကျပ်ထိဖြစ်ပြီး မတ်လ၊ နောက်ဆုံးအပတ်မှစ၍ ယနေ့ထိ ကြက်သွန်ဖြူဈေးနှုန်းမှာ သိသိသာသာမြင့်တက်လျက်ရှိပြီး ကြက်သွန်နီဈေးနှုန်းမှာ တည်ငြိမ်လျက်ရှိကြောင်း ဈေးတာဝန်ခံရုံးမှ သတင်းရရှိပါသည်။

DOCA(ရန်ကုန်)

 

ပြည်တွင်းသာမက နိုင်ငံခြားဈေးကွက်ရှိသောမတ်ပဲသီးနှံကို တောင်သူများပိုမိုစိုက်ပျိုးလာ

   ပဲမျိုးစုံစိုက်ပျိုးထုတ်လုပ်ရာတွင် မတ်ပဲသည် မြန်မာနိုင်ငံအတွက် အရေးပါသောပဲတစ်မျိုးဖြစ်သည်။ မတ်ပဲကို အစိုဓာတ်နှင့် မြေဆီလွှာအာဟာရအနည်းငယ်သာရှိသော မြေများတွင်လည်းစိုက်ပျိုးနိုင်သည်။ မတ်ပဲတွင် ဗိုက်တာမင်၊ ပရိုတင်း၊ သတ္တုဓာတ် စသည့်တို့ အမြောက်အများပါဝင်သောကြောင့် လူသားတို့အတွက် အာဟာရတန်ဖိုးမြင့်မားသည်ဟုဆိုနိုင်သည်။ မတ်ပဲကို များသော အားဖြင့် ဆောင်းတွင်းပိုင်းတွင် ပိုမိုစိုက်ပျိုးကြပြီး မိုးတွင်းပိုင်းတွင် အနည်းငယ်စိုက်ပျိုးကြပါသည်။  နိုင်ငံခြားဈေးကွက်ရှိသောသီးနှံလည်းဖြစ်သည်။

   မတ်ပဲသီးနှံကို စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စိုက်ပျိုးမှုများပြားပြီး (၂၀၂၂-၂၀၂၃) ဘဏ္ဍာနှစ်လျာထားချက်မှာ မိုး ၉,၃၂၆ဧက၊ ဆောင်း ၁၆၃,၂၅၄ဧက၊ စုစုပေါင်းဧက  ၁၇၂,၅၈၀ဧကရှိပြီး ၂၀၂၃ခုနှစ်၊ ရာသီကုန်ကာလအထိ မိုး ၈,၉၇၈ဧက၊ ဆောင်း ၁၆၄၃၆၉ဧက၊ စုစုပေါင်း ၁၇၃၃၄၇ဧကစိုက်ပျိုးခဲ့ရာမှ ၁၇၃,၃၃၃ဧကရိတ်သိမ်းနိုင်ခဲ့ပါကြောင်း၊ မတ်ပဲသီးနှံကို ရေဦးခရိုင်တွင် ၅၅,၄၆၀ဧက၊ ကန့်ဘလူခရိုင်တွင် ၅၀,၂၆၇ဧက၊ စစ်ကိုင်းခရိုင်တွင် ၁၉,၃၆၆ဧက၊ ရွှေဘိုခရိုင်တွင် ၁၅,၇၉၁ဧက၊ ယင်းမာပင်ခရိုင်တွင် ၁၀,၇၇၂ဧက၊ မုံရွာခရိုင်တွင် ၈,၂၅၉ဧကနှင့် ကျန်ခရိုင်များတွင် ၁၃,၄၁၈ဧက၊ စုစုပေါင်း ၁၇၃,၃၃၃ဧကရိတ်သိမ်းပြီးဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန၏စာရင်းများအရ သိရှိရပါသည်။

  ယခင်နှစ် ကာလတူအချိန်၌ မတ်ပဲသုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ်၁၄၄,၀၀၀ရှိခဲ့ရာ ယခုနှစ် လက်ရှိအချိန်တွင် ငွေကျပ်၂၄၀,၀၀၀ပေါက်ဈေးရှိပါကြောင်း၊ မတ်ပဲ (၁) ဧကကုန်ကျစရိတ် အနေဖြင့် ၃၈၁,၅၀၀ကျပ်ကုန်ကျပါကြောင်း၊ (၁) ဧကအထွက်တင်း (၁၆) တင်းထွက်ရှိပါသဖြင့် လက်ရှိ၌ (၁) တင်းပေါက်ဈေးလျှင် ၈၀,၀၀၀ကျပ်ဈေးရရှိသဖြင့် (၁) ဧကဝင်ငွေအနေဖြင့် ၁,၂၈၀,၀၀၀ကျပ်ရရှိသဖြင့် (၁) ဧကအကျိုးအမြတ်အနေဖြင့် (၉) သိန်းခန့်ရရှိသဖြင့် တောင်သူများအတွက် တွက်ခြေကိုက်သည့်သီးနှံတစ်မျိုးဖြစ်ကြောင်း ဆူးလေကုန်းကျေးရွာ၊ ကျွန်းသာယာကျေးရွာနှင့် ကျက်သွန်ဈေးကျေးရွာများရှိ တောင်သူများထံမှ သိရှိရပါသည်။ မတ်ပဲကို ခွဲခြမ်းပြုလုပ်၍ မတ်ပဲဘယာကြော်၊ အပင်ပေါက်ဖောက်၍ မတ်ပဲပင်ပေါက်၊ ၎င်းအပင်ပေါက်ကို အချဉ်တည်၍ ပဲပင်ချဉ်အဖြစ် အမျိုးမျိုးပြုလုပ်ရောင်းချနေရခြင်းကြောင့် ပြည်တွင်းဈေးကွက်သာမက နိုင်ငံခြားဈေးကွက်ရှိသောသီးနှံဖြစ်သည့်အတွက် ကာလမရွေး ဈေးကွက်ဝယ်လိုအားရှိနေပြီး ဈေးကောင်းရနေသောမတ်ပဲသီးနှံကို ပိုမိုစိုက်ပျိုးလာပါကြောင်း တောင်သူအများထံမှ လေ့လာသိရှိရပါသည်။

DOCA(စစ်ကိုင်း)       

စံပယ်စိုက်ပါ ကိုယ့်အိမ်မှာ သာယာလှပ ဝင်ငွေရ

   စံပယ်ပန်းသည် မွှေးကြိုင်သောသင်းရနံ့နှင့် အဖြူအဆင်းရှိပြီး အမျိုးသမီးတိုင်း ကြိုက်နှစ်သက်သောပန်းဖြစ်ပါသည်။ စံပယ်ပန်းသည် မြန်မာတို့၏ ဆယ့်နှစ်လရာသီများထဲတွင် နယုန်လ၌ ပွင့်သောပန်းဖြစ်ပါသည်။ စံပယ်ပန်းပင်သည် ချုံပင်တစ်မျိုးဖြစ်ပြီး ရုက္ခဗေဒအမည်မှာ “ဂျက်စမင်နမ်ဆမ်ဗက်” ဖြစ်ပါသည်။ အိမ်စံပယ်၊ တောစံပယ်၊ စံပယ်အိနှင့် စံပယ်နွဲ့ဟူ၍ စံပယ်အမျိုးမျိုးရှိပါသည်။

      စံပယ်ပန်းပင်သည် ပူအိုက်သောရာသီဥတုကို ကြိုက်နှစ်သက်သည်။ ထို့ကြောင့် စံပယ်ပန်းပင်ကို မြန်မာပြည်အပူပိုင်းဒေသများ၌ အများဆုံးစိုက်ပျိုးလေ့ရှိပါသည်။ စံပယ်ပန်းပင်များကို အခြားပန်းပင်များကဲ့သို့ ခြံဖွဲ့၍စိုက်ပျိုးခြင်းမရှိသော်လည်း မိမိတို့နေအိမ်များတွင် စိုက်ပျိုးကြပါသည်။ စံပယ်ပန်းပွင့်များကို ကြိုးဖြင့်သီကုံးပြီး ဦးခေါင်းတွင် ပန်ဆင်ကြသည့်အပြင် အခက်လိုက်ပန်ဆင်သူများလည်းရှိသည်။ ယခုအခါ စံပယ်ပန်းများကို သီကုံးပြီး ကန့်ဘလူမြို့၊ မြို့မစည်ပင်သာယာဈေးသို့ လာရောက်ရောင်းချရာ ပန်းရောင်းချသည့်လုပ်ငန်းရှင်ပြောပြချက်အရ တစ်ရက်လျှင် စံပယ်ပန်းကုံး (၃၀ မှ ၆၀) ခန့်အထိရရှိပြီး (၁) ကုံးလျှင် (၁၀၀) ကျပ်၊ (၁၁) ကုံးလျှင် (၁၀၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ စံပယ်ပန်းကုံးများကို ဘုရားပန်းအဖြစ် ကပ်လှူရန်၊  ပန်းပန်ရန်နှင့် ကားများ၊ ဈေးဆိုင်များတွင် ချိတ်ဆွဲရန်တို့အတွက်သော်လည်းကောင်း ဝယ်ယူကြကြောင်း သိရှိရပါသည်။

     စံပယ်ပန်းကုံးများရောင်းချနိုင်ရန်အတွက် ရရှိလာသောပန်းများကို သီကုံးရောင်းချခြင်းဖြင့် အရင်းမစိုက်ရဘဲ မိသားစုဝင်ငွေရရှိနိုင်သောကြောင့် စိုက်ပျိုးသင့်သောပန်းတစ်မျိုးဖြစ်ကြောင်း အကြံပြုရေးသားတင်ပြလိုက်ရပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း