သတင်းနှင့် လှုပ်ရှားမှုများ
အသေးစား၊ အငယ်စားနှင့် အလတ်စား MSME လုပ်ငန်းရှင်များကို လိုအပ်သောငွေကြေးအရင်းအနှီး၊ နည်းပညာရရှိရေး၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊ ဈေးကွက်ရရှိရေး လိုအပ်သောအထောက်အပံ့များဆောင်ရွက်ပေးနိုင်ရန်၊ ပြည်တွင်းထုတ်ကုန်များနှင့် ပြည်ပသွင်းကုန်အစားထိုးထုတ်ကုန်များကို အားပေးမြှင့်တင်ရန်၊ ပို့ကုန်ကဏ္ဍမြှင့်တင်ရေးအတွက် ပြည်တွင်းထုတ်ကုန်များကို ပြည်ပသို့တင်ပို့ရောင်းချနိုင်ရေး ဆောင်ရွက်ရန် အထောက်အကူဖြစ်စေမည့် ကဏ္ဍတစ်ရပ်အဖြစ် ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြပွဲများကျင်းပပေးလျက
စားသုံးသူရေးရာဦးစီးဌာနသည် ပြည်တွင်း၌ထုတ်လုပ်သော စားသောက်ကုန်ထုတ်လုပ်သည့် လုပ်ငန်းရှင်များအား လုပ်ငန်းများစဉ်ဆက်မပြတ်လည်ပတ်နိုင်ရန် လုပ်ငန်းသုံးဆီရရှိရေးဆောင်ရွက်ပေးလျက်ရှိပါသည်။
စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် အများပြည်သူများ စက်သုံးဆီများကို အဆင်ပြေလုံလောက်စွာဝယ်ယူသုံးစွဲနိုင်ရန်အတွက် အရောင်းဆိုင်များ၌ စက်သုံးဆီပြတ်လပ်မှုမရှိစေရေး စားသုံးသူရေးရာဦးစီးဌာနနှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိရာ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒသကြီးဦစီးမှူးရုံး၏ ကြီးကြပ်ကွပ်ကဲမှုအောက်ရှိ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးဝန်ထမ်းများသည် (၁၉.၁၁.၂၀၂၃)ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအချိန်တွင် ရန်ကုန်မြို့ရှိ စက်သုံးဆီအရောင်းဆိုင်မျ
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး၊ ဒေါ်စုစုထွန်း(လက်ထောက်ညွှန်ကြားရေးမှူး)သည် (၂၂.၁၁.၂၀၂၃)ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် မင်းဘူးမြို့၊ အမှတ်(၁)သနပ်ခါးတောရပ်ရှိ ဂွတ်ရှယ်(လဒူမုန့်)လုပ်ငန်းရှင် ဦးပြုံးချိုအား ခရိုင်ဦးစီးမှူးရုံး တွင်ခေါ်ယူတွေ့ဆုံပြီး စားသုံးသူကာကွယ်ရေးဥပဒေ-၂၀၁၉၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာထည့်သွင်းဖော်ပြပေးရေး အသိပညာပေးဆွေးနွေးခဲ့ပါသည်။
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၊ ကန်သာလေးကျေးရွာ၊ အခြေခံပညာမူလတန်းလွန်ကျောင်း၌ (၂၀.၁၁.၂၀၂၃)ရက်နေ့၊ နံနက်(၀၉း၃၀)အချိန်တွင် စားသောက်ကုန်ပစ္စည်းများ ဝယ်ယူရာတွင် သတိပြုရမည့်ကုန်အညွှန်းအမှတ်အသားများနှင့် စားသုံးရန်မသင့်သည့်စားသောက်ကုန်များအကြောင်း အသိပညာပေးဆွေးနွေးဟောပြောခဲ့ပါသည်။