သတင်းနှင့် လှုပ်ရှားမှုများ
၂၂.၃.၂၀၂၅ ရက်နေ့ နေ့လည်(၁၅:၀၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင် ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် အမှတ်(၂၈၉) မက္ခရာမင်းသားကြီးလမ်း၊ ရွှေလင်ပန်းစက်မှုဇုန်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရှိ ရွှေစားသောက်ကုန်စက်ရုံ လုပ်ငန်းရှင်ထံ ကွင်းဆင်းသွားရောက် တွေ့ဆုံပြီး လုပ်ငန်းရှင်၏ကြုံတွေ့နေရသည့်အခြေအနေ၊ အခက်အခဲ၊ လိုအပ်ချက်နှင့်ထုတ်လုပ် ဖြန့်ဖြူးရောင်းချမှုအား တွေ့ဆုံမေးမြန်းခဲ့ကြောင်း သိရှိရပါသည်။

၂၂.၃.၂၀၂၅ ရက်နေ့ နေ့လည်(၁၃:၂၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင် ဦးစီးမှူးရုံးမှ ဒေါ်နီလာဦး၊ ဒုဦးစီးမှူးပါ (၃)ဦးတို့သည် အမှတ်(၂၈၉)၊ မက္ခရာမင်းသားလမ်း၊ ရွှေလင်ပန်းစက်မှုဇုန်၊ လှိုင်သာယာမြို့နယ်(အရှေ့ပိုင်း)ရှိ ရွှေစားသောက် ကုန်စက်ရုံသို့ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ဈေးကွက်မရောက်မီ စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်

စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် အမှတ်(၂၇၉)၊ ဦးတရုတ်လမ်း၊ ရွှေလင်ပန်းစက်မှုဇုန်၊ လှိုင်သာယာမြို့နယ်(အရှေ့ပိုင်း)ရှိ စိန်၊ ငွေ၊ မြ ကြက်အူချောင်း /ဝက်အူချောင်းစက်ရုံသို့ (၂၂.၃.၂၀၂၅)ရက်နေ့ နံနက်(၁၂:၃၀)အချိန်တွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ဈေးကွက်မရောက်မီ စောင့်ကြည့် စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ ပါသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ နှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ မတ်လ (၂၄) ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် ကျောင်းကုန်းမြို့နယ်၊ အမှတ်(၂) ရပ်ကွက်ရှိ အသင့်စား CP အသင့်စား ကြက်အူချောင်း ရောင်းချနေသော ကုန်စုံဆိုင်များအား ကုန်အညွှန်းအမှတ်အသားပြည့်စုံခြင်း ရှိ/မရှိ ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ မတ်လ (၂၄) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ကျောင်းကုန်းမြို့နယ်၊ အမှတ်(၂) ရပ်ကွက်ရှိ စားအုန်းဆီ ရောင်းချသော ကုန်စုံဆိုင်များတွင် သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချခြင်းရှိ/ မရှိနှင့် အချိန်အတွယ် ပြည့်ဝစွာရေ
