သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ အနောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးစီးမှူးဦးဆောင်၍ မရမ်းကုန်းမြို့နယ်(မြဂန္ဓမာဈေး) နှင့် (မြရတနာဈေး)၊ ဗဟန်းမြို့နယ် (Market Place)၊ ပန်းဘဲတန်းမြို့နယ် (သိမ်ကြီးဈေး D ရုံ)၊ လမ်းမတော်မြို့နယ်(ညောင်ပင်လေးဈေး) နှင့် လသာမြို့နယ်(သံဈေး)တို့၌ သောက်ရေသန့်အမျိုးမျိုးတို့တွင်ပါရှိရမည့် အချက်များပါဝင်မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး၍ စီးပွားရေးလုပ်ငန်းရှင်များအား လုပ်ငန်းရှင်များအနေဖြင့် လိုက်နာရမည့်အချက်များ၊ လုပ်ငန်းရှင်များ၏တာဝန်ယူမှု/ တာဝန်ခံမှုများကို သ
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်တာဝန်ခံ ဦးမြင့်ကြည်သည် (၂၃.၁၁.၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် မင်းဘူးမြို့၊ အမှတ်(၄) ရပ်ကွက်၊ ရှမ်းစုရပ်ရှိ ငွေလရိပ် အာလူးကြော်လုပ်ငန်းရှင်အား မင်းဘူးခရိုင်ဦးစီးမှူးရုံးသို့ ခေါ်ယူ တွေ့ဆုံပြီး စားသုံးသူကာကွယ်ရေးဥပဒေ-၂၀၁၉၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားများ ပြည်စုံမှန်ကန်စွာ ထည့်သွင်းဖော်ပြပေးရေး အသိပညာပေးဆွေးနွေးခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်တာဝန်ခံ ဦးမြင့်ကြည် နှင့်ဝန်ထမ်းများသည် (၂၈.၁.၂၀၂၃)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ပူးပေါင်း၍ မင်းဘူးမြို့မဈေးအတွင်း/အပြင်ရှိ စားသုံးဆီရောင်းချနေသော ဆီဆိုင်များ၊ ကုန်စုံဆိုင်များတွင် တရားမဝင်တင်သွင်းလာသည့် "ပုဇွန်" အမှတ်တံဆိပ်ပါစာ
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၊ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချလျက်ရှိသော စားသောက်ကုန်ပစ္စည်းများအနက် သောက်ရေသန့်အမျိုးမျိုး၊ စည်သွပ်ဘူးအမျိုးမျိုးတို့ကို ဝယ်ယူသုံးစွဲရာ၌ စားသုံးသူပြည်သူများဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးရည်ရွယ်၍ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ(၂၂)ရက်နေ့၊ နံနက် (၁၁း၀၀)နာရီအချိန်တွင် စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်နှင့် ဈေးသစ်ရပ်ကွက်အတွင်းရှိ ကုန်စုံဆိုင်၊ စတိုးဆိုင်များသို့သွားရောက်ကာ လုပ်ငန်းရှင်များနှင့်
ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၂၈-၁၁-၂၀၂၃ ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် မြို့နယ်စည်ပင်သာယာရေးကော်မတီ (ဈေးများဌာန) နှင့်ပူးပေါင်း၍ သင်္ဃန်းကျွန်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်၊ သင်္ဃန်းကျွန်းဈေးအတွင်းရောင်းချနေသော အသင့်သောက်ရေသန့်အမျိုးမျိုး (အမှတ်တံဆိပ်မျိုးစုံ)နှင့် အခြားစားသောက်ကုန်တို့အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။