သတင်းနှင့် လှုပ်ရှားမှုများ
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊

မအူပင်ခရိုင်၊ ညောင်တုန်းမြို့တွင် သက်ဆိုင်ရာဌာန ထောက်ခံချက်မရှိသော အချိုရည်အမျိုးမျိုးနှင့် ကလေးအာဟာရဖြည့်စွက်စာများ ဖြန့်ဖြူးရောင်းချမှု မရှိစေရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းများကို ၂၀၂၆ခုနှစ် မတ်လ ၁၇ ရက်နေ့ နံနက် (၀၈း၀၀) နာရီအချိန်တွင် မြို့မဈေး နှင့် ဈေးတန်းရပ်ကွက် ကုန်မျိုးစုံဆိုင်များတွင် ဆောင်ရွက်ခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်အတွင်းရှိ ကျုံတနော်ကျေးရွာရှိ ရွှေအောင်မင်းဆန်စက်သို့ ၂၀၂၆ခုနှစ် မတ်လ ၁၇ ရက်နေ့က စက်မှုကြီးကြပ်ဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာတို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံ ဦးဝင်းမင်းစိုး ဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှဝန်ထမ်းများ၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၆ခုနှစ် မတ်လ ၁၇ ရက်နေ့ နံနက် (၀၈း၀၀) နာရီအချိန်တွင် မြို့ပေါ်ရှိ ငွေလမင်း ကုန်စုံဆိုင်များတွင် သွားတို

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် ငါးဘတ်အိုင်ကျေးရွာအုပ်စု၊ ကျောင်းစုကျေးရွာအုပ်စုနှင့် တော်ကွဲကျေးရွာအုပ်စုများတွင် ဆီစာအုပ်ဖြင့် ဖြန့်ဖြူးရောင်းချပေးနေမှုအား ၂၀၂၆ခုနှစ် မတ်လ ၁၉ရက်နေ့က မြို့နယ်ဆီကိုယ်စားလှယ်နှင့် ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

