သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၆-၁၁-၂၀၂၃) ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် သာကေတမြို့နယ်၊ စံပြဥယျာဉ်ဈေးရှိ ဈေးတာဝန်ခံများနှင့်ပူးပေါင်းပြီး ဈေးအတွင်း ရောင်းချနေသည့်ကုန်စည်များတွင် ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့် အညီ ဖော်ပြထားခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဦးစီးမှူးရုံးအနေဖြင့် (၈-၁၁-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) အချိန်တွင် ပျဉ်းမနားမြို့နယ်၊ ပျဉ်းမနား၊ အမှတ်(၁)မြို့မဈေး၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့သည်။ အသိပညာပေးဟောပြောပွဲတွင် နေပြည်တော်ခရိုင်ဦးစီးမှူးရုံးမှ ဦးမြင့်နိုင်၊ (ဦးစီးအရာရှိ)က စားသုံးသူကာကွယ်ရေး ဥပဒေဖြစ်ပေါ်လာပုံ၊ ဥပဒေတွင်ပါဝင်သော စားသုံးသူအဓိပ္ပါယ်နှင့် စားသုံးသူအခွင့်အရေး၊ တာဝန်များအကြောင်းတို့ကို ရှင်းလင်းပြောကြားခဲ့ပြီး ဦးစိန်
စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဦးစီးမှူးရုံးအနေဖြင့် (၈.၁၁.၂၀၂၃)ရက်နေ့၊ နေ့လယ် (၁၄:၀၀) အချိန်တွင် ပျဉ်းမနားမြို့နယ်၊ အာဟာရသုခဈေး၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့သည်။ အသိပညာပေးဟောပြောပွဲတွင် နေပြည်တော်ခရိုင်ဦးစီးမှူးရုံးမှ ဦးမြင့်နိုင်၊ (ဦးစီးအရာရှိ)က စားသုံးသူကာကွယ်ရေး ဥပဒေပေါပေါက်လာပုံ၊ ဥပဒေတွင်ပါဝင်သော စားသုံးသူအဓိပ္ပါယ်နှင့် စားသုံးသူအခွင့်အရေး၊ တာဝန်များအကြောင်းတို့ကို အသိပေးပြောကြားခဲ့ပြီး ဦးဝင်းသွင်၊ ရုံးအုပ်က စားသု
(၇-၁၁-၂၀၂၃) ရက်နေ့၊ နံနက် (၁၁:၁၅) နာရီအချိန်တွင် အင်းစိန်မြို့နယ်၊ အနောက်ကြို့ကုန်းဈေး၌ ကွင်းဆင်းစစ်ဆေးခြင်းနှင့် နေ့လယ်(၁၃:၅၀)နာရီအချိန်တွင် ရွှေပြည်သာမြို့နယ်ရှိ လှော်ကားနီလာဈေးရှိ ဈေးတာဝန်ခံရုံးတွင် အသိပညာပေးဟောပြောခြင်းနှင့် ဈေးကွက်ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးလက်အောက်ရှိ ကော့မှူးမြို့နယ်တာဝန်ခံ ဦးတင်မင်းသည် ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ(၆)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကော့မှူး မြိုနယ်၊ မကျီးကန်ရပ်ကွက်အတွင်းရှိ ရပ်ကွက်သူ၊ ရပ်ကွက်သားများအား ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခဲ့ပါသည်။