ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တောင်ငူမြို့ရှိ သစ်သီးဈေးကွက်

      တောင်ငူမြို့ အရှေ့ကျုံးပတ်လမ်းရှိ သစ်သီးဆိုင်များတွင် လိမ္မော်သီး လက်လီဈေး ၂၅ ကျပ်သားလျှင် ၂၀၀၀ကျပ် ၊ ၁ပိဿာ ဈေး ၇၀၀၀ကျပ် ၊ စပျစ်သီး အလုံးသေး လက်လီဈေး ၂၅ ကျပ်သား ၂၀၀၀ကျပ် ၊ ၁ပိဿာဈေး ၇၀၀၀၊ စပျစ်သီး အကြီးအလုံးလှ ၂၅ကျပ်သားလျှင် ၂၅၀၀ကျပ် နှင့် ၁ပိဿာဈေး ၉၀၀၀ကျပ်၊ စတော်ဘယ်ရီသီး ၂၅ ကျပ်သား ၂၀၀၀ကျပ်၊ ၁ ပိဿာဈေး ၇၀၀၀ ကျပ် နှင့် အသင့်ထုပ်ပိုးထားသော ပလတ်စတစ် ၁ဗူးလျှင် ၈၀၀ ကျပ် ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

       သခွားမွှေးသီး ၁ လုံးလျှင် ၃၀၀၀ ကျပ်၊ ရှမ်းပြည် နာနတ်သီး ၁လုံးလျှင် အကြီး၊ အလတ်၊ အသေး ၁၀၀၀၊ ၁၅၀၀၊ ၂၀၀၀ ကျပ်ရှိကြောင်းနှင့် ပန်းသစ်တော် ၁လုံးလျှင် ၃၀၀၀၊ ၃၅၀၀ ကျပ်ခန့် ဖြင့် ပုံမှန်အတိုင်း ရောင်းဝယ်ဖောက်ကားလျက်ရှိနေကြာင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

တောင်ငူမြို့မှ စက်သုံးဆီဈေးနှုန်းများ

         ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့တွင် ယခင်လကုန်ပိုင်းက 92 RON တစ်လီတာလျှင် ၂၁၅၀ ကျပ်၊ 95 RON တစ်လီတာလျှင် ၂၂၄၅ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၂၁၁၅ ကျပ်နှင့် ပရီမီယံ ဒီဇယ် တစ်လီတာလျှင် ၂၁၉၀ ကျပ် ရှိခဲ့ပါသည်။

         (၆.၄.၂၀၂၃) ရက်နေ့တွင် 92 RON တစ်လီတာလျှင် ၂၃၀၀ ကျပ်၊ 95 RON တစ်လီတာလျှင် ၂၃၅၀ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၂၁၀၀ ကျပ်နှင့် ပရီမီယံ ဒီဇယ် တစ်လီတာလျှင် ၂၁၅၅ ကျပ် ရှိခဲ့ပါသည်။

      သို့ဖြစ်ပါ၍ 92 RON မှာ လကုန်ရက်ထက် တစ်လီတာလျှင် ၁၅၀ ကျပ်၊ 95 RON မှာ လကုန်ရက်ထက် တစ်လီတာလျှင် ၁၀၅ ကျပ် မြင့်တက်သွားပြီး ဒီဇယ်မှာ တစ်လီတာလျှင် ၁၅ ကျပ် နှင့် ပရီမီယံဒီဇယ်မှာ တစ်လီတာလျှင် ၅ ကျပ် ကျဆင်းသွားကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

ပေါက်ခေါင်းမြို့နယ်ရှိ မုန်လာဥနီဈေးနှုန်းဈေးကွက်

     ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် မုန်လာဥနီများ စိုက်ပျိုးထားရှိပြီး ကုန်ကျစရိတ် အကျိုးအမြတ်အား သိရှိနိုင်ပါရန် ကွင်းဆင်းလေ့လာခဲ့ပါသည်။

   စားသုံးသူရေးရာဦးစီးဌာန၊ ပေါက်ခေါင်းမြို့နယ်တာဝန်ခံ ဦးကျော်ကျော်ထွန်းနှင့် ဝန်ထမ်းများ သည် (၆.၄.၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၃၀) အချိန်တွင် သဖန်းချိုအုပ်စု၊ လေးကြီးကျေးရွာရှိ မုန်လာဥနီစိုက်ပျိုးသူ ဦးဘိုးမီနှင့် တွေ့ဆုံပြီးမေးမြန်းရာ မုန်လာဥနီကို စက်တင်ဘာလတွင် စိုက်ပျိုးပြီး ဒီဇင်ဘာလတွင် စတင်ထွက်ရှိသည်ဟု သိရှိရပါသည်။ မုန်လာဥနီအပင်သည် (၂)နှစ်ခံ အပင်မျိုးဖြစ်၍ နှစ်ရာသီအသက်ရှင်နေသော အပင်တစ်မျိုးဖြစ်ပါသည်။ ၎င်းသည် မုန်လာဥနီကို တစ်ဧကစိုက်ပျိုး ထားရှိပြီး စိုက်ပျိုးသည့်အခါ မျိုးစေ့ကိုသာစိုက်ပျိုးကြောင်း သိရှိရပါသည်။ တစ်ဧကလျှင် မျိုးစေ့ကို စိုက်ပျိုးကြပါသည်။ တစ်ဧကလျှင် မျိုးစေ့(၃)ထုပ်ကုန်ပြီး စိုက်ပျိုးထုတ်လုပ် ကုန်ကျစရိတ်မှာ (၄၃၂၀၀၀) ကျပ်ခန့် ကုန်ကျသည်ဟု သိရှိရပါသည်။ မုန်လာဥနီ တစ်ဧကလျှင် အထွက်ပိဿာချိန် (၁၀၀၀)ခန့် ထွက်ရှိပြီး ရောင်းဈေးမှာ တစ်ပိဿာလျှင် (၂၅၀၀)ကျပ်နှင့် (၃၀၀၀)ကျပ် အထိ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ထို့ကြောင့် တစ်ဧကစိုက်ပျိုးမှု၏ အသားတင်အကျိုးအမြတ်မှာ (၂၀)သိန်း ခန့် ရရှိသည်ဟု သိရှိရပါသည်။

      မုန်လာဥနီသည် သစ်သီးဝလံအုပ်စုထဲတွင် ပါဝင်ပြီး လူအများ စားသုံးမှုများသဖြင့် ဧကများစွာ တိုးချဲ့ စိုက်ပျိုးလျှင် ဝင်ငွေများစွာရရှိပြီး အကျိုးအမြတ်လည်း ပိုမိုရရှိနိုင်မည်ဖြစ်ပါသည်။ ပေါက်ခေါင်းဒေသမှ ထွက်ရှိသော မုန်လာဥအနီများကို ဒေသတွင်းဈေးများနှင့် ပေါင်းတလည်နှင့် ပြည်မြို့ဈေးများသို့ တင်ပို့ရောင်းချကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

ပြည်ခရိုင်မှ ဖူးစားပြောင်း

     ပြည်ခရိုင်အတွင်း မြို့နယ်အားလုံး ဖူးစားပြောင်းစိုက်ပျိုးလျက်ရှိပြီး ရွှေတောင်နှင့် ပန်းတောင်းမြို့နယ်မှ ဧကအများဆုံး စိုက်ပျိုးပါသည်။ ယခုနှစ် ၂၀၂၂-၂၀၂၃ ခုနှစ် ပြည်မြို့နယ်တွင် စိုက်ဧက (၁၁၅၃) ဧက၊ ပေါက်ခေါင်းမြို့နယ်တွင် (၉၉၅) ဧက၊ ပန်းတောင်းမြို့နယ်တွင်  (၈၇၂၃)ဧကနှင့် ရွှေတောင်မြို့နယ်တွင် (၆၈၈၉)ဧကဖြင့် စုစုပေါင်း (၁၇၇၆၀)ဧက စိုက်ပျိုးထားရှိပါသည်။ ဧက(၁၇၄၀၀)ကျော်ခန့် ရိတ်သိမ်းပြီး တစ်ဧကလျှင် အထွက်နှုန်းအနေဖြင့် (၂၄၇၈၀)ဖူးရှိ၍ (၄၃၁၁၇၂၀၀၀) ဖူးခန့် ထွက်ရှိကြောင်း သိရှိရပါသည်။ ဖူးစားပြောင်းကို ဒီဇင်ဘာလတွင် အများဆုံးစိုက်ပျိုးပြီး၊ ဖေဖော်ဝါရီလကုန်မှစ၍ ထွက်ပေါ်လျက်ရှိပါသည်။ ပြည်ခရိုင်အတွင်း အရောင်းအဝယ်ဖြစ်နေသည့် ဖူးစားပြောင်းသီးနှံ အရည်အသွေးပေါ်မူတည်၍ (၁)ဖူးလျှင် (၂၅၀-၃၀၀)ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့ ငှက်ပျောသီးဈေးကွက်

      တောင်ငူမြို့ မြို့မဈေးကြီးနှင့် ညောင်ပင်ဈေးများသို့ တောင်ငူမြို့နှင့်အနီးတဝိုက်မှ ဒေသထွက် ငှက်ပျောသီးများ ဝင်ရောက်လျက်ရှိပါသည်။ ယခုအချိန်ကာလသည် မြန်မာ့ဓလေ့ထုံးတမ်း အစဉ်အလာအရ အလှူပွဲများစည်ကားသိုက်မြိုက်စွာ ပြုလုပ်ကြရာ အလှူတွင် မပါမဖြစ်သော ဘုရားပွဲ၊ နတ်ပွဲများတွင် အဓိကပါဝင်သည့် ရခိုင်ငှက်ပျောသီးသည် ယခင်က တစ်ဖီးလျှင် ၃၀၀ ကျပ် မှ ၄၀၀ ကျပ်အထိသာရှိရာမှာ ယခုအခါတွင် တစ်ဖီးလျှင် ၇၀၀ ကျပ်မှ ၈၀၀ ကျပ်အထိပေးရပြီး အလုံးလှ၍ အနာလွတ်လျှင် တစ်ဖီး ၁၀၀၀ ကျပ်အထိ ဈေးကောင်းရပါသည်။

   အခြားငှက်ပျောသီးများဖြစ်သော သီးမွှေးမှာ တစ်ဖီးလျှင် ၂၀၀၀ ကျပ်မှ ၂၅၀၀ ကျပ်အထိ၊ ဖီးကြမ်းမှာ တစ်ဖီးလျှင် ၁၅၀၀ ကျပ်မှ ၂၀၀၀ ကျပ်အထိ၊ ရွှေနီမှာ တစ်ဖီးလျှင် ၂၅၀၀ ကျပ်မှ ၃၅၀၀ ကျပ်အထိ ဈေးအသီးသီးရှိပြီး ယခင်ကာလကထက် အရောင်းအဝယ်ကောင်းကြောင်း ညောင်ပင်ဈေးရှိ ငှက်ပျောသီးရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(ပဲခူး)

 

တောင်ငူခရိုင် ဖြူးမြို့တွင် အခြေခံစားသောက်ကုန်အချို့ ဈေးနှုန်းအနည်းငယ်အတက်အကျရှိ

     တောင်ငူခရိုင်၊ ဖြူးမြို့တွင် ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင် ၈၅၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေပါသည်။ ဧည့်မထဈေးနှုန်းမှာ ယခင်အပတ်က တစ်အိတ်လျှင် ၅၄၀၀၀ ကျပ်မှ ၅၆၀၀၀ ကျပ်အထိရှိပြီး ယခုအပတ်တွင် တစ်အိတ်လျှင် ၅၇၀၀ ကျပ်ဖြင့် ဈေးနှုန်း အနည်းငယ် မြင့်တက်ခဲ့ပါသည်။

        မြေပဲဆီမှာ တစ်ပိဿာလျှင် ၁၄၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး စားအုန်းဆီမှာ ယခင်အပတ်က တစ်ပိဿာလျှင် ၇၄၀၀ ကျပ်မှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၆၈၀၀ ကျပ်မှ ၇၀၀၀ ကျပ်အထိ ဈေးအနည်းငယ် ကျဆင်းပါသည်။

        ကြက်သွန်နီမှာ အသေး တစ်ပိဿာ ၁၀၀၀ ကျပ်၊ အကြီးတစ်ပိဿာလျှင် ၁၂၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး ကြက်သွန်ဖြူမှာ ယခင်အပတ်က အသေး တစ်ပိဿာလျှင် ၅၀၀၀ ကျပ်၊ အလတ် ၅၅၀၀ ကျပ်နှင့် အကြီး ၅၈၀၀ ကျပ် ရှိရာမှ ယခုအပတ်တွင် အသေး ၄၀၀၀ ကျပ်၊ အလတ် ၄၅၀၀ ကျပ်နှင့် အသေး ၅၀၀၀ ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်ကျဆင်းပါသည်။

       ငရုတ်သီး အရှည်တောင့်မှာ ယခင်အပတ်က တစ်ပိဿာလျှင် ၁၃၀၀၀ ကျပ်မှ ၁၄၀၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၁၂၅၀၀ ကျပ်မှ ၁၃၀၀၀ ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ် ကျဆင်းပါသည်။ အာလူးမှာလည်း တစ်ပိဿာလျှင် ၂၀၀၀ ကျပ်မှ ၂၂၀၀ ကျပ်အထိဖြင့် ဈေးနှုန်း တည်ငြိမ်နေပါသည်။

       မြေပဲဆံအနီမှာ  ယခင်အပတ်က တစ်ပိဿာလျှင် ၇၅၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် ၇၆၀၀ ကျပ်မှ ၈၀၀၀ ကျပ်အထိ ဈေးနှုန်းအနည်းငယ်မြင့်တက်ပြီး မြေပဲဆံအဖြူမှာ တစ်ပိဿာလျှင် ၇၀၀၀ ကျပ်၊ ကုလားပဲခြမ်းမှာ တစ်ပိဿာလျှင် ၅၀၀၀ ကျပ်၊ ကုလားပဲလုံးမှာ တစ်ပိဿာလျှင် ၄၀၀၀ ကျပ်နှုန်းဖြင့် ဈေးနှုန်းတည်ငြိမ်နေကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

                                                                            

တောင်ငူမြို့ ညောင်ပင်ဈေးရှိ အုန်းသီးဈေးနှုန်း

     တောင်ငူမြို့၊ ညောင်ပင်ဈေးရှိ အုန်းသီးအရောင်းဆိုင်တွင် ကြွက်မြီးပါအုန်းသီး အလုံးချောအကြီး ၁လုံးလျှင် ၁၈၀၀ ကျပ်၊ အုန်းသီးအသေး ၁လုံးလျှင် ၁၅၀၀ ကျပ်နှင့် အခွံနွှာထားသော အုန်းသီး ၁လုံးလျှင် ၁၀၀၀ကျပ်ဖြင့် ရောင်းချပါသည်။     

    ကြွက်မြီးပါ အုန်းသီးအလုံးချောအကြီးနှင့် အခွံနွှာထားသောအုန်းသီး ဈေးနှုန်းကွာခြားရခြင်းမှာ မြန်မာ့ဓလေ့ထုံးတမ်းအရ နတ်တင်ရာတွင်လည်းကောင်း၊ ဘုရားပွဲတင်ရာတွင်လည်းကောင်း ကြွက်မြီးပါသော အုန်းသီးအား အသုံးပြုရသောကြောင့် ဖြစ်ပါသည်။ ဘုရားပွဲ၊ နတ်ပွဲ တင်ရာတွင် ဗန်းထဲတွင် အဓိကအားဖြင့် အုန်းသီးနှင့်ငှက်ပျောသီးအား ထည့်၍ တင်ရသောကြောင့် ယင်းအုန်းသီးအရောင်းဆိုင်တွင် နှီးဗန်းလေးများအားလည်း အရံသင့်ရောင်းချပေးလျှက်ရှိပါသည်။ နှီးဗန်းကလေး ၁ ဗန်းလျှင် ၁၀၀၀ ကျပ်ဖြင့် ရောင်းချကြောင်း သိရှိရပါသည်။

 အုန်းသီးအား ဘုရားပွဲ၊ နတ်ပွဲများတွင်သာမက ယခုကဲ့သို့ ပူအိုက်သောရာသီတွင် ရောင်းအားကောင်းလျက်ရှိသော ရွှေရင်အေး၊ မုန့်လက်ဆောင်းနှင့် မြန်မာ့ရိုးရာမုန့်မျိုးစုံများတွင် လည်းထည့်သွင်းအသုံးပြုရသောကြောင့် အုန်းသီးဈေးကွက်မှာ ပုံမှန်အရောင်းအဝယ်ရှိကြောင်း ညောင်ပင်ဈေးရှိ အုန်းသီးအရောင်းဆိုင်ပိုင်ရှင်တစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(ပဲခူး)

 

ပခုက္ကူကုန်စည်ဒိုင်တွင် ဧပြီလပထမပတ်ပဲမျိုးစုံ အရောင်းအဝယ်ဖြစ်မှုအခြေအ‌နေ

      ပခုက္ကူကုန်စည်ဒိုင်တွင် အညာဒေသထွက် ပဲမျိုးစုံများဖြစ်သော ပဲစဉ်းငုံနီ၊ ကုလားပဲအမျိုးမျိုး၊ စွန်တာနီ၊ ပဲဇီးကွက်၊ ပဲယင်း၊ ထောပတ်ပဲနှင့် အခြားပဲမျိုးစုံအရောင်းဝယ် ဖြစ်လျက်ရှိပါသည်။ ၂၀၂၃ ခုနှစ် ဧပြီလ ပထမပတ်တွင် ပဲဈေးနှုန်းများမှာ ပဲစဉ်းငုံနီ တစ်တင်းလျှင်  ကျပ်(၇၅၅၀၀)၊  ကုလားပဲဖြူလုံးကြီး (v2)တစ်တင်းလျှင် ကျပ်(၆၇၅၀၀-၆၇၆၀၀)၊  ကုလားပဲဝါလုံးကြီး(929) တစ်တင်းလျှင် ကျပ်(၆၇၆၀၀-၆၇၈၀၀)၊ စွန်တာနီကျွန်း တစ်တင်းလျှင် ကျပ်(၄၄၆၀၀-၄၃၈၀၀)၊ ပဲဇီးကွက် တစ်တင်းလျှင် ကျပ် (၄၀၈၀၀)၊ ထောပတ်ပဲဖြူကျွန်း တစ်တင်းလျှင်ကျပ်(၇၆၈၀၀)၊ ပြောင်းဖူးစေ့(cp) တစ်တင်းလျှင် ကျပ်(၁၉၇၀၀)၊ ကြက်ဆူ တစ်ပိဿာလျှင် ကျပ်(၃၅၅၀)၊ မန်ကျည်းတောင့် တစ်ပိဿာလျှင် ကျပ် (၁၁၂၀)ဖြင့် ဥပုသ်နေ့မှလွဲ၍ အရောင်းအဝယ်ဖြစ်နေပါသည်။

      ဧပြီလပထမပတ်တွင် အရောင်းအဝယ်ဖြစ်မှုအိတ်ရေမှာ ပဲစဉ်းငုံနီ (၁၅၀၀)အိတ်၊ ကုလားပဲ ဖြူလုံးကြီး (v2)(၃၀၀)အိတ် ကုလားပဲဖြူလုံးကြီး(V6) (၄၅၀)အိတ်၊ စွန်တာနီ (၅၀၀)အိတ်၊ ပဲဇီးကွက် (၅၀၀)အိတ်၊ ထောပတ်ပဲဖြူ(၈၀၀)အိတ်၊ ပြောင်းဖူးစေ့(၇၀၀) အိတ်၊ ကြက်ဆူ(၅၀၀၀)ပိဿာ၊ မန်ကျည်းသီးမှည့် ပိဿာချိန် (၂၀၀၀၀) ခန့်အရောင်းအဝယ်ဖြစ်နေပြီး တင်ပို့မှုအနေဖြင့် မြန်မာပြည် အောက်ပိုင်းနှင့် ပြည်ပနိုင်ငံများသို့ တင်ပို့လျက်ရှိပါသည်။

DOCA( မကွေး)

ကရင်ပြည်နယ်တွင် ပဲမျိုးစုံ ဈေးကွက်လက်ကျန်ရှိ ၊ ရာသီပိတ်သိမ်းချိန် နောက်ကျနိုင်

    စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရံးမှ ပြည်နယ်ဦးစီးမှူးဦးသန်းဦးနှင့် ပြည်တွင်း၊ မူဝါဒဌာနခွဲတာဝန်ခံနှင့် ဝန်ထမ်းများသည် ၉-၄-၂၀၂၃ ရက်နေ့ (၁၀:၀၀) နာရီအချိန်တွင် ကရင်ပြည်နယ်၊ ဘား အံမြို့၊ အမှတ် ၇ ရပ်ကွက်ရှိ ရွှေကံထူး ပဲမျိုးစုံရောင်းဝယ်ရေး ပွဲရုံသို့ ပဲဈေးနှုန်း၊ ဈေးကွက်အခြေအနေများကို ကွင်းဆင်းလေ့လာခဲ့ရပါသည်။

  ကရင်ပြည်နယ်အတွင်း ပဲမျိုးစုံပေါ်ချိန် ရာသီကုန်ဆုံးတော့မည်ဖြစ်သော်လည် ဈေးကွက်အတွင်း ကုန်ပစ္စည်းလက်ကျန်ရှိသေးကြောင်းနှင့် ယခုနှစ်တွင်ပဲမျိုးစုံမှာ ပေါ်ဦးပေါ်စအချိန်တွင် ဈေးမြောက်ခဲ့ပြီး ဈေးကွက်ဝယ်လိုအားများပြားခဲ့သော်လည်း ရာသီပိတ်သိမ်းချိန်နီးခါတွင် အရောင်းအဝယ်အီ၍ တန့်နေခဲ့သောကြောင့် ယခုနှစ် ပဲရာသီပိတ်သိမ်းချိန် နောက်ကျနိုင်ကြောင်း သိရသည်။

      လက်ရှိ ပဲမျိုးစုံ ၁ ပိဿာ ဈေးကွက်ပေါက်ဈေးမှာ   ထောပတ်ပဲ ၄၀၀၀ ကျပ်၊ ပဲကြီး ၃၇၀၀ ကျပ်၊  ပဲလွန်းဖြူ ၁၉၀၀ ကျပ်၊ ဘိုကိတ် ၂၄၀၀ ကျပ်၊ မတ်ပဲ ၃၀၀၀ ကျပ်၊ ရွှေဝါ ၃၂၅၀ ကျပ်၊ ပဲတီစိမ်း ၂၁၀၀ ကျပ်နှင့် ပဲပုပ် ၂၈၀၀ ကျပ်ဖြစ်ကြောင်း သိရသည်။

DOCA(ကရင်)

၂၀၂၃ ခုနှစ်၊ ဧပြီ(ပထမ)ပတ် ပခုက္ကူမြေပဲဈေးကွက်အခြေအနေ

        ပခုက္ကူမြေပဲဈေးကွက်အနေဖြင့် ဧပြီလ(ပထမ)ပတ်အတွင်း မြေပဲဈေးများ မြင့်တက်လျက်ရှိပြီး အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ယခုတစ်ပတ်တွင် ကျွန်းမြေပဲများ ဝင်ရောက်လျက်ရှိပြီး ဈေးကွက် အနေဖြင့် ဝင်ရောက်မှုနည်းပါးကြောင်း သိရှိရသည်။ မြေပဲတောင့်(အစို)တစ်ပိဿာလျှင်  ကျပ် (၂၁၀၀ မှ ၃၁၀၀ အထိ) ရှိပြီး မြေပဲတောင့်(အခြောက်) တစ်ပိဿာလျှင် ကျပ်(၄၀၀၀ မှ ၄၁၀၀) ဈေးရှိ၍ မြေပဲဆံမှာ ဝင်ရောက်မှု နည်းပြီး ဈေးကွက်အနေဖြင့် ယခုတစ်ပတ်အတွင်း မြေပဲဆံ ပဲကြီးဆံ(ပြန့်) တစ်ပိဿာလျှင် ကျပ်(၆၄၀၀ မှ ၆၁၀၀ ထိ)ဈေးဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိ ကြောင်း သိရှိရသည်။

        ဈေးကွက်အတွင်းရှိ မြေပဲများကို မြို့ပေါ်ရှိလုပ်ငန်းရှင်များနှင့် မြေပဲဆုံဆီ၊ စက်ဆီလုပ်ငန်း ရှင်များမှ ဝယ်ယူလျက်ရှိပြီး ဆီစက်လုပ်ငန်းရှင်များ၊ မြေပဲဆားလှော်၊ မြေပဲကြက်ဥလုပ်ငန်းရှင်များမှ ဝယ်ယူပြီး ပြည်တွင်းရှိ နေရာဒေသအနှံ့အပြား အမြို့မြို့အနယ်နယ်သို့လည်း တင်ပို့ဖြန့်ဖြူးလျက်ရှိ ကြောင်းသိရှိရပြီး ယခုတစ်ပတ်အတွင်းတွင် မြေပဲ ဈေးနှုန်းများမြင့်တက်လျက်ရှိသော်လည်း ဈေးကွက်အေး၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း