သတင်းနှင့် လှုပ်ရှားမှုများ
ကချင်ပြည်နယ်စားသုံးသူရေးရာကော်မတီ (၁/၂၀၂၀) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ မြစ်ကြီးနားစီးပွားဖွံ့ဖြိုးရေးစက်မှုဇုန် ကော်မတီ အစည်းအဝေးခန်းမ၌ ၂၇-၁-၂၀၂၀ ရက်နေ့၊ နံနက် ၁၀:၀၀ အချိန်တွင် ကျင်းပဆောင်ရွက်ခဲ့ရာ ကချင်ပြည်နယ် စားသုံးသူရေးရာကော်မတီဝင်များနှင့် ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။
ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာကော်မတီ (၁/၂၀၂၀) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၂၈ ရက်နေ့၊ နံနက် ၁၀:၃၀ ချိန်၌ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(က-၁၀၁)တွင် ကျင်းပပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်း ဒေသကြီး စားသုံးသူရေးရာကော်မတီဥက္ကဌ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဝန်ကြီး ဦးမြင့်သောင်း၊ ဒုတိယဥက္ကဌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဝန်ကြီး
၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၂၄ ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်း ဒေသကြီးဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ရေဖြူမြို့နယ်ရှိ အ.မ.က(ပုလဲကူ)နှင့် အ.မ.က(ကညင်ကောက်) ကျောင်းများတွင် စားသုံးသူကာကွယ်ရေး အသိညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်ခဲ့ပါသည်။
ဇန်နဝါရီ ၂၁ ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်း ဒေသကြီးဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် တိုင်းဒေသကြီးအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့တို့နှင့် ပူးပေါင်း၍ ထားဝယ်မြို့နယ်၊ မေတ္တာမြို့ပေါ်ရှိ ကုန်စုံဆိုင်များတွင် အများပြည်သူ စားသုံး/သုံးစွဲရန် မသင့်သောအစားအသောက်များ၊ သုံးစွဲရန်မသင့်သော အလှကုန်များနှင့် ဘေးဥပဒ်အန္တရာယ်ဖြစ်စေ နိုင်သော ဆေးဝါးများ၊ သုံးစွဲရန်မသင့
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးသည် (၂၅-၁-၂၀၂၀) ရက်နေ့တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့နယ်သို့ရောက်ရှိလာခဲ့ရာ ပြည်ထောင်စုဝန်ကြီး နှင့်အတူ ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ဌာန တာဝန်ရှိသူများ၊ မြန်မာနိုင်ငံသားများဘဏ် ဒါရိုက်တာအဖွဲ့ ဥက္ကဌနှင့်အဖွဲ့ဝင်များ လိုက်ပါလာကြပြီး နေလည် (၁၂:၄၅)နာရီအချိန်တွင် တာချီလိတ်မြို့သို့ ရောက်ရှိခဲ့ကြပါသည်။ တဆက်တည်းမှာပင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် တာချီ