Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
27 Feb 2020

       “အမျိုးသားစားသုံးသူအကာအကွယ်ပေးရေးအစီအစဉ်” အပြီးသတ်ဆွေးနွေးရေး အလုပ်ရုံ ဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားကို ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၂၅ ရက်နေ့၊ နံနက်ပိုင်းတွင် နေပြည်တော်ရှိ HILTON HOTEL ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်၏ ဒုတိယဥက္ကဋ္ဌ ဖြစ်သူ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူး၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်အဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ

26 Feb 2020

     ၁၉.၂.၂ဝ၂ဝ ရက်နေ့တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ် ဦးစီးမှူးရုံးမှပြည်နယ်ဦးစီးမှူး ဦးတင့်လွင်ဦး ဦးဆောင်သော ဝန်ထမ်းများသည် လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့၊ အထွေထွေအုပ်ချုပ်ရေးခန်းမ၌ လည်းကောင်း၊ မိုင်းနောင်မြို့၊ အ.ထ.က (မိုင်းနောင်) ကျောင်းတွင်လည်းကောင်း စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးဆွေးနွေးဟောပြောပွဲများကို ဆောင်ရွက်ခဲ့ကြပါသည်။ အဆိုပါ ဆွေးနွေးပွဲများတွင် ပြည်နယ်ဦးစီးမှူးက စားသုံးသူရေးရာဦးစီးဌာန ပေါ်ပေါက်လာခဲ့သည်

26 Feb 2020

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ ပြည်နယ်ဦးစီးမှူးဦးတင့်လွင်ဦး ဦးဆောင်သောဝန်ထမ်းများသည် ၁၈.၂.၂ဝ၂ဝ ရက်နေ့တွင် လွိုင်လင်ခရိုင်၊ လဲချားမြို့၊ သီရိဟံသာခန်းမ၌လည်းကောင်း၊  အ.ထ.က(လဲချား) ကျောင်း၌လည်းကောင်း စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောပွဲများကို ဆောင်ရွက်ခဲ့ကြပါသည်။

26 Feb 2020

  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံး မှ တာဝန်ရှိသူများသည် ၁၈.၂.၂ဝ၂ဝ ရက်နေ့တွင် လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့၊ ဓမ္မာရုံ၌လည်းကောင်း၊  ၁၉.၂.၂ဝ၂ဝ ရက်နေ့၌ အ.ထ.က(ကျေးသီး)ကျောင်း၌လည်းကောင်း စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးဆွေးနွေးဟောပြောပွဲများ ပြုလုပ်ခဲ့ကြောင်း သိရပါသည်။

25 Feb 2020

       ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ (၂၀) ရက်နေ့တွင် ကယားပြည်နယ်၊ စားသုံးသူရေးရာဉီးစီးဌာန၊ ပြည်နယ်ဉီးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူရေးရာကော်မရှင်၏ ၂/၂၀၁၉ ညွှန်ကြားချက်အား ကယားပြည်နယ်အတွင်းရှိ ကုန်စည်များ ထုတ်လုပ်၊ တင်သွင်း၊ ဖြန့်ဖြူး ရောင်းချနေသော လုပ်ငန်းရှင်များသိရှိလိုက်နာနိုင်ရေး အသိပေးရှင်းလင်းဆွေးနွေးပွဲ ကျင်းပခဲ့ရာ သက်ဆိုင်ရာဌာနများ၊ သတင်းမီဒီယာများနှင့် လုပ်ငန်းရှင် စုစုပေါင်း (၄၀) ဉီးတက်ရောက်ခဲ့ပါသည်။

Pages