သတင်းနှင့် လှုပ်ရှားမှုများ
ရေတာရှည်မြို့နယ်တာဝန်ခံ ဦးဇော်ဇော်ထွေးနှင့် ဝန်ထမ်းတစ်ဦးသည် ရေတာရှည်မြို့နယ်၊ သပြေတန်းကျေးရွာရှိ ဦးသိန်းဝင်းပိုင် SPARROW အမှတ်တံဆိပ် ခြွေလှေ့စက် လုပ်ငန်းသို့ သွားရောက် လေ့လာခဲ့ရာ ခြွေလှေ့စက် လုပ်ငန်းအတွက် အဓိကကုန်ကြမ်းအဖြစ် သံထည်ကို အသုံးပြုပြီး လုပ်ငန်း အတွက် တစ်နေ့ လုပ်သား (၈) ဦးခန့်အသုံးပြုကြောင်းသိရှိရပါသည်။ ခြွေလှေ့စက် ထုတ်လုပ်မှုအနေဖြင့် အထိုင်ဂွေတွဲပြီး တိုင်ထောင်ကာ စပါး၊ ပဲများ အလေအလွင့်မရှိစေရန် သံပြားဖြင့် ပြုလုပ်ထားသော ကိုယ်ထည်အိမ်ကိုတင်ပါသည်။ ထို့နောက် ခြွေလု

စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးရှိ စားသုံးသူရေးရာဌာနခွဲတာဝန်ခံ၊ ပဲခူး မြို့နယ်တာဝန်ခံနှင့် တာဝန်ရှိသူတို့သည် (၂၆.၃.၂၀၂၅) ရက်နေ့၊ နေ့လယ် (၁၄:၀၀)နာရီ အချိန်တွင် သနပ်ပင်မြို့ပေါ်ရှိ စားအုန်းဆီ လက်လီ/လက်ကား ရောင်းချနေသော ကုန်စုံဆိုင်များအား သွားရောက် ကွင်းဆင်းစစ်ဆေးခြင်း ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်း ဒေသ ကြီး ဦးစီးမှူးရုံးမှ စားသုံးသူရေးရာဌာနခွဲတာဝန်ခံ ဦးစိုးမိုး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ ဦးကျော်ဆန်းဝင်း၊ ပဲခူးမြို့နယ်တာဝန်ခံ ဦးစိုးဝင်းနှင့် အဖွဲ့သည် (၂၆.၃.၂၀၂၅) ရက်နေ့၊ နေ့လယ် (၁၄:၃၀) အချိန်တွင် ပဲခူးမြို့ပေါ်ရှိ ဆေးဆိုင်များသို့သွားရောက်၍ ဆေးဝါးပြတ်လပ်မှု ရှိ / မရှိ ၊ တိုင်းရင်းဆေးများ ပေါ်တွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှုရှိ/မရှိနှင့် ဈေးနှုန်းအခြေအနေများအား ကွင်း

စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးရှိ စားသုံးသူရေးရာဌာနခွဲ တာဝန် ခံ၊ ပဲခူးမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၂၆.၃.၂၀၂၅)ရက်နေ့ နံနက်(၁၁:၀၀)နာရီအချိန်တွင် ဝေါမြို့ အတွင်းရှိ အခြေခံလူသုံးကုန်ပစ္စည်းနှင့် အိမ်သုံးဆေးဝါးများအား ပြတ်လပ်မှုရှိ/ မရှိ ကွင်းဆင်း စစ်ဆေးခြင်း ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ်တာဝန်ခံသည် မိတ်ဘက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း ၍(၂၅.၃.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်တွင် အင်္ဂပူမြို့နယ်၊ ထူးကြီးမြို့ စည်ပင်သာယာဈေး အတွင်းရှိ မုန့်မျိုးစုံအရောင်းဆိုင်များအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းကိုဆောင်ရွက်ခဲ့ပါသည်။
