သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်၊ (ရုံးချုပ်)မှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်အောင်နှင့် အဖွဲ့သည် (၂၄.၄.၂၀၂၄ ရက်နေ့မှ ၂၅.၄.၂၀၂၄) နေ့တွင် ဧရာဝတီတိုင်းဒေသကြီး ၊ တိုင်းဒေသကြီး ဦးစီးမှူးရုံးမှ ဝန်ထမ်းများနှင့် တွေ့ဆုံခြင်း၊ မအူပင်ခရိုင်အတွင်းရှိ ငါးကန်များအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ဧရာဝတီတိုင်း၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဖျာပုံခရိုင် ဦးစီးမှူး ဦးထွေးသိမ်းနှင့် ဝန်ထမ်းများသည် ၂၀၂၄ ခုနှစ်၊ ဧပြီလ(၂၃) ရက်နေ့၊နံနက် (၁၁:၀၀) နာရီ အချိန်တွင် ဘိုကလေးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနရုံးတွင် ဆန်စက်လုပ်ငန်းရှင်အသင်းနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူပြည်သူများအတွက် ကုန်စည်နှင့်ဝန်ဆောင်မှုများအသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ လုံခြုံစိတ်ချရမှုရှိစေရေးအတွက် အစဉ်ဆောင်ရွက်လျက်ရှိပါသည်။ စားသုံးသူများအတွက် လုံခြုံစိတ်ချရမှုမရှိသောကုန်စည်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)၊ အခန်း(၁၈)၊ ပုဒ်မ ၄၁ပါ ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှုမရှိသောကုန်စည်များကိုထုတ်လုပ်ဖြန့်ဖြူးခြင်း၊ ထိုသို့သောပစ္စည်းများကို ဈေးကွက်အတွင်း တင်သွင်းရောင်း
ဖျာပုံခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၂၀၂၄ ခုနှစ်၊ ဧပြီလ(၂၂) ရက်၊နံနက် (၁၀:၃၀) အချိန်တွင် ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ဖျာပုံမြို့နယ်၊ မြို့ပေါ်ရပ်ကွက် စတိုးဆိုင်များရှိ စားသုံးဆီ(ဘူးဆီ) အရောင်းဆိုင်များအား ဌာနဆိုင်ရာများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံသည် ၂၀၂၄ ခုနှစ်၊ ဧပြီလ(၂၃)ရက်၊ နေ့လယ်(၁၅:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံရုံးတွင် ငါးရံ့ခြောက်ဖုတ်လုပ်ငန်းရှင်အသင်းနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။