Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
21 Jul 2025
စားသုံးသူရေးရဦဦးစီးဌာနသည် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေး၊ စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွားကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းများ၊ ကုန်စည်နှင့်ဝန်ဆောင်မှု လုပ်ငန်းများအပေါ် တွင်စားသုံးသူများ နစ်နာဆုံးရှုံးမှု မရှိစေရေး၊ ဘေးအန္တရာယ်ကင်းရှင်းစွာ သုံးစွဲနိုင်ရေးတို့အတွက်နေ့ စဉ် ဆောင်ရွက်လျှက်ရှိပါသည်။
21 Jul 2025
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံရုံး၌ အုတ်ဖိုမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများနှင့်မြို့နယ်ဆန်စက် ပိုင်ရှင်များပူးပေါင်၍ ၃.၇.၂၀၂၅ ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ယခင်ဆန်စက်လုပ်ငန်းရှင် အသင်းအားဖျက်သိမ်း၍ ၂၀၂၅-၂၀၂၈ သက်တမ်းအတွက် ဆန်စက်လုပ်ငန်းရှင်များအသင်းအား အသစ်ပြန်လည်ဖွဲ့စည်းခဲ့ပါသည်။
21 Jul 2025
ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်လေးပင်မြို့နယ်တာဝန်ခံရုံးအနေဖြင့် ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းများ၊ စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို အားတက်တရော ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ ၂.၇.၂၀၂၅ ရက်နေ့တွင် ညောင်လေးပင်မြို့နယ်တာဝန်ခံ ဦးကျော် သက်မိုးနှင့် အငယ်တန်းစာရေး ဦးနေမျိုးဝင်းတို့သည် ပြွန်တန်ဆာမြို့၊ မြို့မ(၃) ရပ်ကွက်၊ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းတွင် လူကုန်ကူးမှုလျော့ပါးရေး၊ မူးယစ်ဆေးဝါးသုံးစွဲမှုမရှိစေ ရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ အခွင့်အရေး (၈) ချက်အကြေ
21 Jul 2025
ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးတွင် အခါအား လျော်စွာ အပတ်စဉ် ကြာသပတေးနေ့တိုင်း Thursday Talk အစီအစဉ်ကို ကျင်းပလျက်ရှိရာ (၁၀.၇.၂၀၂၅)ရက်နေ့တွင် ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်တာဝန်ခံရုံးမှ ဒုဦးစီးမှူး ဒေါ်ဇင်မာ ထွေးသည် “ပြည်သူ့ဆက်ဆံရေးပညာ” ခေါင်းစဉ်ဖြင့် Online(Zoom Meeting)မှ အသိပညာပေး ဟောပြောဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
21 Jul 2025
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၅ ရက်နေ့၊ နေ့လယ် ၁၅း၃၀ နာရီ အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်ကျင်းပသော အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများ မြေပြင် စစ်ဆေးခြင်းကိစ္စရပ်များနှင့်စပ်လျဉ်း၍ တာဝန်ယူဆောင်ရွက်နေသည့် တာဝန်ခံများနှင့်တွေ့ဆုံ သည့် ညှိနှိုင်းအစည်းအဝေးအား တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးဝန်ထမ်းများမှ Virtual စနစ်ဖြင့် တက်ရောက်ခဲ့ပါသည်။

Pages