သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ ချောင်းဆုံမြို့နယ်တာဝန်ခံနှင့် ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၈-၁၂-၂၀၂၃) ရက်နေ့၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည် ပင်သာယာရေးအဖွဲ့၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ချောင်းဆုံမြို့၊ အမှတ် (၂) ဈေးကြီး၌ အသင့်သောက်အချိုရည်အမျိုးမျိုးတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီး ရောင်းချနေသောအသင့်သောက်အချိုရည်အမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြခြင်းရှိ/မရှိစစ်ဆေးခြင်း၊ သတ်မှတ်စံချိန်
စားသုံးသူရေးရာဦးစီးဌာန၊ ချောင်းဆုံမြို့နယ်တာဝန်ခံနှင့် ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းဆိုင်ရာအသိပညာပေး (Talk Show)ကို (၈-၁၂-၂၀၂၃) ရက်နေ့တွင် ချောင်းဆုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယပြည်နယ်ဦးစီးမှူး၊ မော်လမြိုင်ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ ၈ရက်နေ့၊ နေ့လယ် (၁၃း၀၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ စိုက်ပျိုးရေးဦးစီးဌာနရုံးရှိ အရာထမ်း၊ အမှုထမ်း(၆၀)ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲဆွေးနွေးခဲ့ပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေိဘိုမြို့၊ အမှတ်(၄)၊ အခြေခံပညာအထက်တန်းကျောင်း တွင် ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ (၆)ရက်နေ့၌ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူးဦးဆောင်၍ ဝန်ထမ်း(၃)တို့သည် ဆရာ/ဆရာမ (၁၅)ဦးနှင့် ကျောင်းသား/ကျောင်းသူ (၁၁၅)ဦးတို့အား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်ခဲ့ပါသည်။
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ စစ်တွေမြို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး၌ (၆-၁၂-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် စစ်တွေခရိုင်၊ မြို့နယ် ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းကော်မတီအနေဖြင့် စစ်တွေမြို့နယ်တွင် အခြေခံစားသောက်ကုန် (ဆန်၊ စားသုံးဆီ၊ ပဲ၊ ငရုတ်သီးခြောက် ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ နှင့် အခြားကုန်စည်များ) မှာ ဈေးနှုန်းအဆမတန် မြင့်မားနေသောကြောင့် ကော်မတီအနေဖြင့် အခြေခံစားသုံးကုန်ရောင်းချသည့် လုပ်ငန်းရှင်များအား ကုန်ဈေးနှုန်း မြှင့်တင်ရောင်းချမှုမပြုစ