ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

“သပေါ့ဖျာလုပ်ငန်းအားကွင်းဆင်းလေ့လာ”

       ကျောက်ဆည်ခရိုင်၊စားသုံးသူရေးရာဦးစီးဌာနသည် ပြည်တွင်းကုန်သွယ်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရန်နှင့် အငယ်စား၊ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs)ကဏ္ဍာဖွံ့ဖြိုး တိုးတက်ရေးအတွက် ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန  ဝန်ထမ်းများမှ ကျောက်ဆည် မြို့နယ် ၊ မြောင်းဦးကျေးရွာရှိ သပေါ့ဖျာလုပ်ငန်းရှင်များအား တွေ့ဆုံပြီး ကုန်ကြမ်းရရှိမှု၊ ကုန်ချောဖြန့်ဖြူးမှုနှင့် လုပ်ငန်းလည်ပတ်မှုအခြေအနေများအား ကွင်းဆင်းလေ့လာခဲ့ပါသည်။

      ကွင်းဆင်းလေ့လာမှုအရ မြောင်းဦးကျေးရွာ၌ အိမ်ထောင်စု(၃၅၀)ခန့်ရှိပြီး အိမ်တိုင်း သပေါ့ဖျာလုပ်ငန်းကို အပိုဝင်ငွေအဖြစ် လုပ်ဆောင်လျက်ရှိကြောင်း ၊ သပေါ့ဖျာများ ယက်လုပ်ရန်အတွက် ကုန်ကြမ်းအနေဖြင့် ဆပ်သွားဖူးခြုံ(အရိုင်း)များအားအနီး ပတ်ဝန်းကျင်ရှိ မြေလွတ်မြေရိုင်းနှင့် ဆည်မြောင်းဘောင်များတွင် စိုက်ပျိုးပြီးရရှိလျက်ရှိကြောင်း ၊ ကျေးရွာအတွင်းရှိ ပြည်သူများအနေဖြင့် မိမိတို့၏ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများအပြင် သပေါ့ဖျာလုပ်ငန်းအား တစ်နိုင်တစ်ပိုင် ဖြင့် အိမ်တိုင်းယက်လုပ်လျှက်ရှိကြောင်း ၊ သပေါ့ဖျာယက်လုပ်ခြင်းအတွက် ကုန်ကျစရိတ်အနေဖြင့် သပေါ့ဖျာ(ကုန်ကြမ်း) (၁၅)ချပ်စည်း (၁၀)စည်းလျှင် (၁၀၀၀၀၀/-)ကျပ် ၊ လုပ်သားခ နှင့် သယ်ယူပို့ ဆောင်ခ(၂၀၀၀၀၀/-)ကျပ်၊စုစုပေါင်း(၃၀၀၀၀၀/-)ကျပ်ကုန်ကျပြီး၄င်းသပေါ့ဖျာ(ကုန်ကြမ်း)(၁၅)ချပ် စည်း(၁၀)စည်းအား မိသားစုဝင်(၃)ယောက် ယက်လုပ်ပါက တစ်လခန့်ကြာကြောင်း ၊ ကုန်ချော ရောင်းချမှုအနေဖြင့် (၄'×၆')၊(၆'×၆') နှင့် (၃'×၃')သပေါ့ဖျာ အကြီး ၊ အသေး ဆိုဒ်စုံများအား (၁၅)ချပ်စည်း(၁၀)စည်းလျှင်(၅၀၀၀၀၀/-)ကျပ်ခန့်ရရှိပြီး အကျိုးအမြတ်အနေဖြင့်(၂၀၀၀၀၀/-)ကျပ် ခန့်ရရှိကြောင်း၊ မြောင်းဦးကျေးရွာမှထွက်ရှိသော သပေါ့ဖျာများအပြင် အနီးပတ်ဝန်းကျင်ရှိ မင်းစု၊ ကလိုင်ကျော်၊ အင်ရောင်း၊ မြောင်းဘောင်၊ စဉ့်ဦး၊ ကျောက်ကုန်း ကျေးရွာများမှထွက်ရှိသော သပေါ့ဖျာများအားလည်းဝယ်ယူပြီး ပြန်လည်ဖြန့်ဖြူးရောင်းချလျက် ရှိကြောင်း၊ စျေးကွက်အနေဖြင့် ၄င်းကျေးရွာများမှထွက်ရှိသောသပေါ့ဖျာများအား မြန်မာပြည်အနှံ့သို့သွားရောက်ပြီးရောင်းချလျက်ရှိကြောင်း၊သပေါ့ဖျာလုပ်ငန်းအားမိသားစုတစ်နိုင်တစ်ပိုင်လုပ်ငန်းအဖြစ် ဆောင်ရွက်သည့်လုပ်ငန်း ဖြစ်သည့်အတွက် အရင်းအနှီးအနေဖြင့် တစ်ဦးလျှင်(၅၀၀၀၀၀/-)ကျပ်ခန့်ရှိလျှင် လုပ်ငန်းလည်ပတ်နိုင်သည့်အတွက် လုပ်ငန်းရှင်များအတွက် ဝန်ထုတ်ဝန်ပိုးမဖြစ်ဘဲ လုပ်ငန်းများလုပ်ကိုင်လျက်ရှိပါကြောင်း၊ ကျေးရွာတစ်ရွာထုတ်ကုန်တစ်မျိုး (One Village One Product)အနေဖြင့် ရေးသားတင်ပြလိုက်ရပါသည်။

DOCA(မန္တလေး)

 

မိုးညိုမြို့နယ်တွင် ပဲပုတ်ဈေးကောင်းရရှိနေ

      ပဲခူးတိုင်းဒေသကြီး ၊ သာယာဝတီခရိုင်တွင် ၂၀၂၂-၂၀၂၃ ခုနှစ် ၊ ပဲပုတ်စိုက်ဧက ၁၈၄၁၉ စိုက်ပျိုးထားရှိပြီး မိုးညိုမြို့နယ်အနေဖြင့် ၁၁၅၁၂ ဧက စိုက်ပျိုးလျှက်ရှိရာ မိုးညိုမြို့နယ်သည် ပဲပုတ်အများဆုံး စိုက်ပျိုးထားကြောင်း သိရှိရပါသည်။ ယခုအချိန်တွင် မိုးညိုမြို့နယ်ရှိ ပဲပုတ်များ လှိုင်လှိုင်ပေါ်နေပြီ ဖြစ်ပါသည်။

       ပဲပုတ်စိုက်ပျိုးရာတွင် တစ်ဧကကုန်ကျစရိတ်မှာ ကျပ် ၃၀၀၀၀ဝိ-/ ခန့်ရှိကြောင်း သိရှိရပါသည်။ တစ်ဧကအထွက်တင်း ၂၀ ခန့် ထွက်ရှိကြောင်းသိရှိရပါသည်။ ပဲပုတ်တစ်တင်းလျှင် ယခင်နှစ် ရောင်းဈေးမှာ ၄၂၀၀၀ ကျပ်ဖြစ်ပြီး ယခုနှစ် ကွင်းအရောက်ပေါက်ဈေး တစ်တင်းလျှင် ၅၂၀၀၀ကျပ်ခန့် ဖြင့် ရောင်းချရကြောင်း သိရှိရပါသည်။ တစ်ဧကဝင်ငွေမှာ ကျပ်သိန်း ၁၀၀၀၀၀၀ ခန့် ရရှိကြောင်း သိရှိ ရပြီး တစ်ဧက အကျိုးအမြတ်အနေဖြင့် ၇၀၀၀၀၀ ကျပ်ခန့် ရရှိကြောင်း သိရှိရပါသည်။ ပဲပုတ်များကို မြို့ပေါ်ရှိ ကုန်သည်ကြီးများမှ ကွင်းအရောက်ဆင်း၍ ဝယ်ယူပြီး မြို့ပေါ်ပွဲရုံများသို့ သယ်ယူကြပါသည်။ မြို့ပွဲရုံ များမှ တဆင့် ရန်ကုန် ၊ ဘုရင့်နောင်ဈေးကွက်အတွင်းရှိ ပွဲရုံကြီးများသို့ တင်ပို့ရောင်းချကြောင်း သိရှိရပါသည်။ ယခုနှစ် ပဲပုတ်စိုက်တောင်သူများအနေဖြင် ပဲပုတ်ဈေးကောင်းရရှိပြီး အရောင်းအဝယ်များ ကောင်းမွန်ကာ တွက်ခြေကိုက်နေကြကြောင်း ပဲပုတ်စိုက်တောင်သူများထံမှ လေ့လာသိရှိရပါသည်။

DOCA(ပဲခူး)

ရွှေတောင်မြို့နယ်ရှိ ဆောင်းနေကြာစိုက်ပျိုးမှုအားကွင်းဆင်း

            ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ သရက်သုံးပင် ကျေးရွာအုပ်စု၊ လက်ပံပုကျေးရွာရှိ ဆောင်းနေကြာ စိုက်ပျိုးထားမှုအား စားသုံးသူရေးရာဦးစီးဌာန၊ ရွှေတောင်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ဒီဇင်ဘာလတွင် ကွင်းဆင်းလေ့လာခဲ့ပါသည်။

         ရွှေတောင်မြို့နယ်အနေဖြင့် ဆောင်းနေကြာကို ၁၄၃၉ ဧကစိုက်ပျိုးရန်လျာထားပြီး သရက် သုံးပင်အုပ်စုအနေဖြင့် ၁၂၀ ဧက စိုက်ပျိုးမည်ဖြစ်ကြောင်း သိရှိရပါသည်။ ရွှေတောင်မြို့နယ်၊ သရက်သုံးပင်ကျေးရွာအုပ်စု လက်ပံပုကျေးရွာရှိ ဆောင်းနေကြာစိုက်ပျိုးသူတောင်သူ ဦးညွှန့်ဝေ နှင့်တွေ့ဆုံပြီး ၎င်းမှဆောင်းနေကြာ (၃)ဧက စိုက်ပျိုးထားပြီး စိုက်ပျိုးသည့်နေကြာမျိုးမှာ ဆင်းရွှေကြာ- (၂) မျိုးဖြစ်ကြောင်း သိရှိရပါသည်။ ဆောင်းနေကြာတစ်ဧက စိုက်ပျိုးထုတ်လုပ် ကုန်ကျစရိတ်အနေဖြင့် (၂)သိန်းနီးပါးကုန်ကျကြောင်း သိရှိရပါသည်။ တစ်ဧကပျမ်းမျှအထွက်နှုန်း (၁၂)တင်း ခန့်ထွက်ရှိပြီး ယခုလက်ရှိ နေကြာသီးနှံပေါက်ဈေးမှာ တစ်တင်းလျှင် ၃၅၀၀၀ကျပ် ရှိသဖြင့် တစ်ဧကဝင်ငွေမှာ ၄၂၀၀၀၀ကျပ်ခန့် ရရှိသည်ဟု သိရှိရပါသည်။ နေကြာစိုက်ပျိုး သူတောင်သူများအနေဖြင့် အသားတင်အကျိုးအမြတ်မှာ ကျပ်(၂)သိန်းကျော်ရရှိသဖြင့် ၃ဧက စိုက်ပျိုးသူ တောင်သူများအနေဖြင့် ကျပ် ၆သိန်းကျော် ၇သိန်းနီးပါးခန့် ရရှိနိုင်မည်ဟု သိရှိရပါသည်။

       နေကြာသီးနှံသည် ဆီထွက်သီးနှံအမျိုးအစားထဲတွင် တစ်ခုအပါအဝင်ဖြစ်ပြီး စားသုံးဆီဖူလှုံရန်အတွက် နေကြာသီးနှံကို တိုးချဲ့စိုက်ပျိုးပါက စားသုံးဆီဖူလှုံသည့်အပြင် စိုက်ပျိုးသူ တောင်သူများအနေဖြင့် အကျိုးအမြတ်များ ရရှိနိုင်မည်ဖြစ်ကြောင်း လေ့လာသုံးသပ် တင်ပြအပ်ပါသည်။

DOCA(ပဲခူး)

ရွှေတောင်မြို့နယ်ရှိ ကိုင်းခရမ်းချဉ်သီးဈေးကွက်

           ရွှေတောင်မြို့နယ်ရှိ ဧရာဝတီမြစ် အနောက်ဘက်ကမ်းရှိ မြေနုကျွန်းများတွင် ကိုင်းခရမ်းချဉ်သီးများ စိုက်ပျိုးထားရှိပါသည်။ စိုက်ပျိုးထားသော ကိုင်းခရမ်းချဉ်သီးမျိုးများမှာ ထိုင်ဝမ်မျိုးဖြစ်ပြီး တပိုင်တနိုင်သာစိုက်ပျိုးထားကြောင်း သိရပါသည်။ ကိုင်းခရမ်းချဉ် သီးကို ဧကပြတ်စိုက်ပျိုးမည်ဆိုလျှင် တစ်ဧကလျှင် မျိုးစေ့ ၁၀၀ဂရမ်နှုန်းခန့် လိုအပ်ပြီး ခရမ်းချဉ်ပင် ၈၀၀၀-၉၀၀၀အထိ ဝင်ဆံ့ကြောင်း သိရှိရပါသည်။ ခရမ်းချဉ်ပင်ကို စနစ်တကျ ပြုစုစိုက်ပျိုးပါက တစ်ဧကလျှင် ပိဿာ ၅၀၀၀ခန့် ထွက်ရှိနိုင်ကြောင်း သိရှိရပါသည်။ ခရမ်းချဉ်ပင်ကို ဆောင်းရာသီနှင့် နွေရာသီတို့တွင် စိုက်ပျိုးကြပါသည်။ ရွှေတောင်မြို့နယ်ရှိ မြေနုကျွန်းများတွင် ကိုင်းခရမ်းချဉ်သီးကို တော်သလင်းလတွင် စတင်စိုက်ပျိုးပြီး တန်ဆောင်မုန်းလကုန်တွင် စတင်ခူးဆွတ် ရောင်းချပါသည်။ ခရမ်းချဉ်သီး တစ်ပိဿာလျှင် ၅၀၀၀ကျပ်ဈေးဖြင့် ရောင်းချကြောင်း သိရှိရပါသည်။

        ထွက်ရှိလာသောခရမ်းချဉ်သီးများကို ရွှေတောင်မြို့နယ်အတွင်းရှိ ဈေးများတွင်ရောင်းချသလို ပြည်ဈေးကွက်သို့လည်း တင်ပို့ရောင်းချကြောင်း သိရှိရပါသည်။ မြေနုကျွန်းများပေါ်တွင် တစ်ပိုင်တစ်နိုင် ခရမ်းချဉ်သီးစိုက်ပျိုးခြင်းဖြင့် ရာသီချိန်ဝင်ငွေရရှိ၍ စိုက်ပျိုးဧက တိုးချဲ့ စိုက်ပျိုးသင့်ပါကြောင်း ရေးသားလိုက်ရပါသည်။

DOCA(ပဲခူး)

ယခုတစ်ပတ် ညောင်လေးပင်ခရိုင် စပါး/ဆန်ဈေးနှုန်း

       ယခုတစ်ပတ် ညောင်လေးပင်မြို့နယ်အတွင်း ဆင်းသုခ စပါးသစ်ဈေးနှုန်းများအနေဖြင့် (၄၆) ပေါင် တင်း၁၀၀လျှင် ၁၁၂၀၀၀ဝိ-/ ကျပ်ခန့် ဖြစ်ပြီး ၊ ဆင်းသုခ ဆန်ဟောင်းတစ်အိတ် ထိပ်စလျှင် ၅၁၀၀ဝိ-/ ကျပ် ၊ ဆင်းသုခ ဆန်သစ်တစ်အိတ်လျှင်၄၄၀၀ဝိ-/ ကျပ် ၊ ဆန်ကွဲကြီး တစ်အိတ်လျှင် ၃၉၅၀ဝိ-/ ကျပ် ၊ ဆန်ကွဲသေး တစ်အိတ်လျှင် ၃၈၅၀ဝိ-/ ကျပ် ၊ ဖွဲနုတစ်အိတ်လျှင် ၂၁၀၀ဝိ-/ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

         ယခုတစ်ပတ် ဒိုက်ဦးမြို့နယ်အတွင်း ဆင်းသုခ (၅၀)ပေါင် တင်း၁၀၀လျှင် ၁၁၁၅၀၀ဝိ-/ ကျပ်ခန့် ဖြစ်ပြီး ၊ ဆင်းသုခ ဆန်တစ်အိတ်လျှင် ၄၂၀၀ဝိ-/ ကျပ် ၊ ဆန်ကွဲကြီး တစ်အိတ်လျှင် ၃၇၅၀ဝိ-/ ကျပ် ၊ ဆန်ကွဲသေး တစ်အိတ်လျှင် ၃၆၀၀ဝိ-/ ကျပ် ၊ ဖွဲနုတစ်အိတ်လျှင် ၁၈၀၀ဝိ-/ ကျပ်ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

တညင်းကုန်းလက်ကားဈေးကြီးတွင် ရက်သတ္တပတ်အတွင်းရောင်းချနေသော ကုန်ဈေးနှုန်းအခြေအနေ

       အင်းစိန်မြို့နယ်ရှိ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ဇန်နဝါရီလ(၄)ရက်နေ့မှ ဇန်နဝါရီလ(၁၀)ရက်အတွင်း ညောင်တုန်း၊ မှော်ဘီ၊ သာရဝေါ၊ ညောင်နှစ်ပင်ကျေးရွာ၊ ကြာကန်စု ကျေးရွာ၊ နေပြည်တော်၊ တပ်ကုန်း၊ ရွှေဒါး၊  မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊ လက်ပံတန်း၊ မင်းလှ၊ ဝါးနက်ချောင်း၊ မော်လမြိုင်၊ မန္တလေး၊ အုတ်ဖိုနှင့် ရှမ်းပြည်နယ်တို့မှ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်များ အများဆုံးဝင်ရောက် ရောင်းချနေကြောင်း သိရှိရပါတယ်။ ထိုသို့ဝင်ရောက်ရာတွင် ယခုရက်သတ္တပတ်အတွင်း ခရမ်းချဉ်သီးထိုင်ဝမ်(ပိဿာ)ကျပ် ၁၂၀၀ မှ ၂၄၀၀ အတွင်း၊ ဂေါ်ဖီထုပ်(တစ်ထုပ်)ကျပ် ၅၀၀ မှ ၁၀၀၀ အတွင်း၊ ပန်းဂေါ်ဖီ(ထုပ်)ကျပ် ၆၀၀ မှ ၁၂၀၀ အတွင်း၊ အာလူး(ပိဿာ)ကျပ် ၁၈၀၀ မှ ၂၃၀၀ အတွင်း၊ မုန့်လာဉနီ(ပိဿာ) ကျပ် ၁၂၀၀ မှ ၁၈၀၀ အတွင်း ရွှေဖရုံသီး(လုံး)ကျပ် ၁၀၀၀ မှ ၆၀၀၀ အတွင်း၊ ဗူးသီး(လုံး) ကျပ် ၅၀၀ မှ ၃၀၀၀ အတွင်း၊ မုန်ညှင်း(ထုပ်)(ပိဿာ)ကျပ် ၁၂၀၀ မှ ၂၀၀၀ အတွင်း၊ ကြက်သွန်နီ(ဆိပ်ဖြူ)ကျပ် ၂၀၀၀ မှ ၂၆၀၀ အတွင်း၊ ကြက်သွန်ဖြူ(ရှမ်း)(ပိဿာ)ကျပ် ၄၀၀၀ မှ ၄၅၀၀ အတွင်း၊ ကြက်သွန်ဖြူ (ကြူကုတ်) (ပိဿာ) ကျပ် ၃၅၀၀ မှ ၃၈၀၀ အတွင်း၊ ချင်း(ပိဿာ)ကျပ် ၁၅၀၀ မှ ၁၈၀၀ အတွင်း၊ ဆလပ်ရွက် (စီး) ကျပ် ၁၅၀ မှ ၃၅၀ အတွင်း၊ ချဉ်ပေါင်ရွက်(စီး) ကျပ် ၆၅ မှ ၁၂၀ အတွင်း၊ ခရမ်းသီး  (ရှည်)(ပိဿာ)ကျပ် ၁၀၀၀ မှ ၁၈၀၀ အတွင်း၊ သံပရာသီး(လုံး)ကျပ် ၄၀ မှ ၂၀၀ အတွင်း၊ ငရုတ်သီး စိမ်း (ကျောက်စိမ်း) (ပိဿာ)ကျပ် ၂၀၀၀ မှ ၂၅၀၀ အတွင်း၊ ဖရဲသီး (အကြီး၊ အလတ်၊ အသေး)ကျပ် ၁၅၀၀မှ ၇၀၀၀ အတွင်းဖြစ်ကြောင်း သိရှိရပါတယ်။ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ယခု ရက်သတ္တပတ်အတွင်း သံပုရာသီးအလုံးပေါင်း(၁၉၃၇၀၀)ကျော်၊ ခရမ်းသီး(ရှည်) (ပိဿာ)(၉၄၆၀) ကျော်၊ ဗူးသီးအလုံးပေါင်း (၃၃၂၀)ကျော်၊ ရွှေဖရုံသီးအလုံးပေါင်း(၂၇၉၅)ကျော်၊ ဂေါ်ဖီထုပ်ပေါင်း (၄၆၉၀၀)ကျော်၊ ပန်းဂေါ်ဖီထုပ်ပေါင်း (၁၆၃၀၀)ကျော်၊ မုန်ညှင်းထုပ်(ပိဿာ)ပေါင်း (၁၁၅၆၅)ကျော်၊ ဖရဲသီးလုံးပေါင်း (၂၄၀၀၀)ကျော်  အသီးသီးကုန်အဝင်ရှိကြောင်း သိရပါတယ်။

DOCA(ရန်ကုန်)

 

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နေသော စပါး/ဆန်ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

         စစ်ကိုင်းတိုင်းဒေသကြီးသည် ဆန်ပိုဒေသများဖြစ်သော ကလေး၊ ကသာ၊ ကန့်ဘလူနှင့် ရွှေဘို ခရိုင်များအနေဖြင့်  ရွှေဘိုခရိုင်၊ ကန့်ဘလူခရိုင်နှင့် မုံရွာခရိုင်တို့တွင် စပါး/ဆန်ဈေး အနည်းငယ်တက်နေ ပြီး၊ ကျန်ခရိုင် များတွင် ဈေးအေးနေကြောင်း သိရပါသည်။

      စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဒီဇင်ဘာလ(နောက်ဆုံး)ပတ်တွင် ဖြစ်ပေါ်နေသော စပါး/ ဆန် ဈေးနှုန်းများမှာ ရွှေဘိုခရိုင်တွင် ရွှေဘိုပေါ်ဆန်း(စပါး) (ဟောင်း) တင်း၁၀၀လျှင် ကျပ်(၂၆၀၀၀၀၀)၊ ပေါ်ဆန်း (ဆန်) (ဟောင်း)  ၂၄  ပြည်ပါတစ်အိတ်လျှင်ကျပ်  ၉၀၀၀၀၊  ရွှေဘိုပေါ်ဆန်း(စပါး) (သစ်) တင်း၁၀၀လျှင် ကျပ်(၁၆၀၀၀၀၀)၊ ပေါ်ဆန်း(ဆန်)(သစ်)၊ ၂၄ ပြည်ပါ တစ်အိတ်လျှင်ကျပ်  ၅၈၀၀၀၊ ဧရာ မင်း(စပါး) (ဟောင်း) တင်း ၁၀၀လျှင် ၁၄၅၀၀၀၀၊ ဧရာမင်း(ဆန်) (ဟောင်း)  ၂၄ ပြည်ပါ တစ်အိတ် ကျပ် ၆၅၀၀၀၊ ဧရာမင်း(စပါး)(သစ်) တင်း ၁၀၀လျှင် ၁၀၅၀၀၀၀၊ ဧရာမင်း(ဆန်) (သစ်)  ၂၄ ပြည်ပါ တစ်အိတ် ကျပ် ၄၅၀၀၀၊ ရေဦးမြို့မှ ပေါ်ဆန်း(စပါး)(ဟောင်း)တင်း ၁၀၀လျှင် ကျပ် ၂၃၀၀၀၀၀၊ ပေါ်ဆန်း(ဆန်) (ဟောင်း)  တစ်အိတ်လျှင်ကျပ် ၈၀၀၀၀၊  ပေါ်ဆန်း(စပါး)(သစ်)  တင်း ၁၀၀လျှင် ကျပ် ၁၄၅၀၀၀၀၊ ပေါ်ဆန်း (ဆန်) (သစ်) တစ်အိတ်လျှင်ကျပ် ၅၀၀၀၀၊  ဧရာမင်း(စပါး)(ဟောင်း) တင်း၁၀၀လျှင် ၁၃၀၀၀၀၀၊ ဧရာမင်း (ဆန်)(ဟောင်း)၂၄ ပြည် ပါ တစ်အိတ်  ၅၈၀၀၀၊ ဧရာမင်း (စပါး)(သစ်) တင်း၁၀၀ လျှင် ၁၀၀၀၀၀၀၊ ဧရာမင်း (ဆန်)(သစ်)၂၄ ပြည် ပါ တစ်အိတ်  ၄၀၀၀၀ ကျပ်များဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်းသိရပါသည်။

       ကလေးခရိုင်၊ ကလေးမြို့နယ်မှ ဧည့်မထ(စပါး)(ဟောင်း) တင်း၁၀၀ လျှင် ၁၀၅၀၀၀၀၊ ဧည့်မထ (ဆန်)(ဟောင်း)‌ ၂၄ ပြည်ပါ တစ်အိတ်မှာ ကျပ် ၄၄၀၀၀၊ ဧည့်မထ(စပါး)(သစ်) တင်း၁၀၀ လျှင် ၁၀၀၀၀၀၀၊ ဧည့်မထ(ဆန်)(သစ်)‌ ၂၄ ပြည်ပါ တစ်အိတ်မှာ ကျပ် ၃၇၀၀၀၊ ငစိန်(စပါး)(ဟောင်း)တင်း ၁၀၀ လျှင် ၉၅၀၀၀၀ ၊ ငစိန်(ဆန်)(ဟောင်း)၂၄ပြည်ပါ တစ် အိတ်မှာ ၄၀၀၀၀၊ ငစိန်(စပါး)(သစ်)တင်း ၁၀၀ လျှင် ၉၅၀၀၀၀ ၊ ငစိန်(ဆန်)(သစ်)၂၄ပြည်ပါ တစ် အိတ်မှာ ၃၅၀၀၀၊ ဧရာမင်း (စပါး)(ဟောင်း) တင်း ၁၀၀ လျှင် ကျပ် ၁၃၅၀၀၀၀၊ ဧရာမင်း(ဆန်)(ဟောင်း)၂၄ပြည်ပါ တစ်အိတ် မှာကျပ် ၅၅၀၀၀၊ ၃၅၀၀၀၊ ဧရာမင်း (စပါး)(သစ်) တင်း ၁၀၀ လျှင် ကျပ် ၁၀၅၀၀၀၀၊ ဧရာမင်း(ဆန်)(သစ်)၂၄ပြည်ပါ တစ်အိတ်မှာကျပ် ၄၁၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

       ကသာခရိုင်၊ အင်းတော်မြို့နယ်မှ မှော်ဘီ(၂)(စပါး)(သစ်) တင်း ၁၀၀ လျှင် ကျပ်၉၀၀၀၀၀၊ မှော်ဘီ(၂)(သစ်) ဆန် ၂၄ပြည် တစ်အိတ် လျှင် ကျပ် ၄၀၀၀၀၊ ဆင်းဧကရီ(၃)(စပါး) (သစ်) တင်း၁၀၀ လျှင် ကျပ် ၈၅၀၀၀၀၊ ဆင်းဧကရီ-၃(သစ်) ဆန် ၂၄ပြည်တစ်အိတ်မှာကျပ် ၃၆၀၀၀၊ ဧရာမင်း (စပါး)(သစ်)တင်း ၁၀၀ လျှင် ကျပ် ၁၀၀၀၀၀၀၊ ဧရာမင်း(ဆန်)(ဟောင်း) ၂၄ ပြည်ဆန်တစ်အိတ်လျှင် ကျပ် ၅၀၀၀၀ ဖြင့် အရောင်း အဝယ်ဖြစ်နေကြောင်း သိရပါသည်။

     မုံရွာခရိုင်၊ မုံရွာမြို့တွင် ဧရာမင်း(စပါး)(ဟောင်း) တင်း ၁၀၀ လျှင် ကျပ် ၁၅၀၀၀၀၀၊  ဧရာမင်း (ဆန်)(ဟောင်း) ၂၄ပြည် တစ်အိတ်မှာ ကျပ် ၆၁၀၀၀၊ ဧရာမင်း(စပါး)(သစ်) တင်း ၁၀၀ လျှင် ကျပ် ၁၃၀၀၀၀၀၊  ဧရာမင်း (ဆန်)(သစ်) ၂၄ပြည် တစ်အိတ်မှာ ကျပ် ၅၀၀၀၀၊ ပေါ်ဆန်း(စပါး) (ဟောင်း)တင်း ၁၀၀လျှင် ကျပ် ၂၂၀၀၀၀၀၊ ပေါ်ဆန်း(ဆန်)(ဟောင်း) ၂၄ပြည် တစ်အိတ်လျှင် ကျပ် ၈၃၀၀၀၊ ပေါ်ဆန်း (စပါး) (သစ်) တင်း ၁၀၀ လျှင် ကျပ် ၁၅၅၀၀၀၀၊  ဧရာမင်း (ဆန်)(သစ်) ၂၄ပြည် တစ်အိတ်မှာ ကျပ် ၆၃၀၀၀၊ မနောသုခ (စပါး)(ဟောင်း)တင်း ၁၀၀လျှင် ကျပ် ၁၂၅၀၀၀၀၊ မနောသုခ (ဆန်)(ဟောင်း)၂၄ ပြည် တစ်အိတ်လျှင် ကျပ်၄၅၀၀၀၊  မနောသုခ(စပါး)(သစ်) တင်း ၁၀၀လျှင် ကျပ် ၁၁၅၀၀၀၀၊ မနောသုခ (ဆန်)(သစ်)၂၄ ပြည် တစ်အိတ်လျှင် ကျပ်၄၀၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါ သည်။

     ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ဧရာမင်း(စပါး)(ဟောင်း)တင်း ၁၀၀ လျှင် ကျပ် ၁၂၅၀၀၀၀၊  ဧရာမင်း (ဆန်)(ဟောင်း)၂၄ပြည် တစ်အိတ်မှာ ကျပ် ၆၀၀၀၀၊ ဧရာမင်း(စပါး)(သစ်)တင်း ၁၀၀ လျှင် ကျပ် ၁၁၀၀၀၀၀၊  ဧရာမင်း (ဆန်)(သစ်)၂၄ပြည် တစ်အိတ်မှာ ကျပ် ၄၅၀၀၀၊ ပေါ်ဆန်း(စပါး)(ဟောင်း) တင်း ၁၀၀လျှင် ကျပ် ၂၃၀၀၀၀၀၊ ပေါ်ဆန်း (ဆန်)(ဟောင်း) ၂၄ပြည် တစ်အိတ်လျှင် ကျပ် ၈၂၀၀၀၊ ပေါ်ဆန်း(စပါး)(သစ်) တင်း ၁၀၀လျှင် ကျပ် ၁၆၀၀၀၀၀၊ ပေါ်ဆန်း (ဆန်)(သစ်) ၂၄ပြည် တစ်အိတ်လျှင် ကျပ် ၆၀၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်းသိရပါသည်။

      စစ်ကိုင်းတိုင်းဒေသကြီးမှအခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ဇန်နဝါရီလ(ပထမ)ပတ် တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၃၉၀၀၀၊ မန္တလေး သို့ အိတ်ရေ ၈၃၄၀၀၊ မကွေး သို့ အိတ်ရေ ၁၀၀၀၊ နေပြည်တော်သို့ အိတ်ရေ ၁၁၀၀၀၊ ရှမ်း (တောင်)သို့ အိတ်ရေ ၁၀၀၀၀၊ ရှမ်း(မြောက်)သို့အိတ်ရေ ၁၀၀၀၀၊ ကချင်သို့ အိတ်ရေ ၁၀၀၀၀၊ စုစုပေါင်းအိတ်ရေ (၁၆၄၄၀၀)အိတ်၊ တန်အားဖြင့် (၈၂၂၀)စီးထွက်ခဲ့ပြီး၊ ယခု ဇန်နဝါရီလ (ဒုတိယ)ပတ် တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၅၆၀၀၀၊ မန္တလေး သို့ အိတ်ရေ ၆၆၀၀၀၊ မကွေး သို့ အိတ်ရေ ၁၀၀၀၊ နေပြည်တော်သို့ အိတ်ရေ ၁၂၀၀၀၊ ရှမ်း (တောင်)သို့ အိတ်ရေ ၁၀၅၀၀၊ ရှမ်း(မြောက်)သို့အိတ်ရေ ၁၀၅၀၀၊ ကချင်သို့ အိတ်ရေ ၄၀၀၀၊ စုစုပေါင်းအိတ်ရေ (၁၅၄၆၀၀)အိတ်၊ တန်အားဖြင့် (၇၇၃၀)စီးထွက်ခဲ့သည့်အတွက် ယခင်ပတ်နှင့် နှိုင်းယှဉ် လျှင် ယခုပတ်တွင် အိတ်ရေ (၉၈၀၀) တန်အားဖြင့် (၄၉၀) လျော့နည်း စီးထွက်ခဲ့ပါကြောင်း သိရှိရပါသည်။  

DOCA(စစ်ကိုင်း)

ရွှေဘိုခရိုင်အတွင်း စပါး/ဆန် ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

       ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များ၌ ဇန်နဝါရီလ ‌ဒုတိယပတ်တွင် စပါး /ဆန် ဈေးနှုန်းမှာ အနည်းငယ် မြင့်တက်နေပါသည်။ ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ဇန်နဝါရီလ ပထမပတ်တွင် ရန်ကုန်သို့ အိတ်ရေ ၅၀၆၀၀ ၊ မန္တလေးသို့ အိတ်ရေ၄၁၀၀၀၊ နေပြည်တော်သို့ အိတ်ရေ ၁၂၀၀၀၊ ရှမ်း(တောင်)သို့ အိတ်ရေ ၁၀၅၀၀၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၁၀၅၀၀၊ ပခုက္ကူသို့ အိတ်ရေ ၁၀၀၀၊ စုစုပေါင်းအိတ်ရေ ၁၂၅၆၀၀၊ တန်အားဖြင့် ၆၂၈၀တန် စီးထွက်ခဲ့ပါသည်။ယခုအပတ်တွင် ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့အိတ်ရေ ၄၃၀၀၀၊ မန္တလေးသို့ အိတ်ရေ ၅၃၀၀၀၊ နေပြည်တော်သို့ အိတ်ရေ၁၂၀၀၀ ၊ ရှမ်း(တောင်)သို့ အိတ်ရေ၁၀၀၀၀ ၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၁၀၀၀၀၊ပခုက္ကူသို့ အိတ်ရေ ၁၀၀၀ ၊ စုစုပေါင်းအိတ်ရေ ၁၂၉၀၀၀၊ တန်အားဖြင့် ၆၄၅၀တန် စီးထွက်ခဲ့သည့် အတွက် ယခင်အပတ်နှင့် နှိုင်းယှဉ်လျင် ယခုအပတ်အတွင်း အိတ်ရေ ၃၄၀၀၊ တန်အားဖြင့် ၁၇၀တန် ပို၍စီးထွက်ခဲ့ပါသည်။

          ရွှေဘိုမြို့၏ ဇန်နဝါရီလ ဒုတိယပတ်တွင် ဖြစ်ပေါ်နေသော စပါး/ဆန်  ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်းစပါး တင်း၁၀၀လျှင် ကျပ်၂၆၀၀၀၀၀၊ ရွှေဘိုပေါ်ဆန်း ဆန်၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၈၈၀၀၀၊ ဧရာမင်းစပါး တင်း၁၀၀လျှင်ကျပ်၁၄၅၀၀၀၀၊ ဧရာမင်းဆန် ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၆၅၀၀၀၊ ရွှေဘိုပေါ်ဆန်းစပါး(သစ်) တင်း၁၀၀လျှင်ကျပ် ၁၆၅၀၀၀၀၊ ရွှေဘိုပေါ်ဆန်းဆန်(သစ်) ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၅၈၀၀၀ ၊ ဧရာမင်း စပါး (သစ်) တင်း၁၀၀လျှင်ကျပ် ၁၁၀၀၀၀၀၊ ဧရာမင်းဆန် (သစ်)၂၄ပြည်ပါ တစ်အိတ်လျှင်ကျပ်၄၇၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

သီရိမင်္ဂလာဈေးရှိ သစ်သီးဝလံဈေးနှုန်းများ

        ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် သီရိမင်္ဂလာဈေးတွင် ဇန်နဝါရီလ ( ၄ ) ရက်နေ့မှ ဇန်နဝါရီလ ( ၁၀ ) ရက်နေ့အထိဖြစ်ပေါ်ခဲ့သော သစ်သီးဝလံဈေးနှုန်းများမှာ ရေတာရှည်၊ မြင်းခြံ မှ ဖရဲသီး (855) အလုံးကြီး ကျပ် ၈၀၀၀ ၊ အလုံးလတ် ကျပ် ၇၀၀၀ ၊ အလုံးသေး ကျပ် ၅၀၀၀ ၊ ဝေါ၊ မင်းလှ၊ ဟင်္သာတ မှ ဖရဲသီး (211) အလုံးကြီး ကျပ် ၄၀၀၀၊ အလုံးလတ် ကျပ် ၃၀၀၀ ၊ အလုံးသေး ကျပ် ၁၅၀၀ မှ ၁၀၀၀ ၊ မှော်ဘီ၊ တိုက်ကြီး မှ မာလကာသီး အလုံးကြီး ကျပ် ၅၀၀၊ အလုံးလတ် ကျပ် ၄၀၀ ၊ အလုံးသေး ကျပ် ၃၀၀ မှ ၂၀၀ ၊ သီပေါ မှ နာနတ်သီး အလုံးကြီး ကျပ် ၁၃၀၀ ၊ အလုံးလတ် ကျပ် ၁၀၀၀ ၊ အလုံးသေး  ကျပ် ၈၀၀ ၊ မော်လမြိုင် မှ ကျွဲကောသီး အလုံးကြီး ကျပ် ၃၀၀၀ မှ ၂၅၀၀၊ အလုံး လတ် ကျပ် ၂၀၀၀ မှ ၁၅၀၀ ၊ အလုံးသေး ကျပ် ၁၀၀၀ မှ ၇၀၀၊ ၅၀၀၊ ပဲခူး(ဘုရားကြီး) မှ စိမ်းစားဥ အလုံးကြီး ၁ တွဲ ကျပ် ၇၀၀၊ တွံတေး၊ ပန်းတိုင်  (လှိုင်သာယာ) မှ သခမသီး အလုံးကြီး တစ်ခြင်း ၂၅ လုံး မှ ၃၅ လုံးပါ ကျပ် ၁၈၀၀၀၊ အလုံးလတ် ၄၀ လုံး မှ ၄၅ လုံးပါ ကျပ် ၁၇၀၀၀၊ အလုံးသေး ၆၀ လုံး မှ ၇၀ လုံးပါ ကျပ် ၁၆၀၀၀၊ ဆင်ဖြူကျွန်း မှ  ဇီးသီး (စလေ)   အလုံးကြီးတစ်ခြင်း ၈ ပြည် ပါ ကျပ်  ၁၂၀၀၀၊ ပြည် မှ ဇီးသီး (အချဉ်သီး) အလုံးကြီး သေတ္တာ ၁၃ ပြည်ပါ ကျပ် ၁၃၀၀၀၊ မြစ်သား မှ ပဲမြစ် တစ်ပိဿာ အလုံးကြီး ကျပ် ၂၅၀၀၊ အလုံးလတ် ကျပ် ၂၀၀၀ ၊ အလုံးသေး ကျပ် ၁၅၀၀၊ ပြင်ဦးလွင်မှ စတော်ဘယ်ရီ အလုံးကြီး တစ်ခြင်း ၅ ပိဿာပါ ကျပ် ၅၅၀၀၀၊ ပြင်ဦးလွင် မှ စတော်ဘယ်ရီ အလုံး ကြီးတစ်ဗူး ၁၈ ကျပ်သားပါ ကျပ် ၁၇၀၀ ဈေးတို့ရှိကြောင်း သီရိမင်္ဂလာဈေးရှိ မြန်မာနိုင်ငံသစ်သီး ဝလံပန်းမန်ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (MFVP) မှ သိရှိရပါ သည်။

DOCA(ရန်ကုန်)

 

သိမ်ဖြူဈေးတွင်ဖြစ်ပေါ်နေသော ကြက်သွန်ဖြူ/နီလက်ကားဈေး

         ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွှန့်မြို့နယ် သိမ်ဖြူဈေးကြီးအတွင်း ကြက်သွန်ဖြူ၊ ကြက်သွန်နီများအား ကား၊ ရထားတို့ဖြင့် ဘုရင့်နောင်ကုန်စည်ဒိုင်နှင့် ရှမ်းပြည်နယ်တို့မှ နေ့စဉ်ဝင်ရောက်လျက်ရှိပြီး လက်လီလက်ကား ပြန်လည်ရောင်းချလျက်ရှိရာ ၂၉.၁၂.၂၀၂၂ မှ ၅.၁.၂၀၂၃ ရက်အထိ ကြက်သွန်နီ(ဆိပ်ဖြူ)အဝင် (၃၃၆၀၀)ပိဿာနှင့် ကြက်သွန်ဖြူ(ကြူကုတ်) (၁၀၅၀၀) ပိဿာ ဝင်ရောက်ခဲ့ပြီး ကြက်သွန်နီ(ဆိပ်ဖြူ)လက်ကားဈေးမှာ ၁ပိဿာလျှင် ၂၇၀၀ ကျပ်မှ ၃၉၀၀ ကျပ်ထိ ဖြစ်၍ ကြက်သွန်ဖြူ(ကြူကုတ်) လက်ကားဈေးမှာ ၁ပိဿာလျှင် ၃၆၀၀ ကျပ်မှ ၃၈၀၀ ကျပ်ထိ၊ ၆.၁.၂၀၂၃ မှ ၁၁.၁.၂၀၂၃ ရက်အထိ ကြက်သွန်နီ(ဆိပ်ဖြူ)အဝင် (၂၈၅၀၀) ပိဿာနှင့် ကြက်သွန်ဖြူ(ကြူကုတ်) (၉၄၀၀) ပိဿာ ဝင်ရောက်ခဲ့ပြီး ကြက်သွန်နီ (ဆိပ်ဖြူ) လက်ကားဈေးမှာ ၁ပိဿာလျှင် ၂၇၀၀ ကျပ်မှ ၄၀၀၀ ကျပ်ထိ ဖြစ်၍ ကြက်သွန်ဖြူ(ကြူကုတ်) လက်ကားဈေးမှာ ၁ပိဿာလျှင် ၃၀၀၀ ကျပ်မှ ၄၀၀၀ ကျပ်ထိရှိခဲ့ပြီး ကြက်သွန်နီနှင့် ကြက်သွန်ဖြူဈေးနှုန်းများမှာ တည်ငြိမ်လျက်ရှိကြောင်းနှင့် တနင်္ဂနွေနေ့တွင် ကုန်အဝင်မရှိကြောင်း ဈေးတာဝန်ခံရုံးမှ သိရှိရပါသည်။

DOCA(ရန်ကုန်)

 

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း