Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
26 Dec 2023

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများသည် မအူပင်ခရိုင်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအား စက်သုံးဆီအရောင်းဆိုင်များအတွင်း စက်သုံးဆီပြတ်လျက်မှုမရှိစေရေးနှင့် ဓာတ်ဆီ၊ စက်ဆီစျေးနှုန်းများ ပုံမှန်ရောင်းချနေမှု ရှိ၊ မရှိ စစ်ဆေးခြင်းကို ၂၀၂၃ခုနှစ် ဒီဇင်ဘာ ၁၅ ရက် နံနက်(၁၀)နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

26 Dec 2023

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်မှ ဦးစီးအရာရှိ ဦးအောင်ဇော်ဦးသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ စားသုံးသူကာကွယ်ရေး အသိပညာပေး Talk Showကို ဒီဇင်ဘာလ ၁၅ရက်နေ့တွင် လူထုအခြေပြုဗဟိုဌာန Communit Center ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြပါသည်။

26 Dec 2023

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊  မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနနှင့် မိတ်ဖက်ဌာနဆိုင်ရာအဖွဲ့အစည်းများသည် စက်သုံးဆီအရောင်းဆိုင်(၇)ဆိုင်သို့ သွားရောက်၍ ကွင်းဆင်းစစ်ဆေးဆောက်ရွက်ခြင်းကို ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ (၁၅)ရက်နေ့၊နံနက် (၁၁:၀၀) နာရီက အရောင်းဆိုင်များအား စစ်ဆေးဆောင်ရွက်ခဲ့သည်။

26 Dec 2023

   ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် သံလျက်စွန်းကျေးရွာတွင် ၂၀၂၃-၂၀၂၄ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)နှင့် ဆီထွက်သီးနှံနေကြာစိုက်ပျိုးပွဲကို ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် ကျင်းပပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝန်ကြီးများ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ တောင်သူများ စုစုပေါင်း ၄၀၀ ဦးခန့် တက်ရောက်ခဲ့ပါသည်၊၊

26 Dec 2023

    စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ကြီးကြပ်မှူဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူး ဦးဇော်ထွန်းဦးနှင့်ဝန်ထမ်းများသည် စားသုံးပြည်သူများဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိသော အသင့်သောက်အချိုရည်များကို ဝယ်ယူသောက်သုံးနိုင်ရန်အတွက် (၁၈-၁၂-၂၀၂၃)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် ပခုက္ကူမြို့အတွင်းရှိ ကုန်စုံဆိုင်များသို့သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

Pages