သတင်းနှင့် လှုပ်ရှားမှုများ
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင် ကော့မှူးမြို့နယ် စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်ရှိ ကုန်ပစ္စည်းအရောင်းဆိုင်များသို့ ပလတ်စတစ်ပစ္စည်းများ အလွန်အကျွံသုံးစွဲခြင်း ကြောင့် ကြုံတွေ့ရမည့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုအန္တရာယ်လျော့နည်းစေရေးအတွက် ဈေးရောင်း၊ ဈေးဝယ် စားသုံးသူပြည်သူများကို ပလတ်စတစ်သုံးစွဲမှုလျှာ့ချရေး အသိပညာပေးခြင်းကို မတ်လ (၂၇)ရက်နေ့၊ နံနက်(၀၉:၃၀)အချိန်တွင် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့က ကွင်းဆင်းအသိပညာပေးခြင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး လက်အောက်ရှိ သန်လျင်မြို့နယ်၌ တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီမှ ကြီးမှူးကျင်းပသည့် ကင်းထောက်လူငယ်သင်တန်း ဖွင့်ပွဲအခမ်းအနားကို သန်လျင်မြို့နယ်၊ အ.ထ.က(၁) ကျောင်းရှိ ရတနာရှင်းသန့်ခန်းမ၌ မတ်လ(၂၅)ရက်နေ့၊ နံနက်(၀၉:၃၀)အချိန်တွင် ကျင်းပပြုလုပ် ခဲ့ကြောင်း သိရှိရပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့၌ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် မြို့နယ်တာဝန်ခံ ဦးချစ်ကိုကိုနှင့် ဝန်ထမ်းများသည် (၂၈-၃-၂၀၂၄) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် မြို့မဈေးအပြင်တန်းရှိ ဆေးနှင့်ဆေးပစ္စည်းဆိုင်များဖြစ်သော ဒီလှိုင်းစတိုး၊ ကိုဖိုးချိုဆေးဆိုင်များသို့သွားရောက်၍ ဆေးပစ္စည်းများ၌ ကုန်အညွှန်းအမှတ်အသားများပြည်စုံစွာဖော်ပြခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။ စားသုံးသူများအနေဖြင့် တိကျမှန်ကန်ရှင်းလင်းသော သတင်းအချက်များသိရှိစေရန်၊
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးကော်မတီ၏ (၄/၂၀၂၃)ကြိမ်မြောက်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ကုန်သွယ်မှုလမ်းကြောင်း၌ E-Lock စနစ်တွင် လုပ်ငန်းဆောင်ရွက်နိုင်မည့် ကုန်တင်ယာဉ်အားလုံးမှတ်ပုံတင်ပြီး သတ်မှတ်အသင်းဝင်ဖြစ်လာစေရေး တွန်းအားပေးဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့မှုအပေါ် မြန်မာနိုင်ငံအဝေးပြေးကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်များအသင်းချုပ်သည် သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်/ခရိုင်များအလိုက် အဝေးပြေးကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်များအသင်းကို ဦးဆောင်ဖွဲ့စည်းပေးလျက်ရှိပါသည်။
ဆန်အခြေခံမှထုတ်လုပ်သည့် မုန့်ဖတ်ခြောက်များထုပ်ပိုးမှုစနစ်နှင့် အရည်အသွေးမြှင့်တင်ရေးအလုပ်ရုံဆွေးနွေးပွဲကို ၂၀၂၄ခုနှစ်၊ မတ်လ ၂၅ရက်နေ့တွင် တောင်ငူမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ နတ်သျှင်နောင်ခန်းမ၌ကျင်းပပြုလုပ်ခဲ့ရာ တောင်ငူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးညီညီလွင်စိုးတက် ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။