Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
20 Feb 2024

      ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ၊ ကြို့ပင်ကောက်မြို့နယ် မြို့မဈေးအပြင်ဘက်ရှိ ဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင်(၅)ဆိုင်အား ထွေအုပ်၊ ကျန်းမာရေး၊ စည်ပင်ဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်း(၁)ဦးတို့သည် (၁၅.၂.၂၀၂၄) ရက်နေ့ နံနက်ပိုင်းတွင် ကွင်းဆင်း ဆောင်ရွက်ခဲ့ပါသည်။

20 Feb 2024

    ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ပေါ်ရှိ စက်သုံးဆီဆိုင်များအား (၁၃.၂.၂၀၂၄)ရက်နေ့ ၊နံနက်(၀၉:၀၀)ချိန်တွင် လားရှိုးခရိုင် ရေနံထွက်ပစ္စည်းများ တင်သွင်းသိုလှောင်သယ်ယူချက်လုပ်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေးဆပ်ကော်မတီအဖွဲ့ဝင်များမှ ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

20 Feb 2024

    စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးမှ ဝန်ထမ်းများသည် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲ‌ရေးဦးစီးဌာနမှ စားသုံးရန်မသင့်ထုတ်ပြန်သော စားသောက်ကုန်များ၊ သက်တမ်းလွန်နေသော စားသောက်ကုန်များနှင့် စျေးကွက်အတွင်းရှိ ကုန်စည်များ၌ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖော်ပြပါဝင် မှုရှိ/မရှိတို့အား လစဉ်လျာထားချက်များ သတ်မှတ်ပြီး စျေးကွက်စောင့်ကြည့်စစ် ဆေးခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါသည်။

19 Feb 2024

     စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန ကန့်ဘလူမြို့နယ်တာဝန်ခံရုံအနေဖြင့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက် နံနက် (၁၀:၀၀)နာရီတွင် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်း၊ ဒေါ်အိမွန်ကျော် အငယ်တန်းစာရေးတို့သည် ခရိုင်စ(၃)လုံး၊ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ ကန့်ဘလူမြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

19 Feb 2024

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် “ပြည်တွင်းကုန် သွယ်မှုဖွံဖြိုးတိုးတက်စေရန်” ဆိုသည့် မျှော်မှန်းချက်နဲ့အညီ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ် တာဝန်ခံ ဒေါ်ဝေဝေအောင်သည် ၂၀၂၄ ခုနှစ် ၊ ဖေဖော်ဝါရီလ(၁၄)ရက်နေ့ နံနက်(၁၀;၀၀) အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊  ကန့်ဘလူခရိုင် ၊ ကျွန်းလှမြို့၊ သစ်ရာမြိုင်ရပ်ကွက်ရှိ “ကုဋေစိုး“ဆန်စက် လုပ်ငန်း ရှင် နှင့် သွားရ

Pages