သတင်းနှင့် လှုပ်ရှားမှုများ
ဧရာဝတီတိုင်းဒေသကြီး ၊ စားသုံးသူရေးရာဦးစီးဌာန ၊ ရုံးချုပ် (နေပြည်တော်) ၊ ရုံးအမှတ် (၅၂) တွင် ဩဂုတ်လ (၁၅) ရက်နေ့၊ နေ့လယ် (၁၄:၀၀) နာရီတွင် Virtual စနစ်ဖြင့် Commodity Price Data Base Software သုံးစွဲခြင်းအတွက် လိုအပ်ချက်များ ထပ်မံ ရှင်းလင်းခြင်း အစည်းအဝေးကို ဧရာဝတီတိုင်းဒေသကြီး ဦးစီးမှူးရုံးနှင့် ခရိုင်ဦးစီးမှူးရုံးမှ လုပ်ငန်းတာဝန်ခံများ တက်ရောက်ခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် တာဝန်ခံ ဦးမြင့်ဌေးသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ (၁၄.၈.၂၀၂၃) ရက်နေ့၊ နံနက် (၀၉:၃၀)နာရီက မြို့ပေါ်ရှိ စားသုံးဆီရောင်းချနေသော ကုန်မျိုးစုံဆိုင်များအား ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့် ပြည့်စုံမှုရှိမရှိကို နယ်မြေဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာမြို့နယ်တာဝန်ခံ ဦးမြင့်ဌေးသည်(၁၅.၈.၂၀၂၃)ရက်နေ့၊ နေ့လယ် (၁၂:၀၀)နာရီအချိန်တွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့နှင့်ပူးပေါင်းကာ စားသုံးသူပြည်သူများအား လပွတ္တာခရိုင် (၃)မိုင်မြို့သစ်ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် စားသုံးသူအသိပညာပေး Talk Show ပြုလုပ်ခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊ မော်ကျွန်းမြို့နယ်၊ တာဝန်ခံ ဦးမင်းဇော်လတ်သည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ (၁၄.၈.၂၀၂၃) ရက်နေ့ နံနက်(၁၀:၀၀)နာရီက မော်ကျွန်းမြို့နယ်၊ အောင်သာယာဈေးနှင့် ဆိပ်ကမ်းသာဈေးအတွင်းရှိ စားသုံးဆီဆိုင်များအား ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့်ပတ်သက်၍ ပြည့်စုံမှုရှိမရှိကို နယ်မြေဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။
ဝန်ထမ်းများအသိပညာဗဟုသုတများတိုးပွားစေရေး၊ လုပ်ငန်းများဆောင်ရွက်ရာတွင် သတင်းအချက်အလက်များမျှဝေနိုင်ရေး၊ ကိုးကားဖော်ပြနိုင်ရေးနှင့် အလွယ်တကူရှာမှီးနိုင်စေရေးအတွက် စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးရုံးများတွင် ရုံးတွင်းစာကြည့်တိုက်များထားရှိလျက်ရှိရာ စာကြည့်တိုက်လုပ်ငန်းဖွံ့ဖြိုးစေရေးနှင့် စနစ်တကျရေရှည်လည်ပတ်နိုင်စေရေးအလို့ငှာ စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ သတင်းနည်းဌာနခွဲတာဝန်ခံ ဦးမျိုးဝင်းနိုင်နှင့် ရုံးတွင်းစာကြည့်တိုက်တာဝန်ခံ ဒေ