သတင်းနှင့် လှုပ်ရှားမှုများ
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှု၊ ပခုက္ကူခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် (၄-၁၂-၂၀၂၃) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ပခုက္ကူမြို့၊ အမှတ်(၆)ရပ်ကွက်ရှိ အမှတ်(၇)အခြေခံပညာမူလတန်းကျောင်း၌ အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာ ကျောင်းသား/ ကျောင်းသူ (၁၉၇) ဦးနှင့် ဆရာ၊/ဆရာမ (၁၀) ဦး၊ စုစုပေါင်း (၂၀၇) ဦးတို့တက်ရောက်ခဲ့ကြပါသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုနှင့် ပခုက္ကူခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုဖြင့် (၄-၁၂-၂၀၂၃) ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် ပခုက္ကူမြို့၊ အမှတ် (၇) ရပ်ကွက်ရှိ အမှတ်(၃)အခြေခံပညာမူလတန်းကျောင်း၌ အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာ ကျောင်းသား/ကျောင်းသူ (၃၉) ဦး၊ ဆရာ/ ဆရာမ (၅) ဦးနှင့် မိဘပြည်သူ (၁၀) ဦး၊ စုစုပေါင်း (၅၄) ဦးတို့ တက်ရောက်ခဲ့ကြပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲ ရေးဌာနခွဲ၊ ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာနစု (လှည်းကူး) ၏ ဓာတ်ခွဲခန်းများမှ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလအတွင်း လုပ်ငန်းရှင်ပေါင်း(၃၆)ဦးက အပ်နှံလာသော သီးနှံအမျိုးအစား(၁၂)မျိုး၊ စုစုပေါင်းနမူနာအရေအတွက် (၇၂) ခု၊ ဓာတ်ခွဲစမ်းသပ်မှုပေါင်း (၂၁၇) ခုကို ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းများ ဆောင်ရွက်နိုင်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ခရိုင်ဦးစီးမှူး ဦးဝေဠုအောင်က အနီးကပ်ကြီးကြပ်၍ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများအဖွဲ့သည် (၆-၁၂-၂၀၂၃)ရက်နေ့ ၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် ပခုက္ကူမြို့၊ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း၌ ဆရာ/ဆရာမ(၃)ဦး၊ Grade-4/ Grade-8 ကျောင်းသား/သူ(၁၂၀)ဦးတို့အား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးဦးဆောင်မှုဖြင့် ဘိုကလေးမြို့နယ် တာဝန်ခံနှင့်ဝန်ထမ်းများသည် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၈) ရက်နေ့၊နေ့လည်(၁၃:၀၀)နာရီ အချိန်တွင် ဘိုကလေးမြို့နယ် (၁၀) ရပ်ကွက်ရှိ (၁၁၁) ဆန်စက်သို့ ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။