Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
01 Jan 2024

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံး၌ Thursday Talk အသိပညာပေးအထောက်အကူပြု ဟောပြောဆွေးနွေးပွဲ (၁၂/၂၀၂၃)ကို (၂၁-၁၂-၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ပခုက္ကူခရိုင်ဦးစီးမှူးရုံး(CICC)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

01 Jan 2024

     စီးပွားရေးနှင့်နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုနှင့် ပခုက္ကူခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် ဆိပ်ဖြူမြို့နယ်တာဝန်ခံ ဦးဇော်နေလင်းနှင့်ဝန်ထမ်းသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ (၂၀-၁၂-၂၀၂၃)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် ဆိပ်ဖြူမြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်များသို့သွားရောက်၍ ရောင်းချမှုနှင့်လက်ကျန်အခြေအနေကိုသိရှိရန် လုပ်ငန်းရှင်နှင့်တွေ့ဆုံခဲ့ပါသည်။

01 Jan 2024

   စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ်တာဝန်ခံ ဦးအုန်းမြင့် (ဦးစီးမှူး) သည် (၂၀-၁၂-၂၀၂၃)ရက်နေ့၊ နံနက်(၀၈း၀၀)နာရီအချိန်တွင် စားသုံးသူပြည်သူများဘေးကင်းလုံခြုံစိတ်ချရမှုရှိစေရန်အတွက် သရက်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ အသိပညာပေး Talk Show ပွဲပြုလုပ်ကျင်းပခဲ့ပါသည်။

01 Jan 2024

    မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် မကွေးတိုင်းအတွင်းရှိ စျေးများ၌ အပတ်စဉ် တနင်္လာနေ့တိုင်း ပလတ်စတစ်သုံးစွဲမှု လျော့ချရေး Campaign အား ဆောင်ရွက်လျှက်ရှိရာ (၁၈.၁၂.၂၀၂၃)ရက်နေ့၊ နံနက်(၀၈:၃၀)အချိန်တွင် မကွေးမြို့၊ ကန်သာစျေး၌ စည်ပင်သာယာရေးအဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်းပြီးဆောင်ရွက်ခဲ့ပါသည်။

01 Jan 2024

    မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်အတွင်းရောင်းချနေသော ကွမ်းသီး၊ ကွမ်းသီးခြမ်းနှင့် ကွမ်းသီးစိပ်များအား စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ချွတ်ဆေးသုံးစွဲမှုအခြေအနေများအား မကွေးတိုင်းဒေသကြီး၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ပူးပေါင်းပြီး နမူနာကွမ်းသီးခြမ်း၊ ကွမ်းသီးစိပ်များအား Mobile Lab ဖြင့်စစ်ဆေးခဲ့ပါသည်။

Pages