သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန ဇလွန်မြို့နယ်တာဝန်ခံသည် (၇.၁၁.၂၀၂၃) ရက်နေ့ နံနက်(၁၁:၀၀) နာရီအချိန်တွင် ဇလွန်မြို့နယ်၊ လမ်းမတော်(မ)ရပ်ကွက်၊ ဆန်စက်အသင်းရုံး၌ ဆန်စက်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်း ဆောင်ရွက်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်ဦးစီးမှူးနှင့်အဖွဲ့သည် (၉.၁၁.၂၀၂၃)ရက်နေ့၊ နေ့လယ်(၁၄:၀၀)နာရီတွင် ဇလွန်မြို့နယ်၊ သက္ကယ်ကျွန်းကျေးရွာအုပ်စုရှိ အခြေခံပညာအလယ်တန်းကျောင်းခွဲတွင် ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူ (၇၅)ဦး အား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခဲ့ပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အစီအစဉ်ဖြင့် နိုဝင်ဘာလ ၁၁ ရက်နေ့၊ နံနက် (၀၈:၀၀) နာရီက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးစိုးရွှေအောင် ဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများကကြီးကြပ်ကာ ကန့်ဘလူခရိုင်စုပေါင်းရုံး၌ ဌာနဆိုင်ရာဝန်ထမ်းများအား စားအုန်းဆီများရောင်းချပေးခဲ့ကြောင်း သိရသည်။ စားအုန်းဆီများရောင်းချပေးရာတွင် ဌာနဆိုင်ရာဝန်ထမ်းများ သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီများဝယ်ယူရရှိစေရန်နှင့်
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်း ဒေသကြီး ကန့်ဘလူမြို့နယ်တာဝန်ခံရုံးအနေဖြင့် အသိပညာပေးဟောပြောပွဲများကို လစဉ်ဆောင်ရွက်လျက်ရှိရာ ၂၀၂၃ ခုနှစ် ၊ နိုဝင်ဘာလ ၁၀ ရက်နေ့၊ နံနက်(၉:၃၀) အချိန်တွင် ကန့်ဘလူမြို့နယ် တာဝန်ခံ ဦးမျိုးဝင်းသန်း သည် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးရှိ ဝန်ထမ်းများအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း တရားမဝင်အေးခဲအသားများရောင်းချမှုမရှိစေရေး အသိပညာပေးဆွေးနွေးပွဲကို (၁၀-၁၁-၂၀၂၃) ရက်နေ့တွင် သထုံမြို့မဈေးရှိ ဈေးတာဝန်ခံရုံး၌ကျင်းပခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်ရုံးမှ ဝန်ထမ်းများက ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြပါသည်။