ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဆီထွက် နှမ်း သီးနှံတိုးချဲ့စိုက်ပျိုးရန်

     ကယားပြည်နယ်တွင် နှမ်းသီးနှံကိုအဓိက ဆီထွက်သီးနှံအဖြစ်စိုက်ပျိုးထုတ်ထုတ်ကြပါသည်။ ဆီထွက်သီးနှံဖြစ်သည့် နှမ်းသီးနှံကိုဘောလခဲခရိုင်တွင်အများဆုံးစိုက်ပျိုးကြပြီး လွိုင်ကော် ခရိုင်တွင် ရှားတောမြို့နယ်နှင့် ဒီးမော့ဆိုမြို့နယ်၊ ဒေါတမကြီးကျေးရွာအုပ်စုတွင်လည်း စိုက်ပျိုး ကြသည်။ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် နှမ်း(မိုး)စုစုပေါင်းစိုက်ဧကမှာ(၂၃၃၉၇)ဧကခန့်ရှိခဲ့ပြီး အကုန်ရိတ်သိမ်းခဲ့ပြီးဖြစ်ပါသည်။ အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင်(၁၀.၂၃)တင်းခန့်နှင့် စုစုပေါင်းအထွက်မှာ(၂၃၉၃၀၃)တင်းခန့်ထွက်ရှိပါကြောင်း သက်ဆိုင်ရာဌာနမှ သိရှိပါသည်။

        ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်းဖြစ်ပေါ်နေသောနှမ်းဈေးနှုန်းမှာ နှမ်း တစ်ပိဿာလျှင် (၇၀၀၀)ကျပ်ခန့်၊ နှမ်း တစ်တင်းလျှင်(၁၀၅၀၀၀)ကျပ်ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

 

ပြည်နယ်အတွင်းထွက်ရှိသော နှမ်းများကိုကြိတ်ခွဲမည်ဆိုပါက နှမ်းတစ်တင်းလျှင် နှမ်းဆီ (၆)ပိဿာထွက်ရှိနိုင်ပြီး စုစုပေါင်းအထွက်(၂၃၉၃၀၃)တင်း ကြိတ်ခွဲလျှင်နှမ်းဆီ(၁၄၃၅၈၁၈) ပိဿာထွက်ရှိနိုင်ပါသည်။ ပြည်နယ်အတွင်းဖြစ်ပေါ်နေသော နှမ်းဆီဈေးနှုန်းမှာ တစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်ခန့်ရှိပါသည်။ ပြည်နယ်အတွင်းထွက်ရှိသော နှမ်းများကို ကုန်ကြမ်းအဖြစ် အခြားဒေသများသို့ တင်ပို့ရောင်းချလျှင် ကျပ်(၂၅၁၃)သန်းခန့်ရရှိနိုင်ပြီး ပြည်နယ်အတွင်းကြိတ်ခွဲ ရောင်းချလျှင် ကျပ်(၁၇၂၃)သန်းခန့်သာရရှိနိုင်ပါသည်။ ကုန်ကြမ်းအဖြစ် တင်ပို့ရောင်းချလျှင် ကျပ်(၇၉၀)သန်းခန့် ပိုမိုအမြတ်ရနိုင်သည်။ ထို့ကြောင့် ပြည်နယ်အတွင်းထွက်ရှိသော နှမ်းများကို ဒေသအတွင်း ကြိတ်ခွဲရောင်းချလျှင် တွက်ခြေမကိုက်သဖြင့် ကုန်ကြမ်းအဖြစ် အခြားဒေသများသို့ တင်ပို့ရောင်းချလျက်ရှိပါကြောင်းသိရှိရပါတယ်။

        ပြည်နယ်အတွင်း နှမ်းသီးနှံကိုစိုက်ပျိုးထုတ်လုပ်ရာတွင် တစ်ဧကပျမ်းမျှခန့်မှန်း ကုန်ကျစရိတ်အနေဖြင့်အောက်ပါအတိုင်းကုန်ကျနိုင်သည်-

DOCA(ကယား)

 

ဂေါ်ဖီထုပ်ဈေးနှုန်း ကျဆင်းလျက်ရှိ

       ကယားပြည်နယ်တွင် ဂေါ်ဖီထုပ်ကို လွိုင်ကော်မြို့နယ်အတွင်းရှိ လင်ဖုံလေးကျေးရွာနှင့် ကုန်းသာကျေးရွာတို့တွင် အနည်းငယ်စိုက်ပျိုးကြပြီး ဈေးကွက်အတွင်းရောင်းချနေသောဂေါ်ဖီထုပ်များကို ရှမ်းပြည်နယ်၊ ပင်လောင်း၊ တီဂျစ်၊ နောင်တရားတို့မှ တင်သွင်းရောင်းချကြပါသည်။ ယခုလက်ရှိ ဇန်နဝါရီလတွင် ဖြစ်ပေါ်နေသောဂေါ်ဖီထုပ်ဈေးနှုန်းမှာ ဂေါ်ဖီထုပ်အကြီးတစ်လုံးလျှင် (၆၀၀)ကျပ်၊ အသေးတစ်လုံးလျှင်(၃၅၀)ကျပ်ခန့်သာရှိပြီး  ယခင်ဒီဇင်ဘာလတွင် ဂေါ်ဖီထုပ် အကြီးတစ်လုံးလျှင်(၇၀၀)ကျပ်၊ အသေးတစ်လုံးလျှင် (၄၀၀)ကျပ်ခန့်ရှိခဲ့ပြီး ယခင်ဒီဇင်ဘာလနှင့် ယခုလက်ရှိဇန်နဝါရီလနှိုင်းယှဉ်လျှင် ဂေါ်ဖီထုပ်အလုံးကြီးတစ်လုံးလျှင်( ၁၀၀ )ကျပ်နှင့် အလုံး သေးတစ်လုံးလျှင်( ၅၀ )ကျပ်ခန့် ကျဆင်းလာကြောင်း နောင်တယားမြို့မှ ကားဖြင့်လာရောက် ရောင်းချနေသော ပင်ရင်းဈေးသည်တစ်ဦးထံမှ သိရသည်။

DOCA(ကယား)

 

ကြက်ဥဈေးနှုန်း တည်ငြိမ်လျက်ရှိ

       လွိုင်ကော်မြို့ဈေးကွက်အတွင်းတွင် အခြေခံစားသောက်ကုန်များ အခြားဒေသမှ ဝင်ရောက်လျက်ရရှိပြီး အခြေခံစားသောက်ကုန်တစ်မျိုးဖြစ်သည့် ကြက်ဥကို တောင်ကြီးဘက်မှ အများဆုံး ဝင်‌ရောက်လျက်ရှိပါသည်။ ယခုလက်ရှိ ဇန်နဝါရီလ ဒုတိယပတ်တွင် ဖြစ်ပေါ်နေသောကြက်ဥဈေးနှုန်းမှာ ကြက်ဥအလုံးကြီး တစ်လုံးလျှင်(၂၃၀)ကျပ်၊ အလုံးသေးတစ်လုံးလျှင် (၂၂၀) ကျပ်နှင့် ရောင်းချလျက်ရှိပြီး ယခင်ဒီဇင်ဘာလ ဒုတိယပတ်တွင်လည်း ကြက်ဥအလုံးကြီးတစ်လုံး လျှင် (၂၃၀)ကျပ်၊ အလုံးသေးတစ်လုံးလျှင် (၂၂၀) ကျပ်သာရှိခဲ့ပြီး ယခင်ဒီဇင်ဘာလဒုတိယပတ်နှင့် ယခုဇန်နဝါရီလဒုတိယပတ်ဈေးနှုန်းနှင့် နှိုင်းယှဉ်ကြည့်လျှင် ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း နောင်ယားဈေးအတွင်းရှိ ကြက်ဥရောင်းချသူတစ်ဦးထံမှ သိရပါသည်။

 DOCA(ကယား)

တနင်္သာရီတိုင်းဒေသကြီး ကွမ်းသီး‌‌စျေးကွက်

      တနင်္သာရီတိုင်းဒေသကြီးသည် ကွမ်းသီးပင်များကို အများဆုံးစိုက်ပျိုးသော တိုင်းဒေသကြီး ဖြစ်ပါသည်၊၊ ကွမ်းသီးတွင် ကွမ်းသီးအလုံးစျေးနှင့် ကွမ်းသီးခွဲခြမ်းစျေးဟူ၍ စျေးနှုန်း (၂)မျိုး ရှိပါသည်။တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် ကွမ်းသီးအလုံး တစ်ပိဿာလျှင် (၄၄၀ဝိ/-) နှုန်းရှိပြီး ကွမ်းသီးခွဲခြမ်း တစ်ပိဿာလျှင်(၄၄၀ဝိ/-)နှုန်း ပေါက်ဈေးရှိကြောင်း သိရှိရပြီး ၊ ရန်ကုန်မြို့တွင် ကွမ်းသီးခွဲခြမ်း တစ်ပိဿာလျှင်(၄၇၀ဝိ/-)နှုန်းပေါက် စျေးရှိကြောင်းသိရှိရပါသည်။

     ယခုအချိန်သည် ကွမ်းသီး အများဆုံးထွက်ရှိနေပြီး ကွမ်းသီးလုပ်ငန်းများ ပုံမှန်လုပ်ကိုင်လျက်ရှိရာ ယခင်အပတ်နှင့် ယခုအပတ်စျေးနှုန်း နှိုင်းယှဉ်ရာ ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း သိရှိရပါသည်၊၊ ကွမ်းသီးများကို တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ၊ ကျေးရွာများမှ ထွက်ရှိသော ဒေသထွက် ကွမ်းသီးများကို ရန်ကုန်မြို့သို့ တင်ပို့လျက်ရှိရာ ၂၀၂၂ ခုနှစ် အောက်တိုဘာလမှ ဒီဇင်ဘာလအထိ  ၇၆၇၃၄၂၇/- ပိဿာတင်ပို့ခဲ့ရာ ထားဝယ်မှရန်ကုန်သို့ သယ်ယူပို့ဆောင်ခကားခ တစ်ပိဿာလျှင် (၁၀ဝိ/-)နှုန်းရှိကြောင်း ကုန်သည်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)

မုံရွာမြို့နယ်တွင် ခရမ်းချဉ်သီးဈေးနှုန်း ပြန်လည်မြင့်တက်လျက်ရှိ

        မုံရွာမြို့နယ်အတွင်း ခရမ်းချဉ်သီးကို မိုးဦးနှင့် မိုးနှောင်းကာလများတွင် ဒေသအတွင်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြပါသည်။ ခရမ်းချဉ်သီးသည် အပူပိုင်းဒေသနှင့် သမနွေပိုင်းဒေသတို့တွင် ကောင်းမွန်စွာစိုက်ပျိုးဖြစ်ထွန်းသည်။

        ယခုအချိန်တွင် ဒေသတွင်းခရမ်းချဉ်သီးပေါ်သည့် ရာသီချိန်ဖြစ်သည့်အတွက် ဈေးကွက်တွင် ဒေသတွင်းထွက်ကုန် ခရမ်းချဉ်သီးများ လှိုင်လှိုင်ဝင်ရောက်လျက်ရှိပြီး မုံရွာမြို့နယ်အတွင်း ဖြစ်ပေါ် နေသော ခရမ်းချဉ်သီးဈေးနှုန်းများမှာ ဇန်နဝါရီလ ပထမအပတ်တွင် ခရမ်းချဉ်သီး တစ်ပိဿာလျှင် ကျပ် ၁၀၀၀-၁၂၀၀ မှ ယခု ဇန်နဝါရီလ ဒုတိယအပတ် တွင် ကျပ် ၁၅၀၀-၂၀၀၀ အထိ ဈေးနှုန်းမြင့် တက်လျက်ရှိပြီး အရောင်းအဝယ်သွက်ကာ ခရမ်းချဉ်စိုက်တောင်သူများ အဆင်ပြေနေကြောင်း တောင်သူများထံမှ သိရသည်။

DOCA(စစ်ကိုင်း)

တနင်္သာရီတိုင်းဒေသကြီး ရော်ဘာစျေးကွက်မြင့်တက်လျက်ရှိ

       တနင်္သာရီတိုင်းဒေသကြီးသည် ရော်ဘာ၊  ကွမ်းသီးများကို အဓိကထား စိုက်ပျိုးလျက်ရှိသည့် တိုင်းဒေသကြီးဖြစ်ပါသည်။ ရော်ဘာစိုက်ပျိုးသည့်ဧရိယာမှာ (၃၄၉၁၂၁)ဧက၊ အစေးလှီး ဧရိယာမှာ (၁၉၃၂၇၅)ဧက၊ အထွက်နှုန်းမှာ (၄၉၉.၉၉)ပေါင် ရှိပြီး တစ်နှစ်စာပျှမ်းမျှအထွက်တန်မှာ (၄၃၈၃၄) မက်ထရစ်တန်ရှိကြောင်း သိရှိရသည်။

         မှိုင်းခံရော်ဘာတွင်  RSS-1၊ RSS-2၊ RSS-3၊ RSS-4၊ RSS-5 ဟူ၍ အဆင့်သတ်မှတ်ချက် (၅ ) မျိုး ရှိပါသည်။ ယခုလက်ရှိ တနင်္သာရီတိုင်းဒေသကြီးအတွင်းတွင် RSS-3 နှင့် RSS-5 ( ၂ ) မျိုးသာ အဓိက အရောင်းအဝယ်ဖြစ်လျက်ရှိသည်။

         ယခုအပတ်   ရော်ဘာစျေးနှုန်းမှာ RSS-3 တစ်ပေါင်လျှင် ကျပ် ၁၃၂၀ နှုန်း၊ RSS-5 တစ်ပေါင်လျှင် ကျပ် ၁၂၂ဝ နှုန်း ပေါက်ဈေးရှိပြီး RSS-3 သည် RSS-5 ထက် အပြစ်အနာအဆာကင်းသောကြောင့် ဈေးကောင်းပိုရလျက်ရှိကြောင်း သိရှိရပါသည်။ တနင်္သာရီတိုင်းဒေသကြီး ထားဝယ်တွင် ရာဘာစျေးနှုန်းအနေဖြင့် တောင်သူများ တွက်ခြေကိုက်လျက်ရှိသောကြောင့် ရာဘာ အစေးခြစ်လုပ်ငန်းများ လုပ်ကိုင်လျက်ရှိပြီး ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက စျေးနှုန်းအနည်းငယ်မြင့်တက်လျက်ရှိ၍ ရော်ဘာကို ကော့သောင်းနှင့် ထိုင်းဖက်သို့ အများဆုံး တင်ပို့လျက်ရှိကြောင်း သိရှိရပြီး ယခုအခါသယ်ယူပို့ဆောင်ခ ထားဝယ်မှကော့သောင်းသို့ (ကားခ) တစ်တန်လျှင် (၁၈၀၀၀၀−၂၀၀၀၀၀)နှုန်းရှိကြောင်း စုံစမ်းသိရှိရသည်။

DOCA(တနင်္သာရီ)

 

မုံရွာကုန်စည်ဒိုင်၏ ပဲမျိုးစုံ၊ အစေ့ထုတ်ပြောင်း၊ မြေပဲသီးနှံနှင့် နှမ်းမျိုးစုံတို့၏ ဈေးနှုန်းပြောင်းလဲမှု အခြေအနေ

     မုံရွာကုန်စည်ဒိုင်တွင် ပဲအမျိုးအစားအလိုက် ဈေးနှုန်းများမှာ ယခင်နှစ် ကာလတူဈေးထက် ယခုနှစ် ပဲမျိုးစုံ၊ အစေ့ထုတ်ပြောင်းနှင့် နှမ်းမျိုးစုံဈေးနှုန်းများ ဈေးပိုကောင်းလျက်ရှိပြီး၊ စွန်တာနီ/ပြာ တစ်မျိုးသာ ဈေးနှုန်းကျဆင်းခဲ့ကြောင်း မုံရွာကုန်စည်ဒိုင် ဈေးနှုန်းသတင်းများအရသိရသည်။

မတ်ပဲ

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဇန်နဝါရီလတွင် ပဲတစ်တင်းလျှင် ကျပ် ၄၂၅၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဇန်နဝါရီလတွင် ပဲတစ်တင်းလျှင် ကျပ် ၅၂၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်း လျှင် ကျပ် တစ်သောင်းခန့် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၃၀မှ ၅၀ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

ပဲစဉ်းငုံ

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဇန်နဝါရီလတွင် ပဲတစ်တင်းလျှင် ကျပ် ၃၉၈၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဇန်နဝါရီလတွင် ပဲတစ်တင်းလျှင် ကျပ် ၅၄၅၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ် တစ်သောင်းခွဲခန့် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၂၀မှ ၅၀ ခန့် အရောင်းအဝယ် ဖြစ်ကြောင်းသိရသည်။

ပဲတီစိမ်း

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဇန်နဝါရီလတွင် ပဲတစ်တင်းလျှင် ကျပ် ၃၈၅၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဇန်နဝါရီလတွင် ပဲတစ်တင်းလျှင် ကျပ် ၄၅၅၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်း လျှင် ကျပ် ခုနှစ်ထောင် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၃၀မှ ၅၀ ခန့် အရောင်းအဝယ် ဖြစ်ကြောင်း သိရသည်။

ကုလားပဲ

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဇန်နဝါရီလတွင် ကုလားပဲဖြူလုံးကြီးတစ်တင်းလျှင် ကျပ် ၃၉၈၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဇန်နဝါရီလတွင် ပဲတစ်တင်းလျှင် ကျပ် ၆၂၀၀၀၊ 929  တစ်တင်းလျှင် ကျပ် ၄၁၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဇန်နဝါရီလတွင် ပဲတစ်တင်းလျှင် ကျပ် ၆၁၀၀၀၊ ထိုင်ဝမ် တစ်တင်းလျှင် ကျပ် ၃၉၅၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဇန်နဝါရီလတွင် ပဲတစ်တင်းလျှင် ကျပ် ၆၁၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်နှစ်သောင်းကျော် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၅၀မှ ၇၀ ခန့် အရောင်းအဝယ် ဖြစ်ကြောင်း သိရသည်။

စွန်တာနီ/ပြာ

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဇန်နဝါရီလတွင် ပဲတစ်တင်းလျှင် ကျပ် ၄၈၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဇန်နဝါရီလတွင် ပဲတစ်တင်းလျှင် ကျပ် ၄၅၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်း လျှင် ကျပ် သုံးထောင်ခန့် လျော့နည်းခဲ့ပါသည်။ တစ်ရက်လျှင် အိတ်ရေ ၂၀မှ ၃၀ ခန့် အရောင်းအဝယ်ဖြစ် ကြောင်း သိရသည်။

ထောပတ်ပဲ

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဇန်နဝါရီလတွင် ပဲတစ်တင်းလျှင် ကျပ် ၄၅၆၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဇန်နဝါရီလတွင် ပဲတစ်တင်းလျှင် ကျပ် ၄၇၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် တစ်ထောင်ကျော် ပိုမိုခဲ့ပါသည်။ တစ်ရက်လျှင် အိတ်ရေ ၂၀မှ ၃၀ ခန့် အရောင်း အဝယ်ဖြစ်ကြောင်း သိရသည်။

အစေ့ထုတ်ပြောင်း

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဇန်နဝါရီလတွင် ပြောင်းတစ်တင်းလျှင် ကျပ် ၁၁၅၀၀ ဖြစ်ခဲ့ပြီး ယခု နှစ် ဇန်နဝါရီလတွင် ပြောင်း တစ်တင်းလျှင် ကျပ် ၂၀၅၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်ကိုးထောင် ပိုမိုခဲ့ပါသည်။ တစ်ရက်လျှင် အိတ်ရေ ၃၀မှ ၅၀ ခန့် အရောင်းအဝယ် ဖြစ်ကြောင်း သိရသည်။

မြေပဲဆံသီးနှံ

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဇန်နဝါရီလတွင် မြေပဲဆံနီ တစ်ပိဿာလျှင် ကျပ် ၂၇၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဇန်နဝါရီလတွင် တစ်ပိဿာလျှင် ကျပ် ၅၇၅၀၊ မြေပဲဆံဖြူ တစ်ပိဿာလျှင် ကျပ် ၃၀၅၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဇန်နဝါရီလတွင် တစ်ပိဿာလျှင် ကျပ် ၅၄၀၀၊ တစ်ပိဿာလျှင် ကျပ် နှစ်ထောင်ကျော်မှ သုံးထောင်ကျော်အထိ ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၃၀မှ ၅၀ ခန့် အရောင်းအဝယ် ဖြစ်ကြောင်း သိရသည်။

 

နှမ်းမျိုးစုံသီးနှံ

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဇန်နဝါရီလတွင် နှမ်းနက် တစ်တင်းလျှင် ကျပ် ၅၈၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဇန်နဝါရီလတွင် တစ်တင်းလျှင် ကျပ် ၈၈၀၀၀၊ နှမ်းဖြူ တစ်တင်းလျှင် ကျပ် ၄၈၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဇန်နဝါရီလတွင် တစ်တင်းလျှင် ကျပ် ၉၂၀၀၀၊ နှမ်းညို တစ်တင်းလျှင် ကျပ် ၄၁၇၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဇန်နဝါရီလတွင် တစ်တင်းလျှင် ကျပ် ၇၂၀၀၀ ဖြင့် အရောင်း အဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်သုံးသောင်းကျော်မှ လေးသောင်းခွဲခန့်အထိ ပိုမိုခဲ့သည်။ တစ်ရက် လျှင် အိတ်ရေ ၅၀မှ ၇၀ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့၊ ချင်းတွင်းရတနာဈေးအတွင်း ရောင်းချနေသော အခြေခံစားကုန်ဈေးနှုန်းများ အခြေအနေ

        စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ရှိဈေးများတွင် ယခုရက်သတ္တပတ်အတွင်း ရွှေဘိုပေါ်ဆန်း ဆန်(ဟောင်း)(တစ်အိတ်)လျှင် ၉၀၀၀၀ကျပ်၊ ‌ရွှေဘိုပေါ်ဆန်း(သစ်)(တစ်အိတ်)လျှင် ၅၈၀၀၀ကျပ်၊  ဧရာမင်း(ဆန်)(ဟောင်း)(တစ်အိတ်)လျှင် ၆၅၀၀၀ကျပ်၊ ဧရာမင်း(ဆန်)(သစ်)(တစ်အိတ်)လျှင် ၄၅၀၀၀ ကျပ်၊ ငစိန်ဆန်(ဟောင်း) (တစ်အိတ်) လျှင် ၄၀၀၀၀ ကျပ်၊ ငစိန်ဆန်(သစ်) (တစ်အိတ်) လျှင် ၃၅၀၀၀ ကျပ်၊ ပဲဆီ(တစ်ပိဿာ)လျှင် ၉၄၅၀-၉၅၀၀ ကျပ်၊ နှမ်းဆီ (တစ်ပိဿာ)လျှင် ၉၅၀၀ ကျပ်၊ နေကြာဆီ (တစ်ပိဿာ)လျှင်၁၂၀၀၀ကျပ်၊ စားအုန်းဆီ(တစ်ပိဿာ) လျှင် ၆၂၅၀-၆၃၀၀ ကျပ်၊ ဆား (တစ်ပိဿာ) လျှင် ၆၀၀-၇၀၀ ကျပ်၊ ငရုတ်ခြောက် (တစ်ပိဿာ) ၁၈၀၀၀ မှ ၁၉၀၀၀ ကျပ်၊ ကြက်သွန်နီ(အဟောင်း) (တစ်ပိဿာ) ၃၃၀၀ မှ ၃၅၀၀ ကျပ်၊ ကြက်သွန်နီ(အသစ်) (တစ်ပိဿာ) ၂၂၀၀ မှ ၂၅၀၀ ကျပ်၊ ကြက်သွန်ဖြူ(ရှမ်းစ) (တစ်ပိဿာ) ၃၀၀၀ မှ ၃၂၀၀ ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်) (တစ်ပိဿာ) ၅၃၀၀ မှ ၅၅၀၀ ကျပ်၊ အားလူး(တစ်ပိဿာ) ၂၀၀၀ မှ၂၂၀၀ ကျပ်၊ မန်ကျည်းသီးမှည့် (တစ်ပိဿာ) လျှင် ၄၈၀၀-၅၀၀၀ ကျပ်၊ နနွင်းတက် (တစ်ပိဿာ) လျှင် ၅၂၀၀-၅၃၀၀ ကျပ်၊ ခရမ်းချဉ်သီး (တစ်ပိဿာ) ၁၅၀၀ကျပ်၊ ဂေါ်ဖီထုတ်(တစ်ထုတ်)၇၀၀ကျပ်၊ ပဲသီး (ပဲထောင့်ရှည်)(တစ်စီး) ၅၀၀ ကျပ်၊ ကြက်သား(တစ်ပိဿာ)လျှင် ၁၀၀၀၀-၁၂၀၀၀ ကျပ်၊ ဝက်သား (တစ်ပိဿာ)လျှင် ၁၅၀၀၀-၁၆၀၀၀ ကျပ်၊ အမဲသား(တစ်ပိဿာ)လျှင် ၁၆၀၀၀-၁၇၀၀၀ကျပ်၊ ဆိတ်သား (တစ်ပိဿာ)လျှင် ၂၄၀၀၀-၂၆၀၀၀ ကျပ်၊ ငါးမြစ်ချင်း (တစ်ပိဿာ)လျှင် ၇၅၀၀-၈၀၀၀ကျပ်၊ ကြက်ဥ (၁)လုံးလျှင် ၂၅၀ ကျပ်၊ ဘဲဥ (၁)လုံး လျှင် ၃၀၀ ကျပ်၊ ဖရဲသီး (ကျောက်စိမ်း) (၁)လုံးလျှင် ၁၀၀၀ မှ ၁၂၀၀ ကျပ်အတွင်း အသီသီး ဈေးရှိကြောင်းသိရသည်။

          ယခင်ပတ်နှင့်နှိုင်းယှဉ်ပါက ရွှေဘိုပေါ်ဆန်းနှင့်ဧရာမင်းဆန်(သစ်)များ ဈေးအနည်းငယ်တက်နေ ပါကြောင်း၊ နနွင်းတက်ဈေးနှုန်းအနည်းငယ်တက်နေပြီး၊ ငရုပ်ခြောက်ဈေးနှုန်းများ အနည်းငယ်ကျဆင်း နေပါကြောင်း၊ ကြက်သွန်နီ(အသစ်)များ မုံရွာဈေးကွက်သို့ စတင်ဝင်ရောက်နေပါသဖြင့် ကြက်သွန်နီ (သစ်)ဈေးနှုန်းများ အရည်အသွေးပေါ်မူတည်၍ ဈေးနှုန်း ပြောင်းလဲမှု ရှိပါသည်။ ယခုအချိန်တွင် စားအုန်းဆီရည်ညွှန်းဈေးပေါ်မူတည်၍ ဈေးနှုန်းအပြောင်းအလဲရှိပါကြောင်း ချင်းတွင်းရတနာဈေးရှိ လက်လီလက်ကား ရောင်းဝယ်ဖောက်ကား ရောင်းချနေသော ကုန်သည်များထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)     

ငရုတ်စျေးကောင်းသော်လည်း အရောင်းအဝယ်အေးလျက်ရှိ

        မိတ္ထီလာခရိုင်အတွင်း စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည့် ငရုတ်ကို မိတ္ထီလာ၊ မလှိုင်၊ သာစည် ၊ဝမ်းတွင်း မြို့နယ်များတွင်စိုက်ပျိုးကြပြီး ထွက်ရှိသောငရုတ်များကို ယခင်နှစ်များတွင် ပြည်တွင်းအပြင် တရုတ်၊ ထိုင်းနိုင်ငံများအထိ ငရုတ်(အစို)ကိုတင်ပို့ကြကြောင်း၊ ယခုနှစ်တွင် ပြည်ပသို့ တင်ပို့နိုင်ခြင်းမရှိဘဲ ပြည်တွင်းဈေးကွက်သာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ၂၀၂၂-၂၀၂၃ ခုနှစ် ငရုတ်စိုက်ဧက (၁၈၃၉၂)ဧက၊ ရိတ်ဧက( ၈၈၄၆)ဧကရှိပြီး အထွက်စုစုပေါင်း (၂၃၆၄၈၀၂)ပိဿာ ထွက်ရှိကြောင်း၊ ယခုနှစ်လက်ရှိ စျေးကွက်အတွင်းဖြစ်ပေါ်နေသော မိုးထောင်ငရုတ်သီးခြောက် တစ်ပိဿာလျှင် (၁၃၀၀၀)ကျပ်ခန့်ရှိပြီး ယခင်နှစ် မိုးထောင်ငရုတ်သီးခြောက် တစ်ပိဿာလျှင် (၆၀၀၀)ကျပ်ခန့်သာ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ယခင်နှစ်နှင့်ယခုနှစ်နှိုင်းယှဉ်လျှင် မိုးထောင် ငရုတ်သီးခြောက် တစ်ပိဿာလျှင်(၇၀၀၀)ကျပ်ခန့် ဈေးနှုန်းမြှင့်တက်လာကြောင်း ၊ ဈေးနှုန်းမြှင့် တက်လာရခြင်းမှာ စိုက်ပျိုးထုတ်လုပ်မှုလျော့နည်းလာခြင်း၊ သွင်းအားစုများ နှင့် လုပ်သားခများ ဈေးနှုန်းမြင့်မားလာခြင်းကြောင့်ဖြစ်ကြောင်း၊ ယခင်နှစ်ထက် ဈေးကောင်းရရှိသော်လည်း အရောင်းအဝယ်အေးလျက်ရှိကြောင်း ငရုတ်စိုက်ပျိုးထုတ်လုပ်ရောင်းချသူတစ်ဦးထံမှသိရပါသည်။

DOCA(မန္တလေး)

 

“ ပဲစင်းငုံသီးနှံများ လှိုင်လှိုင်ရိတ်သိမ်းခြွေလှေ့နေ ”

         မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်သည် မန္တလေးတိုင်းဒေသကြီးအတွင်း ပဲစင်းငုံးသီးနှံကို ဒုတိယ အများဆုံးစိုက်ပျိုးသော မြို့နယ်ဖြစ်ပြီး၊ ယခုအခါ ရိတ်သိမ်းခြွေလှေ့နေပြီဖြစ်ကြောင်း သိရသည်။ ပဲစင်းငုံကို ဝါ၊ နှမ်း သီးနှံများနှင့်ရော၍ သီးညှပ်အဖြစ်သော်လည်းကောင်း၊ သီးသန့်အဖြစ်သော်လည်း ကောင်း စိုက်ပျိုးကြပါသည်။ ပဲစင်းငုံမှာ စတင်စိုက်ပျိုးသည့် မြေပြင်ကာလတွင်သာ စရိတ်ကုန်ကျမှုရှိ ပြီး သွင်းအားစုအနေနှင့်များစွာ ကုန်ကျမှုမရှိဘဲ ဒေသရာသီဥတုဒဏ်ခံနိုင်သည့် သီးနှံဖြစ်၍ တောင်သူများအနေနှင့် စျေးကွက်အခြေအနေကို မမျှော်ကိုးဘဲ နှစ်စဉ်စိုက်ပျိုးလေ့ရှိပါသည်။

          ယခုနှစ်တွင် ပဲစင်းငုံမှာ အပင်အား၊ အသီးနှုန်းအားကောင်းမွန်သဖြင့် အထွက်နှုန်းမှာလည်း ယခင်နှစ်များထက် ပိုမိုနိုင်မည်ဟု တောင်သူများက ခန့်မှန်းထားပါသည်။ ပဲစင်းငုံသီးနှံမှာ စိုက်စရိတ် သက်သာသကဲ့သို့ ရိတ်သိမ်းခြွေလှေ့ရာတွင်လည်း လုပ်သားစရိတ် သက်သာသောသီးနှံဖြစ်ပါသည်။ ခြွေလှေ့ရာတွင် ခြွေလှေ့သူအား လုပ်သားခအနေနှင့် အပင်ကို ထင်း (လှောင်စာ/အိမ်ခြံစည်းရိုး) အသုံးပြုရန်ပြန်လည်ပေးချေနိုင်ပါသည်။ ပဲစင်းငုံစျေးမှာလည်း စတင်ပေါ်စက တစ်တင်းလျှင် ၅၅၀၀၀ိ/-ရခဲ့ပြီး ယခုလှိုင်ချိန်တွင် ၅၃၀၀၀ိ/-မှ ၅၄၀၀၀ိ/- ရှိသဖြင့် တွက်ခြေကိုက်သီးနှံဖြစ်ကြောင်း သိရသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း