တညင်းကုန်းလက်ကားဈေးကြီးတွင် ရက်သတ္တပတ်အတွင်းရောင်းချနေသော ကုန်ဈေးနှုန်းအခြေအနေ
အင်းစိန်မြို့နယ်ရှိ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ဧပြီလ (၁၉) ရက်နေ့မှ ဧပြီလ (၂၅) ရက်နေ့အတွင်း ညောင်တုန်း၊ မှော်ဘီ၊ သာရဝေါ၊ ညောင်နှစ်ပင်ကျေးရွာ၊ ကြာကန်စုကျေးရွာ၊ နေပြည်တော်၊ တပ်ကုန်း၊ ရွှေဒါး၊ မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊ လက်ပံတန်း၊ မင်းလှ၊ ဝါးနက်ချောင်း၊ မော်လမြိုင်၊ မန္တလေး၊ အုတ်ဖိုနှင့် ရှမ်းပြည်နယ်တို့မှ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်များ အများဆုံးဝင်ရောက်ရောင်းချနေကြောင်း သိရှိရပါသည်။ ထိုသို့ဝင်ရောက်ရာတွင် ယခုရက်သတ္တပတ်အတွင်း ခရမ်းချဉ်သီးထိုင်ဝမ်တစ်ပိဿာလျှင် ကျပ် (၁၈၀၀ မှ ၂၄၀၀) အတွင်း၊ ဂေါ်ဖီထုပ်တစ်ထုပ်လျှင် ကျပ် (၁၀၀၀ မှ ၃၅၀၀) အတွင်း၊ ပန်းဂေါ်ဖီထုပ်တစ်ထုပ်လျှင် ကျပ် (၆၀၀ မှ ၂၀၀၀) အတွင်း၊ အာလူးတစ်ပိဿာလျှင် ကျပ် (၁၅၀၀ မှ ၁၉၀၀) အတွင်း၊ မုန့်လာဥနီတစ်ပိဿာလျှင် ကျပ် (၈၀၀ မှ ၁၅၀၀) အတွင်း၊ ရွှေဖရုံသီးတစ်လုံးလျှင် ကျပ် (၁၀၀၀ မှ ၄၅၀၀) အတွင်း၊ ဘူးသီးတစ်လုံးလျှင် ကျပ် (၁၀၀၀ မှ ၂၀၀၀) အတွင်း၊ မုန်ညှင်း(ထုပ်)တစ်ပိဿာလျှင် ကျပ် (၁၃၀၀ မှ ၂၀၀၀) အတွင်း၊ ကြက်သွန်နီ(ဆိပ်ဖြူ)တစ်ပိဿာလျှင် ကျပ် (၁၁၀၀ မှ ၁၅၀၀) အတွင်း၊ ကြက်သွန်ဖြူ(ရှမ်း)တစ်ပိဿာလျှင် ကျပ် (၂၅၀၀ မှ ၄၅၀၀) အတွင်း၊ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာလျှင် ကျပ် (၄၇၀၀ မှ ၅၂၀၀) အတွင်း၊ ချင်းတစ်ပိဿာလျှင် ကျပ် (၃၀၀၀ မှ ၃၅၀၀) အတွင်း၊ ဆလပ်ရွက်တစ်စီးလျှင် ကျပ် (၁၅၀ မှ ၂၀၀) အတွင်း၊ ချဉ်ပေါင်ရွက်တစ်စီးလျှင် ကျပ် (၆၀ မှ ၁၅၀) အတွင်း၊ ခရမ်းသီး(ရှည်)တစ်ပိဿာလျှင် ကျပ် (၁၈၀၀ မှ ၂၄၀၀) အတွင်း၊ သံပရာသီးတစ်လုံးလျှင် ကျပ် (၅၀ မှ ၃၅၀) အတွင်း၊ ငရုတ်သီးစိမ်း(ကျောက်စိမ်း)တစ်ပိဿာလျှင် ကျပ် (၁၈၀၀ မှ ၂၄၀၀) အတွင်း၊ ဖရဲသီး(အကြီး၊ အလတ်၊ အသေး)တစ်လုံးလျှင် ကျပ် (၁၅၀၀ မှ ၈၀၀၀) အတွင်းဖြစ်ကြောင်း သိရှိရပါသည်။ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ယခုရက်သတ္တပတ်အတွင်း သံပရာသီးအလုံးပေါင်း (၁၇၀၃၀၀)ကျော်၊ ခရမ်းသီး(ရှည်)ပိဿာပေါင်း (၄၈၁၈၅)ကျော်၊ ဘူးသီးအလုံးပေါင်း (၄၁၄၀)ကျော်၊ ရွှေဖရုံသီးအလုံးပေါင်း (၁၆၈၀)ကျော်၊ ဂေါ်ဖီထုပ်ပေါင်း (၃၉၀၀၀)ကျော်၊ ပန်းဂေါ်ဖီထုပ်ပေါင်း (၂၃၃၀၀)ကျော်၊ မုန်ညှင်းထုပ်(ပိဿာ)ပေါင်း (၈၈၉၀) ကျော်၊ ဖရဲသီးလုံးပေါင်း (၁၆၈၀၀)ကျော် အသီးသီးကုန်အဝင်ရှိကြောင်း သိရပါသည်။
DOCA(ရန်ကုန်)