Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
25 Mar 2025

၂၀၂၅ခုနှစ်၊ မတ်လ(၂၄)ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာနအပါအဝင် မြိတ်ခရိုင်ကုန် စျေးနှုန်းတည်ငြိမ်ရေးအဖွဲ့ဝင်များဖြင့် မြိတ်မြို့ပေါ်ရှိ ဆန်နှင့်ဆီအရောင်း ဆိုင်များသို့သွားရောက် ၍ ဆန်နှင့်ဆီများအား သတ်မှတ်ရည်ညွှန်းစျေးနှုန်းများဖြင့်ရောင်းချမှုရှိစေရေး စျေးနှုန်းတည်ငြိမ် မှုရှိစေရေးကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

25 Mar 2025

စားအုန်းဆီများကို ရန်ကုန်တိုင်း‌ဒေသကြီးရှိ ဆီကုမ္ပဏီများမှ မြိတ်ခရိုင်အပါအဝင် အခြားတိုင်းနှင့်ပြည်နယ်များသို့  ဖြန့်ဖြူးရောင်းချပေးလျက်ရှိပြီး သတ်မှတ်ရည်ညွှန်းစျေးနှင့် သတ်မှတ်ခွဲတမ်းများဖြင့် တင်ပို့ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ ၂၀၂၅ခုနှစ်၊ မတ်လ(၂၄) ရက်နေ့တွင် MOA ကုမ္ပဏီမှ ဖြန့်ခွဲရောင်းချပေးသော စားအုန်းဆီပေပါ(၆၈)သည် ယာဉ် အမှတ်(5S-9017)ဖြင့် မြိတ်မြို့သို့ ရောက်ရှိလာခဲ့ကြောင်းသိရှိရပါသည်။ အဆိုပါစားအုန်းဆီများ ကို ၂ ရာခိုင်နှုန်းအမြတ်ဖြင့် လက်လီဆိုင်များသို့ ခွဲဝေ‌ရေ

25 Mar 2025

၂၀၂၅ ခုနှစ်၊ မတ်လ ၂၄ ရက်နေ့၊ နေ့လည် (၁၄း၀၀) အချိန်တွင် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့၊ အစည်းအဝေးခန်းမ(၂) တွင် တနင်္သာရီတိုင်းဒေသကြီး ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာ လုပ်ငန်းများထိန်းသိမ်းကြီးကြပ်ရေးဆပ်ကော်မတီအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ရာ စားသုံးသူရေး ရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးမှ တက်ရောက်ခဲ့ပါသည်။

25 Mar 2025

      ၂၀၂၅ ခုနှစ်၊ မတ်လ ၂၄ ရက်နေ့၊ နံနက် ၀၈း၃၀ နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီး ဌာန၊  ထားဝယ်ခရိုင်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းတို့ပူးပေါင်း၍ မြန်မာ့စီးပွားရေးဘဏ် ရှေ့တွင် ပင်စင်လစာထုတ်ယူသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား တစ်ဦးလျှင် စားအုန်းဆီ(၁) ပိဿာနှုန်းတို့အား သတ်မှတ်ရည်ညွှန်းဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့ပါကြောင်း သိရှိရပါသည်။

25 Mar 2025

          မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ပခုက္ကူခရိုင်ဦးစီးမှူး၏ ကြီးကြပ် ကွပ်ကဲမှုဖြင့် ဆိပ်ဖြူမြို့နယ်တာဝန်ခံသည် စားသုံးသူများ ဘေးကင်းလုံးခြုံမှုရှိစေရေးနှင့် ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ရည်ရွယ်၍ (၁၈.၃.၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၀၀) နာရီအချိန်တွင် ဆိပ်ဖြူမြို့၊ အနောက်ပိုင်းရပ်ကွက်ရှိ ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

Pages