သတင်းနှင့် လှုပ်ရှားမှုများ
ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၏ ခွင့်ပြုချက်ဖြင့် Telenor Myanmar Limited မှ ဗီယက်နမ်၊ ထိုင်း၊စင်္ကာပူ၊ပါကစ္စတန်၊မလေးရှား၊ အင်ဒိုနီးရှား၊တရုတ်၊ကမ္ဘောဒီးယား နှင့် ဘင်္ဂလားဒေ့ရှ် စသော အာရှနိုင်ငံ (၉) နိုင်ငံတွင် တယ်လီနောဖြင့် အင်တာနက်အသုံးပြုလိုပါက Pay Go နှုန်းထားကို ယခင်က 1MB လျှင် ၁၄ကျပ်မှ ယခု ၁၅ ကျပ်နှုန်းဖြင့် ပြောင်းလဲကောက်ခံ မည့် ဝန်ဆောင်ခနှုန်းထားမြှင့်တက်မှုများအား သုံးစွဲသူ(Customer) များသိရှိနိုင်စေရန် အသိပေး ကြော်ငြာအပ်ပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/images_3.jpg?itok=kduXlVC3)
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူ အကာအကွယ်ပေးရေးဗဟိုကော်မတီက ဦးဆောင်၍ စားသုံးသူရေးရာဦးစီးဌာနနှင့် USAID တို့ပူးပေါင်းပြီး ၂၀၁၉ ခုနှစ်ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ်အခမ်းအနားကို ၂၀၁၉ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ မြို့တော်ခန်းမ၌ ကျင်းပခဲ့ပါသည်။ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ တိုင်းဒေသကြီးလွတ်တော်ဥက္ကဌ၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်းဒေသကြီး
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/wcrd.jpg?itok=qEKj8qAp)
နေပြည်တော် _ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာန၏ ပထမအကြိမ် အဖြစ် “ စားသုံးသူများတွင် အခွင့်အရေးများရှိသည်” ဟူသောခေါင်းစဉ်ဖြင့် Campaign မိတ်ဆက် ရှင်းလင်းပွဲ အခမ်းအနား ကို ၂၀၁၉ ခုနှစ် မတ်လ ၁၂ ရက် (အင်္ဂါနေ့) နံနက်ပိုင်းတွင် နေပြည်တော် ရုံးအမှတ်(၅၂)၊ စားသုံးသူ ရေးရာဦးစီးဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးသူရေးရာဦးစီးဌာနက ပြုစု ရေးဆွဲလျှက်ရှိသော တိုက်ရိုက်ရောင်းချခြင်းဥပဒေမူကြမ်းအပေါ် အများပြည်သူသဘောထား ဆန္ဒ ရယူဆွေးနွေးသည့် အလုပ်ရုံဆွေးနွေးပွဲ Public Consultation Workshop on Direct Selling Law (Draft) ကို ရန်ကုန်မြို့ မင်းရဲကျော်စွာလမ်းရှိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များ နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် မင်္ဂလာခန်းမတွင် ၂၀-၂-၂၀၁၉ နံနက် ၉နာရီ အချိန်တွင် ကျင်းပခဲ့ပါသည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ စားသုံးသူရေးရာဦးစီးဌာန
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/DG_0.jpg?itok=IUhV8soI)
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနက ပြုစုရေးဆွဲလျှက် ရှိသော တိုက်ရိုက်ရောင်းချခြင်းဥပဒေမူကြမ်းအပေါ် အများပြည်သူ သဘောထားဆန္ဒရယူဆွေးနွေး သည့် အလုပ်ရုံဆွေးနွေးပွဲ Public Consultation Workshop on Direct Selling Law (Draft) ကို မန္တလေးမြို့ Hotel Hazel Mandalay တွင် ယနေ့ နံနက် ၉ နာရီအချိန်တွင် စတင်ကျင်းပရာ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ချိုက အဖွင့်အမှာစကားပြောကြား ပြီး စားသုံးသူရေးရာဦးစီးဌာန ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲ ညွှန်ကြားရေးမ
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/DDG photo_1.jpg?itok=N7vjyiUS)