သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးသည် မိတ်ဘက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ မြန်အောင်မြို့နယ်၊ မြို့မနေခြည်ဈေးအတွင်းရှိ မုန့်ဆိုင်များအား (၁၉-၁၂-၂၀၂၃)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ကြံခင်းမြို့နယ်ဦးစီးမှူးသည် (၁၄-၁၂-၂၀၂၃)ရက်နေ့၊ နေ့လယ် (၁၅:၀၀)နာရီအချိန်တွင် ကြံခင်းမြို့နယ်၊ ရှောက်ခုံကျေးရွာအုပ်စုရှိ အုပ်စုခန်းမ၌ မုန့်ဆိုင်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးသည် (၂၃-၁၂-၂၀၂၃) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် မြန်အောင်မြို့နယ်၊ ညောင်မြစ်ဆွဲအုပ်စု၊ ဆပ်ပြာကျင်းကျေးရွာရှိ ထန်းလျက်လုပ်ငန်းရှင်များအား SMEs ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန ဟင်္သာတခရိုင်ဦးစီးမှူးသည် တာငါးဆယ်(မ)ရပ်ကွက်၊ ဈေးကလေး လမ်း၊ ခရိုင်ဦးစီးမှူးရုံး၌ ဆီလုပ်ငန်းရှင်(၅၀)ဦးအား (၂၄.၁၂.၂၀၂၃) ရက်နေ့ ၊နေ့လယ် (၁၄:၀၀) နာရီ အချိန်တွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်း ဆောင်ရွက်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန ဟင်္သာတမြို့နယ်၊ မြို့နယ်တာဝန်ခံသည် မိတ်ဘက်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ဟင်္သာတမြို့ ပဒေသာဈေးအတွင်းရှိ ကုန်မျိုးစုံဆိုင်များအား (၁၇.၁၂.၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။