ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မကွေးမြို့၊ မြို့မစျေးရှိ သစ်သီးဝလံစျေးနှုန်းများအခြေအနေ

     မကွေးမြို့၊ မြို့မစျေးရှိ သစ်သီးဝလံများမှာ ရှမ်းပြည်နယ်၊ တောင်ကြီး၊ သီပေါ၊ စစ်ကိုင်း၊ ကျောက်ဆည်၊ ပြင်ဦးလွင်ဒေသတို့မှ အသီးသီးဝင်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။

  ၂၀၂၃ခုနှစ်၊ ဧပြီလ၊ တတိယအပတ်တွင် မြို့မစျေးရှိ သစ်သီးဝလံစျေးနှုန်းများမှာ ပန်းသစ်တော်(၁)လုံးလျှင် ကျပ်(၂၀၀၀)၊ ဆန်းကစ်သီး(၁)လုံးလျှင် ကျပ်(၁၅၀၀)၊ ပန်းသီး(အကြွပ်)ပိုက်စွပ်(၁)လုံးလျှင် ကျပ်(၁၆၀၀ မှ ၁၈၀၀)၊  ပန်းသီး(အကြွပ်)ရိုးရိုး(၁)လုံးလျှင် ကျပ်(၇၀၀)၊ ဖရဲသီး(၁)လုံးလျှင် ကျပ် (၂၃၀၀မှ ၂၅၀၀)၊ နာနတ်သီး(၁)လုံးလျှင် ကျပ်(၁၃၀၀ မှ ၁၈၀၀)၊ စပျစ်သီး(အကြီး)(၁)ပိဿာလျှင် ကျပ်(၁၀၀၀၀)၊ စပျစ်သီး(ချွန်)(၁)ပိဿာလျှင် ကျပ်(၁၀၀၀၀)၊ စပျစ်သီး (အသေး)(၁)ပိဿာလျှင် ကျပ်(၇၀၀၀)၊ ရွှေလိမ္မော်(၁)ပိဿာလျှင် ကျပ်(၁၀၀၀၀)၊ ပျားလိမ္မော်(၁)ပိဿာလျှင် ကျပ်(၈၀၀၀)၊ လိမ္မော်သီး(အော်ဂန်းနစ်)(၁)ပိဿာလျှင် ကျပ်(၈၀၀၀)၊ စတော်ဘယ်ရီသီး(၁)ပိဿာလျှင် ကျပ်(၈၀၀၀ မှ ၁၀၀၀၀)ဖြင့် အသီးသီးအရောင်းအဝယ်ဖြစ်နေကြောင်း မြို့မစျေးရှိ ဆိုင်ခန်းစျေးသည်များထံမှ သိရှိရပါသည်။

DOCA(မကွေး)

၂၀၂၃ခုနှစ်၊ ဧပြီလ၊ ဒုတိယအပတ်နှင့် တတိယအပတ်တို့၌ မကွေးမြို့၏ စက်သုံးဆီစျေးနှုန်းအခြေအနေ

    မြန်မာနိုင်ငံစက်သုံးဆီတင်သွင်း/သိုလှောင်/ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက တိုင်းဒေသကြီး/ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီရည်ညွှန်းလက်ကားဈေးနှုန်းများအား နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိပါသည်။

    မကွေးမြို့ပေါ်တွင် စက်သုံးဆီဆိုင်(၂၁)ဆိုင်ရှိပြီး ပုံမှန်ဆိုင်ဖွင့်ရောင်းချလျက်ရှိရာ (၁၉-၄-၂၀၂၃) ရက်နေ့၏ စက်သုံးဆီစျေးနှုန်းများမှာ ဒီဇယ်(ရိုးရိုး) (၁)လီတာလျှင် ကျပ်(၂၁၀၅)၊ ဒီဇယ်(ပရီမီယမ်) (၁)လီတာလျှင် ကျပ်(၂၁၈၅)၊ ဓာတ်ဆီ(92)(၁)လီတာလျှင် ကျပ်(၂၁၉၅)၊ ဓာတ်ဆီ(95) (၁)လီတာလျှင် ကျပ်(၂၂၈၅)ဖြစ်ပြီး (၂၆-၄-၂၀၂၃)ရက်နေ့တွင် ဒီဇယ်(ရိုးရိုး)(၁)လီတာလျှင် ကျပ်(၂၀၈၀)၊ ဒီဇယ် (ပရီမီယမ်)(၁)လီတာလျှင် ကျပ်(၂၁၆၀)၊ ဓာတ်ဆီ(92)(၁)လီတာလျှင် ကျပ်(၂၁၃၅)၊ ဓာတ်ဆီ(95)(၁)လီတာလျှင် ကျပ်(၂၂၂၅)ဖြစ်၍ ဒီဇယ်(ရိုးရိုး)(၁)လီတာလျှင် ကျပ်(၂၅)၊ ဒီဇယ်(ပရီမီယမ်)(၁)လီတာလျှင် ကျပ်(၂၅)၊ ဓာတ်ဆီ(92)(၁)လီတာလျှင် ကျပ်(၆၀)နှင့် ဓာတ်ဆီ(95)(၁)လီတာလျှင် ကျပ်(၆၀)ဖြင့် စျေးနှုန်းအသီးသီးလျော့ကျလာကြောင်း စက်သုံးဆီ အရောင်းဆိုင်များမှသိရှိရပါသည်။

DOCA(မကွေး)

မြို့ကြီး(၄)မြို့၏ အခြေခံစားကုန်၊ ပြည်ပပို့ကုန်၊ စက်သုံးဆီ နှင့် ရွှေ ဈေးနှုန်းများ

   နေပြည်တော်၊ ရန်ကုန်၊ မန္တလေး နှင့် ပုသိမ်မြို့ကြီးများ၏ အခြေခံစားကုန်(လက်လီ)၊ ပြည်ပပို့ကုန်၊ စက်သုံးဆီ နှင့် ရွှေဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယနေ့ ကာလတူ နှိုင်းယှဉ်၍ ပြုစုတင်ပြအပ်ပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း

   တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြအပ်ပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း

   တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ပြုစု တင်ပြအပ်ပါသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၁.၅.၂၀၂၃ )

   ၁.၅.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၃၀.၄.၂၀၂၃ )

    ၃၀.၄.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၂၉.၄.၂၀၂၃ )

၂၉.၄.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၂၈.၄.၂၀၂၃ )

    ၂၈.၄.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

ရွှေဘိုမြို့တွင်ရောင်းချနေသော အခြေခံစားကုန်များ၏ ဈေးနှုန်းအခြေအနေ

      ၂၀၂၃ခုနှစ် ဧပြီလ နောက်ဆုံးပတ်အတွင်း ရွှေဘိုမြို့နယ်တွင် အခြေခံစားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်းဆန်တစ်ပြည် ၃၇၀၀ကျပ်၊ ဧရာမင်းဆန်(သစ်) တစ်ပြည် ၃၄၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ကြက်သွန်နီ(သစ်) လက်လီဈေးမှာ (ကြီး) တစ်ပိဿာ ၁၅၀၀ကျပ်၊ (လတ်) တစ်ပိဿာ ၁၃၀၀ကျပ်၊ (သေး)တစ်ပိဿာ ၁၀၀၀ကျပ်နှုန်းဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ ကြက်သွန်ဖြူလက်လီဈေးမှာ (ဗမာ)တစ်ပိဿာလျင် ၄၀၀၀ကျပ်မှ ၅၀၀၀ကျပ်ထိ၊ ရှမ်း ကြက်သွန်ဖြူ တစ်ပိဿာ ၅၀၀၀ကျပ်မှ ၅၅၀၀ကျပ်ထိ ၊ (ကြူကုပ်) တစ်ပိဿာ ၄၀၀၀ကျပ်မှ ၅၅၀၀ကျပ်ထိ၊ ချင်းတစ်ပိဿာ ၁၃၀၀ကျပ်မှ ၁၅၀၀ကျပ်ထိ ၊ ငရုတ်သီးခြောက် အမျိုးအစားအလိုက် ၁၆၀၀၀ကျပ်မှ ၁၆၅၀၀ကျပ်ထိ အာလူး တစ်ပိဿာ ၁၈၀၀ကျပ်မှ ၂၄၀၀ကျပ်ထိ ၊ခရမ်းချဉ်သီး တစ်ပိဿာ ၂၀၀၀ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်နေပါသည်။

     ကြက်ဥ လက်လီဈေးနှုန်းမှာ (ကြီး)တစ်လုံး ၃၀၀ကျပ်၊ (သေး) တစ်လုံး ၂၅၀ကျပ် ၊ ဘဲဥ (ကြီး) တစ်လုံး (၃၀၀)ကျပ်၊ (သေး)တစ်လုံး (၂၅၀)ကျပ်ရှိသည်။ ရွှေဘိုမြို့၏ အသား/ငါး ဈေးနှုန်းများမှာ ကြက်သား(CP)  တစ်ပိဿာ ၈၀၀၀ကျပ်မှ ၁၁၀၀၀ကျပ်ထိ၊ကြက်သား (ဗမာ)တစ်ပိဿာ ၁၃၀၀၀ ကျပ်မှ ၁၅၀၀၀ကျပ်ထိ၊  ဝက်သား တစ်ပိဿာ ၁၈၀၀၀ကျပ်မှ ၂၂၀၀၀ကျပ်ထိ၊ အမဲသားတစ်ပိဿာ ၁၄၀၀၀ကျပ်မှ ၁၆၀၀၀ကျပ်ထိ၊  ငါးမြစ်ချင်း တစ်ပိဿာ ၇၀၀၀ကျပ်၊ ငါးကြင်း တစ်ပိဿာ ၆၀၀၀ကျပ်ဖြင့် ရောင်းဝယ်နေကြောင်း သိရသည်။

     စားသုံးဆီ ဈေးနှုန်းများမှာ ပဲဆီသန့် တစ်ပိဿာလျှင် ၁၂၅၀၀ကျပ်မှ ၁၃၀၀၀ကျပ်ထိ၊  စားအုန်းဆီ တစ်ပိဿာလျှင် ၆၄၀၀ကျပ်နှင့် နှမ်းဆီ တစ်ပိဿာလျှင် ၁၃၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း