Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
15 Sep 2022

       စားသုံးသူရေးရာဦးစီးဌာန ၊ ပဲခူးတိုင်းဒေသကြီး ၊ ညောင်လေးပင်ခရိုင် ၊ ၊ ဒိုက်ဦးမြို့ ၊ မြို့နယ်တာဝန်ခံ ဦးမျိုးမြင့် နှင့် ဝန်ထမ်းများသည် စက်တင်ဘာ (၅)ရက် နံနက်ပိုင်းတွင် ငါးလုပ်ငန်း ဦးစီးဌာန၌ ဖွင့်လှစ်သည့် အခြေခံ ငါးမွေးမြူရေးနှင့် ဆေးထိုးသားပေါက် သင်တန်းတွင် သင်တန်း သား/ သူ (၂၅)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောဆွေးနွေးခဲ့သည်။

15 Sep 2022

    ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ၊ ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် စိုက်ပျိုး ၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးတက်ဖွံ့ဖြိုးရေးအတွက် ပဲခူးတိုင်းဒေသကြီးအတွင်း ကဏ္ဍအလိုက် ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ပဲခူးတိုင်းဒေသကြီး ၊ စားသုံးသူရေးရာဦးစီးဌာနရှိ ဝန်ထမ်းများမှ ခရီုင် ၊ မြို့နယ်အလိုက် ကျေးရွာများသို့ ကွင်းဆင်းဟောပြောလျက်ရှိပါသည်။

15 Sep 2022

     ပဲခူးတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန ၊ ပဲခူးခရိုင်ဦးစီးမှူးနှင့် ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ၁၈.၈.၂၀၂၂ ၊ ၁၉.၈.၂၀၂၂ ၊ ၃၀.၈.၂၀၂၂ ရက်နေ့များတွင် ပဲခူးခရိုင်အတွင်းရှိ ပဲခူးမြို့ ၊ သနပ်ပင်မြို့ ၊ ဝေါမြို့များရှိ စည်ပင်သာယာစျေးအတွင်း ရောင်းချနေသော ကုန်စုံဆိုင်များနှင့် မြို့ပေါ်ရှိ ကုန်စုံဆိုင်များသို့ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

15 Sep 2022

     ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပဲခူးတိုင်းဒေသကြီး ၊  စားသုံးသူရေးရာဦးစီးဌာနနှင့် ပဲခူးတိုင်းဒေသကြီး ၊ ဆန်စက်လုပ်ငန်းရှင်များ အသင်းတို့၏ ပူးပေါင်းဆောင်ရွက်မှုအရ သနင်ပင် မြို့နယ်တွင် ဆင်းသွယ်လတ် ၊ ဆန်သား ၉၀ ရာနှုန်း အိတ် (၁၅၀)အား သနပ်ပင် မြို့နယ်အတွင်း အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ၊ စားသုံးသူရေးရာ ဦးစီးဌာနနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိ ဝန်ထမ်းများ ပူးပေါင်းပြီး (၁၅.၈.၂၀၂၂) ရက်နေ့မှ (၂၁.၈.၂၀၂၂) ရက်န

15 Sep 2022

      ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့ရှိ မြို့ပေါ်ရပ်ကွက်ကြီး (၃)ရပ်ကွက်ဖြစ်သာ ကြာနီကန်ရပ်ကွက်၊ ယွန်းတန်းရပ်ကွက်နှင့်  သရက်တောရပ်ကွက်တို့တွင်  (၁၉.၈.၂၀၂၂) ရက်နေ့ နံနက် (၉:၃၀) အချိန်တွင် ရွှေတောင်မြို့ရှိ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးအောင်နိုင်ဦးနှင့် ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှ ဒုဦးစီးမှူး ဦးအောင်ရဲထိုက်နှင့် ပြည်မြို့မှ ဆီကုန်သည် ဦးသက်နိုင်နှင့် အဖွဲ့တို့မှ ပူးပေါင်း၍ အခြေခံလူတန်းစား စားသုံးသူ ပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် စ

Pages